Channel Myanmar

Uzor Arukwe

A Tribe Called Judah (2023) 6.3
A Tribe Called Judah (2023)  Jedidah Judah က Single Mother တစ်ယောက်ဖြစ်ပြီး သူ့မှာ အယ်မီကာ၊ အာဒါမူ၊ ပဲယေး၊ ရှီနနဲ့ အယ်ဂျီရိုဆိုတဲ့သားငါးယောက် ရှိပါတယ်။ ထိုသားငါးယောက်ရဲ့ ဖခင်တွေကလည်း တစ်ယောက်စီဖြစ်ပြီးတော့ သူမကပဲ သားငါးယောက်လုံးကို ရုန်းကန်ကျွေးမွေး စောင့်ရှောက်နေရတာပါ။သားအကြီးဆုံးတွေဖြစ်ကြတဲ့ အယ်မီကာနဲ့ အာဒါမူတို့ကတော့ ကုန်တိုက်တစ်ခုတည်းမှာ ပရိဘောဂ အရောင်းကိုယ်စားလှယ်နဲ့ လုံခြုံရေးအရာရှိတို့အဖြစ် အသီးသီး အလုပ်လုပ်ကိုင်ကြပါတယ်။ တစ်နေ့သူမမူးလဲကျလို့ဆေးရုံတင် လိုက်ရင်း သူမရဲ့ ကျောက်ကပ်ကပျက်စီးနေတာကို သိခဲ့ရပြီး သားတွေက သူတို့မိခင်ရဲ့ ကျောက်ကပ်အစားထိုးဖို့အတွက် အကြီးဆုံးသားနှစ်ယောက်အလုပ်လုပ်တဲ့ ကုန်တိုက်ကိုဓားပြတိုက်ဖို့ ပြင်ဆင်ကြပါတော့တယ်။ သူတို့ဓားပြတိုက်နေတဲ့အချိန် လက်နက်တွေနဲ့ရောက်ရှိလာတဲ့ အခြားဓားပြတစ်ဖွဲ့နဲ့ တွေ့လိုက်ရတဲ့အခါ သူတို့ဘယ်လိုဆက်လုပ်ကြမလဲဆိုတာကို ကြည့်ရှု ရမှာဖြစ်ပါတယ်။ဇာတ်လမ်းအမျိုးအစားလေးကတော့ Comedy/ Crime ဖြစ်ပြီး Jedidah က သူမရဲ့သားများကို ဘယ်လောက်ထိအလိုလိုက် ချစ်ခင်သလဲ Single Parent တစ်ယောက်အနေနဲ့ လူ့အသိုင်းအဝိုင်းမှာ သူမဘယ်လောက်ထိရုန်းကန်ရလဲ သားတွေကရော ...
movie

A Tribe Called Judah (2023)

Different Strokes (2023) 6.3
Different Strokes (2023)  လီဒီယာ၊ ဒွန်နီ၊ အွန်ရင်ယယ်နဲ့ မနီလာဆိုတဲ့ သူငယ်ချင်းမိန်းကလေး ၄ ယောက်ဟာဆိုရင် ခုချိန်မှာ လက်တွဲဖော်ကိုယ်စီနဲ့ပါ...သူတို့ထဲမှာ လီဒီယာကတော့ ယောကျ်ားဖြစ်သူရဲ့အချစ်အရမ်းခံရပြီး အလိုလိုက်ခံရတဲ့သူတစ်ယောက်ဖြစ်နေတာကြောင့် ကံအကောင်းဆုံးလို့ ကျန်တဲ့သူငယ်ချင်းတွေက သတ်မှတ်ထားကြပါတယ်... ဒါပေမယ့်လည်း ဒါတွေက အပေါ်ယံသာဖြစ်ပြီးတော့ ကလေးမမွေးနိုင်တာကြောင့် ယောက္ခမဖြစ်သူနဲ့ ယောင်းမရဲ့နှိပ်စက်မှု၊ မုန်းတီးမှုတွေခံနေရတာကိုတော့ ဘယ်သူမှမမြင်နိုင်ဘဲဖြစ်နေပါတယ်...ဒွန်နီကတော့ ငယ်စဉ်က အရမ်းထူးချွန်ပြီး အလားအလာကောင်းတွေ အများကြီးရှိခဲ့တဲ့လူတစ်ယောက်ပေါ့... ဒါပေမယ့်လည်း အိုလားရယ်မီဆိုတဲ့သူနဲ့ စောစီးစွာတွေ့ခဲ့ပြီးတော့ နှစ်ဦးသဘောတူညီချက်နဲ့ အပြင်မှာအလုပ်လုပ်ပိုက်ဆံရှာတာကို အိုလားရယ်မီကလုပ်ပြီး ဒွန်နီကတော့ အပြင်အလုပ်မလုပ်ဘဲ အိမ်ကိစ္စနဲ့ သူတို့မွေးထားကြတဲ့ ကလေးနှစ်ယောက်ကိစ္စတွေကို တာဝန်ယူထားခဲ့ပါတယ်... ကံမကောင်းချင်တော့ ခင်ပွန်းဖြစ်သူက အရင်အလုပ်ဟောင်းကနေ ပြုတ်သွားခဲ့ပြီး လက်ရှိအလုပ်အသစ်ရဲ့ဖိစီးမှုတွေနဲ့ ဒွန်နီ့ကို အလကားနေ၊ အလကားထိုင်စားတတ်တဲ့သူလို့မြင်လာကာ နှစ်ယောက်ကြားပြဿနာလေးတွေရှိလို့လာပါတယ်...အွန်ရင်ယယ်ကတော့ အလုပ်ကိစ္စတွေနဲ့ပဲ လုံးပန်းနေပြီး အိမ်ထောင်ရေးသုခရရှိဖို့တာဝန်ကို မဖြည့်ဆည်းပေးနိုင်ဖြစ်နေတဲ့ ခင်ပွန်းဖြစ်သူကြောင့် စိတ်ဒုက္ခရောက်နေရတဲ့သူတစ်ယောက်ပေါ့...မနီလာကတော့ ကလေးမီးဖွားပြီးကတည်းက ဝိတ်အတက်လွန်ပြီး ပြန်မကျဖြစ်နေတော့တာကြောင့် ခင်ပွန်းဖြစ်သူရဲ့အရေးလုပ်ခြင်းမခံရတဲ့ အမျိုးသမီးတစ်ယောက်ပဲဖြစ်ပါတယ်... သူတစ်ယောက်တည်း ...
movie

Different Strokes (2023)