Channel Myanmar

Tunde Laleye

Bitch Ass(2022)
Bitch Ass(2022) ဆီဆယ်က ခပ်တုံးတုံးလူဝကြီး ဖြစ်လို့ "ငကြောက်ကောင်" ရယ်လို့ ငယ်ငယ်ကကျောင်းမှာ စနောက်ခံခဲ့ရပြီး အနိုင်ကျင့်ခံခဲ့ရသူပါ။ အဲဒီထဲမှာ အခုအချိန်မှာ ဆဌမလမ်းလူမိုက်ဂိုဏ်းရဲ့ ခေါင်းဆောင် ဖြစ်နေတဲ့ စပိတ်က ထိပ်ဆုံးကဖြစ်ပါတယ်။စပိတ်က ခွမ်တင်အပါအဝင် ဂိုဏ်းကိုစဝင်ခါစ လူငယ်သုံးယောက်ကို ဆီဆယ့်အဘွားဆုံးသွားလို့ အခု ဆီဆယ် တစ်ယောက်တည်း နေနေတဲ့အိမ်ကို ဓားပြဝင်တိုက်ဖို့ တာဝန်ပေးလိုက်ပါတယ်။ လွယ်လွယ်ပြီးပြတ်မဲ့ကိစ္စလို့တွက်ပြီး လူသစ်တွေကို လွှတ်လိုက်ပေမဲ့ သူတို့မသိတာက အဲဒီ့အိမ်ကနေ စောင့်ကြိုနေတဲ့ အန္တရာယ်တွေပါပဲ။ပစ္စည်းတွေယူဖို့နေနေသာသာ လူသစ်တွေက မျက်နှာဖုံးစွပ်ထားတဲ့လူသတ်သမားတစ်ဦးနဲ့ ထိပ်တိုက်တိုးပြီး ရှုံးနိမ့်တာနဲ့ အသတ်ခံရမဲ့ ဂိမ်းတွေကို အသက်နဲ့ရင်းလို့ကစားနေရပါတယ်။ အဲဒီ့အချိန်မှာပဲ ခွမ်တင့်ကို စိတ်ပူလို့ စပိတ်နဲ့အတူ ဆီဆယ့်အိမ်ကို ရောက်လာခဲ့တဲ့ ခွမ်တင့်အမေတို့အဖွဲ့ရော ကံကောင်းနိုင်မလား၊ ခွမ်တင်အပါအဝင် လူသစ်တွေအဖွဲ့ အသက်ရှင်နိုင်မလား၊ အပြင်လူတွေသာမက အဘွားရဲ့ အနှိပ်စက်ခံ သနားစရာလူဝကြီး ဆီဆယ်ရော ဘာတွေဖြစ်သွားလဲ၊ မျက်နှာဖုံးစွပ်နဲ့လူသတ်သမားက ဘယ်သူလဲ ဆိုတာတွေကို ဟာသအနည်းငယ်၊ သွေးသံရဲရဲဇာတ်ဝင်ခန်းများနဲ့ အချိတ်အဆက်မိမိ ဇာတ်အလှည့်အပြောင်း အချိုးအကွေ့တွေကို ကြည့်ရှုခံစားရမှာပါ။ File size…716MB  / 322MB Quality…1080p WEB DL  / 720p Format…mp4 Duration….1h 25m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated ...
movie

Bitch Ass(2022)

2022
Black as Night (2021) 5.1
Black as Night (2021) Black as Night (2021)================ရှော်နာဟာ နယူးအော်လန်မှာ နေထိုင်ပြီး ရှက်တတ်ကြောက်တတ်တဲ့မိန်းကလေးတစ်‌ယောက်ပါ၊ နောက်ပြီး အမေဖြစ်သူဟာ ဆေးစွဲနေပြီးသူတို့မိသားစုနဲ့ခွဲနေရတော့ အမေရှိတဲ့ အွန်ဘရို့စ်ဆိုတဲ့နေရာကို ရှော်နာ မကြာခဏလာလည်လေ့ရှိပါတယ်။ အွန်ဘရို့စ်က ဆေးသမားနဲ့အပေအတေတွေ နေတဲ့နေရာတစ်ခုပါ။ တစ်ညမှာ ရှော်နာဟာ သူ့သူငယ်ချင်း ပက်ဒရိုရဲ့ တိုက်တွန်းမှုကြောင့် ပါတီပွဲတစ်ခုကို နှစ်ယောက်သားအတူတူသွားခဲ့ပေမဲ့ ရှက်တတ်ကြောက်တတ်တဲ့ သူ့အတွက်တော့ စိတ်ညစ်ပြီး ပါတီပွဲကနေ တစ်ယောက်တည်း ထွက်လာခဲ့တယ်။အဲ့ဒီအိမ်အပြန်လမ်းမှာ ‌‌ရှော်နာတစ်‌‌ယောက် သူ့တစ်ဘ၀လုံးစာ အပြောင်းအလဲကြီးကို ကြုံတွေ့ရမယ်ဆို‌တာတော့ မသိခဲ့ပါဘူး။ မထင်မှတ်ဘဲရှော်နာဟာ သွေးစုပ်ဖုတ်ကောင်တစ်ကောင် ကိုက်တာခံလိုက်ရပါတော့တယ်။ နောက်တစ်နေ့ ရှော်နာတစ်‌ယောက် အဖြေရှာရင်း အဲ့ဒီသွေးစုပ်ဖုတ်ကောင်တွေဟာ အိမ်ခြေယာမဲ့တွေနဲ့ ဆေးသမားတွေကို ပစ်မှတ်ထားနေတယ်ဆိုတာ သိလာရပြီးနောက်ပိုင်း ပြဿနာတွေဟာရှက်တတ်ကြောက်တတ်တဲ့ ‌ရှော်နာဆီ မဖိတ်ခေါ်ဘဲ ရောက်ရှိလာပါတော့တယ်။ ဒီကားဟာ လူမည်းတွေအပေါ် ဖိနှိပ်ချုပ်ချယ်မှု လူမည်းတွေရဲ့ ဘ၀နေထိုင်မှုပုံစံတွေကိုပါ တွဲစပ်ဖော်ပြပေးထားတဲ့ကိုလည်း တွေ့မြင်ရမယ့်ဇာတ်လမ်းတစ်ပုဒ်ဖြစ်ပါတယ်။(ဒီဇာတ်လမ်းရဲ့ အညွှန်းကို Chuck Chuck ...
movie

Black as Night (2021)

2021