Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Trevor Fox
7.2
The Old Oak (2023)
The Old Oak (2023) =============== IMDb Rating - 7.2/10The Old Oak ရုပ်ရှင်ကတော့ ဒရာမာကားလေးပါပဲ။ ဖြည်းဖြည်းလေးနဲ့ နင့်နင့်လေးခံစားရတဲ့ကားလေးပါ။ ဆုတွေလည်း တစ်သီကြီး ရယူထားတဲ့ ကားလေးဖြစ်တာကြောင့် ဇာတ်ကားကောင်းတစ်ခုဆိုတာ ပြောစရာတောင် မလိုပါဘူး။ဇာတ်လမ်းကတော့ အဂ်လန်အရှေ့မြောက်ဘက်ပိုင်းက ရွာလေးတစ်ရွာဟာ အရင်တုန်းက လုပ်ထားတဲ့ သတ္တုတွင်းမိုင်းလုပ်ငန်းတွေပိတ်လိုက်တဲ့အချိန်မှာ လူသူကင်းမဲ့လာပြီး မတက်မကြွဖြစ်နေခဲ့ပါတယ်။ ဒီအခြေအနေကို မကြိုက် ကြတဲ့သူတွေကလည်း ဒါကို ပြင်ဆင်ဖို့ကြိုးစားကြပေမယ့် ဘာမှမလုပ်နိုင်ကြ လို့ သူတို့ကိုယ်သူတို့စိတ်ပျက်နေကြတာပါ။ ဒီလိုအခြေအနေမှာ ဆီးရီယား နိုင်ငံရဲ့စစ်ဘေးသင့်ပြည်သူအချို့ဟာ ဒီရွာလေးမှာ ခိုလှုံဖို့ရောက်လာခဲ့ပါတယ်။အဲဒီအထဲမှာ ယာရာဆိုတဲ့အမျိုးသမီးလေးဟာ သူ့ပတ်ဝန်းကျင်ကို အမြဲတမ်း ကူညီလိုစိတ်ရှိတာကြောင့် ဒီရွာရဲ့ အခြေအနေဆိုးကို ကူညီဖို့ကြိုးစားရင်းက ဒီရွာမှာ ရှိနေကြတဲ့သူတွေနဲ့ ရင်းနှီးလာခဲ့ပါတယ်။ နိုင်ငံမတူ ၊ လူမျိုးမတူ ၊ ကိုး ကွယ်ရာမတူကြတဲ့သူတွေရဲ့ ထိတွေ့မှုကနေ ပြသနာတွေလည်း အများကြီးထွက် လာတာမို့ ဒီပြသနာကို ရင်ဆိုင်ဖြေရှင်းရင်း ဒီပတ်ဝန်းကျင်ကို ဘယ်လိုပြောင်း လဲနိုင်လိုက်သလဲဆိုတာကို ဆက်လက်ကြည့်ရှုကြရမှာပါ။ IMDb Rating 7.2 ရရှိထားတဲ့ ရုပ်ရှင်ဇာတ်ကားလေးပါ။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Thy Santa ဖြစ်ပါတယ်)File ...
movie
The Old Oak (2023)
2023
6
Bridget Jones: The Edge of Reason (2004)
Bridget Jones: The Edge of Reason (2004)ဒီကားကတော့ 2001 ခုနှစ်ကထွက်ခဲ့တဲ့ Bridget Jones's Diary ရဲ့ အဆက်ပါ။ ဘရစ်ဂျစ် တို့နှစ်ဦးချစ်သူဖြစ်ပြီးနောက်ပိုင်းကို ဆက်လက်ရိုက်ကူးထားတာပါ။ဘရစ်ဂျစ်ဟာ သူ့ချစ်သူမာ့ခ်ရဲ့ အထက်တန်းလွှာ အသိုင်းအဝိုင်းမှာ ၀င်ဆံ့ဖို့ကြိုးစားရင်း ကြားထဲမှာ ချစ်သူကို လုပ်ဖော်ကိုင်ဖက်ရှေ့နေမလေးနဲ့ ဖောက်ပြန်နေလားဆိုတာ သံသယ၀င်စရာကိစ္စတွေ တစ်ခုပြီးတစ်ခုဖြစ်လာပါတယ်။မာ့ခ်က သံသယတွေကိုမဖြေရှင်းတဲ့အခါမှာ ဘရစ်ဂျစ်ကစိတ်ဆိုးပြီး လမ်းခွဲလိုက်ပါတယ်။ အဲ့နောက်မှာအရင်ရည်းစားဟောင်း ဒယ်နီရယ်နဲ့ Program ရိုက်ကူးဖို့ ထိုင်းကို သူငယ်ချင်းခေါ်ပြီးလိုက်သွားပါတယ်။ ထိုင်းမှာ ဘရစ်ဂျစ်သူငယ်ချင်းက အသက်ငယ်ငယ်ကောင်လေးနဲ့ တွေ့ပြီးတွဲခုတ်နေပါတယ်။ဒယ်နီရယ်ကလည်း ရည်းစားနဲ့ကွဲလို့ တွေဝေနေတဲ့ဘရစ်ဂျစ်ကိုပြန်ရဖို့ ပြန်ကပ်နေပါတယ်။ ဒါပေမဲ့ ဒယ်နီရယ်ရဲ့ မိန်းမရှုပ်ပွေတဲ့အကျင့်ကြောင့် ဘရစ်ဂျစ်က ပြန်လက်မခံခဲ့ပါဘူး။ ထိုင်းကနေ သူငယ်ချင်းခေါ်ပြီးပြန်လာတဲ့အခါမှာ လေဆိပ်မှာ သူငယ်ချင်းရဲ့ပစ္စည်းကိုသယ်ပေးတဲ့ ဘရစ်ဂျစ်က ကိုကိန်းသယ်ဆောင်မှုနဲ့ ဖမ်းစစ်ဆေးခံရပါတော့တယ်။ထိုင်းက အကျဉ်းထောင်ထဲမှာနေရင်း ဘရစ်ဂျစ်ကသူ့ကိုလွှတ်ပေးမယ့်လူကိုစောင့်မျှော်နေပါတယ်။ မထင်ထားစရာဘဲ ဘရစ်ဂျစ်ဆီရောက်လာသူကတော့ မာ့ခ်ပါ။ ...
movie
Bridget Jones: The Edge of Reason (2004)
2004
6.9
Joe Maddison’s War (2010)
Joe Madison's War (2010) ငါက ပထမကမ္ဘာစစ်ရဲ့ စစ်သားတစ်ယောက်။ အဲဒီစစ်ကြီးရဲ့ ဒဏ်ရာဒဏ်ချက်တွေ အခုထိ ခြောက်လှန့်နေဆဲ။ညဘက် အိပ်မက်ဆိုးတွေမက်ရင်း မျက်ရည်ကျမိတယ်။စစ်ပွဲကြီးအပြီး တို့နိုင်လိုက်ပြီပဲ ထင်ခဲ့တာပေါ့။ ဒီလိုစစ်ပွဲမျိုး ထပ်မဖြစ်နိုင်တော့ဘူး ထင်ခဲ့မိ။ငါလည်း သင်္ဘောကျင်းလုပ်သားတစ်ယောက်အဖြစ် ဇနီးသည်နဲ့ သားတစ်ယောက်၊ သမီးတစ်ယောက်နဲ့အတူ နေထိုင်လာခဲ့တယ်။ငါနဲ့တိုက်ဖော်တိုက်ဖက်ရောင်းရင်းတွေလည်း ငါ့လိုပဲ စစ်ပွဲကြီးကို မမေ့နိုင်ကြသူတွေပါ။ဒါပေမဲ့ ၁၉၃၉ ခုနှစ်မှာ ဒုတိယကမ္ဘာစစ်ကြီး ဖြစ်လာပြန်တယ်။ တစ်ကမ္ဘာလုံးချီတဲ့စစ်ဖြစ်လာသလို ငါ့ကမ္ဘာငယ်လေးတစ်ခုလုံးလည်း ကျွမ်းထိုးမှောက်ခုံ ဖြစ်သွားတော့တာပါပဲ။ငါ့သားကိုစစ်ထဲဝင်ဖို့ ဆင့်ခေါ်ကြတယ်။ ငါ့သမီးရဲ့ခင်ပွန်းသည်လည်းပါတာပေါ့။ လက်ထပ်ပြီးလို့မှမကြာခင် ခွဲကြရရှာတယ်။ ကမ္ဘာစစ်ဆိုတာကို ကောင်းကောင်းကြုံခဲ့ရတဲ့ငါ့အတွက် ပထမအကြိမ်ကထက် ပိုပြီးလက်နက်တွေထွန်းကားလာပြီဖြစ်တဲ့ ဒီတစ်ပွဲက ဘယ်လောက်ရက်စက်ကြမ်းကြုတ်လိမ့်မယ်ဆိုတာ မတွေးရဲဘူး။ငါ့ဒုက္ခတွေက ဒီလောက်နဲ့မဆုံးခဲ့။ ငါ့ဇနီးသည်ကပါ ငါ့ကို စွန့်ပစ်ပြီး တခြားလူတစ်ယောက်နဲ့ အဝေးကိုထွက်သွားပြန်တယ်။ ဘာကြောင့်မှန်းလည်း ငါမသိရပါလား။ သူ အကတော်သလောက် ငါက လုံးဝမကတတ်လို့လား မသိပါဘူးလေ။ အဲဒီအချိန်မှာပဲ ဟစ်တလာရဲ့လေတပ်မတော်က ဗြိတိန်နိုင်ငံရဲ့ မြို့ကြီးတွေပေါ်ကို နေ့စဉ်ရက်ဆက် ဗုံးမိုးတွေရွာချပေးကြတော့တယ်။ ...
movie
Joe Maddison’s War (2010)
2010
7,7
Billy Elliot (2000)
ဘီလီဆိုတဲ့ ၁၁နှစ်အရွယ် ကောင်လေးလေးဟာ အဖေဖြစ်သူရဲ့ တစ်ယူသန်မှုကြောင့် လက်ဝှေ့ပညာကို သင်ယူနေရတယ်။တကယ်တော့ သူစိတ်၀င်စားတာဟာ လက်ဝှေ့ခန်းမရဲ့ ခြေရင်းပိုင်းမှာ ဆရာမတစ်ယောက်သင်ကြားပေးနေတဲ့ ဘဲလေးအကဖြစ်တယ်။ ဝါသနာကြောင့် သူ့အဖေမသိအောင် ဘဲလေးအကကို ခိုးသင်ပြီး လန်ဒန်မှာရှိတဲ့ အစမ်းစစ်ဆေးလူရွေးပွဲကို သွားရောက်နိုင်ဖို့ကြိုးစားနေရင်း အဖေသိသွားချိန်မှာ လက်လျှော့ခဲ့ရတယ်။သို့ပေမယ့် သားဖြစ်သူဟာ ပါရမီရှိသူဖြစ်ကြောင်း သိသွားတဲ့အခါ ငွေကြေးမတတ်နိုင်တဲ့ကြားထဲက သားကို လန်ဒန်အရောက်ပို့နိုင်အောင် ကြိုးစားပါတော့တယ်။ ဘီလီတစ်ယောက် လူရွေးပွဲမှာ အရွေးခံရပါ့မလား .... သူ့ရဲ့အိပ်မက်တွေ အကောင်အထည်ပေါ်လာပါ့မလား...... ဘဲလေးအကမှ မဟုတ်ပါဘူး ဝါသနာတစ်ခုခုကို သိပ်ကို passionate ဖြစ်တဲ့သူတွေအတွက် ဒီကားလေးကိုကြည့်ရတာ အဓိပ္ပါယ်များစွာရှိမှာပါ Quality – 720p blurayrip Duration - 1 hr 50 min Subtitle – Myanmar Hardsub Format – Mp4 Genre : Drama, Music Translator – Yoon ...
movie
Billy Elliot (2000)