Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Valente Rodriguez
7.9
Bound by Honor (aka) Blood In, Blood Out (1993)
ဒီရုပ်ရှင်ကတော့ ၁၉၉၃ ခုနှစ်ကထွက်ခဲ့တဲ့ ရုပ်ရှင်တစ်ကားဖြစ်ပါတယ်။ ရုပ်ရှင်အမျိုးအစားက Crime/Thriller ဆိုပေမယ့်လည်း Drama ပါရောနေတဲ့ရုပ်ရှင်တစ်ကားဖြစ်ပြီး Runtime ကလည်း ၃ နာရီတောင်ကြာတာမလို့ အတော်လေးကိုကြည့်ရတာအရသာရှိမယ့် ရုပ်ရှင် ဖြစ်ပါတယ်။ မက္ကစီကိုဂိုဏ်းတွေအကြောင်းစိတ်ဝင်စားတဲ့လူတွေ မက္ကစီကိုပုံစံ အင်္ဂလိပ်လိုစကားပြောတာတွေကိုကြိုက်နှစ်သက်သူတွေအဖို့ကြည့်သင့်တဲ့ရုပ်ရှင်တစ်ကားဖြစ်ပါတယ်။ အတော်လေးကိုစွဲမက်ဖွယ်ကောင်းပြီးအတော်လေးလည်းကြည့်လို့ကောင်းတဲ့ရုပ်ရှင်တစ်ကားလည်းဖြစ်ပါတယ်။ဇာတ်ညွှန်း:မစ်ကလို ပါကိုနဲ့ ခရုဇ်ဇီတိုတို့သုံးယောက်ဟာ ညီအကိုဝမ်းကွဲတွေဖြစ်သလိုအရမ်းလည်းချစ်ကြတဲ့ လူသုံးယောက်ဖြစ်ပါတယ်။ ခရုဇ်ဇီတိုက ပါရမီပါတဲ့ပန်းချီဆရာတစ်ယောက်ဖြစ်ပြီး ပါကိုကတော့အကြမ်းပတမ်းလမ်းဘေးဂိုဏ်းကလူတစ်ယောက်ဖြစ်ပါတယ်။ မစ်ကလိုကတော့သုံးယောက်ထဲမှာအငယ်ဆုံးနဲ့ ဘာမှမသိသေးတဲ့လူတစ်ယောက်ဖြစ်ပြီး သူဟာ အမေရိကန်မှာဖွားတဲ့လူဖြူမက္ကစီကိုဖြစ်နေပါတယ်။ ဒါပေမယ့်ဘဝဆိုတာဘယ်လိုမှထင်မထားသလိုဖြစ်တတ်တယ်ဆိုတာ အကုန်သိကြမယ်ထင်ပါတယ်။ခရုဇ်ဇီတိုဟာဆေးစွဲပြီးအမှားကြီးတစ်ခုကိုကျူးလွန်မိတယ်။ သူ့ရဲ့ပါရမီပန်းချီပညာကလည်းဆေးနောက်ကိုပါသွားတယ်။ သူလုပ်ခဲ့တဲ့အမှားကအရိပ်မည်းကြီးလိုနောက်ကနေထပ်ကြပ်မကွာလိုက်နေပါတော့တယ်။ပါကိုကတော့ လမ်းဘေးမှာပေတေနေတဲ့ကောင်လေးကနေပြီး မူးယစ်ရဲအရာရှိတစ်ယောက်ဖြစ်သွားခဲ့ပါတယ်။မစ်ကလိုကတော့ကံဆိုးစွာနဲ့ ထောင်ထဲရောက်သွားခဲ့ပါတယ်။ ကံကြမ္မာဇာတ်ဆရာကသူတို့သုံးယောက်ကိုမထင်မှတ်ထားလောက်အောင်ကြိုးဆွဲခဲ့ပါတယ်။မစ်ကလိုတစ်ယောက်ထောင်ထဲရောက်ပြီး ထောင်ထဲမှာ ဂိုဏ်းတွေနဲ့တွေ့ခဲ့ပြီးအရှုပ်တော်ပုံထဲရောက်သွားခဲ့ပါတယ်။ အတော်လေးကိုဆွဲမက်ဖွယ်ကောင်းတဲ့ရုပ်ရှပ်ရှင်မလို့လက်လွှတ်မခံသင့်တာတော့အမှန်ပါပဲ။ File size…(4.8 GB)/(2.2 GB) Quality….Blu-Ray 1080p / 720p Format…mp4 Duration….03:00:00 Genre... Crime, Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by LuciferMaximoff
movie
Bound by Honor (aka) Blood In, Blood Out (1993)
6.5
It’s Complicated (2009)
၂၀၀၉ ခုနှစ်က ထွက်ရှိခဲ့တဲ့ Comedy, Romance ရုပ်ရှင်ကို ပြန်လည်ကြည့်ရှုရင်း ဟောလီးဝုဒ် ရုပ်ရှင်တွေရဲ့ အရင်ခေတ်ကို ပြန်လည်ခံစားလိုက်ရအောင်ပါ။ယခုရုပ်ရှင်ဟာ IMDb rating 6.5, Rotten Tomatoes 59% ရရှိထားပါတယ်။ ဇာတ်လမ်းကို ပေါ့ပေါ့ပါးပါးလေး ကြည့်ရင်း အတိတ်နေ့ရက်တွေကို ပြန်ခံစားလိုက်ရအောင်ပါ။ဇာတ်လမ်းအကျဉ်းကတော့ ဂျိမ်းနဲ့ ဂျိတ်ခ်ဟာ ကွာရှင်းခဲ့တာ ကြာပြီဖြစ်တဲ့ စုံတွဲတစ်တွဲဖြစ်ပါတယ်။ နှစ်တွေလည်း ကြာခဲ့ပြီမို့ သူတို့ကြားမှာ မကျေမနပ်တာတွေ မရှိတော့ဘဲ အဆင်ပြေပြေနဲ့ပဲနေနေကြပါတယ်။ ဂျိတ်ခ်ဟာလည်း အက်ဂ်နက်ဆိုတဲ့ အမျိုးသမီးနဲ့ အိမ်ထောင်ထပ်ပြုထားပါတယ်။ ဒီလိုနဲ့ သူတို့ရဲ့သား လုခ်ရဲ့ ဘွဲ့နှင်းသဘင်ကို တက်ဖို့ နယူးယော့ခ်မြို့ကိုသွားကြပါတယ်။ အဲညမှာ သူတို့နှစ်ယောက် မူးအောင်သောက်ကြပြီး ဇာတ်လမ်းကို ပြန်စမိသွားပါတယ်။ ဂျိမ်းနဲ့ ဂျိတ်ခ်တို့ကြား ဘယ်လိုရှုပ်ထွေးတာတွေ ဖြစ်လာမလဲဆိုတာ ဟာသတွေနဲ့ ပေါ့ပေါ့ပါးပါး ကြည့်လိုက်ကြပါဦး။အညွှန်းနဲ့ဘာသာပြန်ကတော့ Leonard Lin ပဲ ဖြစ်ပါတယ်။Genre..... Comedy, Drama, Romance Quality…. 1080p | 720p File size… ...
movie
It’s Complicated (2009)
2009
5.3
Countdown (2019)
Mobile ခေတ် ဖြစ်လာတာနဲ့ အမျှ လူတိုင်းဟာ အရာရာတိုင်းကို ဖုန်းပေါ်မှာပဲ အလုပ်ပြီးစီးစေပါတယ် နေ့တိုင်း ဖုန်းပေါ်မှာပဲ ဘာတွေ အသစ်အဆန်းထွက်လဲ ဘာတွေ ထူးဆန်းလဲ လိုက်လုပ်နေကြပါတယ်... တစ်ညမှာတော့ လူငယ်တစ်စု ဟာ ပါတီတစ်ခုမှာ သောက်စား နေကြရင်း App တစ်ခုကို မထင်မှတ်ပဲ ရှာဖွေ တွေ့ရှိသွားပါတယ် App နာမည်က " Countdown" ပါ ထူးထူးဆန်းဆန်းပါပဲ ဒီ App ထဲ ဝင်လိုက်ရင် သင့်ရဲ့ သေနေ့ကို တွက်ချက်ပေးမယ်လို့ ဆိုပါတယ်... ခေတ်လူငယ်တွေ ပြီပြီ အလောင်းအစား လုပ်ဖို့ App တွေကို ပြိုင်တူ ဒေါင်းလုပ် ယူကြပြီး ဘယ်သူ အရင်သေမလဲ ပြိုင်ကြပါတော့တယ်... အားလုံးဟာ အသက် ၈၀ ကျော် ၉၀ ထိ နေကြရပြီး အဲ့ဒီထဲကမှ ထူးထူးဆန်းဆန်း ကောင်မလေး တစ်ယောက်ကတော့ ၃ နာရီ အတွင်း သေမယ်လို့ App က သတိပေးလာပါတယ်... အားလုံး အတော်လေး ရယ်လိုက်ရပါတယ် အဓိပါယ် မရှိတဲ့ App ကိုလဲ မေ့လျှော့သွားကြပါတယ် တစ်ယောက်ထဲ တုန်လှုပ်နေတာကတော့ 3 ...
movie
Countdown (2019)
2019
6.4
The Ugly Truth (2009)
The Ugly Truth ( 2009 ) ================== IMDb Rating - 6.4/10တော်တော်များများ ရင်းနှီးပြီးသားဖြစ်မှာပါ။ ညစာစားပွဲမှာ ဗိုင်ဘရေတာအတွင်းခံဝတ်ထားပြီး တိုင်ပတ်နေတဲ့ စကီရဲ့ ဗီဒီယိုအတိုလေးကို တော်တော်များများကြည့်ဖူးကြမှာပါ။ အဲဒီရုပ်ရှင်ပါပဲ။ဇာတ်လမ်းကတော့ ရုပ်လေးလှပေမဲ့ အကွက်မတတ်လို့ ဘဲမရ ဖြစ်နေတဲ့ ပရိုဂျူဆာမမကို ရှိုးမှာ ယောက်ျား မိန်းမ ဆက်ဆံရေးတွေ အကြောင်း ညစ်တီးညစ်ပတ်တွေသိပ်ပြောတတ်တဲ့ မိန်းမကျမ်းကြေ ယောက်ျားကျမ်းကြေတဲ့ ငရှုပ်က ဘဲစားခံရဖို့ ဆောင်ရန်ရှောင်ရန်များ သင်ပေးတဲ့အကြောင်းပါပဲ။Romance/Comedy တွေ သိပ်မရိုက်ပေမဲ့ ရိုက်လိုက်ရင်လည်း တစ်ကားဆို တစ်ကားဆိုသလို တော်တော်ထိတတ်တဲ့ လူမိုက်ရုပ်နဲ့ ထထပြောင်တတ်တဲ့ Gerard Butlerရဲ့ Romance/Comedyကား ကောင်းပေါ့။ နောက် အလှလေး Katherine Heiglကလည်း ပါထား ပါသေးတယ်။ ရယ်ရင်းမောရင်း မိန်းမတွေအကြောင်း ယောက်ျားတွေ အကြောင်း အထာတွေ အကွက်တွေ သင်ယူချင်ရင် ကြည့်သင့်တဲ့ ရုပ်ရှင်လေးပါပဲ။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ W ဖြစ်ပါတယ်)File Size..........(1.8 GB) / (721 MB) / (410 MB) Quality............BluRay 1080p ...
movie
The Ugly Truth (2009)
2009
5.9
Deep Blue Sea (1999)
ဒီဇာတ်ကားကိုကြည့်နေရင်းနဲ့ အဆုံးသတ်နားနီးတော့မှ ဇာတ်လိုက်က ဒီကားနာမည် Deep Blue Seaကို ညွှန်းလိုက်တဲ့စကားတစ်ခွန်းကြောင့် ခံစားရတဲ့ ရသလည်း အသစ်ပြောင်းသွားရပါတယ်။ ပြောရရင် ရှုထောင့်ပြောင်းပြီး မြင်လာတဲ့ အမြင်သစ်တစ်ခု ရသွားတာပေါ့လေ။Alzheimer's diseaseဆိုတာ လူတွေမှာ အဖြစ်အများဆုံး ဦးနှောက်ရောဂါတစ်ခုပါ။ မှတ်ဉာဏ်တွေ မေ့ပျောက်ကုန်တဲ့ရောဂါတစ်မျိုးပါပဲ။ သူငယ်ပြန်တာမျိုးလည်း မဟုတ်ဘဲ ကြာလေလေ ဘာကိုမှ မမှတ်တော့လောက်အောင် ဦးနှောက်ဆဲလ်တွေ သေဆုံးသွားတာမျိုးပါ။အဲဒီရောဂါနဲ့သူ့မိဘတွေ ကွယ်လွန်သွားရလို့ အခဲမကျေဖြစ်နေတဲ့ ဆရာဝန်မလေးတစ်ယောက်ဟာ ဆေးကုမ္ပဏီကြီးတစ်ခုရဲ့ အထောက်အပံ့နဲ့ အယ်လ်ဇိုင်းမားရောဂါ ကုထုံးသစ်အတွက် သုတေသနလုပ်နေပါတယ်။ သူလုပ်နေတဲ့ သုတေသနဌာနက ဒုတိယကမ္ဘာစစ်လက်ကျန် ရေငုပ်သင်္ဘောတွေ ဆီဖြည့်တဲ့ စခန်းဟောင်းတစ်ခုကို ပြုပြင်ပြီး လုပ်ထားတာပါ။ ဘာလို့ အဲဒီနေရာကိုမှ သွားလုပ်ရသလဲဆိုရင် သူတို့ စမ်းသပ်နေတဲ့ဆေးကုထုံးက ငါးမန်းတွေရဲ့ ဦးနှောက်နဲ့ ပတ်သက်နေလို့ပါပဲ။ငါးမန်းတစ်ကောင်ရဲ့ဦးနှောက်ကို ပုံမှန်ထက်ငါးဆလောက်ကြီးလာအောင် အရင်လုပ်လိုက်ကြတယ်။ အဲဒီငါးမန်းရဲ့ဦးနှောက်ထဲကို အယ်လ်ဇိုင်းမားလူနာရဲ့ ပျက်စီးနေတဲ့ဦးနှောက်ဆဲလ်တွေ မြှုပ်နှံထားပြီးတော့ ရလဒ်တွေကို သုတေသနပြုနေကြတာပါ။ ...
movie
Deep Blue Sea (1999)
7.7
500 Days of Summer (2009)
500 Days of Summer (2009) IMDb - 7.7/10_____Rotten- 85% ဇာတ်လမ်းကိုတော့ Movies-we watch,we feel. Facebook Page မှ Ko Waihin Htoon ရဲ့ ခံစားမှုဆောင်းပါးနဲ့ မိတ်ဆက်ပေးပါရစေ။---------------------------------------------------------(500) Days of Summer အား တကျော့ပြန် ခံစားကြည့်ခြင်း(review မဟုတ်ပါ။ ဇာတ်ကားကို ကြည့်၍ ခံစားချက်များကို ရေးသားထားခြင်းပင်ဖြစ်ပါသည်။)အချစ်နဲ့ပတ်သက်ရင် ခံစားတတ်သူတိုင်း အချစ်ကို ခံစားတတ်ကြတယ်။ ဒါပေမဲ့ ခံစားချက် မရှိတဲ့ မည်သူရှိလဲ? မည်သူမှ မရှိပါ။ လူတိုင်းဟာ ခံစားချက်တွေရှိတဲ့ သူတွေပါပဲ။ ဒါဆိုရင် လူတိုင်းဟာ အချစ်ကို ခံစားဖူးကြမှာပေ့ါ။ အမှန်ပါပဲ။ လူ့ဘဝရဲ့တစ်ချိုးတစ်ကွေ့မှာတော့ အချစ်ဆိုတဲ့ အရာနဲ့ဆက်နွယ်ခဲ့ဖူးကြတဲ့ သူတွေပါပဲ။ဒါဆိုရင် အချစ်ဆိုတာဘာလဲ? မည်သူမှတော့ တိကျတဲ့ အဖြေကို မပေးစွမ်းနိုင်ခဲ့ပြန်ဘူး။ ကိုယ်ပိုင်ခံစားချက်တွေနဲ့ကိုယ်ပိုင်အတွေ့အကြုံတွေကပဲ လူသားအသီးသီးကို ...
movie
500 Days of Summer (2009)
2009
4K HEVC Web-DL
7.4
Erin Brockovich(2000)
Erin Brockovich(2021) အညွှန်း****************************IMDb....7.4ငွေကြေးဆိုင်ရာအောင်မြင်မှုတွေရော၊ ကောင်းမွန်တဲ့မှတ်ချက်တွေရော၊ဆုဇကာတင်တွေရောအများကြီးရရှိထားပြီး ခေါင်းဆောင်မင်းသမီး မမချော Julia Robertsကို leading roleအတွက် Oscars,BEFTA award, Golden Globeအပါအဝင် ဆု၇ဆုရရှိစေခဲ့တဲ့ Biographical Dramaကားတစ်ကားပါ။ Erin Brockovichဆိုတဲ့ အမျိုးသမီးတစ်ယောက်ရဲ့ဘဝကိုအလှည့်အပြောင်းကြီးဖြစ်စေခဲ့တဲ့အချိန်တစ်ခုကိုရိုက်ပြထားပါတယ်။Erinအကြောင်းကို တခြားဇာတ်ကားတွေရိုက်ထားတာရှိပေမယ့်ဒီကားကတော့ပိုအောင်မြင်ပြီး ဖြစ်ရပ်မှန်နဲ့ ၉၈%တူညီပါတယ်တဲ့။ Erinဟာ ပိုက်ဆံမရှိ၊ အိမ်ထောင်နှစ်ခါကွဲခဲ့တဲ့ ကလေးသုံးယောက်ရှိတဲ့ဆင်ဂယ်မိခင်၊စိတ်ထင်သလိုပြောတတ်ပြီး အရမ်းဟော့ဟော့ရမ်းရမ်းဝတ်စားတဲ့ အလန်းစားမိန်းမလှတစ်ယောက်။တစ်နေ့ကားတိုက်မှုကြောင့် လျော်ကြေးသိပ်မရလိုက်တဲ့အခါအမှုလိုက်ပေးတဲ့ရှေ့နေဆီမှာ မရမကအလုပ်တောင်းပါတယ်။ဥပဒေနဲ့ဆိုင်တဲ့အတွေ့အကြုံဘာတစ်ခုမှမရှိပဲရှေ့နေရုံးခန်းမှာအလုပ်လုပ်ရင်း အိမ်ခြံမြေရောင်းတဲ့အမှုတစ်ခုမှာဆေးမှတ်တမ်းဖိုင်တွေပါတွဲထားတာကို နားမလည်လို့ သေချာစုံစမ်းလိုက်တဲ့အခါပစိဖိတ်ဓာတ်ငွေ့နှင့်လျှပ်စစ်ကော်ပိုရေးရှင်းအကြီးစားကြီးဟာအဲ့နယ်မြေနားမှာနေထိုင်တဲ့လူတွေအပေါ် ရောဂါများစွာဖြစ်စေပြီးအသက်အန္တရာယ်အရမ်းရှိတဲ့အဆိပ်အတောက်တွေစွန့်ထုတ်နေတဲ့ ဖုံးကွယ်ထားမှုကြီးကိုသိရှိသွားပြီးအဲ့နားမှာနေထိုင်သူတွေအတွက်လျော်ကြေးရအောင် အမှုလိုက်ရပါတော့တယ်။ဒီဖြစ်ရပ်ဟာ အမေရိကန်ရဲ့ Direct action lawsuitသမိုင်းမှာအမြင့်မားဆုံးလျော်ကြေးပေးဆောင်ခဲ့ရတဲ့အမှုပါ။ဒီအမှုကြီးတစ်ခုလုံးကို လူတိုင်းက Beauty without brainလို့မြင်တဲ့အားပြင်းတဲ့ ဟော့ဟော့ရမ်းရမ်းမိန်းမတစ်ယောက်ကဦးဆောင်သွားခဲ့ပုံတွေကိုဇာတ်လမ်းဇာတ်အိမ်ခိုင်ခိုင်မာမာနဲ့ရိုက်ပြသွားတာပါ။ဖြစ်ရပ်မှန်ပေါ်အခြေခံရိုက်ကူးခဲ့တဲ့ ရုပ်ရှင်ဇာတ်ကားကောင်းတွေအများကြီးရှိတဲ့အတွက်Biographicalဆိုရင် နည်းနည်းပျင်းစရာကောင်းနေမလားဆိုတဲ့ အတွေးကိုထုတ်ပစ်လိုက်ပါ။သေချာပေါက်ပြောနိုင်တာကတော့ ဒီကားဟာ ဇာတ်လမ်းကောင်းတွေထဲကတစ်ပုဒ်ပါ။တစ်ခေတ်တခါက ပုရိသတို့ရဲ့အသည်းကျော် မမJuliaရဲ့ powerfulဖြစ်တဲ့သရုပ်ဆောင်မှုတွေနဲ့ အလန်းစားအလှတရားတွေကလည်း ဇာတ်လမ်းနဲ့ကွက်တိကို လိုက်ဖက်နေပါတယ်။ဒီကားမှာ အားကောင်းလှတဲ့သရုပ်ဆောင်ချက်တွေကြောင့် သရုပ်ဆောင်ကြေးအမြင့်ဆုံးအမျိုးသမီးသရုပ်ဆောင်တစ်ယောက်ဖြစ်စေခဲ့ပါတယ်။ ဒီဇာတ်ကားမှာErinရော ရှေ့နေ Masryရော ...
movie
Erin Brockovich(2000)
7.3
Instant Family (2018)
Instant Family (2018) IMDb - 7.3/10_____Rotten - 82%Instant family ဇာတ်ကားဟာ IMDB 7.3 အထိရထားပြီး ဇာတ်အိမ်ဆန်းသစ်စွာနဲ့ ဟာသရသ မိသားစုချစ်ခြင်းဖွဲ့ရသ ကြည်နူးဖွယ်ရသနဲ့ စိတ်နှလုံးကို တိမ်းးညွှတ်အောင်ဖမ်းစားနိုင်တဲ့ ဇာတ်ကားကောင်းတစ်ကားပါ မွေးကင်းစကလေးကိုပြုစုပျိုးထောင်ဖို့အတွက် အရွယ်လွန်သွားပြီလို့ယူဆထားကြတဲ့ အကြင်လင်မယားတွေဟာ မိသားစုဘဝရဲ့အနှစ်သာရကို ကျန်ရှိနေတဲ့ ဘဝတစ်လျှောက်လုံး ခံစားခွင့်မရှိတော့ဘူးလား.... အကြောင်းအမျိုးမျိုးကြောင့် မိဘအရင်းတွေရဲ့ စွန့်ပစ်ခြင်းကို ခံခဲ့ရတဲ့ ကလေးတွေကရော မေတ္တာအငွေ့အသက်တွေ လုံခြုံမှုတွေကို မရရှိနိုင်တော့ဘူးလား..... မိသားစုဆိုတဲ့စကားလုံးဟာ အင်မတန်ရိုးရှင်းပေမဲ့ သံယောဇဉ်တွေ နားလည်မှုတွေ ချစ်ခြင်းမေတ္တာတွေ အပြန်အလှန်လေးစားမှုတွေဆိုတဲ့ နက်နဲလှတဲ့သဘောတရားတွေနဲ့ ဖွဲ့စည်းထားတဲ့ ဒီကမ္ဘာမြေကြီးပေါ်က သေးငယ်တဲ့ကမ္ဘာလေးတစ်ခုဆိုရင်လည်းမမှားပါဘူး..... လူတစ်ယောက်ရဲ့ လက်တစ်ဖက်တည်းက လက်ချောင်းတွေ အတိုအရှည်မညီကြသလို.... သွေးရင်းဖြစ်တဲ့ မိသားစုတွေတောင် နားလည်မှုအမြဲထားနိုင်ကြတာမဟုတ်ပါဘူး..... ကိုယ်တိုင်ရွေးချယ်ဖန်တီးတော့မယ့် သွေးမတော်သားမစပ်မိသားစုတစ်ခုအတွက် အကောင်းဆုံးကြိုးစားပြီးပြင်ဆင်ထားပေမဲ့ တကယ်တန်းလက်တွေ့ကတော့ ထင်သလောက်မလွယ်လှဘူးလေ..... အကြင်လင်မယားနှစ်ယောက်ဟာ မိမိတို့ရဲ့ကလေးကို ကိုယ်ဝန်လွယ်ထားချိန်ကစလို့ မိဘစိတ်ကို တဖြည်းဖြည်းမွေးမြူလို့ရပေမဲ့..... ရုတ်တရက်ရောက်လာမယ့် ကလေးတွေအပေါ်မှာရော ချစ်ခြင်းမေတ္တာအပြင် မိဘပီသတဲ့စောင့်ရှောက်မှုတွေ နားလည်မှုတွေ အပြည့်အဝထားရှိနိုင်ပါ့မလား...... ဒီမေးခွန်းတွေအားလုံးရဲ့ သံသယတွေကို ဒီဇာတ်လမ်းလေးက ဖြေရှင်းပေးသွားမှာပါ..... ချစ်တာကလွဲပြီး ကျန်တာတွေကို နားမလည်နိုင်သေးတဲ့ မွေးစားမိဘနှစ်ပါးနဲ့.... မောင်လေးနဲ့ညီမလေးကို စောင့်ရှောက်ရင်း..... သူ့ကို ချစ်တဲ့လူ ဒီကမ္ဘာပေါ်မှာမရှိဘူးလို့ ထင်နေတဲ့ဆယ်ကျော်သက် ကောင်မလေးတစ်ယောက်တို့ နားလည်မှုတည်ဆောက်ကြတာကို ကြည်နူးမှုနဲ့ ဝမ်းနည်းမှုရသမြောက်အောင် ရိုက်ပြထားတာကိုတွေ့ရမှာပါ..... ငယ်ရွယ်တဲ့ကလေးတွေကို ချစ်ခြင်းမေတ္တာဂရုစိုက်မှုတွေပေးရုံနဲ့ မိဘနေရာကို ခံယူလို့ရပေမယ့်... မိခင်အရင်းကိုသိပ်ချစ်တဲ့ ၁၅ ...
movie
Instant Family (2018)
2018