Channel Myanmar

Troy Liu

Antikalpa (2023) 6.3
Antikalpa (2023) Taiwan ကားတွေက အခုနောက်ပိုင်း တရုတ်ပြည်မကြီးက ကားတွေထက် ပိုကောင်းလာကြတယ်...သူတို့ရဲ့ ဇာတ်လမ်း ဇာတ်အိမ်အထားအသိုတွေက Special Effect တွေအများကြီးသုံးထားတဲ့ တရုတ်ပေါကားတွေထက်တော့ အပုံကြီးသာတာအမှန်ပဲဒီကားထဲမှာကတော့ အရင် ၂၀၂၁ တုန်းက ရှယ်ပေါက်ထားတဲ့ Limited Movieဖြစ်တဲ့ The Sadness ဆိုတဲ့ Zombie ကားထဲက မင်းသမီးချော Regina Leiကပဲ ထပ်မံပါ၀င်ထားပါတယ်ဇာတ်လမ်းကတော့ Dai ဆိုတဲ့ကောင်လေးက ဂုဏ်သိက္ခာကြီးမားတဲ့ ရှေးရိုးစွဲဘုရားကျောင်း ဖွင့်လှစ်ထားတဲ့ မိသားစုမှ ဆင်းသက်လာတာပါ...သူ့မှာ ငယ်ငယ်တည်းက ချစ်ရတဲ့ Yu Fan ဆိုတဲ့ကောင်မလေးတစ်ယောက်ရှိတယ်အဲ့ကောင်မလေးရဲ့ ပျောက်ဆုံးနေတဲ့အဒေါ်ကို ကူရှာပေးဖို့ ကြိုးစားကြရင်း နတ်ဘုရားတွေဆီ အကူအညီတောင်းကြတဲ့အခါ...[ အညွှန်းရေးသားထားသူက‌တော့ အားဟောက် (a hao) ပါ ]File size_(1.6GB)/(780MB) Quality_Blu-Ray 1080p / 720p Format_mp4 Duration_01:37:00 Genre_Horror Subtitle_Myanmar Subtitle (Hardsub) Encoder_a hao Translated by Mark
movie

Antikalpa (2023)

The Pig, the Snake and the Pigeon ( 2024 ) 6.1
The Pig, the Snake and the Pigeon ( 2024 ) ဒီတစ်ခါ CM ကနေထိုင်ဝမ်မှုခင်းဇာတ်လမ်းကောင်းလေးတစ်ပုဒ်ဖြစ်တဲ့ The pig, The snake and the pigeon ဆိုတဲ့ ကားလေးနဲ့တင်ဆက်ပေးလိုက်ချင်ပါတယ်။ဇာတ်လမ်းအကြောင်းကတော့ ရက်စက်ကြမ်းကြုတ်တဲ့ ချန်ကွေလင်ဆိုတဲ့လူက တစ်လောကလုံးသူ့နာမည်ကို ဘယ်သူမှမသိတဲ့လူမရှိအောင် ဖြစ်ချင်တဲ့လူတစ်ယောက်ပေါ့။ဒါကြောင့်ပဲ လူဆိုးဂိုဏ်းခေါင်းဆောင်တွေကိုသတ်ဖြတ် ပစ်ခတ်တဲ့အလုပ်ကိုလုပ်တယ်။ တနေ့မှာ ဆေးစစ်လိုက်ပြီးနောက် အဆုတ်ကင်ဆာ အဆင့်လေးရှိနေတာကိုသိသွားတဲ့အချိန် သူ့ဘဝမှာ သိက္ခာရှိရှိနာမည်ကျန်စေမယ့် အလုပ်တစ်ခုကိုမသေခင်မှာ လုပ်သွားဖို့ဆုံးဖြတ်လိုက်တယ်။ဒီတော့ သူအလုပ်ချင်ဆုံးကဘာများဖြစ်နေမလဲ။ ဘယ်လိုတွေပတ်သက်ဆက်နွယ်နေကြလဲစတဲ့ စိတ်ဝင်စားကောင်းတဲ့ဇာတ်လမ်းတွေအပြင် ထိုင်ဝမ်လေသံကိုပါ လေ့လာရတာမို့ လက်မလွတ်သင့်တဲ့ဇာတ်လမ်းတစ်ပုဒ်ဖြစ်ပါတယ်။ Quality : WEB-DL 1080p , 720p Format : mp4 Genres : Action , Crime Runtime : 2h 14 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Ann Chi Encoded by LK
movie

The Pig, the Snake and the Pigeon ( 2024 )