Channel Myanmar

Ulrich Thomsen

The Weight of Water (2000) 5.8
The Weight of Water (2000) The weight of water ဇာတ်ကားဟာ ၂၀၀၀ ခုနှစ်မှာထွက်ရှိထားတဲ့Thriller/Mystery အမျိုးအစားလေးဖြစ်ပါတယ်။IMDb 5.8 ရရှိထားပြီး သည်းထိတ်ရင်ဖိုနှစ်သက်တဲ့ပရိသတ်ကြီးတို့အကြိုက်ဖြစ်မှာပါ။ဇာတ်လမ်းအကျဉ်းကတော့ ဓာတ်ပုံဆရာမတစ်ယောက်ဖြစ်တဲ့ ဂျင်းဟာ သူ့ရဲ့ခင်ပွန်း သောမတ်စ်နဲ့အတူပိတ်ရက်မှာ ခရီးအတူတူသွားကြပါတယ်။ သောမတ်စ်ရဲ့ညီနဲ့ သူ့ကောင်မလေးတို့လည်း လိုက်ပါလာကြပြီး၁၈၇၃ ခုနှစ်မှာဖြစ်ခဲ့တဲ့လူသတ်မှုကို စုံစမ်းကြပါတော့တယ်။ဒီဇာတ်လမ်းမှာတော့ လူတွေမှာရှိတဲ့ အမှောင်ဘက်အခြမ်းကိုကွက်ကွက်ကွင်းကွင်းမြင်အောင် ရိုက်ပြထားတာကိုတွေ့ရမှာပါ။အလိုရမ္မက် ဒေါသတွေဟာ လူတစ်ယောက်ကိုဘယ်လိုပြောင်းလဲနိုင်ကြောင်း၊ တဏှာမီးဟာ ဘယ်လိုပူလောင်နိုင်ကြောင်းကိုပြသပေးသွားတာဖြစ်လို့Channelmyanmar ပရိသတ်ကြီးတို့ရှုစားဖို့အတွက် တင်ဆက်ပေးလိုက်ပါတယ်   File size…    3 GB /  1.2 GB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 54m Genre ..... Drama/Crime Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by KK
movie

The Weight of Water (2000)

Liberation (aka) Before It Ends (2023) 7.0
Liberation (aka) Before It Ends (2023)  ဒီရုပ်ရှင်ကတော့ သမိုင်းနောက်ခံပြု ရိုက်ကူးထားတဲ့ ဒရာမာရုပ်ရှင်ကားတစ်ကားဖြစ်ပြီး တချိန်က ဒန်းမတ်ရောက် ဂျာမန်ဒုက္ခသည်များ၏ အတွေ့အကြုံများကို တွေ့မြင်ခံစားရမှာ ဖြစ်ပါတယ်။ စစ်ပွဲကာလ ရှားပါးပြတ်လပ်မှုနှင့် နာဇီအစိုးရ၏ ဂျာမန်လူမျိုးများကို စွန့်ပစ်ခြင်း များကြောင့် လူပေါင်း မြောက်များစွာ သေဆုံးခဲ့ရပုံကို အခြေပြုရိုက်ကူးထားတာပါ။ဇာတ်လမ်းအညွှန်းJacob ဟာ ကျေးလက်အထက်တန်းကျောင်းမှာ ယောက်ျားလေး ဘော်ဒါကျောင်းတစ်ခု၏ ကျောင်းအုပ်ဆရာတစ်ယောက် ဖြစ်ပါတယ်။ဒိန်းမတ်နိုင်ငံကို ဂျာမန်တို့ သိမ်းပိုက်ထားချိန် ၁၉၄၅ ခုနှစ် ဧပြီလမှာ စစ်ဘေးရှောင် ဂျာမန်ဒုက္ခသည် ၅၀၀ ကို ခေါ်ထားရန် အမိန့်ပေးခံရသောအခါမှာလည်း Jacob အနေနဲ့ မလွှဲမရှောင်သာဘဲ ကျောင်းရဲ့ အားကစားခန်းမကို ဒုက္ခသည်စခန်းအဖြစ် အသုံးပြုခွင့် ပေးခဲ့ရပါ‌တော့တယ်။ လွတ်လပ်ရေးတိုက်ပွဲကလည်း အရှိန် မြင့်နေချိန်မို့ ဒုက္ခသည်တွေကို ကူညီတဲ့သူတိုင်းကို သစ္စာဖေါက်လို့ အမည်တပ်ကြချိန် ဖြစ်ပါတယ်။ မကြာခင်ပဲ သူ့ကျောင်းမှာရှိတဲ့ ဂျာမန်လူမျိုးဒုက္ခသည်တွေက ဆုံဆို့နာရောဂါ ဖြစ်ပွားပြီး တဖြုတ်ဖြုတ် သေကြပါတော့တယ်။ဒီအခါ ...
movie

Liberation (aka) Before It Ends (2023)

Duplicity (2009) 6.1
Duplicity (2009)  cm ပရိသတ်ကြီးကို ဒီတစ်ခါ ရိုမန်တစ် မှုခင်း ဟာသဇာတ်ကားလေး တစ်ခုနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ဒီကားလေးကို ဝါရင့်နာမည်ကြီး သရုပ်ဆောင်တွေဖြစ်ကြတဲ့ မင်းသမီးကြီး ဂျူလီယာရောဘတ်နဲ့မင်းသား ကလိုက်ဗ်အိုဝင်တို့ တွဲဘက်ညီညီ သရုပ်ဆောင်ထားကြပါတယ်။ ဂျူလီယာရောဘတ်ရဲ့ ပရိသတ်ဆိုရင်ကြည့်ကိုကြည့်သင့်တဲ့ ဇာတ်ကားလေးတစ်ကားဖြစ်ပါတယ်။ဇာတ်ကြောင်းက အစိုးရစစ်တပ်ထောက်လှမ်းရေးအရာရှိ ရေးကိုဗယ်ဟာ ဒူဘိုင်းက ပါတီတစ်ခုမှာ စီအိုင်အေအေးဂျင့်တစ်ဦးဖြစ်တဲ့ ကလဲရာစတန်ဝစ်ကို အကြောင်းမသိဘဲလူပါးပုလင်းထိ သွားပြီးဇာတ်လမ်း စမိပါတယ်။ဟိုတယ်ရောက်တော့ ကလဲရာက သူ့ကို ဆေးခတ်အိပ်ပျော်အောင်လုပ်ပြီး သူ့ဆီက လျှို့ဝှက်အရေးကြီး စာရွက်စာတမ်းတွေကိုအလစ်သုတ်သွားခဲ့တာပါ။ နောက်သုံးနှစ်အကြာ ရောမမြို့မှာပြန်ဆုံမိကြတဲ့အခါ နှစ်ယောက်အတူ အကောင်းစားဟိုတယ်တစ်ခုမှာ ရက်အတန်ကြာ ပြန်ချိတ်မိခဲ့ကြပါတယ်။အစိုးရအလုပ်တွေကို ထွက်ပြီး ပြိုင်ဆိုင်မှု များတဲ့ စီးပွားရေးကော်ပိုရေးရှင်းအလုပ်မှာ ဂျင်ပေါ်ကထုံး လုပ် ပိုက်ဆံများများရှာဖို့ အတူကြံခဲ့ကြပြီး အစီအစဉ်တွေ ဆွဲကြပါတော့တယ်။တခြားသူတွေကို လှည့်စားနိုင်ဖို့အတွက် နှစ်ဦးသားအကွက်ကျကျ ဘယ်လိုတွေ လုပ်ကြမလဲ။တစ်ဦးခြေလှမ်း တစ်ဦးကြိုမြင်နေကြတဲ့ သူတို့နှစ်ဦးဘယ်လိုတွေ ကွက်ကျော်ရိုက်ကြမလဲဆိုတာကိုတော့ဇာတ်လမ်းလေးနဲ့ မျောပါရင်း ကြည့်ရှုခံစားကြည့်ကြပါဦး...။  File size…1.66GB ,  ...
movie

Duplicity (2009)

Stockholm Bloodbath (2023)
Stockholm Bloodbath (2023)  အခုတင်ဆက်ပေးမယ့်ဇာတ်လမ်း‌လေးကတော့ နိုင်ငံရေးဇာတ်လမ်းတွေ စိတ်ဝင်စားတဲ့သူတွေအတွက် အကြိုက်တွေ့မယ့် တော်လှန်ရေးကားပုံစံလေးဖြစ်ပါတယ်ဇာတ်လမ်းကိုအရမ်းပြောလိုက်ရင် spoilမိသွားနိုင်လို့ အတိုချုပ်ပဲပြောပါရ‌စေရှင့် အဓိက ကတော့ နိုင်ငံရေးကားလို့ပြောရပါမယ် ချစ်ကြည်ရေးကို ဗန်းပြပြီး နိုင်ငံကိုသိမ်းတာကို မခံနိုင်လို့ပြန်လည်တော်လှန်ကြရာကနေ အဲ့ထဲက နိုင်ငံရေးအရှုပ်တော်ပုံတွေ ဘုရင်နဲ့ဘုန်းတော်ကြီးတစ်ယောက်ပူးပေါင်းကြံစည်မှုတွေနဲ့ အရမ်းဇာတ်အိမ်ခိုင်တဲ့ ဇာတ်ကားလေးတစ်ကားဖြစ်ပါတယ် ဖြစ်ရပ်မှန်ဇာတ်လမ်းကို အခြေခံရိုက်ကူးထားတာလည်းဖြစ်တာကြောင့် ပရိတ်သတ်တွေကို ရသတစ်ခုတော့ပေးစွမ်းနိုင်မှာပါသေချာပါတယ် File size…(2.6 GB)/(1.3 GB) Quality….Webrip 1080p / 720p Format…mp4 Duration….02:25:00 Genre... Action, History, War Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Phoo Myat Thwe
movie

Stockholm Bloodbath (2023)

The Celebration (1998)
The Celebration (1998)  IMDb 8.1 / Rotten Tomatoes 91% / Meta score 82% အထိရရှိခဲ့ပြီး ဆုပေါင်း ၂၈ ခုထိအပိုင်သိမ်းခဲ့တဲ့ Drama/Thriller ရှေးရုပ်ရှင်တစ်ခုပါ။ဇာတ်လမ်းအကျဉ်းကတော့ အဖေကြီးရဲ့ အသက် ၆၀ နှစ်ပြည့်မွေးနေ့ကို စံအိမ်ကြီးတစ်ခုမှကျင်းပဖို့အတွက် သားသမီး မြေးမြစ်တွေအပြင် အသိမိတ်ဆွေတွေပါ လူစုံတက်စုံ ရောက်ချလာကြပါတယ်။အဲဒီည ညစာစားပွဲမှာ သားဖြစ်သူထဲက တစ်ဦးက အဖေကြီးနဲ့ သားသမီးတွေကြားက ရုပ်ဆိုးအကြီးတန်တဲ့လျှို့ဝှက်ချက်တွေကို လူပုံလယ်မှာ ညစာစားပွဲအတွက် မိန့်ခွန်းပြောရင်း ငယ်ကျိုးငယ်နာတွေ အကုန်ဖော်ပစ်လိုက်ပါတော့တယ်။ ဇာတ်အိမ်ကတော့ များများစားစားထပ်မရှင်းပြတော့ပါဘူး။ဒီရုပ်ရှင်က Dogme ရုပ်ရှင်ပါ။ Dogme 95 ဆိုတာက 1995 ခုနှစ်တုန်းက ဒိန်းမတ်ဒါရိုက်တာတွေ တည်ထောင်ခဲ့တဲ့ ရုပ်ရှင်ဖန်တီးရေးလှုပ်ရှားမှုတစ်ခုပါ။ Dogme ရဲ့ နည်းစနစ်ကတော့ ရုပ်ရှင်တစ်ခုကို အထူးပြုလုပ်ချက်တွေ၊ နည်းပညာတွေမသုံးဘဲ ရိုးရာစံတွေနဲ့အညီပဲရိုက်တာပါ။ ဥပမာအနေနဲ့ပြောရရင် ဒီရုပ်ရှင်ထဲကအသံတွေက အာတီဖီရှယ် လူလုပ်အသံတွေမပါဘဲ ...
movie

The Celebration (1998)

Hitman (2008)
Hitman (2008)  နာမည်ကျော် ဂိမ်းစီးရီးကို အခြေခံရိုက်ကူးထားပြီး လူကြိုက်များ အောင်မြင်ခဲ့တဲ့ အေးဂျင့်47အမည်ရှိ ကြေးစားလူသတ်သမားရဲ့ အက်ရှင်ရုပ်ရှင်ကားကို တင်ဆက်ပေးလိုက်ပါတယ်။ အေးဂျင့်47အနေနဲ့ Hitmanရုပ်ရှင် နှစ်ကားထွက်ပြီး ဒီရုပ်ရှင်ကတော့ မင်းသားတင်မိုသီအိုလီဖန့် ပါဝင်ထားတဲ့ ပထမဆုံး Hitmanရုပ်ရှင်ပေါ့။ကြေးစားလူသတ်သမားတွေကို အဖွဲ့အစည်းတစ်ခုကနေ မွေးကတည်းက ရွေးချယ်ပြီး လူသတ်ဖို့တစ်ခုတည်းအတွက် လေ့ကျင့်ပျိုးထောင်ပေးခဲ့တာ။ မအောင်မြင်တဲ့မစ်ရှင် မရှိသလောက် ကျွမ်းကျင်တဲ့ ဒီလိုလုပ်ကြံရေးသမားတွေထဲမှာ အေးဂျင့်47ကတော့ အထူးချွန်ဆုံးပေါ့။ရုရှားသမ္မတကို လုပ်ကြံဖို့ အေးဂျင့်47ကို စေလွှတ်ခဲ့တယ်။သေချာပေါက်မစ်ရှင်အောင်မြင်ခဲ့တာကို မစ်ရှင်မအောင်မြင်တဲ့အတွက် ငွေပေးချေမှုမရှိပါဆိုပြီး တိုက်ရိုက်လွှင့်နေတဲ့ ရုရှားသမ္မတရဲ့ မိန့်ခွန်းပြောနေတဲ့ဗီဒီယိုကို ပို့လာပါတယ်။ ဒီမှာပဲ အေးဂျင့်47တစ်ယောက် နောက်ကွယ်က အကြောင်းတရားကို ရှာဖွေရင်း သူ့မစ်ရှင်အောင်မြင်ဖို့ကြိုးစားတဲ့ အမိုက်စားအက်ရှင်ဇာတ်လမ်းဟောင်းလေးကို ခံစားကြည့်ရှုကြပါဦး။(အညွှန်းနဲ့ဘာသာပြန်ကတော့ Pyae Phyoဖြစ်ပါတယ်) File size…(1.9 GB)/(959 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:32:00 Genre...Action, Thriller, Drama  Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Pyae ...
movie

Hitman (2008)

The Silence (2010) 7.0
The Silence (2010)  ၂၀၁၀ တုန်းကထွက်ရှိထားတဲ့ Das Letzte Schweigen (The Silence)ရုပ်ရှင်ဟာ IMDB 7.0 ရရှိထားတဲ့ ဂျာမန်စကားပြော Crime, Drama,Thriller အမျိုးအစားဖြစ်ပါတယ်။ ဒီဇာတ်ကားဟာ ဂျာမဏီရုပ်ရှင်ဒါရိုက်တာဆုတစ်ခု ဆွတ်ခူးထားပြီး အခြားရုပ်ရှင်ဆုလေးဆု ဆန်ခါတင်စာရင်းဝင်ထားပါတယ်။ဆယ်ကျော်သက်အရွယ်မိန်းကလေးတစ်ယောက်ဖြစ်တဲ့ ပီယာဟာလယ်ကွင်းထဲမှာအသတ်ခံလိုက်ရပေမယ့် တရားခံလက်သည်မပေါ်ခဲ့ပါဘူး။ပီယာအသတ်ခံရပြီး ၂၃ နှစ်တိတိကြာတဲ့အခါ အဲဒီရက်စွဲမှာပဲ နောက်ထပ်ဆယ်ကျော်သက်မိန်းကလေးတစ်ဦး မူလအခင်းဖြစ်ပွားရာနေရာမှာပဲတစ်ပုံစံတည်း ပျောက်ဆုံးသွားပါတော့တယ်။ အခင်းဖြစ်ပွားမှုတစ်ပုံစံတည်းတူနေပြီး ရက်စွဲကအစ ၂၃ နှစ်ခြားပြီးတစ်ရက်တည်းဖြစ်နေတာကြောင့်ရဲတပ်ဖွဲ့ဟာ တရားခံတစ်ဦးတည်းဖြစ်ရမယ်လို့ တထစ်ချမှတ်ယူပြီးရေဆုံးမြေဆုံး လိုက်လံစစ်ဆေးပါတော့တယ်။ ပထမမှုခင်းတုန်းကမတွေ့ခဲ့တဲ့ သဲလွန်စတွေဟာ ဒုတိယမှုခင်းဖြစ်တဲ့အချိန်မှာ တဖြည်းဖြည်းပေါ်လွင်လာပြီး ကျူးလွန်သူကိုမိလုမိခင် အနေအထားရောက်ရှိလာတဲ့အခါဇာတ်လမ်းဟာတစ်မျိုးတစ်ဖုံပြောင်းလဲသွားပါတော့တယ်။ဆယ်ကျော်သက်လူသတ်မှုကျူးလွန်သူဟာ ဘာကြောင့် ၂၃ နှစ်ခြားပြီးတစ်ရက်တည်းမှာ လူသတ်မှုနှစ်ကြိမ်ကျူးလွန်ခဲ့ရသလဲ..ဘာကြောင့် ဆယ်ကျော်သက်မိန်းကလေးတွေကိုမှ ရွေးပြီးသတ်ရတာလဲမှုခင်းနှစ်ခုကို တစ်ပုံစံတည်း တစ်နေရာတည်းမှာ ကျူးလွန်ခြင်းအားဖြင့်တရားခံကိုဖမ်းမိနိုင်ချေပိုများလာတာ သိလျက်နဲ့ ဘာလို့ရည်ရွယ်ချက်ရှိရှိကျူးလွန်ခဲ့တာလဲဆိုတာ ဆက်လက်ရှုစားကြရမှာဖြစ်ပါတယ်။ File size…2.26 GB/ 1.02 GB Quality…Blu-Ray 1080p 5.1CH / 720p Format…mp4 Duration….1h ...
movie

The Silence (2010)

A Violent Man (2022)
A Violent Man (2022)  ဒီဇာတ်ကားလေးကတော့ နှစ်ရှည် အကျဉ်းသား တစ်ယောက်အကြောင်းကို ရိုက်ပြထားတဲ့ Crime /Drama ဇာတ်လမ်းလေးပဲဖြစ်ပါတယ်။မိုက်ကယ်ဆန်ဟာ သူ့ ဇနီးကို ကိုယ်တိုင်သတ်ဖြတ်ခဲ့ပြီး ထောင်ကျခံနေရသူ တစ်ဦးပါ ဒေါသကြီးပြီး အကြမ်းဖက်တတ်တဲ့လူတစ်ယောက် ဖြစ်တာကြောင့် ထောင်ထဲမှာ အမှုတွေ တစ်ခုပြီးတစ်ခုဖြစ်ရင်း ထောင်သက်ဟာလည်း ပိုပြီး ရှည်ကြာလာခဲ့ပါတယ်။ မိုက်ကယ်ဆန်တစ်ယောက် ထောင်ထဲမှာ ဖြတ်သန်းနေထိုင်ပုံကို ရိုက်ကူးပြသထားတာဖြစ်ပြီး အမြဲ ကြမ်းကြမ်းတမ်းတမ်းနေတတ်တဲ့ မိုက်ကယ်ဆန်တစ်ယောက် သူ့သမီးနဲ့ တွေ့ရမယ့်အချိန်မှာ ဘယ်လိုဖြစ်မလဲဆိုတာ ကြည့်ရှုပေးကြပါဦးဗျာ...... File size…(1 GB)/(520 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:45:00 Genre...Drama, Crime Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Ban
movie

A Violent Man (2022)

Kingdom of Heaven (2005) Director’s Cut Roadshow Version 7.2
Kingdom of Heaven (2005) Director’s Cut Roadshow Version Kingdom of Heaven (2005) Director's Cut Roadshow VersionIMDb Rating (7.2)နှစ်ပေါင်း ၂၀၀ ကျော် ကြာမြင့်ခဲ့တဲ့ ခရစ်ယာန်-မူဆလင် ခရူးဆိတ်စစ်ပွဲကြီးတွေအတွင်းက ကာလ တစ်ခုကို အခြေခံထားတဲ့ နာမည်ကျော်ရုပ်ရှင်တစ်ခုဖြစ်ပါတယ်။ သမိုင်းရုပ်ရှင်နဲ့သိပ္ပံစိတ်ကူးယဉ်လောကရဲ့ ဆရာကြီးတစ်ပါးဖြစ်တဲ့ Sir Ridley Scott ရိုက်ကူးထားတာဖြစ်ပါတယ်။ Ridley Scott ရဲ့လက်ရာတွေကိုတော့ လူတိုင်းအနည်းဆုံး တစ်ကားလောက်တော့ ရင်းနှီးကြမှာပါ၊ Blade Runner, Alien, Gladiator, Thelma & Louise, Hannibal, Black Hawk Down, The Martian နဲ့ ယခုရုံတင်နေတဲ့ Napoleon အပါအဝင် နာမည်ကြီးရုပ်ရှင် တစ်ရာကျော်ရိုက်ခဲ့ပါတယ်။ ရုပ်ရှင်လောကမှာရတဲ့အောင်မြင်မှုကြောင့် ဆာဘွဲ့ပါ ရခဲ့တဲ့သူလည်းဖြစ်ပါတယ်။အဓိက ဇာတ်ဆောင်အဖြစ် အော်လန်ဒိုဘလွန်း၊ အီဗာဂရင်းတို့ပါဝင်ထားပြီး မင်းသားကြီး လီယန်နီဆန်လည်း ဇာတ်ပို့အဖြစ်ပါဝင်ထားပါသေးတယ်။ ဒီရုပ်ရှင်ကို ရုံတင်ဗားရှင်း(Theatrical ...
movie

Kingdom of Heaven (2005) Director’s Cut Roadshow Version

2005
4K HEVC
Season of the Witch (2011) 5.4
Season of the Witch (2011)  14 ရာစုနှစ်မှာ လူဖြစ်လာခဲ့ရင် အသက်ရှင်သန်ဖို့ လွယ်ကူမှာ မဟုတ်ဘူး။ ကိုးကွယ်တဲ့ ဘာသာတွေ လွှမ်းမိုးမှု ရရှိနိုင်ဖို့ ဘာသာရေးစစ်ပွဲတွေ အပြိင်အဆိုင် ဆင်နွှဲကြတဲ့ ခေတ်ကာလ အမျိုးသမီးတွေဆိုရင် ဆေးကုတော်တာ ရေမနစ်တာ အဲဒီလိုအဖြစ်မျိုးတွေ ကြုံလာခဲ့ရင်တောင်မှ စုန်းမဖြစ်တယ်/ စုန်းပညာ တတ်စားတယ်ဆိုပြီး အထင်လွဲခံရတဲ့ ခေတ် စုန်းမ လို့ အထင်မှား ခံရတာနဲ့ ကြိုးပေးမယ်/ရေနှစ်သတ်မယ် ပြန်လည်ချေပခွင့်မရှိခဲ့ဘူး ဒီဇာတ်လမ်း ဖြစ်ပုံက Bhemen နဲ့ Felson ဆိုတဲ့ ဘာသာရေးစစ်သူရဲကောင်း ၂ယောက်ဟာ ရှေ့တန်းကနေ စစ်မတိုက်တော့ပဲ ပြန်လာခဲ့ကြတယ်။ သူတို့ အပြန်လမ်းမှာ မြို့တစ်မြို့ကို ရောက်တော့ လူတွေက ကပ်ရောဂါဘေးကြောင့် သေကြပျက်စီးစပြုနေကြပြီ ဒီလိုဖြစ်တာ ၃ နှစ် ကြာပြီဆိုတာလည်း စုံစမ်းသိရပြီးနောက် Bhemen နဲ့ Felson တို့ နှစ်ယောက် မြို့ကနေ ထွက်ဖို့ ...
movie

Season of the Witch (2011)

Brothers (2004) 7.5
Brothers (2004) Brothers (2004)အကြောင်းအရာကတော့ ညီအစ်ကိုနှစ်ယောက်အကြားက မိသားစုအရှုပ်အရှင်းပြဿနာပါပဲ။ အစ်ကို ဖြစ်သူဟာ အောင်မြင်တဲ့ ဖခင်တစ်ယောက် ဖြစ်ပြီး ချောမောတဲ့ ဇနီးဖြစ်သူနဲ့ သမီးနှစ်ယောက်ကိုပိုင်ဆိုင်ထားပါတယ်။ အလုပ်အကိုင်ကလည်း အတည်တကျ စစ်ဗိုလ်ပေါ့။ညီဖြစ်သူကတော့ လေလွင့်လိုက်၊ ထောင်ကျလိုက်နဲ့ ဘာမှ မည်မည်ရရ မရှိ။ တစ်နေ့ အစ်ကိုဖြစ်သူက အာဖဂန်ကို ဝာာဝန်အရ စစ်တိုက်ဖို့သွားရင်း စစ်ပွဲမှာကျဆုံးသွားပါတယ်။ ဒီလိုနဲ့ အစ်ကိုဖြစ်သူရဲ့ မိသားစုကို ညီဖြစ်က နှစ်သိမ့်အားပေးရင်း အစ်ကိုဖြစ်သူရဲ့ဇနီးနဲ့ပါ ကြိုးချင်းငြိသွားတယ်ပေါ့။အဲ့ဒီမှာ အစ်ကိုဖြစ်သူက စစ်ပွဲမှာ မသေဘဲ ပြန်ရောက်လာတဲ့အခါမှာတော့... ဘာတွေဆက်ဖြစ်မလဲဆိုတာ တကူးတကပြောနေစရာမလိုတော့ပါဘူး ဇာတ်လမ်းထဲမှာကြည့်ရှုနိုင်ပါပြီ။(ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ကတော့ Themes ပါ။)File Size          : 2.6GB, 1.1GB, 551MB Quality            : 1080p Blu-ray, 720p Blu-ray, ...
movie

Brothers (2004)

2004
Flickering Lights (2000) 7.5
Flickering Lights (2000) Flickering Lights (2000)တော်ရကီး၊ စတီဖန်၊ ပီတာ၊ အာနေး ဆိုတဲ့ သူငယ်ချင်းလေးယောက်ဟာ ဂန်းစတားတွေပါ။ သူတို့ဟာ အက်စကီမိုးဆိုတဲ့ ခေါင်းဆောင်ခိုင်းသမျှကို လုပ်ပေးရပါတယ်။တစ်ရက်မှာ အက်စကီမိုးက သူတို့လေးယောက်ကို လက်ဆွဲအိတ်တစ်ခုခိုးခိုင်းပါတယ်။ဒါပေမဲ့ အဲဒီလက်ဆွဲအိတ်ထဲမှာ ပိုက်ဆံတွေအများကြီးရှိနေတာသိသွားတဲ့ သူတို့လေးယောက်ဟာ ပိုက်ဆံတွေယူပြီး ဘာစီလိုနာကို ထွက်ပြေးကြပါတော့တယ်။ဘာစီလိုနာကို သွားတဲ့လမ်းမှာပဲ ကားကပျက်ပြီးတော့ ပီတာကလည်း သေနတ်ဒဏ်ရာရနေတာကြောင့် တောအုပ်ထဲကအိမ်ဟောင်းတစ်ခုမှာ ခဏနေဖို့ဖြစ်လာပါတယ်။ဒါပေမဲ့ ငယ်ငယ်တည်းက အိမ်တစ်လုံးအပိုင်လိုချင်ခဲ့တဲ့တော်ရကီးဟာ အိမ်လေးကိုသံယောဇဥ်တွယ်သွားတာကြောင့် အပိုင်ဝယ်ပြီး စားသောက်ဆိုင်ဖွင့်ဖို့ကြိုးစားပါတော့တယ်။အကျင့်စရိုက််မတူတဲ့ သူငယ်ချင်းလေးယောက် အိမ်အပျက်ကိုပြင်ဆင်ပြီးတော့ စားသောက်ဆိုင်ဖွင့်ဖို့ပြင်ဆင်ကြတာကို comedy ပုံစံရိုက်ပြထားတာမလို့ လက်လွှတ်မခံသင့်တဲ့ဇာတ်ကားကောင်းလေးပါပဲ။(ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ကတော့ Yee Wai ပါ။)File Size          : 4.5GB, 945MB, 444MB Quality            : 1080p Blu-ray AAC ...
movie

Flickering Lights (2000)

2000
The International(2009) 7.0
The International(2009) The International(2009) အညွှန်း****************************IBBC ဆိုတဲ့ဘဏ်က ဘဏ်နဲ့မဆိုင်တဲ့ သန်းရာချီ လက်နက်တွေဝယ်ယူနေတဲ့လို့သတင်းရပြီးနောက်ပိုင်းအေးဂျင့် လူးဝစ် နဲ့ သူ့အဖွဲ့က IBBC ကို ဆက်တိုက်လိုက်စုံစမ်းပါတယ်...အချက်အလက်တွေ အချိန်တွေ အများကြီးယူပြီးတဲ့နောက်မှာ သူတို့အဖွဲ့ဟာ အရေးပါတဲ့သူတစ်ယောက်နဲ့ဆက်သွယ်မိကြတယ်...ခက်တာက အဲ့ဒီသူနဲ့တွေ့တဲ့ လူးဝစ်တို့အဖွဲ့က တစ်ယောက် မတော်တဆမှုနဲ့သေဆုံးခဲ့သလိုအချိန်တစ်ရက်မပြည့်ခင်မှာပဲ သူတို့ဆက်သွယ်မိတဲ့သူဟာလည်း မတော်တဆမှုနဲ့ထပ်မံ့ပြီးသေဆုံးခဲ့ပါတယ်..အထက်ကလူကြီးတွေကလည်း မရေရာမသေချာတဲ့ ဒီကိစ္စကြီးကိုလက်ရှောင်ချင်နေကြတယ်..လူးဝစ်အတွက်တော့ လုပ်ဖော်ကိုင်ဖက်လည်းဆုံးရှုံးရသလို အင်အားကြီးတဲ့ ရန်သူနဲ့ရင်ဆိုင်နေရလို့လက်ရှောင်ချင်တဲ့သူတွေကြားမှာတော့ အကြီးအကျယ် ဒေါသထွက်နေတယ်...သို့ပေမဲ့ သူအစွမ်းရှိသလောက် ရအောင်ဖော်ထုတ်မယ်ဆိုပြီ:ကြိုးစားတဲ့အခါမှာတော့...ဒီကားဟာ BOX Office မှာ ဝင်ငွေကောင်းခဲ့သလို  မင်းသားကြီး Clive Owen  နဲ့ မင်းသမီ:ကြီးNaomi Watts တို့ က အဓိက သရုပ်ဆောင်ထားပြီ: ဇာတ်လမ်းအစမှ  အဆုံး အီနေတာမျိုးမရှိဘဲတော်တော်လန်းတဲ့ဇာလမ်းမို့ ကြည့်ကြပါလို့....File Size :(4.1GB)(924MB) and (292MB) Quality : Blu-Ray 1080P5.1CH,720p Format…mp4 Duration…01:58:00 Genre : Crime , ...
movie

The International(2009)

[James Bond] The World Is Not Enough (1999) 6.4
[James Bond] The World Is Not Enough (1999)  ***Channel Myanmar အနေနဲ့ James Bond ဇာတ်ကားတွေကို BluRay 1080p 5.1 CH Quality နဲ့စာတန်းထိုးကအစ ပြန်လည်ပြုပြင်ပြီးအကောင်းဆုံးဖြစ်အောင် တင်ဆက်သွားမှာ ဖြစ်ပါတယ်….https://channelmyanmar.to/category/007/ ဒီလင့်မှာ တင်ပြီးသမျှကို ဝင်ကြည့်လို့ရပါတယ်။***+++++++++++++++++++ဒီ ဇာတ်ကားကတော့ မင်းသား Pierce Brosnan ရဲ့ တတိယမြောက်ဘွန်းဇာတ်ကားဖြစ်ပါတယ်..Pierce Brosnan ရဲ့ဘွန်းဇာတ်ကောင်ကို ပရိတ်သတ်တော်တော်များများနှစ်သက်ကြောင်းတွေ့ရပါတယ်…ကြင်အင်လက္ခဏာ…တည်ငြိမ်မှု..ဝတ်စားဆင်ယင်မှု..သရုပ်ဆောင်မှုတွေအရPierce Brosnan နဲ့ ဘွန်းကို တစ်ထပ်တည်းကိုက်ညီစေတဲ့ ရသကို ပေးစွမ်းနိုင်ခဲ့တာပါ….နောက်တစ်ချက်က သူ့ရဲ့ဇာတ်ကားတွေမှာ Action ပိုင်း အတော်လေး ပြည့်စုံတာကို တွေ့ရမှာပါ..ဒီဇာတ်ကားရဲ့ Bond Girl နှစ်ယောက်ဖြစ်တဲ့ Sophie Marceau နဲ့ Denise Richards နှစ်ယောက်လုံးကတော့အရွယ်ကောင်းနဲ့ကွက်တိပါပဲ...တော်တော်လေးဆွဲဆောင်မှုရှိပါတယ်..။IMDb Rating (6.4/10) ရရှိထားပါတယ်…။   File size…(2.8 GB) and (1.5 GB) Quality….BluRay 1080p and 720p (HEVC ...
movie

[James Bond] The World Is Not Enough (1999)

HEVC 1080p 5.1
Centurion(2010) 6.4
Centurion(2010) Centurion(2010)((Zawgyi))အက်ရှင်အလန်းစားများနဲ့ နင်းကန်သတ်ဖြတ်နေတဲ့ ဇာတ်လမ်းကောင်းကားမို့ 1080P5.1CHတို့နှင့်တင်ဆက်ပေးထားပါသည်....ဇာတ်ကားဆို သတ်မှ ဖြတ်မှ ကြမ်းတမ်းနေမှ ဆိုတဲ့လူတွေအတွက် အလွန်ကြမ်းသော ဇာတ်ကြမ်းကားကြမ်းကြမ်းကြီးကို ခပ်ကြမ်းကြမ်း တင်ပေးလိုက်ပါပြီစစ်ပွဲသမိုင်းတွေမှာ နာမည်ကြီးပေ့ဆိုတဲ့ ရောမစစ်သားတွေနဲ့ တိုက်ရည်ခိုက်ရည်ပြည့်စုံတဲ့ လူမျိုးစုတစ်စုအကြား ပဋိပက္ခစစ်ပွဲတွေအကြောင်း ရိုက်ကူးထားတာပါဇာတ်လမ်းကတော့ ရောမစစ်သမိုင်းမှာ နာမည်ကြီးကြမ်းတမ်းတဲ့ Ninth Legion ဆိုတဲ့ တပ်ဖွဲ့တစ်ဖွဲ့ရှိတယ်...အားရင် လူသတ်မယ်...အရက်သောက်ရင်း ပျင်းလာရင် လူရိုက်မယ်ဆိုတဲ့ အကြမ်းစားတပ်ဖွဲ့ကြီးတစ်ဖွဲ့ပေါ့...ဒါပေမဲ့ နိုင်ငံတိုင်းလိုလိုမှာလည်း စစ်တပ်ကိုမုန်းတဲ့ ပြည်သူတွေဆိုတာ ရှိတာကိုး...အဲ့ဒီထဲကမှ Picts လူမျိုးစုတစ်စုဟာ စစ်တပ်ကို သေလောက်အောင် မုန်းတီးနေသူတွေဖြစ်ပြီး တိုက်ရည်ခိုက်ရည်လည်း ကောင်းမွန်တာကြောင့် ရောမအကြီးအကဲတွေတောင် အကျပ်ရိုက် ကြောက်လန့်လာရပါတယ်...အဲ့ဒီအချိန်မှာ ကြမ်းပေ့ဆိုတဲ့ Ninth Legion တပ်ဖွဲ့ကြီးကို ဖိတ်ခေါ်ပြီး အဆိုပါလူမျိုးစုတွေကို သွားရောက်နှိမ်နင်းခိုင်းတဲ့အခါမှာတော့ ရောမစစ်တပ်နဲ့ Picts လူမျိုးစုတွေ တွေ့ကြပါတော့တယ်...ဒီဇာတ်လမ်းရဲ့ 90% လောက်က သတ်နေဖြတ်နေတာပါ...တိုက်ပွဲထဲမှာ ခေါင်းမှီရင် ခေါင်းကိုခုတ် လက်မှီရင် လက်ကိုခုတ် ...
movie

Centurion(2010)

2010
[18+] Killing Me Softly (2002) 5.5
[18+] Killing Me Softly (2002)   Killing Me Softly Movie (2002)  Alice လို မိန်းမလှလေးအနေနဲ့ ဒီလိုလူတစ်ယောက်နဲ့ပဲ အတူနေပြီး ဘဝကိုအတူနေထိုင် ချစ်တင်းနှီးနှော နောက်နေ့အလုပ်သွား အဲလိုမျို းနဲ့ ဘဝဟာ အဓိပ္ပါယ်ရှိလောက်ပြီလို့ ရည်ရွယ်ရင်းရှိပုံပါ။ လက်ရှိအတူနေရည်းစားက ခပ်အေးအေး လိင်မှု ကိစ္စမှာလည်း သမားရိုးကျဆိုတာထက် အလုပ်တစ်ခုလို အိပ်ယာပေါ်တက်ချိန်လောက်ပဲ ချစ်ဗျူ ဟာခင်း အိပ်မောကျမယ်။နောက်နေ့သူလိုအလုပ်သွားမယ်။ဆိုရရင်စာအုပ်ကြီးသမားပုံစံပေါ့။Alice လိုချင်တဲ့ယောကျ်ားသားမျို းက မရိုးနိုင်တဲ့ ချစ်တင်းနှီးနှောဖလှယ်မှုတွေနဲ့ စိတ်လှုပ်ရှားမှု အပြည့်ပေးစွမ်းနိုင်တဲ့ သူမစိတ်ခန္ဓာတစ်ခုလုံး သိမ်းကျုံ းမျောပါးသွားစေလောက်တဲ့အထိ ဆွဲဆောင်မှု အတတ်ပညာပြည့်ဝတဲ့ ယောကျ်ားသားတစ်ယောက်ကို စိတ်ကူးယဉ်တမ်းတနေသလားတော့မသိဘူး။လက်ရှိနေထိုင်မှု အပေါ်ကိုတော့ ငြီးငွေ့စပြုနေတာ သေချာပါတယ်။ပြောလို့သာပြောရတာ အထက်ကဆိုခဲ့တဲ့ ချစ်ဗျူ ဟာခင်းတာလည်းကျွမ်းကျင် ရုပ်ရည်ကလည်းဆွဲဆောင်မှုအပြည့် ယောကျ်ားပီသလှတဲ့ ပုရိသမျို းဆိုတာကလည်း ခပ်ပေါပေါအချစ်ဖန်စီစာအုပ်တွေနဲ့အပြာစာအုပ်တွေထဲလောက်ပဲတွေ့နိုင်တာမဟုတ်လား။ဒါပေမယ့် Aliceမှာ မထင်မှတ်ဘဲ စိတ်လှုပ်ရှားမှု အပြည့်တွေနဲ့ပဉ္စလက်ဆန်လှတဲ့ဘဝနေထိုင်မှုတွေရှိနေတဲ့ Adam ဆိုတဲ့ ယောကျ်ားပျို တစ်ယောက်နဲ့ ဆုံဆည်းဖို့ကံကြုံ ...
movie

[18+] Killing Me Softly (2002)

2002
The Thing (2011) 6.2
The Thing (2011) The Thing (2011)_______IMDb - 6.2/10ဒီကားကတော့ သိပ္ပံသည်းထိတ်ရင်ဖိုဇတ်ကားတစ်ကားဖြစ်ပါတယ် ရေခဲပြင်ထဲကိုယာဉ်ကြီးတစ်စင်းပျက်ကျခဲ့တယ် အဲ့ဒီ့ယာဉ်ရဲ့အချက်ပြတစ်ခုဟာ သိပ္ပံပညာရှင်တွေအဖို့ စိတ်ဝင်စားစရာဖြစ်ခဲ့တယ် ဒါ့ကြောင့် ပညာရှင်အသီးသီးစုပေါင်းပြီး ယာဉ်ပျက်ကြီးကိုစူးစမ်းရှာဖွေမှုအစီအစဉ်စခဲ့တယ် ယာဉ်ပျက်ကြီးဆီရောက်တဲ့အချိန်မှာ အံအားသင့်စရာတွေကဆက်တိုက်ဖြစ်နေခဲ့တယ် ရေခဲတုံးထဲမှာ ဂြိုလ်သားလို့ယူဆရတဲ့အကောင်တစ်ကောင်တွေ့ခဲ့တယ် ပုံစံမပျက်စေဖို့အတုံးလိုက်ဖြတ်ပြီး ရေခဲပြင်မှာပဲရှိတဲ့သုတေသနစခန်းကိုယူလာခဲ့တယ် အားလုံးဟာ ဆက်လုပ်ရမဲ့သုတေသနအတွက် အတွေးကိုယ်စီ စိတ်ကူးကိုယ်စီတွေ ဆွေးနွေးရင်းပျော်နေခဲ့ကြတယ် ဒါပေမဲ့ အဲ့ဒီညမှာပဲ ရေခဲတုံးကြီးထဲက အကောင်ဟာ သိပ္ပံပညာရှင်အဖွဲ့ကို အန္တရယ်ဆိုးကြီးတွေကျရောက်စေခဲ့တယ် အသက်ကိုယ်ရန်ပြုစေတဲ့အပြင် လူသားတွေရဲ့ဇီဝဖြစ် စဉ်အသွင်းပြောင်းဟန်တွေပါလာခဲ့တယ် စာရေးဆရာ John W.camphbell ရဲ့ who goes there?စာအုပ်ကိုအခြေခံရိုက်ကူးထားတဲ့ဇတ်ကားဖြစ်ဖြစ်ပါတယ် JOEL EDGERTONနဲ့မင်းသမီးချော Mary Elizabeth Winstead တို့ကသရုပ်ဆောင်ထားပါတယ် တစ်ကားလုံးမှာ ဘယ်သူကအသွင်းပြောင်းသွားမလဲ ရန်ပြုနိုင်မလဲ ဒွိဟတွေနဲ့ အတော်လေးကိုစိတ်လှုပ်ရှားစရာကောင်းတဲ့ဇတ်ကား မို့ခံစားကြည့်လိုက်ပါဦးလို့ (ဘာသာပြန်သူက တော. Myo Myint Maung ဖြစ်ပြီး ဇာတ်လမ်းအညွန်းကို ကို Phyo ...
movie

The Thing (2011)

2011