Channel Myanmar

Trystan Pütter

Transit (2012) 7.0
Transit (2012) ၂၀၁၂ခုနှစ်က ထွက်ရှိခဲ့တဲ့ အမေရိကန်အက်ရှင်ဇာတ်လမ်းကို တင်ဆက်ပေးလိုက်ပါတယ်။ နိတ်ဆိုသူက အိမ်ခြံမြေလုပ်ငန်းမှာ လိမ်လည်မှုနဲ့ထောင်ကျသွားခဲ့တာကြောင့် သားနှစ်ယောက်ရယ် ဇနီးဖြစ်သူရယ်နဲ့ပြန်အဆင်ပြေစေဖို့ ထောင်ကထွက်လာတဲ့အချိန် အပန်းဖြေခရီးတစ်ခုထွက်လာခဲ့ပါတယ်။ တစ်ဆက်တည်းမှာပဲ လူလေးယောက်က ပိုက်ဆံလေးသန်းတင်လာတဲ့ယာဉ်ကို ဓားပြတိုက်သွားတဲ့အတွက် သတိထားကြဖို့ တွေ့ရှိကသတင်းပေးဖို့ သတင်းမှာလာနေခဲ့တယ်။ကံမကောင်းချင်တော့ ဓားပြတွေက လမ်းမှာပိတ်စစ်နေတဲ့ရဲတွေရန်ကလွတ်အောင် နိတ်တို့မိသားစုရဲ့ကားပေါ်မှာ ငွေလေးသန်းအိတ်ကြီးကို တင်ပေးလိုက်ပါတယ်။ နိတ်တို့မိသားစုကလည်း သူတို့ကားပေါ်မှာပိုက်ဆံအိတ်ပါလာတာကို မသိဘဲခရီးဆက်လာတဲ့နောက်မှာတော့...။ မိသားစုနဲ့အဆင်ပြေဖို့ကြိုးစားနေတဲ့ နိတ်တစ်ယောက် ဓားပြတွေနဲ့ပါရင်ဆိုင်ဖို့ဖြစ်လာပါတော့တယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Pyae Phyoဖြစ်ပါတယ်)File size…(2.1 GB)/(1.1 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:58:00 Genre... Drama , Scifi Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Pyae Phyo
movie

Transit (2012)

Into the Beat (2020) 5.5
Into the Beat (2020)  ဒီကားလေးကတော့ ပေါ့ပေါ့ပါးပါးကြည့်လို့ရမယ့်​Street Dance ကားလေးပဲဖြစ်ပါတယ်Street Dance ကိုကြိုက်တဲ့သူတွေပဲဖြစ်ဖြစ်စိတ်အပန်းဖြေချင်လို့ပဲဖြစ်ဖြစ်ရွေးချယ်သင့်တဲ့ဇာတ်ကားလေးပါပဲ..ကာ့တ်ယာဆိုတဲ့ဆယ်ကျော်သက်မလေးဟာဘဲလေးအကမှာအစဥ်အလာကြီးမားတဲ့အော်လိုမိသားစုကနေပေါက်ဖွားလာတဲ့ကောင်မလေးဖြစ်ပြီးတော့ မိသားစုအမွေကိုဆက်ခံဖို့လည်းအသင့်ဖြစ်လုနီးပါးဖြစ်အောင်အထိ ဘဲလေးအကမှာထူးချွန်သူပါ နယူးယောက်ဘဲလေးအကယ်ဒမီရဲ့စကောလာရှစ်ကိုရဖို့လည်းတစ်ပြေးနေသူလေးပေါ့..တစ်နေ့မှာ​တော့​ ကာ့တ်ယာလေးတစ်ယောက်ဘဲလေးအကနဲ့လုံးဝကွဲပြားတဲ့အကကိုမြင်တွေ့သွားရာကနေသူ့မှာရွေးချယ်ရခက်တဲ့ အခြေအနေမျိုးနဲ့ ရင်ဆိုင်ရပါတော့တယ်..ဇာတ်လမ်းလေးကလည်းကြည့်လို့ကောင်းပြီးအကတွေကလည်းမိုက်လို့ အခုပဲခံစားကြည့်လိုက်ရအောင်ဗျာ  File size…1.59GB / 791MB Quality…NF WEB-DL 1080p 5.1CH / 720p Format…mp4 Duration….1h 42m Genre ….. Drama , Music , Romance Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Thura Mg Mg
movie

Into the Beat (2020)

Passion (2013) 5.3
Passion (2013) ဒါရိုက်တာ Brian De Palma ရဲ့လက်ရာကောင်းတခုပါ။စီးပွါးရေးလောက ထဲက မိန်းမနှစ်ဦးရဲ့ ယှဉ်ပြိုင်မှုတဦးကိုတဦးဘယ်လို ကျော်တက် အနိုင်ယူ အသုံးချမလဲဆိုတာကို ရှုစားရမှာပဲ ဖြစ်ပါတယ်။ဒီနေရာမှာဆိုရင်သရုပ်ဆောင် ၂ဦးကတော့ ပရိတ်သတ်နဲ့ရင်းနှီးပြီးသား ဖြစ်မယ့်The notebooks တို့ Mean Girls တို့မှမင်းသမီးRachel McAdams နဲ့ Noomi Rapace တို့ပဲဖြစ်ပါတယ်။သူတို့နှစ်ယောက်ရဲ့ ယှဉ်ပြိုင်မှုဟာ ပြင်းထန်လာတာနှင့်အမျှသစ္စာဖောက်တာတွေ အသုံးချတာတွေ လက်စားချေလာတွေပါပါလာတော့ နောက်ဆုံးမှာ လူသတ်မှုအထိဖြစ်လာပါတော့တယ်။ဒီ “ Passion” ဆိုတဲ့ဇာတ်လမ်းဟာ ကော်ပိုရိတ်စီးပွါးရေးလောကရဲ့လူအများစုမမြင်ကြတဲ့အမှောင်ဖက်ခြမ်းကိုThriller ဆန်ဆန် ရိုက်ပြထားတာဖြစ်ပါတယ်။ကြည့်ရှူခံစားကြည့်ကြ ပါလို့ပဲအကြံပေးလိုက်ပါတယ်ခင်ဗျာ File size…    1.1 GB /  657 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 42m Genre ..... Drama/Thriller Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit ...
movie

Passion (2013)

JGA: Jasmin. Gina. Anna. (2022) 5.0
JGA: Jasmin. Gina. Anna. (2022) JGA: Jasmin. Gina. Anna. (2022) ========================="စင်ဂယ်တွေဆိုတာ သစ်သီးတွေလိုပဲ ပထမတော့ ချိုမြမြအနံ့လေးနဲ့ စိတ်လှုပ်ရှားဖို့ကောင်းတယ်။ ဒါပေမယ့် ကြာလာလေလေ ပုပ်ဖို့မြန်လာ လေလေပဲ၊ အဲဒီနောက် ယင်ကောင်တွေရောက်လာပြီး မှိုတက်စပြုလာမယ်" ။ ဒါကတော့ စင်ဂယ်အဖြစ် ကြာရှည်စွာ ရပ်တည်နေတဲ့ ယက်စမင်၊ ဂျီနာ နဲ့ အန်နာ ဆိုတဲ့ ကောင်မလေး သုံးယောက်ရဲ့ စကားတွေပါ။အိမ်ထောင်ပြုတော့မယ့် ဟယ်လင်နာအတွက် ဘက်ချလာပါတီလုပ်ပေးဖို့ စီစဉ်ထားပေမယ့် ဟယ်လင်နာက ကလေးအရင်ရသွားတဲ့အခါ အဆိုပါ သုံးယောက်ရဲ့ ပါတီလည်း ပျက်ခဲ့ရပါတယ်။ ဒါနဲ့ပဲ သတို့သမီးမရှိလည်း ကိုယ့်ဘာသာ ဘက်ချလာပါတီကြမယ်ဆိုပြီး အီဘစ်ဇာကျွန်းကို ထွက်လာ ခဲ့ကြတာပေါ့။အဲဒီကျွန်းမှာ ယက်စမင်ရဲ့ ရည်းစားဟောင်း တင်မ်နဲ့ ပြန်တွေ့ပြီး ဇာတ်လမ်း မပြတ်နိုင်ဖြစ်နေတဲ့ ယက်စမင်ကို ဂျီနာတို့က နင်မမှတ်သေးဘူးလားဆိုပြီး ပညာတွေပေးကြမယ့် ဇာတ်ကားလေးပါ။ အဲဒီမှာပဲ အဆင်လေးတွေ တစ် ယောက်ပြီးတစ်ယောက်နဲ့ တွေ့ပြီး စင်ဂယ်ဘဝက ကျွတ်ဖို့ အစွမ်းကုန် ကြိုး စားကြမယ့် သူငယ်ချင်းမသုံးယောက်ကို မြင်တွေ့ရဦးမှာပါ။ အားလုံး sold out ဖြစ်သွားမလား အရင်ကပြောခဲ့ကြသလို ...
movie

JGA: Jasmin. Gina. Anna. (2022)

2022
War Horse(2011) 7.2
War Horse(2011) War Horse(2011) IMDb....7.2,,,Rotten...76% အခုတင်ပေးမှာကတော့ လူနဲ့တိရစ္ဆာန်အကြား ချစ်ခြင်းမေတ္တာ၊ မိသားစုချစ်ခြင်းမေတ္တာ၊ စစ်၏သဘောတရား စတဲ့ ခံစားမှုရသမျိုးစုံပါဝင်တဲ့ ဇာတ်ကားကောင်းလေးဖြစ်ပါတယ်။ ဇာတ်ကားနာမည်ကတော့ အပေါ်ကအတိုင်း War Horse ပါ.. .စစ်မြင်းတစ်ကောင်အကြောင်းပေါ့... Jurassic Park, Jaws စတဲ့ တိရစ္ဆာန်ဦးစားပေးဇာတ်ကားတွေ၊ Saving Private Ryan၊ Schindler’s List၊  စတဲ့ စစ်ပွဲဦးစားပေးဇာတ်ကားတွေကို ရိုက်ကူးခဲ့တဲ့ နာမည်ကြီး ဒါရိုက်တာ Steven Spielberg က ရိုက်ကူးထားတာဖြစ်ပါတယ်... စာရေးဆရာကြီး Michael Morpurgo ရဲ့ နာမည်ကျော် War Horse စာအုပ်ကို မှီငြမ်းရိုက်ကူးထားတာဖြစ်ပြီး ပထမကမ္ဘာစစ်အတွင်း နိုင်ငံအသီးသီးက အသုံးပြုခဲ့တဲ့ မြင်းပေါင်း ရှစ်သန်းကျော်ရဲ့ သနားစရာဘဝကို တစ်ကောင်တည်းနဲ့ ကိုယ်စားပြု ရိုက်ကူးထားတာဖြစ်ပါတယ်...ပြီးတော့ Loki မင်းသား Tom Hiddleston နဲ့ Sherlock Holmes မင်းသား Benedict Cumberbatch တို့ကလည်း အားဖြည့်ကူညီထားပါတယ်.... ဇာတ်လမ်းအညွှန်း ပထမကမ္ဘာစစ်မစမီ ...
movie

War Horse(2011)

2011
TKKG (2019) 5.5
TKKG (2019) တင်မ်ဆိုတဲ့ကောင်လေးတစ်ယောက်က ပညာသင်ဆုရပြီးကျောင်းအိပ်ကျောင်းစားကျောင်းတစ်ခုကို ပြောင်းလာရပါတယ်။အဲမှာ့ သူ့အခန်းဖော်က သူဌေးသား ဝီလီပေါ့။အဲမှာ ဝီလီကိုကျောင်းလိုက်ပို့တဲ့ ဝီလီ့အဖေရဲ့လက်ထောက်ကအပြန်မှာလေယာဥ်ပျက်ကျသွားတယ်။အဲလေယာဥ်ပေါ်မှာတရုတ်ပြည်ရှောင်လုံကျောင်းတော်ကရွှေရုပ်တုတစ်ခုပါ ပါသွားတဲ့အခါ...တင်မ်နဲ့ဝီလီတို့က ဒီအမှုရဲ့နောက်ကိုလိုက်ပြီး စုံစမ်းကြရင်းဘယ်လိုအခက်အခဲတွေကျော်ဖြတ်သွားရမလဲ...အမှုမှန်ရောပေါ်ပေါက်နိုင်ပါ့မလား...ဆိုတာတွေကိုတော့ ဇာတ်လမ်းလေးထဲမှာ ဆက်လက်ရှုစားကြပါ File Size : ( 899 MB , 344 MB )Quality :  WEB-DL 720pRunning Time : 1 hr 35 minFormat : Mp4Genre :  Adventure , Comedy , CrimeSubtitle : Myanmar Subtitle (Hard Sub)Translated by HMOEncoded by Moe Myint Lwin 
movie

TKKG (2019)

2019
[21+] Hotel Desire (2011) 5.8
[21+] Hotel Desire (2011)  18+ ဆိုရင် နည်းနေမှာစိုးလို့ 21+လို့ ရေးပါရစေ Erotic movie တကားအနေနဲ့ IMDb rating 5.8 ရဖို့ဆိုတာလည်းမလွယ်ကူလှပါဘူး ဇာတ်လမ်း အကျဉ်းကတော့ ဟိုတယ်ဝန်ထမ်းလည်းဖြစ် သား တယောက်လည်းရှိပြီးတော့ ယောက်ျားနဲ့လည်းကွဲနေတဲ့ အန်တိုနီရာဟာ အလုပ်အပေါ်မှာ အဆင်မပြေမှုတွေ ဖြစ်လာခဲ့တယ်... အဲ့ဒီကနေမှ ဟိုတယ်ဝန်ထမ်း သူငယ်ချင်းတယောက်က စိတ်ထွက်ပေါက်အနေနဲ့ ဟိုတယ်က ယောက်ျားတယောက်ယောက်နဲ့အိပ်ဖို့မြှောက်ပေးလာတယ် သူငယ်ချင်းရဲ့ မြှောက်ပေးစကားနဲ့ ဟိုတယ်မှာလာတည်းတဲ့ မင်းသား မျက်ကန်းလေးတယောက်ဟာတော့ အန်တိုနီရာရဲ့ တစာခံဖြစ်သွားရပါတော့တယ် ဘယ်လိုတွေဆက်ဖြစ်မယ်ဆိုတာကို ဇာတ်ကားပေါ်မှာ ဆက်လက်ကြည့်ရှုကြပါ။   ဇာတ်ဝင်ခန်းတစ်ချို့က CMမှာ အရင်က တင်ဖူးတဲ့ Q Desireထက်ကြမ်းတာမို့ Ratingကို ၂၁++++  သတ်မှတ်ထားတယ်ဆိုတာ သတိပြုစေချင်ပါတယ်။   File Size         : 300 MB Quality           : Blu ray 720P Running Time : 38 minute Format           : Mp4 Genre             :  Drama, Romance Encoder         : Joker.phs
movie

[21+] Hotel Desire (2011)

2011