Channel Myanmar

Tudor Owen

How to Marry a Millionaire (1953) 6.8
How to Marry a Millionaire (1953)  မယ်ရီလင် မွန်ရိုး ဆိုရင်တော့ မသိတဲ့သူရှိမယ်မထင်ပါဘူး။ 1953 တုန်းကထွက်ခဲ့တဲ့ ဒီအချစ်ဟာသ ကားထဲမှာဆိုရင် မယ်ရီလင်မွန်ရိုးက အဓိက မင်းသမီးသုံးလက်ထဲက တစ်ယောက်အဖြစ် ပါဝင်ထားပါတယ်။ ရှေးခေတ်ဟောလိဝုဒ် ရဲ့ ရိုက်ချက်တွေ ၁၉၅၀ ဝန်းကျင်က ဖက်ရှင် တွေနဲ့ အတူ ဇာတ်မြူးလေးတစ်ခုကိုကြည့်ရှုနိုင်မှာပါ။ပိုလာ၊ ရှော့ဇီ နဲ့ လိုကို ဆိုတဲ့ မိန်းကလေးသုံးယောက်ဟာ နယူးယောက်က သူဋ္ဌေးရပ်ကွက်မှာ တိုက်ခန်းတစ်ခန်းငှားပြီး လူချမ်းသာတစ်ယောက်နဲ့ လက်ထပ်နိုင်ဖို့ ကြိုးစားကြတာနဲ့ ဇာတ်အိမ်တည်ထားပါတယ်။ ဒီလိုနဲ့ပဲ အလွဲ အလွဲတွေဖြစ်ကြတာတွေ အချစ်နဲ့ ပိုက်ဆံကြား ဗျားများရတာတွေကို ကြည့်ရှုရမှာပါ။ ရှေးခေတ် ဟောလိဝုဒ်ကားတွေကို ကြိုက်လို့ပဲဖြစ်ဖြစ် ပေါ့ပေါ့ပါးပါးရယ်ချင်တာပဲ ဖြစ်ဖြစ် ဆိုရင် ဒီကားလေးက ကြည့်လို့အဆင်ပြေမှာပါ။ File size…(1.6 GB)/(820 Mb) Quality….Blu-Ray 1080p / 720p Format…mp4 Duration….01:35:00 Genre... Comedy, Drama, Romance Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated ...
movie

How to Marry a Millionaire (1953)

One Hundred and One Dalmatians (1961) 7.3
One Hundred and One Dalmatians (1961) One Hundred and One Dalmatians (1961)~ IMDb - 7.3/10, Rotten Tomatoes - 98% ~ပထမဆုံးပြောချင်တာကတော့ Animated Movies တွေကို ရှေးခေတ်က ဖန်တီးတဲ့နေရာမှာ အသုံးပြုခဲ့တဲ့ နည်းလမ်းတွေပေါ့ဗျာ။ ဓာတုဆေးရည်တွေသုံးပြီး အရောင်ခြယ်ပုံတွေ မိတ္တူဆွဲခဲ့ကြတုန်းက အရောင်စိုစိုပြောင်ပြောင်တွေ ရခဲ့တဲ့ခေတ်အပြီးမှာတော့ မင်ခြောက်ကိုသုံးပြီး မိတ္တူဆွဲ Cell ထဲထည့်တဲ့ခေတ်ကို ရောက်လာပါတယ်။ မနှင်းဖြူနဲ့ လူပုလေးတွေ၊ အခုတင်ဆက်မယ့် ဒယ်မေးရှင်း တစ်ရာ့တစ်ကောင် တို့ကစလို့ နှောင်းပိုင်း Animated Movies တွေအထိ ဆင့်ကဲတိုးတက်သုံးစွဲလာတဲ့ နည်းလမ်းတစ်ခုပါ။မင်ခြောက်ဖြစ်တဲ့အတွက် အရောင်တွေက သဘာဝနဲ့နီးစပ်ပြီး မိတ္တူဆွဲပြီးတာနဲ့ Cell တွေထဲ တစ်ခါတည်းထည့်လို့ Computerized Animation လုပ်လို့လည်း ရသပေါ့လေ။ ဒါပေမဲ့ 101 Dalmatians မှာတော့ Computer ရဲ့ Artificial ...
movie

One Hundred and One Dalmatians (1961)

The Sword in the Stone (1963) 7.2
The Sword in the Stone (1963) The Sword in the Stone (1963) IMDb - 7.2/10_____Rotten - 66%   Old but Gold ထဲကနေ ကာတွန်းကားလေးတစ်ကားတင်ဆက်ပေးလိုက်ပါတယ်။၁၉၆၃ခုနှစ်ကထွက်ရှိခဲ့တဲ့ "The Sword in the Stone" ဆိုတဲ့ကားလေးပါ။ဟိုး ယခင်တိတ်ခွေခေတ်တုန်းကတည်းက ဖန်တစ်ရာတေအောင် ကြည့်ခဲ့ပြီး မကြည့်ရသေးတဲ့ သူတွေကိုလည်း ကားကောင်းလေးဖြစ်ကြောင်းလမ်းညွှန်ခဲ့ရတဲ့ Animation ကားလေးပါ...။ အခုပြန်ကြည့်ပြန်တော့လည်း ကျွန်တော်တို့ နှလုံးအိမ်ကို ဆွဲဆောင်နိုင်စွမ်းရှိနေတုန်းပါပဲ။၁၉၆၃ ကထွက်ခဲ့တဲ့ကားဆိုပေမယ့် လက်ရာကတော့ အတော်လေးကိုသေသပ်ကောင်းမွန်ပါတယ်။ ဇာတ်လမ်းလေးကတော့ တော်တော်များများသိကြမယ့် အာသာဘုရင်ကြီးနဲ့ မှော်ဆရာကြီးမာလင်တို့ရဲ့ဇာတ်လမ်းလေးတစ်ပုဒ်ပါ။ အင်္ဂလန်ပြည်မှာ ဘုရင်အဖြစ်ဆက်ခံမယ့်သူမရှိတော့တဲ့အတွက်ကြောင့် သူတစ်လူငါတစ်မင်းခေတ်ပျက်ကာလဖြစ်နေပါတယ်.. အဲ့လိုအချိန်မှာ ကျောက်တုံးတစ်တုံးအပေါ်မှာစိုက်ထားတဲ့ ဓါးတစ်ချောင်းထူးခြားစွာပေါ်လာခဲ့ပါတယ်။ အဲ့ဓါးကိုဆွဲထုတ်နိုင်သူသည် အင်္ဂလန်ရဲ့ဘုရင်ဖြစ်မည်ဆိုပြီးဓါးပေါ်မှာစာထွင်းထားတယ်ပေါ့။ တစ်ယောက်ပြီးတစ်ယောက်လာဆွဲနှုတ်ကြတယ် ဘယ်သူမှမရခဲ့ကြဘူး အဲ့လိုနဲ့နှစ်ပေါင်းများစွာကြာလာတော့ လူတွေကလဲ ဓါးကိုမေ့မေ့ပျောက်ပျောက်ဖြစ်လာတယ်ပေ့ါ။ အဲ့အချိန်မှာ အာသာက ၁၂နှစ်အရွယ်ကလေးပဲရှိသေးတယ်။ ဇာတ်လမ်းက အာသာကဘုရင်ဖြစ်ရမှာပဲ သူပဲဓါးဆွဲနှုတ်နိုင်မှာပေါ့(အာသာ၊ မာလင်ဇာတ်ကားတော်တော်များများ အဲ့အတိုင်းနီးနီးပါပဲ)။ ဒါပေမယ့် မာလင်တစ်ယောက် အာသာနဲ့ဘယ်လိုတွေ့သွားမှာလဲ။ မာလင်ကိုဘယ်လိုများ နည်းပေးလမ်းပြပေးမလဲ။ အာသာကရော ဓါးဆီဘယ်လိုရောက်သွားမလဲဆိုတာတော့ Disney ရဲ့ Classic လက်ရာလေးကို ခံစားရင်းကြည့်လိုက်ပါဦးဗျ.... မှတ်ချက်။ ။မာလင်ရဲ့မှော်ပညာတွေကိုစိတ်ဝင်စားသူများအတွက် ...
movie

The Sword in the Stone (1963)

1963