Channel Myanmar

Tulku Jamyang Kunga Tenzin

Kundun (1997) 7.0
Kundun (1997) Kundun (1997)============IMDb Rating - 7.0/10တိဗက်ကို ဗမာစိတ်ကူးယဉ်၀တ္တုတွေမှာ ကျွန်တော်တို့ တော်တော်ရင်းနှီးပြီးသားဖြစ်မှာပါပဲ။သိသလောက်ဆို သေသေချာချာ စာအုပ်ထဲ စပါတာက မောင်ထွန်းသူ ဘာသာပြန်ထားတဲ့ The Lost Horizon, ရှန်ဂရီလာထဲကစတယ် ထင်ပါတယ်။ အဲဒီစာအုပ်ထဲက တစ်ချို့အခန်းတွေကိုပဲ မင်းသိင်္ခကကူးပြီး မှတ်မိသလောက် နှစ်အုပ်လောက်ထွက်ဖူးပါသေးတယ်။တခြားစာရေးဆရာတွေလည်း ရေးကြတော့ ခုတိဗက်ဟာ ကျွန်တော်တို့နဲ့ မစိမ်းတဲ့နေရာပါပဲ။ တိဗက်အကြောင်းရေးကြတဲ့ အဲဒီစာအုပ်တွေမှာ လားမားတွေကလည်း မပါမဖြစ်ပေါ့။ဒီရုပ်ရှင်ကတော့ စိတ်ကူးယဉ်မဟုတ်တဲ့ တိဗက်ပြည်ရဲ့ လက်ရှိနောက်ဆုံး ဒလိုင်းလားမားရဲ့ ထေရုပ္ပတ္တိကို ပြန်ရိုက်ကူးထားတာပါ။ ၁၄ဆက်မြောက်ဒလိုင်း လားမားရဲ့ ဘ၀ကို မွေးစကနေ တရုတ်တွေလက်က ပြေးတဲ့အထိ ရိုက်ပြထားပြီး တိဗက်ရဲ့ဘာသာရေးကို ထဲထဲ၀င်၀င်ကို ပုံဖော််ထားတဲ့ ရုပ်ရှင်ပါပဲ။နောက် အပြိုင်အနေနဲ့ မြင်ရမှာတော့ တိဘက်ကို တရုတ်တွေရဲ့ ဖျက်စီးခဲ့မှုကိုပေါ့။ ခုတလောတင် kundunကားထဲ မော်စီတုန်းက ၁၄ဆက်မြောက် ဒလိုင်းလားမားကို ပြောခဲ့တဲ့ " ဘာသာရေးဟာ အဆိပ်ပဲ။ တိဗက်တွေဟာ ဘာသာရေး အဆိပ်သင့်နေကြတယ်"ဆိုတဲ့ ဒိုင်ယာလော့တစ်ခုကို ချဲ့ထွင်တွေးပြီး ...
movie

Kundun (1997)

1997