Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
TSR
7.2
Varshangalkku Shesham (2024)
Valshangakku shesham 2024 (ရုပ်ရှင်အိပ်မက်လေးတစ်ခု)ရုပ်ရှင်ဝါသနာအိုးလေးတွေ ရှိကြလား ရှိကြတယ်ဆိုရင်တော့ ဒီတစ်ခါ တင်ဆက်ပေးမဲ့ ဇာတ်ကားလေးကို လက်မလွှတ်တမ်း ကြည့်ရှုအားပေးကြဖို့ တိုက်တွန်းပေးချင်ပါတယ်အခုတစ်ခါ ကျွန်တော်တို့ Channel Myanmar ကနေ တင်ဆက်ပေးချင်တဲ့ ဇာတ်ကားလေးကတော့ Valshangakku shesham ဆိုတဲ့ ဇာတ်ကားလေးပဲ ဖြစ်ပါတယ် ဒီဇာတ်ကားလေးဟာဆိုရင်ဖြင့် IMDb rating မှာ 7.2 အထိတောင် ရရှိထားတာမလို့ အရမ်းကိုမှ စိတ်ဝင်စားဖွယ်ကောင်းမှာကတော့ အသေအချာပါပဲဒီဇာတ်ကားလေးကို Vineeth Sreenivasan ရိုက်ကူးပေးထားပြီး သရုပ်ဆောင်တွေအနေနဲ့ကတော့ Dhyan Sreenivasan, Pranav Mohanlal တို့က အဓိကထားပါဝင်သရုပ်ဆောင်ပေးထားပါတယ်။ဇာတ်လမ်းအကျဉ်းလေးကို ပြောပြရမယ်ဆိုရင်တော့ ၁၉၇၀ ဝန်းကျင်မှာ ဇာတ်အိမ်တည်ထားပြီး သူငယ်ချင်းနှစ်ယောက်ဖြစ်တဲ့ ဗီနူနဲ့ မိုရာလီတို့ဟာ သူတို့ရဲ့ အိပ်မက်တွေကို အကောင်အထည်ဖော်ဖို့ ဇာတိမြေဖြစ်တဲ့ ကီရာလာကနေ မာဒရက်စ်(ယခု ချန်နိုင်း) မှာ ရှိတဲ့ ကိုဒမ်ဘက်ကမ်ကို ရောက်လာခဲ့ကြတယ်။အဲဒီအချိန်တုန်းက ကိုဒမ်ဘက်ကမ်ဟာ တောင်အိန္ဒိယရဲ့ ရုပ်ရှင်လောကအချက်အချာနေရာဖြစ်နေသလို ဗီနူနဲ့ မူရာလီတို့ဟာလည်း ဆန်းကြယ်လှတဲ့ ရုပ်ရှင်လောကမှာ နေရာတစ်ခု ရဖို့အတွက် စိတ်အားထက်သန်စွာ ကြိုးပမ်းကြပါတော့တယ်။ဒီဇာတ်လမ်းလေးမှာဆိုရင် ...
movie
Varshangalkku Shesham (2024)
2024
5.7
Vaan Moondru (2023)
Vaan Moondru (2023) IMDb-5.7/10တစ်ခါတလေမှာဘဝကို အကောင်းမြင်စိတ်ခွန်အားပေးအရာတွေထက် ခါးသီးတဲ့လက်တွေ့ဖြစ်ရပ်တွေက ပိုအားဖြစ်စေတဲ့အချိန်တွေရှိပါတယ်ချစ်ရတဲ့သူတွေကို ပစ်ခွာသွားကြလို့ သေကြောင်းကြံရင်း ဆေးရုံပေါ်ရောက်ပြီး ရင်းနှီးသွားသူတဲ့သူတွေ အဖေသဘောမတူတဲ့ကြားက ဆက်တွဲရင်းကိုယ်ဝန်ရပြီထင်ရာက ဦးနှောက်အကြိတ်ဖြစ်မှန်းသိလိုက်ရတဲ့သူ ဇနီးခွဲစိတ်ကုသဖို့ သားဆီဆေးရုံစရိတ်တောင်းခံဖို့သွားရာက ပစ်ပစ်ခါခါငြင်းဆိုခံလိုက်ရတဲ့သူဒီလိုကာရိုက်တာမျိုးစုံနဲ့ ခက်ခဲကြတဲ့ဘဝတွေကို ရှုစားရင်းလက်တွေ့ဘဝကို ပိုတန်ဖိုးထားရှင်သန်နိုင်စေဖို့ တင်ဆက်ပေးလိုက်ရပါတယ် (အညွှန်းနှင့်ဘာသာပြန်ကတော့ BpL ~ Zwe ~ V ~ Cherry တို့ပဲဖြစ်ပါတယ်) File size…1.25GB / 568MB Quality…1080p WEB DL /720p Format…mp4 Duration…. Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by BpL ~ Zwe ~ V ~ Cherry
movie
Vaan Moondru (2023)
2023
6.9
August 16, 1947 (2023)
August 16 1947(2023)ရဲကား ရှေ့နေကား အမတ်ကား စသဖြင့် ရိုးရိုးအိန္ဒိယကားပေါင်းစုံ ကြည့်ရတာကို ငြီးငွေ့နေလောက်မဲ့ ပရိသတ်တွေအတွက် IMDb 6.9 အထိ ရရှိထားတဲ့ တောင်ပိုင်းတမီလ်ရုံတင်ကားလေး တစ်ကားကို တင်ဆက်ပေးလိုပါတယ်အိန္ဒိယနိုင်ငံဟာလည်း ကျွန်တော်တို့မြန်မာတွေလိုပဲ ဗြိတိသျှသခင်ကြီးများရဲ့ အနိုင်ကျင့်ဗိုလ်ကျမှုကို ခံခဲ့ရတဲ့ ကိုလိုနီနိုင်ငံတွေပါ ဒီဇာတ်လမ်းလေးမှာတော့ လွတ်လပ်ရေးအရယူခါနီး အိန္ဒိယနိုင်ငံက သယံဇာတတွေကို ရသလောက် အမြတ်ထုတ်သွားတဲ့ သခင်ကြီးများရဲ့ဇာတ်လမ်းကို အခြေပြုထားပါတယ် အိန္ဒိယတောင်ပိုင်း ဝေးလံခေါင်ဖျားရွာလေးတစ်ရွာမှာ ဝါဂွမ်းအထွက်ကောင်းလွန်းလို့ ဗြိတိန်တွေအတွက် အမြတ်ငွေ စတာလင်ပေါင်သိန်းရာနဲ့ချီ ဝင်နေပါတယ်လွတ်လပ်ရေးပေးရတော့မဲ့အချိန်မှာလည်း သခင်ကြီးများက သံယောဇဉ်မပြတ် အဲ့လုပ်ငန်းကို ဆက်မောင်ပိုင်စီးချင်ပါသေးတယ် အဲ့ရွာကို တာဝန်ယူအုပ်ချုပ်နေတဲ့ ဗိုလ်ချုပ်ရောဘတ်နဲ့သူ့ရဲ့သား ဂျက်စတင်တို့ကလည်း လွတ်လပ်ရေးပေးခါနီးကိုတောင် ရွာသားတွေကို သတင်းအမှောင်ချ နှိပ်စက်နေတဲ့အခါ သူ့ကျွန်မခံနိုင်တော့တဲ့သူတွေရဲ့ တော်လှန်ပုန်ကန်ကြပုံကို သဘာဝကျကျ ဇာတ်အိမ်ခိုင်ခိုင်မာမာနဲ့ ကြည့်ရှုကြရမှာဖြစ်လို့ ပရိသတ်ကြီးအနေနဲ့ အိုဗာအက်ရှင်တွေမပါပဲနဲ့ ဇာတ်လမ်းဇာတ်ကွက်လန်းတဲ့ ရုပ်ရှင်မျိုးကြည့်ချင်ရင်တော့ ဒီကားလေးက ပရိသတ်တွေအတွက်ပါပဲဆိုတာ ပြောကြားရင်း တင်ဆက်ပေးလိုက်ပါတယ် File size…2.67GB / 1.15GB Quality…1080p WEB DL / 720p Format…mp4 Duration….2h 24m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by ...
movie
August 16, 1947 (2023)
2023
6.4
Run Baby Run (2023)
Run Baby Run (2023) IMDb 6.4ခြေနှစ်ချောင်းမကယ်ကောင်းတဲ့ သနားစိတ်ဝင်ပြီး ကယ်မိရာက အေးဆေးနေတဲ့ကိုယ့်ဘဝကို ငရဲကျအောင်လုပ်မိတဲ့ ဆပ်သရာ ..ဇာတ်လမ်းစစချင်းမှာကို ကျောင်းဆောင်ပေါ်က ကောင်မလေးတစ်ယောက်ခုန်ချသွားခဲ့တယ် နာမည်ကဆိုဖီယာတဲ့ သတ်သေတာလား လုပ်ကြံခံရတာလား...ဆပ်သရာကတော့ ဘာမှမသိဘဲခံရမဲ့ကောင်ပါ တစ်နေ့ .. သူ့ကားထဲမှာဘယ်ကမှန်းမသိတဲ့ကောင်မလေးရောက်နေပါတယ် သူ့နောက်ကိုလူတွေလိုက်လို့ပါဆိုပြီးတက်ပုန်းနေရင်းသူနဲ့တွေ့တယ်ပေါ့ ဖုန်းအားလေးသွင်းချင်လို့ လာကြိုတဲ့လူကိုစောင့်ချင်လို့ဆိုပြီး သူ့တိုက်ခန်းထဲရောက်လာပါတယ် ဆပ်သရာကသနားပြီး တစ်ညတည်းခိုခွင့်ပေးလိုက်မိရာက မနက်ရောက်တော့ အဲဒီကောင်မလေးကထူးဆန်းစွာသူတိုက်ခန်းထဲမှာသေဆုံးနေပါတယ် ဒီလိုနဲ့ရဲသူငယ်ချင်းရဲ့အကြံပေးမှုနဲ့ အလောင်းဖျောက်ဖို့လုပ်ရာကနေ ကြုံတွေရမဲ့ ဒုက္ခတွေ ကြားထဲမှာလည်း Plot Twist တွေ ပါတာကြောင့် မိသွားမလားဆိုတဲ့ခံစားချက်နဲ့ ကြည့်ရမဲ့ဇာတ်ကားကောင်းဖြစ်တာမို့ တင်ဆက်ပေးလိုက်ရပါတယ် File size…2.6GB / 1GB Quality…1080p WEB DL /720p Format…mp4 Duration….2h 11m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by BpL~Yunni~Nyein Aye
movie
Run Baby Run (2023)
2023
7.2
Gulu Gulu (2022)
Gulu GuluIMDb-7.2/10လူတိုင်းမှာ ကူညီချင်စိတ်ရှိပါတယ် အနည်းနဲ့ အများပဲ ကွာကြတာ ဒါပေမယ့် ကိုယ့်ကိုယ်ထိခိုက်မယ်ဆိုရင်တော့ အားလုံးကစဉ်းစားကြမှာပါဒီကားထဲမှာတော့ သူ့ကိုဘယ်လိုပဲထိခိုက်ထိခိုက် ဘယ်လိုလူမျိုးကပဲ အကူအညီတောင်းတောင်း အမြဲကူညီပေးတဲ့ ဂူလူဘိုင်မိတဆိုး သိပ္ပံပညာရှင်ရဲ့သားလေး သူ့အဖေကသူ့ကို မချစ်ဘူးလို့ထင်ပြီး မွေးနေ့မှာ သူ့အဖေအချစ်စမ်းရအောင် သူငယ်ချင်းတွေကို ပြန်ပေးဆွဲခိုင်းတဲ့ မတ်ဒီဖခင်ရဲ့မျက်နှာကို နောက်ဆုံးအနေနဲ့ ကြည့်ရဖို့ပြန်လာတဲ့ မက်တီလ်ဒါအဖေတူအမေကွဲ အကိုတွေက နောက်အိမ်ထောင်နဲ့ရတဲ့ကလေးမို့ လက်မခံခါးခါးသီးသီးဖြစ်ပြီး တစ်ဖက်လှည့်နဲ့ ပြန်ပေးဆွဲခိုင်းပြီး အမွေတွေကိုအပိုင်သိမ်းဖို့ကြိုးစားခဲ့တယ်ပြန်ပေးဆွဲဖို့ ပုံပြတဲ့အချိန်မှာ နားလည်မှုလွဲပြီး မတ်ဒီနဲ့ မက်တီလ်ဒါကို မှားပြန်ပေးဆွဲမိတဲ့အချိန်မှာ....ဘယ်လိုတွေဖြေရှင်းကြမလဲ ဂူလူဘိုင်ကရော ဘယ်လို၀င်ကူညီမလဲဂူလူဘိုင်ဇာတ်ကောင်က ဆွဲခေါ်သွားမှာမို့ တစ်ကားလုံး ဆွဲဆောင်မှုအပြည့်နဲ့ကြည့်ရမယ့် ဇာတ်ကားလေးပါ File size…2.5GB / 1.2GB Quality…720p Format…mp4 Duration….2h 28m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Thet Ko & BpL & Yunni & Kevin & Yunni
movie
Gulu Gulu (2022)
2022
7.0
Bachelor (2021)
Bachelor 2021အချစ်ကားဆိုရင် ချစ်ကြည်နူး တီတာနေတာတွေအစားတကယ့်ဘဝနဲ့ ဆက်စပ်ပြီး ရွေးချယ်ရမှာတွေ စွန့်လွှတ်ရမှာတွေနောင်တတွေ ဆုံးဖြတ်ချက်တွေနဲ့ လက်တွေ့ကျကျဇာတ်ကားကောင်းလေးတစ်ကားကို Channel Myanmar က ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ် ခင်ဗျာ။ဇာတ်ကားလေးကမတူညီတဲ့ နောက်ခံကလာကြတဲ့ Darling ဆိုတဲ့ ကောင်လေးနဲ့ Subbu ဆိုတဲ့ကောင်မလေးတစ်ယောက် တွေ့ကြရာကစပါတယ်။ မြင်မြင်ချင်းချစ်မိတဲ့ကောင်မလေးနောက်ကို လိုက်ရင်း သူငယ်ချင်းရဲ့အကူအညီနဲ့တစ်မိုးအောက်အတူတူနေခွင့်ရသွားပါတယ်။လူငယ်တို့သဘာဝအတိုင်း အနေနီးကြရင်း ရင်ခုန်သံတွေ ဖလှယ်ကြရင်းပဲ ဒီနှစ်ယောက် ချစ်ကြိုးငင်ခဲ့ကြတာပေါ့။ဒါပေမယ့် တစ်မိုးအောက်တူတူ မေတ္တာမျှလာခဲ့ကြရင်း မထင်မှတ်ပဲ Subbu မှာ ကိုယ်ဝန်ရသွားပါတယ်။ဒီတော့ တွေးခေါ်ပုံတွေ၊ မိသားစုနောက်ခံ၊ ဘဝအခြေအနေ ကွာခြားကြတဲ့ ချစ်သူနှစ်ယောက်ဒီကလေးအတွက် ဘယ်လိုဆုံးဖြတ်ချကြပါတော့မလဲ။ အချစ်ဆိုတာဟာ ချစ်နေရုံနဲ့မပြီးပါဘူးအသက်တစ်ချောင်းပါ ပိုလာခဲ့ရင် တာဝန်ယူမှုတွေဟာ ပိုပြီး ကြီးလာပါတယ်။ဒီဇာတ်ကားက အချစ်နဲ့ဘဝ တာဝန်ယူမှုနဲ့ တိုက်ရိုက်သက်ဆိုင်နေတဲ့ကားမျိုးပါ။ဇာတ်အိမ်ရဲ့အလှည့်အပြောင်းတစ်ခုချင်းစီတိုင်းဟာ လက်တွေ့ကျလွန်းတာမို့ ရင်သပ်ရှုမောစီးမျောရမှာပါ။နှလုံးသားချင်းထပ်တူကျခဲ့ကြတဲ့ ဒီနှစ်ယောက် တရားခွင်ရဲ့ တရားလို / တရားခံ တစ်ဖက်စီမှာ ဘယ်လို မျက်နှာချင်းဆိုင်တွေ့ကြမလဲ?ဘယ်သူက ...
movie
Bachelor (2021)
2021
8.9
Kaadan(2021)
Kaadan 2021ရုံတင်ပြီး Digital Releasesနဲ့ထွက်ဖို့ကြန့်ကြာနေခဲ့တဲ့ တမီးလ်ကား ရပါပြီခင်ဗျာ။ပရိသတ်ရင်းနှီးပြီးသား မင်းသားတွေမို့လည်းတော်တော် တောင်းဆိုကြတာထင်ပါရဲ့။Baahubali ထဲက ဗီလိန်ကြီး Rana၊Raatchasan ထဲက မင်းသား Vishnu Vishalတို့အပြင်ဟာသကားတွေထဲ မြင်ဖူးနေကျ Pulkit Samratနဲ့မင်းသမီးချော Shriya Pilgaonkarတို့ပါပဲ။ဒီကားထဲမှာ ဥယျာဉ်မှူးကြီး ဘန်ဒေ့ဖ်က အဓိကပေါ့။သူဟာ တောထဲမှာ တိရစ္ဆာန်တွေနဲ့အတူနေထိုင်တယ်။တောထဲက ဆင်တွေကျားတွေကအစ သူ့စကနားထောင်ကြတယ်။သူကလည်း တိရစ္ဆာန်တွေကအစသစ်ပင်ကနေ မြေကြီးအထိ ချစ်တတ်တယ်။ဒီလို တောကိုချစ်တဲ့ သူရဲ့ မြေပိုင်နက်ထဲတနေ့မှာတော့ မြို့သစ်စီမံကိန်းဆိုပြီးအဖွဲ့အစည်းတစ်ခု ရောက်လာခဲ့ပါတယ်။သူအနေနဲ့ ဘယ်လို ရင်ဆိုင်ပြီးသူ့အတွက် ပြိုင်ဘက်တွေကဘယ်လောက်ထိ ယုတ်မာကောက်ကျစ်မလဲ၊သူနဲ့အတူ ဒီမြေမှာ တခြား ဘယ်သူတွေကမုဆိုးတွေ ဖြစ်နေမလဲဆိုတာကို ခံစားကြည့်ကြပါဦးဗျာ။ဒီဇာတ်ကားဟာ ဒီနေ့မှာတော့ တရားဝင်ထုတ်လွှင့်ရာကနေထွက်လာတာမျိုးမဟုတ်ဘဲLeakလာတဲ့အနေအထားမို့ HINDIဗားရှင်းပဲ ရှိပါသေးတယ်။Hindi အသံထွက်နဲ့ ပါးစပ်လွဲနေတာ မဟုတ်ပါဘူး။ဟင်ဒီသရုပ်ဆောင်တွေ ဖြစ်ကုန်တာပါ။တမီးလ်မူရင်းမှာတော့ တမီးလ်မင်းသားမြင်ရမှာပါ။သရုပ်ဆောင်တွေ ကွဲနေပါတယ်။Tamilအသံနဲ့ ကြည့်ချင်ရင်တော့ စောင့်ရဦးမယ်ခင်ဗျာ။ File size…2.73GB / 1.4GB / ...
movie
Kaadan(2021)
2021
6.6
Mookuthi Amman(2020)
Mookuthi Amman(2020)နေရာတိုင်းလိုလိုမဟုတ်ပေမယ့် ဘာသာရေးကိုခုတုံးလုပ်ပြီး အကျိုးစီးပွားရှာနေကြတဲ့ဘိုးတော်တုဘိုးတော်လိမ်တွေဆိုတာ အများကြီးရှိကြပါတယ်..အထူးသဖြင့်အိန္ဒိယလိုနိုင်ငံမျိုးတွေမှာဆိုရင် ဒုနဲ့ဒေးပါ...ပိုဆိုးတာကသူတို့ဆီမှာ ကိုးကွယ်စရာနတ်ဘုရားက အများကြီးရှိတဲ့အတွက် ဘိုးတော်တုတွေအတွက်ပိုပြီးဂွင်ဖန်လို့တောင်ကောင်းပါတယ်.. အဲ့ဒီလိုဘိုးတော်တု ဘိုးတော်လိမ်တွေကို ကိုးကွယ်ယုံကြည်ရင်လူတွေ လမ်းလွှဲလိုက်ကြလို့ ငွေတွေမလိုအပ်ဘဲကုန်ကြသလိုတခြားဆိုးကျိုးများစွာလည်းရှိလေတော့ တကယ့်နတ်ဘုရားတစ်ပါးက ဒီဖြစ်စဉ်ကြီးကိုကြည့်မနေနိုင်တော့ပါဘူး..ဒါ့ကြောင့် လူ့ပြည်ကို ပညာပေးဖို့ ဆင်းသက်လာခဲ့ပါတော့တယ်... တစ်ကယ့်နတ်ဘုရားဆင်းသက်လာပြီးနောက်ပိုင်းမှာ ဘယ်လိုဆက်ဖြစ်ကြမလဲဆိုတာကိုတော့...ဒီဇာတ်ကားနင်းကန်ရယ်ရသလို တော်တော်လည်း ပညာလေးပေးတဲ့ကားဖြစ်တာမို့ Indiaကားကောင်းကြိုက်သူတိုလက်မလွှတ်သင့်ပါကြောင်း...ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ Zwe Zan Aungပဲဖြစ်ပါတယ်...File Size :(1.04GB) and (377MB) Quality : WEB-DL 720p Format…mp4 Duration…02:15:00 Genre : Comedy, Drama, Fantasy Subtitle : Myanmar Subtitle (Hard Sub) Translated by Zwe Zan Aung Encoded by Phyo Pyae
movie
Mookuthi Amman(2020)