Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Uzimann
6.8
The Proposal (2009)
The Proposal (2009)IMDb Rating (6.8 )Ryan Reynolds နဲ့ Sandra Bullock တို့အဓိကပါဝင်သရုပ်ဆောင်ထားတဲ့ ဒရမ်မာရိုမန့်ဟာသကားလေးဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်းကတော့...နာမည်ကျော်စာအုပ်တိုက်တစ်ခုမှာ ဦးစီးဦးဆောင်လုပ်ကိုင်နေတဲ့ မာဂရက်ဆိုတဲ့ မမကြီးဟာ စမတ်ကျကျနေတတ်ပေမယ့် ဘော်ကျော့ပုံစံတွေကြောင့် သူမရဲ့လက်ထောက်ဖြစ်သူ အန်ဒရူးကစလို့ တစ်ရုံးလုံးက မကြည်ကြပါဘူး...ဒီလိုနဲ့ သူ့လုပ်ငန်းအခြေအနေကြောင့်ရယ် အမေရိကန်နိုင်ငံမှာ ဆက်လက်နေထိုင်ဖို့ Visa အခက်အခဲဖြစ်လာတာရယ်ကြောင့်အမေရိကန်နိုင်ငံသားဖြစ်တဲ့ သူမရဲ့ လက်ထောက်ဖြစ်သူ အန်ဒရူးနဲ့ လက်ထပ်ဖို့ကြံစည်ပါတော့တယ်.....မိန်းကလေးက ယောကျာ်းလေးကို ပြန်ပြီး လက်ထပ်ခွင့်တောင်းမယ့်ပုံစံရဲ့နောက်ကွယ်ကအလိမ်တွေ အရှုပ်ထုတ်တွေကြားထဲ မိသားစု၊ ချစ်ခြင်းမေတ္တာတွေကိုရှာဖွေတွေ့ရှိသွားမလားဆိုတာ.......။ဝါရင့်သရုပ်ဆောင်တွေမလို့ ပရိတ်သတ်ကို တောက်လျှောက်ဆွဲခေါ်သွားမှာပါ။ File size…(2 GB )/(1 GB) Quality….BluRay 1080p HEVC / 720p Format…mkv/mp4 Duration….01:47:47 Subtitle….Myanmar Subtitle (Hardsub) Encoder….Ka Naung
movie
The Proposal (2009)
2009
7.0
Two Lovers (2008)
Two Lovers (2008) ============== IMDb Rating - 7.0/10Joker မင်းသားကြီး Joaquin Phoenix ငယ်ငယ်ကရိုက်ကူးခဲ့တဲ့ လှေနံနှစ်ဖက်နင်းတဲ့ Romance/Drama ဇာတ်လမ်းတစ်ပုဒ်ဖြစ်ပါတယ်။ လီယိုနက်ဆိုတဲ့ ဘဲတစ်ပွေဟာ bipolar ကြောင့် သူ့ဘဝသူ စိတ်ကုန် နေတဲ့ လူတစ်ယောက်ဖြစ်ပြီး အဆုံးစီရင်ဖို့လည်း အကြိမ်ကြိမ် ကြိုး စားဖူးသူပါ။ ဒါပေမဲ့ လောကကြီးကို စိတ်ကုန်နေတဲ့ သူ့ကို လောက ကြီးက ပစ်မထားခဲ့ပါဘူး။သူဟာ တစ်ချိန်နည်းမှာ အမျိုးသမီး နှစ်ယောက်နဲ့ တွေ့ဆုံခဲ့ရတယ်။ တစ်ယောက်က မိဘချင်း သဘောတူသလို သူ့ကိုလည်း အရမ်းချစ်တဲ့ ဆန်ဒရာ။ နောက်တစ်ယောက်က မထင်မှတ်ဘဲ ခင်မင်ခွင့်ရခဲ့တဲ့ အိမ် ထောင်ရှိ အမျိုးသားရဲ့ အငယ်အနှောင်းဖြစ်သူ မီရှဲလ်။ နှစ်ယောက်လုံး က မက်လောက်စရာဖြစ်နေတော့ ဘိုင်ပိုလာ လီယိုနက်တစ်ယောက် ဟိုကိုလည်း လက်မလွှတ်နိုင်၊ ဒီကိုလည်း မရှင်းမရှင်းတွေ လုပ်မိပြီး နှလုံးသားရေးရာတွေ ရှုပ်ထွေးကုန်ပါတော့တယ်။ သူများချစ်သူ ကြောင် တောင်နှိုက်ချင်တဲ့သူတွေ ရှိနေတာကို တန်ဖိုးမထားချင်တဲ့ အာသာမပြေ မာမာဝေတို့ အထူးကြည့်သင့်သော ဇာတ်လမ်းဖြစ်ပါတယ်။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Act Molemy ...
movie
Two Lovers (2008)
2008
5.8
Eat Pray Love (2010)
Eat, Pray, Love (2010)2010 တုန်းကထွက်ရှိထားပြီး မင်းသမီး Julia Roberts ခေါင်းဆာင်မင်းသမီးအဖြစ် ပါဝင်ထားတဲ့ Eat Pray Love ဆိုတဲ့ Romantic drama ဇာတ်ကားတင်ဆက်ပေးလိုက်ပါတယ်။ဘဝမှာ ကိုယ်တကယ်တမ်းဘာလိုချင်မှန်းမသိပဲ သေသွားခဲ့ကြတဲ့သူတွေအများကြီးပါ။ ငါမသေခင်လေး ဒါလေးစားဖူးချင်လိုက်တာ၊ ဒီနေရာလေးရောက်ဖူးချင်လိုက်တာ၊ သူနဲ့သာစကားပြောဖြစ်ခဲ့ရင် ဆိုတဲ့ အရာတွေအများကြီးကို နောင်တရ မနေချင်ရင်တော့ ကိုယ်တကယ်တမ်း ဘာကိုလိုချင်လဲ ကိုယ့်ကိုကိုယ် ဘယ်သူလဲဆိုတာ အဖြေရှာရမှာပဲဖြစ်ပါတယ်။ ယခုဇာတ်ကားလေးကလဲ ကိုယ်တကယ်အလိုရှိတာဘာလဲ ကိုယ်ကဘယ်လိုလူလဲဆိုတာ အဖြေရှာနေတဲ့ အမျိုးသမီးတစ်ယောက်အကြောင်းပါ။ဇာတ်လမ်းအကျဉ်းလေးကတော့ အယ်လိဇဘတ် လစ်ဇ် ဂေးလ်ဘတ် ဆိုတဲ့အမျိုးသမီးတစ်ယောက်ဟာ အောင်မြင်တဲ့ စာရေးဆရာမတစ်ယောက်ဖြစ်တဲ့အပြင် အိမ်ထောင်သက် ၈ နှစ်ရှိပြီဖြစ်တဲ့ အမျိုးသမီးတစ်ယောက်ပါ။ ဒါပေမဲ့ သူ့ဘဝဟာလမ်းပျောက်နေခဲ့ပြီး သူတကယ်တမ်း ဘာလိုချင်လဲ သူ့ရဲ့စိတ်ဆန္ဒက ဘာကိုအလိုရှိလဲဆိုတာ အမြဲရှာဖွေနေတဲ့သူတစ်ယောက်။ ဒါပေမဲ့ သူဟာအမြဲကိုယ်လိုချင်တာကိုရှာမတွေ့ခဲ့ပါဘူး။ ဒါနဲ့ပဲ သူရဲ့အေးစက်နေတဲ့အိမ်ထောင်ရေးကို ကျောခိုင်းခဲ့ပြီး သူတကယ်တမ်းအလိုရှိတာ ဘဝမှာဖြစ်ချင်တာတွေကို ရှာဖွေဖို့ နေရာ ၃ နေရာကိုခရီးထွက်ပြီး ရှာဖွေပါတော့တယ်။ အီတလီ၊ အိန္ဒိယနဲ့ ဘာလီ ဆိုတဲ့ နေရာ ၃ ခုမှာ သူလိုချင်တဲ့ အရာတွေကို ရှာဖွေပါတော့တယ်။ ဒီနေရာ ...
movie
Eat Pray Love (2010)
2010
5.5
You Don’t Mess with the Zohan (2008)
You Don't Mess with the Zohan (2008)Adam Sandler ရဲ့ မကြည့်ဖူးသူမရှိလောက်မယ့် ကားဟောင်းကားကောင်းတစ်ကားပါ။ သူကိုယ်တိုင် သရုပ်ဆောင်ရုံတင်မကဘဲ ဇာတ်ညွှန်းကိုလည်း သူပဲ ဝင်ရေးပေးခဲ့ပါသေးတယ်။ ဒါ့အပြင် အခြားနာမည်ကျော် ရုပ်ရှင်မင်းသားမင်းသမီးတွေဖြစ်ကြတဲ့ Emmanuelle Chriqui, John Turturro နဲ့ Buddy Games ဇာတ်ကားထဲက မင်းသားကြီး Nick Swardson ကိုလည်း လူငယ်သရုပ်ဆောင်အနေနဲ့ တွေ့ရမှာဖြစ်လို့ လုံးဝကို လက်ရာမြောက် ဟာသဇာတ်ကားလေးတစ်ကားဖြစ်ပါတယ်။ဇာတ်ကားကတော့ ဇိုဟန်ဆိုတဲ့ အစ္စရေးနိုင်ငံသား အထူးစစ်သားတစ်ယောက်အပေါ် ဇာတ်အိမ်တည်ပြီးတော့ရိုက်ကူးထားတာပါ။ ဇိုဟန်ဟာ သူလုပ်နေတဲ့အလုပ်မှာ ကျွမ်းကျင်ရုံတင်မကဘဲ အတော်လေးကို နာမည်ကြီးလှတဲ့ အကြမ်းဖက်နှိမ်နင်းရေး တပ်ဖွဲ့ရဲ့ နိုင်ငံကျော်စူပါစတားပဲဖြစ်ပါတယ်။ ဒါပေမဲ့ သူဟာ ဒီအလုပ်ကိုလုပ်နေရင်းနဲ့ ဒီလိုပဲ သူ့ဘဝကြီးက သံသရာလည်တာကို မနှစ်သက်တော့ပါဘူး။ အဲဒီအခါ ဇိုဟန်ဟာ သူ့ရဲ့ ဝါသနာပါရာ စိတ်ကူးအိပ်မက်ကို ...
movie
You Don’t Mess with the Zohan (2008)
2008
6.1
Step Up 3D (2010)
Genre – Drama, Music, Romance IMDB – 6.1/10 Step Up Franchise ရဲ့ ၃ ကားမြောက်လည်းဖြစ်အဲဒီခေတ်က 3D နည်းပညာပေါ်ပြီဆိုတော့ 3D နဲ့ရိုက်ထားတာလည်း ဖြစ်တဲ့ Step Up 3D ကားလေးပါ။ ဒီကားကိုတော့နံပါတ် ၂ ကားကို ရိုက်ကူးခဲ့တဲ့ ဒါရိုက်တာ Jon M.Chu ပဲဆက်ရိုက်ကူးခဲ့တာပါ အဲဒါကြောင့်လားတော့ မသိ သူ့လူတွေကိုဝေဝေဆာဆာ ပြန်သုံးထားတာကို မြင်ရပါမယ် ဥပမာ မုစ်ပေါ့ဒီကားမှာဆို အဓိကဇာတ်ရုပ်နီးပါး လုပ်ခွင့် ရသွားခဲ့တယ်။ဒီကားလေးရဲ့အကြောင်းကတော့ ကျွန်တော်တို့ဆရာသမားမုစ်တစ်ယောက် နံပါတ် ၂ ကားထဲမှာ MSA အဖွဲ့နဲ့ သောင်းကျန်းပြီးတော့ မိဘကို နောက်ထပ်မကတော့ပါဘူး ကတိပေးပြီး NYUကျောင်းကို အင်ဂျင်နီယာမေဂျာတက်ဖို့ ရောက်လာခဲ့တယ်။အဲဒီမှာ ဝါသနာကို မစွန့်လွှတ်နိုင်ပဲ ကပွဲတစ်ခုမှာ ဝင်ကရာကနေပြဿနာတက်ပြီး လုခ်ဆိုတဲ့ လူတစ်ယောက်က ကယ်သွားခဲ့တယ်။ဖြစ်ချင်တော့ ဒီ ...
movie
Step Up 3D (2010)
6.5
Letters to Juliet (2010)
Letters to Juliet (2010) IMDb - 6.5/10_____Rotten - 41% ကျွန်တော်တို့သူငယ်ချင်းတွေနဲ့ဆုံတွေကြတဲ့ အခါ အတော်များများမေးလေ့ရှိကြတယ် ..ဟဲ့ နင်တို့ (၂)ယောက်ဘယ်လိုကနေဘယ်လိုချစ်သွားကြတုန်းတဲ့... ချစ်ခဲ့ကြဖို့အတွက် အခက်အခဲပေါင်းများစွာကြုံခဲ့ရသလို ကြည်နူးစရာပေါင်းများစွာကြုံခဲ့ရပေမယ့် ပြန်ပြောပြဖို့ကြတော့ ဝါကျ(၃)ကြောင်းလောက်နဲ့ပြီးသွားတတ်တယ်.. ကြိုးစားပြီးပြောပေမယ့် ကိုယ်ကြုံခဲ့ရတာတွေကများသလောက် ဖွဲ့နွဲ့ပြဖို့ခက်တော့ မြန်မြန်နိဂုံးချုပ်လိုက်ရတယ်.. ဒါတွေကို FAတွေတော့ သိပ်နားလည်မယ် မထင်ဘူး... တစ်ချို့ပြောတတ်ဆိုတတ်တဲ့သူတွေအတွက်တော့ ဇာတ်လမ်းတစ်ပုဒ်နီးပါး နားထောင်ကောင်းနေတတ်မျိုးတော့ရှိတာပေါ့လေ... ဒီလိုပဲ အချစ်စာအုပ်ကောင်းတစ်အုပ် အချစ်ဇာတ်လမ်းကောင်းတစ်ကားကို ညွှန်းဆိုဖို့ကြတော့လည်း အတော်ခက်ပါတယ်.. ကြည့်နူးစရာတွေ ကြုံရမြင်ရ ခံစားရတာတွေများပေမယ့် ညွှန်းဆိုဖို့ကြတော့ခက်ပါတယ်..ပြီးတော့ တခြားသူညွှန်းပြီးသား အချစ်ကားတွေပြန်ကြည့်ရင် ခံစားရတာ ပေါ့နေသလိုဖြစ်နေတတ်တယ်...ဒါကြောင့် ထွေထွေထူးတော့ပြောမနေတော့ပါဘူး.... ဒီအချစ်ကားနဲ့ပတ်သက်ပြီးပြောလို့ရတာက ဇာတ်လမ်းလေးက တခြားအချစ်ဇာတ်လမ်းတွေထက်ကို ပိုစိတ်ဝင်စားဖို့လည်းကောင်း၊ကြည်နူးဖို့လည်းကောင်း၊ မြင်ရတဲ့အရာတွေကလည်း သိပ်ကိုလှ ၊ဗဟုသုတတွေလည်းရတယ်လို့ပြောပါရစေ... ကိုင်းခံစားကြည့်လိုက်ပါဦးဗျို့... File Size : (850 MB) Quality : Blu-Ray 720p Format…mp4 Duration…01:45:00 Genre : Adventure, Comedy, Drama Subtitle : Myanmar Subtitle (Hard Sub) Translated by Hnin Amy Khine Encoded by Phyo Pyae
movie
Letters to Juliet (2010)
2010