Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Tye Sheridan
6.1
Asphalt City (2024)
အကယ်ဒမီဆုရှင် ဝါရင့်မင်းသား Sean Penn နဲ့ X-Men မင်းသား Tye Sheridan တို့နှစ်ယောက် အဓိကပါဝင်ထားတဲ့ နယူးယောက်မြို့က ကြက်ခြေနီတွေအကြောင်း ရိုက်ကူးထားတဲ့ ကားလေးဖြစ်ပါတယ် နယူးယောက်မြို့ ညချမ်းကာလတွေမှာ လှပတဲ့နေရာတွေ အစုံအလင်ရှိသလို တဖက်မှာလည်း သေနတ်ပစ်သံတွေ၊ ရုန်းရင်းဆန်ခတ်ဖြစ်မှု၊ အက်ဆီးဒင့်တွေနဲ့လည်း ဟန်ချက်ညီစွာ ပျားပန်းခတ်လို့နေပါတယ်Rut (Sean Penn) က စီနီယာ ကြက်ခြေနီဖြစ်ပြီး ခရော့စ် ကတော့ ဆေးကျောင်းဝင်ခွင့်စာမေးပွဲအတွက် တဖက်ကကြိုးစားရင်း အခုမှ ကြက်ခြေနီအလုပ်ကို စဝင်လာသူပါ သူတို့အလုပ်မှာ လူ့အသက်နဲ့ရင်းပြီး လုပ်ရတဲ့အပြင် ဖိအားဒဏ်တွေ၊ ဘယ်လောက်စေတနာထားထား အဆဲအဆိုချည်း ခံရပုံတွေ၊ အခက်အခဲတွေအပြင် ကျဥ်းထဲကျပ်ထဲမှာ ရွေးချယ်မှုတွေ ပြုလုပ်ရတာမို့...သူတို့ ဆေးဝန်ထမ်းတွေကိုယ်တိုင်လည်း ကိုယ်ရေးကိုယ်တာ စိတ်ခံစားချက် ထွေပြားမှုတွေ၊ စိတ်သံသယ၊ ယုံကြည်မှုပျောက်ဆုံးဖြင်း၊ မျှော်လင့်ချက်မဲ့ခြင်းတို့ပါ မျက်ဝါးထင်ထင်မြင်ရအောင် တင်ဆက်ထားပြီး သူတို့ရဲ့ ပရဟိတ စိတ်ဓာတ်၊ ...
movie
Asphalt City (2024)
6.8
Joe (2013)
IMDb - 6.8/10ဇာတ်လမ်းအညွှန်းသူ့ဖခင်က အရက်သမား၊ သူ့မိသားစုက စားရမဲ့သောက်ရမဲ့…ဟိုလေလွင့်ဒီလေလွင့်ဖြစ်နေတဲ့ မိသားစုအတွက်၁၅နှစ်သားလေး ဂယ်ရီဟာ ဂျိုးဆိုတဲ့ လူတစ်ယောက်ဆီမှာအလုပ်လာလုပ်ပါတယ်။ဂျိုးက ထောင်ထွက်တစ်ယောက်ဖြစ်ပြီး သူ့ရဲ့ဒေါသထွက်တတ်တဲ့စိတ်ကိုဆေးလိပ်သောက်၊အရက်သောက်ရင်း မြိုသိပ်ချုပ်တည်းရင်းနေနေတဲ့သူတစ်ယောက်ပါ။ဒါပေမဲ့ ဂျိုးက အလုပ်ကြိုးစားလုပ်တဲ့သူတွေကို သဘောကျပြီးသူ့အလုပ်သမားတွေအပေါ်မှာတော့တကယ်ကောင်းပေးတဲ့ အလုပ်ရှင်တစ်ယောက်လည်း ဖြစ်ပါတယ်။ဂယ်ရီလေးက ငယ်ငယ်ရွယ်ရွယ်နဲ့ အလုပ်ကြိုးစားတတ်သူဖြစ်တာမို့ဂျိုးက သဘောကျပြီး သူတို့နှစ်ဦး မိတ်ဆွေတွေဖြစ်လာကြပါတယ်။ဂယ်ရီရဲ့ အဖေက ဂယ်ရီ့အပေါ်မှာ သည်းမခံနိုင်လောက်အောင်နှိပ်စက်ညှင်းပန်းတဲ့လုပ်ရက်တွေ လုပ်လာတဲ့အခါမှာဂျိုးတစ်ယောက် သူ့ရဲ့လူသားချင်းစာနာစိတ်တွေ နှိုးကြွလာပြီးဂယ်ရီ့အတွက် သူကိုယ်တိုင် ပါဝင်ဖြေရှင်းဖို့ ဖြစ်ပါတော့တယ်။အသုံးမကျတဲ့ ဖခင်လက်ထဲမှာ နေနေရပေမယ့်ကံကောင်းထောက်မစွာနဲ့ ဂျိုးလိုလူမျိုးနဲ့တွေ့ဆုံလိုက်ရတဲ့ဂယ်ရီနဲ့ လူကြမ်းကြီးပေမယ့် စာနာတတ်တဲ့စိတ်နှလုံးရှိတဲ့ဂျိုးတို့အကြောင်း ရိုက်ကူးပြသထားပါတယ်။ဂျိုး အဖြစ် Ghost rider မင်းသားကြီး Nicolas Cage ကသရုပ်ဆောင်ထားပါတယ်။ကဲ ဆက်လက်ကြည့်ရှုလိုက်ကြပါဦး။ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားသူကOrika ဖြစ်ပါတယ်။ File size… 1.9 GB / 790 MB Quality… Bluray 1080p / 720p Format… mp4 Duration…. 1h ...
movie
Joe (2013)
2013
7.7
Deadpool 2 (2018) Super Duper Cut
Deadpool 2 (2018) ကို အလန်းဆုံးဗားရှင်းဖြစ်တဲ့ Super Duper Cut Version နဲ့ တင်ဆက်လိုက်ပါတယ်။အရင် Version တွေမှာမပါတဲ့ အခန်းအပိုအလိုတွေအများကြီးပါပါတယ်အလန်းကြီးပါ အခုပဲ ဒေါင်းလုတ်ဆွဲကြည့်လိုက်ပါ---------------Deadpool ရုပ်ရှင်ဆိုတဲ့အတိုင်း တစ်ကားလုံးက Deadpool ပီသခဲ့တယ်။အရင်ကားထက်ပိုပြီး ပြောင်၊ ပိုပြီးအရှက်မရှိ၊ ပိုပြီးကြမ်းထားတယ်။အထူးသဖြင့် Credit scene တွေဆို ရစရာကိုမရှိဘူး။Plot ပိုင်းမှာ အရမ်းကြီးတော့မရှိ။ဇာတ်လမ်းရဲ့ ဇာတ်ဝင်ခန်းအများစုက action ရယ် ဓာတ်ပူး မျက်နာပြောင်နေတာရယ်က အဓိက များတယ်၊ကိုဓာတ်ပူးရဲ့ X Force အဖွဲ့ skill ကိုပြထားတာလည်း တော်တော်မိုက်တယ်။တော်တော်ကိုကြမ်းပြထားနိုင်တယ်။ ထင်မထားဘူး။Domino နဲ့ Cable ကိုပုံဖော်ထားတာလည်း တော်တေယ်လေးကောင်းတယ်။Cable လုပ်တဲ့ Thanos ကြီးလည်း သရုပ်ဆောင်လန်ထွက်နေတာပဲ။မဆီမဆိုင်စဉ်းစားမိတာက Deadpool ဘေးမှာနေရင်း Cable ကြီး မရယ်မိအောင် တော်တော်လုပ်ယူရမလားပဲ။Deadpool 2 ဟာ တစ်ကားလုံးနီးပါး ဗြင်းနေတာနဲ့ ...
movie
Deadpool 2 (2018) Super Duper Cut
2018
4K HEVC
6.6
The Tender Bar (2021)
အချိန်က ၁၉၇၂ ခုနှစ်... ဖခင်ဖြစ်သူက မိသားစုကို စွန့်ပစ်သွားတဲ့နောက် ဂျေအာ လို့ခေါ်တဲ့ ကိုးနှစ်အရွယ်ကောင်လေးတစ်ယောက် သူ့အမေနဲ့အတူတူ အဘိုး အဘွားနဲ့ ဦးလေးတို့ရှိတဲ့ အိမ်ကြီးမှာ နေဖို့ဖြစ်လာတယ် ပြဿနာပေါင်း သောင်းခြောက်ထောင်တွေရယ် ပညာတတ်မရှိတဲ့ သူတို့မိသားစုမှာ ကိုးနှစ်သား ဂျေအာကတော့ သူတို့အိမ်ရဲ့ ဆည်းလည်းလေးပဲ ဒီတော့ ဒီလိုအရှုပ်ထုပ်တွေထဲကနေ အမေဖြစ်သူကတော့ သူ့လိုမဖြစ်စေချင်လို့ ဂျေအာကို ကောလိပ်ပညာတတ်ကြီးတစ်ယောက်ဖြစ်အောင်ထားမယ်ဆိုပြီး သန္နိဌာန်ချထားတယ် အဖေမရှိတဲ့ ဂျေအာအဖို့ ဦးလေးဖြစ်သူ ချာလီကို အရမ်းအားကိုးတယ် ချာလီကလည်း ဂျေအာအပေါ်ကို အဖေတစ်ယောက်လို အစ်ကိုတစ်ယောက်လိုစောင့်ရှောက်ပေးပါတယ် တကယ်တော့ ကိုးနှစ်သားကလေးတစ်ယောက်အတွက် မြင်ရကြားရသမျှအရာရာဟာ သူ့အတွက် သင်ယူစရာချည်းပဲ ဒီတော့ ဖခင်မရှိတဲ့ ဂျေအာအဖို့ ဘားဆိုင်ဖွင့်ထားတဲ့ ဦးလေးချာလီဟာလည်း သူ့အတွက် ဆရာပါဘဲ ကောလိပ်မတက်ခဲ့ရတဲ့ ဘားပိုင်ရှင်ချာလီဟာ လူနုံလူအတစ်ယောက်တော့မဟုတ်ခဲ့ဘူး အတန်းပညာ မပြည့်စုံပေမယ့် ဘ၀ပညာပြည့်စုံနေတဲ့သူတစ်ယောက်...သူ့တူလေးဂျေအာကို လူတော်လူကောင်းတစ်ယောက်ဖြစ်အောင် သူသိသမျှ တတ်သမျှ အရာရာတိုင်းနဲ့ ပံ့ပိုးပေးတယ် ဘားမှာရှိသမျှ စာအုပ်တွေကို ဂျေအာဖတ်ဖို့ပေးတယ် စာဖတ်များရင် ...
movie
The Tender Bar (2021)
7.8
Ready Player One (2019)
ဟောလိဝုဒ်ရုပ်ရှင်လောကမှာ ရုပ်ရှင်တစ်ကားရိုက်တိုင်း အမြင်သစ်တစ်မျိုးနဲ့တင်ဆက်တတ်တဲ့ စတီဗင်စပီးဘတ်က ၂၀၁၈ မှာတော့ 80s, 90s born တွေအတွက်အမှတ်တရဖြစ်သွားစေမယ့် ကားတစ်ကားကို ချပြသွားခဲ့ပါတယ်။ဒီ Ready Player One ရုပ်ရှင်ဟာ Ernest Cline ရဲ့ Ready Player One ဆိုတဲ့ဝတ္ထုကိုအခြေခံရိုက်ကူးထားတာဖြစ်ပြီး ဒီရုပ်ရှင်ဟာ ယနေ့ခေတ်မှာ လူသုံးများလာတဲ့ VR စနစ်နဲ့1980 ကနေ 2000 ခုနှစ်ကြားမှာ ရေပန်းကျော်ကြားခဲ့တဲ့ ရုပ်ရှင်၊ ကာတွန်း၊ စာအုပ်၊ ဂိမ်း၊ သီချင်းတို့ကိုအချိုးကျကျ ပေါင်းစပ်ပြသနိုင်ခဲ့တဲ့အတွက် ဝေဖန်ရေးဆရာတွေချီးကျူးထားတဲ့ ရုံတင်ကားကောင်းတစ်ကားဖြစ်ပါတယ်။၂၀၄၅ ခုနှစ်အရောက်မှာ ကမ္ဘာပေါ်က လူတွေဟာ လက်တွေ့ဘဝက ပြဿနာတွေကို ရင်ဆိုင်ဖြေရှင်းဖို့မကြိုးစားတော့ပဲ ထွက်ပေါက်အဖြစ် လွတ်မြောက်ဖို့နေရာတစ်ခုအဖြစ် အိုအေစစ်လို့ခေါ်တဲ့ Visual Worldထဲမှာပဲ အိပ်ချိန်၊ စားချိန်နဲ့ သန့်စင်ခန်းသွားချိန်တွေကလွဲလို့ ကျန်တဲ့အချိန်တွေကို ကုန်ဆုံးကြပါတော့တယ်။ဒီ အိုအေစစ်ကြီးကို ဖန်တီးခဲ့သူကတော့ ဂျိမ်းစ်ဟာလီဒေးဖြစ်ပြီး သူမသေဆုံးခင် ...
movie
Ready Player One (2019)
2018
4K HEVC
7.0
The Card Counter(2021)
The Card Counter(2021) အညွှန်း*****************************ဒီဇာတ်ကားက ပိုကာအကြောင်းအဓိက ဇာတ်အိမ်တည်ရိုက်ထားတာပါ...Chess အကြောင်းမသိတဲ့သူတွေတောင် The Queen's Gambit လို ချက်စီးရီးကိုတစ်ထိုင်ထဲကြည့်ဖြစ်သလိုဒီဇာတ်ကားကလည်း ပိုကာအကြောင်းမသိရင်တောင် ကြည့်ရတာ တော်တော်စိတ်လှုပ်ရှားစရာကောင်းပါတယ်...ပိုကာအကြောင်းသိရင်တော့ ဆိုဖွယ်ရာမရှိပေါ့....ဝီလီယမ်ထဲလ်ဆိုတာ စစ်ထောင်ထဲမှာ ထောင်စောင့်အဖြစ် ၈နှစ်ထမ်းဆောင်ခဲ့တယ်...နေ့စဉ် ဒီအလုပ်ကြီးနေတဲ့သူအဖို့ သူ့အတွက်စိတ်အပန်းဖြေရာက ဖဲကစားနည်းတွေပဲဖြစ်လာတယ်...ဒီအပိုင်းမှာ သူဟာ ပါရမီပါပုံရတယ်....မှတ်ဉာဏ်ကလည်း သူမတူအောင်ထူးတယ်...နောက်ပိုင်းထောင်စောင့်ဘဝက အနားယူပြီးတဲ့နောက်မှာ သူဟာ ကာစီနိုတွေတစ်ခုပြီးတစ်ခုပြောင်းပြီးကစားပါတယ်...သို့ပေမဲ့ ဒီလောကကြီးမှာ လောဘတက်ရင် ဘဝပျက်တယ်ဆိုတာ ဖြတ်သန်းခဲ့တဲ့အတွေ့အကြုံတွေအရသိလို့ ကြေးနည်းနည်းလေးတွေဆော့ရင် နေ့စဉ်အချိန်ကုန်နေတယ်...ဒီလိုနဲ့သူအရည်အချင်းကို သိပြီး ကြေးအကြီးကြီးဆော့ဖို့ မဲဆွယ်ရင်း ကိစ္စတစ်ခုခိုင်းဖို့ လူတစ်ယောက်ကချဉ်းကပ်လာတဲ့အခါမှာတော့.....မင်းသားကြီးOscar Isaac ပါဝင်ထားပြီး ဝင်ငွေအတော်ကောင်းခဲ့တဲ့ကားမို့ လက်မလွှတ်သင့်ပါကြောင်း... File Size :(2.04GB),(1 GB) and (369MB) Quality : WEBScr 720p Format…mp4 Duration…01:51:00 Genre : Action , Drama , Thriller Subtitle : Myanmar Subtitle ...
movie
The Card Counter(2021)
6.2
Dark Places (2015)
Dark Places (2015)==============IMDb Rating - 6.2/10လျှို့ဝှက်ဆန်းကျယ်မှုခင်း ရုပ်ရှင်သဘောကျတတ်တဲ့ ပရိတ်သတ်တွေအတွက် နာမည်ကြီး Gone Girl (2014) ရဲ့စာရေးဆရာ Gillian Flynn ရဲ့ ရောင်းအားကောင်းတဲ့ ဝတ္ထုကို ရုပ်ရှင်ပြန်ရိုက်ထားတဲ့ Dark Places (2015) ဆိုတဲ့ကားလေးကို မိတ်ဆက်ပေးချင်ပါတယ်။ဇာတ်လမ်းကတော့ လစ်ဘီဆိုတဲ့ ၈ နှစ်အရွယ်ကောင်မလေးဟာ သူ့မိသားစုသတ်ဖြတ်ခံရရာမှာ မသေဘဲလွတ်မြောက်ခဲ့ပါတယ်။ ကလေးမလေးရဲ့ ပြန်လည်ပြောပြချက်အရ လူသတ်မှုကို ကျူးလွန်သူမှာ သူမရဲ့အစ်ကို ဘန် ကိုယ်တိုင်ပဲ ဖြစ်ပါတယ်။အဲလိုနဲ့ဘန်ဟာ ထောင်ကျသွားပြီး လစ်ဘီကတော့ နာမည်ကြီးလူသတ်မှုမှာ အသက်ရှင်ကျန်ခဲ့တဲ့ ကောင်မလေးအဖြစ် နာမည်ကြီးသွားပါတယ်။ ဒါပေမယ့် ဇာတ်လမ်းက မပြီးသေးပါဘူး။ နောက်နှစ် ၃၀ ကြာတဲ့အခါ လစ်ဘီဟာ အဲဒီအမှုကို ပြန်စုံစမ်းဖော်ထုတ်ဖို့ အကြောင်းဖန်လာခဲ့ပါတယ်။ဒီတစ်ခါရော သူကလေးဘဝက ထင်ခဲ့သလိုပဲ သူ့အစ်ကို ဘန် က အပြစ်ရှိတဲ့လူဖြစ်တယ်လို့ ရှာတွေ့မှာလား? ...
movie
Dark Places (2015)
2015
5.3
Voyagers (2021)
Voyages (2021)IMDb - 5.3ကမ္ဘာကြီးပူနွေးလာမှု မိုးခေါင်ရေရှားမှုလူဦးရေတိုးပွားလာသည်နဲ့အမျှ အစာရေစာမလုံလောက်မှုတို့တွေကြောင့်လူသားတွေဟာ စကြဝဠာထဲမှာ လူတွေ နောက်ထပ် အဆက်ရှင်နိုင်မယ့် ဂြိုဟ်တွေကို ရှာဖွေကပါတော့တယ်အဲ့ဒီ ဂြိုဟ်ကို ၂၀၆၃ မှာ တွေ့ရှိလာပါတော့တယ်။ဂြိုဟ်သစ်ကို ရောက်ဖို့ အနှစ် ၈၀ ကျော်ကြာ အာကာသ ခရီးရှည်ထွက်ရတော့မယ့်အချိန်မှာကမ္ဘာမြေလွမ်းစိတ်တွေ မဖြစ်ရအောင် ဇီ၀သိပ္ပံနည်းနဲ့ ကလေးအယောက် ၃၀ မွေးဖွားပြီးဒီခရီးရှည်အတွက် အကောင်အထည်ဖော်ပါတော့တယ်အနှစ် ၈၀ ကျော်ကြာတဲ့ ခရီးရှည်ဖြစ်တဲ့အတွက်ကြောင့် ဒီပထမမျိုးဆက်ဟာ ယာဉ်ပေါ်မှာပဲ မျိုးဆက်သစ်တွေ မွေးဖွားပြီးသူတို့ရဲ့ မြေးတွေ တစ်နည်းအားဖြင့် တတိယမျိုးဆက်ကလေးတွေကျမှ ဂြိုဟ်သစ်ပေါ်ကို အခြေချနိုင်မှာဖြစ်ပါတယ်။သို့ပေမယ့် လမ်းခရီးမှာ အဖွဲ့ ခေါင်းဆောင်သေသွားတဲ့အခါ......အဖွဲ့သားတွေ သွေးကွဲတဲ့အခါ.......ဒီ ခရီးရှည်ကြီးဟာ ဆုံးခန်းတိုင် အောင်မြင်ပါ့မလား.....မင်းသားကြီး Johnny Depp ရဲ့ သမီးဖြစ်သူ Lily Rose Depp အပါအ၀င် မင်းသားချော Tye Sheridan တို့က အဓိကပါ၀င်သရုပ်ဆောင်ထားပြီးပရိသတ်ကို ဆွဲခေါ်သွားနိုင်တဲ့ ...
movie
Voyagers (2021)
2021
6.8
The Tree of Life (2011)
The Tree of Life (2011)=================IMDb Rating - 6.8/10#Unicodeပြောရမယ်ဆိုရင် ဒီရုပ်ရှင်နဲ့ ကျွန်တော်နဲ့ကြားမှာ တံတိုင်းကြီးတစ်ခုခြားထားတယ်။အဲ့ဒီတံတိုင်းက ခရစ်ယာန်ဘာသာရေးပါပဲ။ ဒီရုပ်ရှင်ရဲ့ အဓိက Conceptက ဘာသာရေးဆိုတော့ ဒါကို ဖယ်ပြီး ခံစားဖို့အတော်ခက်တယ်။ ကောင်းလားမေးရင်လည်း ဒီရုပ်ရှင်ဟာ အတော်တန်းမြင့်တဲ့အထဲထည့်လို့ရတဲ့ အထိကောင်းတယ်။ အတော်အနုပညာဆန်တယ်။ အပေါ်မှာပြောထားတဲ့ ဘာသာရေးတွေ ဘာသာစကားတွေကို ဖယ်ကြည့်လိုက်ရင် ကျွန်တော်တို့အားလုံးဟာ နှလုံးသားကိုယ်စီရှိကြတဲ့ တူညီတဲ့လူသားတွေပါပဲ။ ဒီတော့ ဒီထဲက အဓိက Conceptမဟုတ်တဲ့ မိသားစုဆက်ဆံရေးထဲက အတော်လှတဲ့ ချစ်ခြင်း ပဋိပက္ခတွေကို ပြသွားတဲ့ ပုံတွေကို အပြည့်အ၀ခံစားလို့ရတယ်။ အဓိက Conceptမဟုတ်တာနဲ့တောင် ဒီရုပ်ရှင်ဟာ အတော်လေးစွဲမက်ဖို့ကောင်းတယ်။ စကားပြောသံတွေက မသဲမကွဲတွေ စကားပြောနေရင်းတောင် တစ်ချိန်လုံးနီးပါး ကြားနေရတဲ့ဂန္တ၀င်ဂီတတွက စကားပြောသံထက်ပို စူးရှနေတယ်။ ဒါကလည်းအတော်ဆွဲဆောင်မှု ရှိတယ်ပြောရမယ်။ စကြ၀ဠာကနေ သားလောင်းအထိ လှပတဲ့ (ခရစ်ယာန်စကားနဲ့ဆို ဖန်ဆင်းမှု)တွေကို ထည့်သုံးသွားတာကလည်း သက်ဆိုင်သူတွေအတွက် တကယ်ခံစားရစေမယ့်အရာပါပဲ။Tree of Lifeဆိုတဲ့နာမည်လှလှလေးနဲ့လိုက်ဖက်အောင်ကို ဒီရုပ်ရှင်ထဲက အရာအားလုံးကလှပတယ်။Castတွေကလည်း Aတန်း၀င် Actorတွေ ဘရက်ပစ် ရှောင်ပင်းန်။ ဘာရည်ရွယ်ချက်နဲ့လဲတော့ မသိပေမယ့် အသက်ခြောက်ဆယ်ရှိပြီဖြစ်တဲ့ ရှောင်ပင်းန်ကို ငါးဆယ့်ခြောက် ဘရက်ပစ်ရဲ့ သားလုပ်ပစ်ထားတာကတော့ တစ်မျိူးပါပဲ။ ရှောင်ပင်းန်အခန်းတွေမှာတော့ ဘာမှထူးထူးခြားခြား သိပ်မရှိပေမယ့် ဘရက်ပစ်ကတော့ တကယ့်ဘ၀မှာ ကလေးတွေအများကြီးရဲ့ အဖေဖြစ်နေတာရော ဇာတ်ကောင်လိုက်ဖက်မှုကြောင့်ရော ဖခင်အစစ်တစ်ယောက်လိုခံစားရစေတယ်။ သူမဟုတ်ဘဲ တခြားလူသာဆို ဒီလောက် လှမယ်မထင်မိဘူး။ ဇာတ်လမ်းအကျဉ်းပြောဖို့ မလိုလောက်အောင် ဇာတ်လမ်းက အရမ်းရိုးရှင်းတယ်။ ဒီဇာတ်လမ်းရိုးရိုးလေးကို မပျင်းရအောင် ရိုက်ပြသွားတဲ့ ...
movie
The Tree of Life (2011)
2011
5.6
The Night Clerk (2020)
movie
The Night Clerk (2020)
2020
6.0
Dark Phoenix (2019)
Xmen တွေရဲ့ နောက်ဆုံးထွက် ဇာတ်ကားပါ။ဇာတ်လမ်းအကျဉ်း ချားစ်ရဲ့ အိတ်စ်မန်းတွေ ဖြစ်တဲ့ဟန့်ခ် ကာ့ထ် ရေဗင် စကော့ ဂျင်းဂရေးတို့ဟာ အာကာသယာဉ်မှူးတွေကိုကယ်တင်ဖို အာကာသထဲကို သွားရင် အပူလှိုင်းကြီးတစ်ခုနဲ့ ရင်ဆိုင်လိုက်ရပါတယ်။အဲဒီ အပူစွမ်းအင်တွေကို တားဖို့ကြိုးစားရင်းနဲ့ဂျင်းဂရေးကိုယ်ထဲကို စွမ်းအင်တွေ အကုန် ဝင်သွားခဲ့တယ်။သူတို့ ကမ္ဘာပေါ်ကို ပြန်ရောက်ချိန်မှာ ဂျင်းဂရေးဟာ စိတ်ဖောက်ပြန်ပြီးထိန်းမရဖြစ်လာပါတော့တယ်။လူသားတွေနဲ့ ငြိမ်းချမ်းရေး မပျက်စီးအောင် ဂျင်းဂရေးကိုလည်းပြန်ကောင်းလာအောင်ကြိုးစားဖို့ အိတ်စ်မန်းတွေဟာဒီစွမ်းအင်တွေနောက်ကိုလိုက်လာတဲ့ ရန်သူတွေက်ုရောဂျင်းကိုရော ပြန်ရင်ဆိုင်ရပါတော့တယ်။ ထွက်ရှိခဲ့တဲ့ X-Men Moives Collection များကိုအောက်ပါလင့်မှာ ၀င်ရောက်ကြည့်ရှု့နိုင်ပါတယ်..https://channelmyanmar.to/category/x-men/ File Size : (2 GB , 1 GB) & ( 390 MB)Quality : BluRay ...
movie
Dark Phoenix (2019)
2019
7.0
X-Men: Apocalypse (2016)
After the re-emergence of the world's first mutant, world-destroyer Apocalypse, the X-Men must unite to defeat his extinction level plan. File size… (1.4 GB in Openload and Stream) Quality..1080p Format…mp4 Duration….02:24:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated by Moe Myint Lwin
movie
X-Men: Apocalypse (2016)
2016
6.3
Scouts Guide to the Zombie Apocalypse (2015)
Scouts Guide to the Zombie Apocalypse ———————————————————————ဒီကားလေးကHorror Comedyကားလေးပါ ကင်းထောက်ကျောင်းသားလေးသုံးယောက်နဲ့Clubမှာစားပွဲထိုးလုပ်တဲ့ကောင်မလေးတယောက်ရယ်ကိုအဓိကထားပြီးဇာတ်အိမ်တည်ထားတာပဲဖြစ်ပါတယ်ဇာတ်လမ်းအစကအဲ့မြို့မှာရှိတဲ့ဓာတ်ခွဲခန်းတစ်ခုမှာရှိတဲ့လူနာတယောက်ကနေစပြီးVirusကပြန့်တာပဲဖြစ်ပါတယ်တိုက်တိုက်ဆိုင်ဆိုင် အဲ့ကျောင်းသားသုံးယောက်တောထဲမှာCamping ထွက်တဲ့နေ့မှာဖြစ်တာဖြစ်ပြီးကျောင်းကSeniorအချို့ကလည်းညမှာPartyကျင်းပနေတဲ့အချိန်မှာစဖြစ်တာပဲဖြစ်ပါတယ်ဇာတ်ကားကHorror ဆိုတာထက်Comedyပိုင်းပိုများပါတယ်ဒီထဲကComedyအချို့က18+အရမ်းဆန်ပါတယ် ဟုတ်ပါတယ်18+ခန်းအချို့ပါပါတယ်ဒီကားကယောက်ျားလေးတွေအတွက်ပိုပြီးအဆင်ပြေပါတယ်မိန်းကလေးတွေအနေနဲ့ဆိုနည်းနည်းတော့ဒါကဟာသသက်သက်ဘဲဆိုပြီိးအတွေးထည့်ထားမှကြည့်ဖို့အဆင်ပြေပါမယ်မှတ်ချက် မိသားစုနဲ့ကြည့်ရမဲ့ကားမျိုးမဟုတ်ပါ မင်မင် တခါကဘာမှမပါဘူးထင်ပြီးမိသားစုနဲ့ကြည့်တာနရင်းအုပ်ခံရပါတယ်ထပ်ပြောပါမယ် မိသားစုနဲ့ကြည့်ရတာအဆင်ပြေမဲ့ကားမဟုတ်ပါဘူးနော်Castတွေကတော့အဲ့တုန်းကမျက်နှာသစ်လေးတွေဖြစ်တဲ့ Men Apocalypse နဲ့Dark Phoenix မှာCyclops အနေနဲ့ပါဝင်ဖူးတဲ့Tye Sheridanရယ်Escape Roomထဲမှာပါဝင်ဖူးတဲ့Logan Millerရယ်Joey Morgansရယ်Sarah Dumontတို့ကအဓိကသရုပ်ဆောင်ထားပါတယ်#Kal #ZEUS(ရုပ်ရှင်အညွှန်းကို ZEUS Facebook Page မှကူးယူဖော်ပြပါသည်။) File size…(950 MB) and (450 MB) Quality….Blu-Ray 720p Format…mp4 Duration….01:33:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated by Carey
movie
Scouts Guide to the Zombie Apocalypse (2015)
2015
7.2
Once Upon a Deadpool (2018)
movie
Once Upon a Deadpool (2018)
2018
5.7
The Yellow Birds (2017)
The Yellow Birds (2017) IMDb - 5.7/10_____Rotten - 44% ဒီရုပ်ရှင်ဟာ အမေရိကန်စာရေးဆရာ Kevin Powers ရဲ့နာမည်ကျော်စာအုပ်ဖြစ်တဲ့ The Yellow Birds ကိုရုပ်ရှင်အဖြစ်ပြန်လည်အသက်သွင်းထားတာပဲဖြစ်ပါတယ်။ပြင်သစ်ဒါရိုက်တာ Alexandre Moors ကရိုက်ကူးထားပြီးတော့ Ready Player One နဲ့ ပရိသတ်တွေ တော်တော်များများသတိထားမိခဲ့တဲ့ မင်းသား Tye Sheridan က အဓိကဇာတ်ဆောင်တစ်ဦးအဖြစ် ပါဝင်သရုပ်ဆောင်ထားတဲ့ ဒီဇာတ်ကားကိုတော့ 2017 ခုနှစ်ကကျင်းပခဲ့တဲ့ Sundance Film Festival မှာ Premiere အဖြစ်ပြသခဲ့ပြီး 2018 မေလ ကမှ ဖြန့်ချိခဲ့တာပါ။War, Drama အမျိုးအစား ဇာတ်ကားဖြစ်ပြီးတော့ IMDb rating 6 တောင်ရရှိထားတဲ့အတွက် ပရိသတ်အများစုအကြိုက်တွေ့တယ်လို့လည်းဆိုရမှာပါ။ဇာတ်လမ်းအကျဉ်း ==========Daniel Murphy ဟာ 18နှစ်သာရှိသေးတဲ့လူငယ်တစ်ဦးဖြစ်ပါတယ်။အထက်တန်းကျောင်းအောင်ထားတာသိပ်မကြာသေးဘဲ သူ့ဘဝရဲ့အသက်မွေးဝမ်းကြောင်းကို မရွေးချယ်ခင်မှာ ကောင်းရာမွန်ရာ အလုပ်တစ်ခုခုကို လုပ်ချင်တယ်ဆိုတဲ့ ...
movie
The Yellow Birds (2017)
2017
5.7
All Summers End (2017)
2017ကထွက်ရှိခဲ့တဲ့ All Summer End ဒီကားလေးကတော့ drama, thriller film အမျိုးအစားလေးပဲဖြစ်ပါတယ်။ရိုက်ကူးပေးတဲ့ဒါရိုက်တာကတော့တော့ Kyle Wilamowski ဖြစ်ပြီး သူကိုယ်တိုင်ပဲဒီဇာတ်လမ်းရဲ့ ဇာတ်ညွန်းကိုရေးခဲ့တာဖြစ်ပါတယ်။ဒီဇာတ်ကားဟာ drama, thriller ဖြစ်ပြီးပရိသတ်အားပေးမှုများခဲ့တဲ့ movie ကောင်းလေးတစ်ကားလည်းဖြစ်ပါတယ်ဇာတ်လမ်းအကျဉ်းကွန်ရတ်ဆိုတဲ့ ကောင်လေးတစ်ယောက်ဟာ အမေနဲ့သာကြီးပြင်းနေရတဲ့ကောင်လေးတစ်ယောက်ဖြစ်ပြီး သူနဲ့ချစ်ကြိုးလွယ်နေတဲ့ ကောင်မလေး ဂရေ့တမ်နာဆိုတဲ့ ကောင်မလေးတယောက်ရှိပါတယ်။တနေ့မှာတော့ ပွဲတော်နေ့တခုမှာ ကွန်ရတ်ဟာသူငယ်ချင်းတွေနဲ့ လျှောက်လည်ကြရင်း မတော်တဆမှုတခုဖြစ်သွားခဲ့ပါတယ်။အဆိုပါမတော်တဆမှုကြောင့် သူနဲ့ သူကောင်မလေးဂရေ့တမ်နာတို့ ဘယ်လိုထိပ်တိုက် ရင်ဆိုင်ဖြေရှင်းကြလဲဆိုတာကို.………… (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Nyi Nyi Lwin ပါ) File Size : (750 MB) and (340 MB) Quality : WEB-DL 720p Running Time : 1hr 50min Format : Mp4 Genre : Drama Subtitle : Myanmar Subtitle (Hard Sub) Source ...
movie
All Summers End (2017)
2017