Channel Myanmar

Trisha Vo

No Time to Spy: A Loud House Movie (2024)
No Time to Spy: A Loud House Movie (2024) IMDb 6.5 / RT 85% ရထားတဲ့ ကာတွန်းကားလေးတစ်ခုနဲ့မိတ်ဆက်ပေးချင်ပါတယ်။ဇာတ်ကားနာမည်အတိုင်းပဲ ဒီကားလေးက စပိုင်ကာတွန်းကားလေးပါ။ လင်ကွန်းဆိုတဲ့ကောင်ကလေးက စပိုင်ကာတွန်းတွေကိုကြိုက်တဲ့သူဖြစ်ပြီး စပိုင်တစ်ယောက်ဖြစ်ချင်နေတဲ့ကောင်လေးပါ။ လင်ကွန်းရဲ့အဖိုးက စပိုင်အေးဂျင့်တစ်ဦးဖြစ်တဲ့ မာတယ်လ်ဆိုတဲ့အမျိုးသမီးကြီးနဲ့ ကျွန်းလေးတစ်ခုပေါ်မှာ မင်္ဂလာပွဲသွားလုပ်ဖို့ရှိနေပါတယ်။ ဒီလိုနဲ့ လင်ကွန်းနဲ့ အမျိုးအဆွေ ကလေးတစ်သိုက်လည်း အဖိုးအဖွားနှစ်ယောက်နဲ့အတူ မင်္ဂလာပွဲခရီးစဉ်ကိုလိုက်ပါလာခဲ့ပါတယ်။ ဒါပေမဲ့ ခရီးစဉ်မှာ မထင်မှတ်ထားခဲ့တဲ့အရာတစ်ခုဖြစ်လာပါတယ်။ဒါကတော့ လင်ကွန်းရဲ့ အဖွားတော်စပ်လာတော့မယ့် မာတယ်လ်ရဲ့ ဟိုးအရင်ကရန်သူဟောင်းကြီးတစ်ယောက်ဟာ လက်စားချေဖို့ရာပြန်ရောက်လာခဲ့တာပါ။ ဒီလိုနဲ့ စပိုင်ဖြစ်ချင်တဲ့လင်ကွန်းနဲ့ အဖွားဖြစ်သူမာတယ်လ်တို့ဟာ ဗီလိန်ကြီးကို အားလုံးရဲ့အကူအညီနဲ့ အတူလက်တွဲနှိမ်နင်းဖို့ရာအကြောင်းဖန်လာပါတော့တယ်။ ကာတွန်းကားပေမဲ့ ဇာတ်လမ်းဇာတ်ကွက်တွေက စပိုင်ရုပ်ရှင်တွေထဲကလိုဖြစ်ပြီး စိတ်၀င်စားစရာလည်းကောင်း ရယ်စရာ‌လည်းကောင်းတာကြောင့် ကာတွန်းကားကြည့်ပြီးအပန်းဖြေချင်နေတဲ့သူတွေအတွက်ကတော့ ကွက်တိပါပဲ။ File size…(1.5 GB)/(846 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:40:00 Genre... Action, Animation, Adventure, Comedy, Family  Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by TMTT
movie

No Time to Spy: A Loud House Movie (2024)

Over the Moon (2020) 7.0
Over the Moon (2020) Over the Moon (2020)=================IMDb Rating - 7.0/10#Unicodeတရုတ်လူမျိုးတွေရဲ့ လနတ်သမီးလေး ချန်အယ်ရဲ့ ကြေကွဲဖွယ်ပုံပြင်လေးကို လူတော်တော်များများသိကြမှာပါ။ ဒီဇာတ်ကားလေးကတော့ အဲ့ဒီ ပုံပြင်လေးပေါ်ကို ဇာတ်အိမ်တည်ပြီး ရိုက်ကူးထားတာပဲဖြစ်ပါတယ်။ဖေးဖေးတို့မိသားစုကတော့ အေးအေးချမ်းချမ်းနဲ့ လမုန့်ရောင်းပြီး အသက်မွေးနေတဲ့ မိသားစုလေးဖြစ်ပါတယ်။ ဖေးဖေးအမေက သူ့ကိုလနတ်သမီးချန်အယ်အကြောင်း အမြဲပြောပြလေ့ရှိပြီး ဖေးဖေးကလည်း ယုံကြည်သူပါ။ ဖေးဖေးရဲ့အမေ သေဆုံးပြီးတဲ့နောက်မှာ ဖေးဖေးတစ်ယောက် သူမအမေကိုလက်မလွှတ်နိုင်ဘဲ သတိရနေခဲ့ပါတယ်။ ဖေးဖေးရဲ့အဖေ နောက်အိမ်ထောင်ပြုဖို့ အကြောင်းဖန်လာခဲ့ချိန်မှာ ချန်အယ်နဲ့ အချစ်စစ်ပုံပြင်ကို ယုံကြည်နေတဲ့ ဖေးဖေးတစ်ယောက် ဆောက်တည်ရာမရဘဲ သူ့အဖေကို အပြစ်တင်နေခဲ့ပြီး ချန်အယ်က စစ်မှန်ကြောင်း သက်သေပြဖို့ သူ့အဖေနောက်အိမ်ထောင်ကိုတားဆီးနိုင်ဖို့ လကမ္ဘာဆီသွားပြီး ချန်အယ်ကို ရှာဖို့ ကြိုးပမ်းပုံကို တင်ဆက်ထားတဲ့ animation ကားကောင်းလေးတစ်ကား ဖြစ်ပါတယ်။(ဒီဇာတ်ကားရဲ့ အညွှန်းနဲ့ဘာသာပြန်တင်ဆက်ပေးသူကတော့ Chuck Chuck ပဲဖြစ်ပါတယ်။) #Zawgyiတရုတ်လူမျိုးတွေရဲ့ လနတ်သမီးလေး ချန်အယ်ရဲ့ ကြေကွဲဖွယ်ပုံပြင်လေးကို လူတော်တော်များများသိကြမှာပါ။ ...
movie

Over the Moon (2020)

2020