Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Trevante Rhodes
Candy Cane Lane (2023)
Coming to America, The Nutty Professor, Shrek, Daddy Care အစရှိတဲ့ ရုပ်ရှင်ပေါင်းများစွာနဲ့ လူသိများတဲ့ အမေရိကန်ဟာသ သရုပ်ဆောင် Eddie Murphyရဲ့ အသစ်ဆတ်ဆတ် Christmas ရုပ်ရှင်လေးကို တင်ဆက်ပေးချင်ပါတယ်။ Gravity Falls, Goosebumps, Good Burger 2 အစရှိတဲ့ ရုပ်ရှင်ကောင်းတွေထဲက comedian Jillian Bellကနေ အကောင်းဆုံး ဗီလန်သရုပ်ဆောင်အနေနဲ့ပါဝင်ထားပါတယ်။ အေးချမ်းလှတဲ့ ဒီဇင်ဘာ ခရစ္စမတ် ပိတ်ရက်လေးမှာ မိသားစုနဲ့ အတူကြည့်ရှု့သင့်တဲ့ ရုပ်ရှင်လေးဖြစ်ပါတယ်။ဇာတ်လမ်းအကျဥ်းကတော့ -ခရစ္စတိုဖာလို့ခေါ်တဲ့ ခရစ်က ခရစ္စမတ်ကို အလွန်နှစ်သက်ပြီး သစ်သားတွေနဲ့ ကိုယ်တိုင် လက်နဲ့ထုလုပ်ပုံဖော်ရတာကို ကြိုက်နှစ်သက်သူ ဝါသနာရှင်တစ်ဦးပါ။ ဒါပေမယ့် ကံမကောင်းစွာနဲ့ပဲ သူလုပ်ကိုင်နေတဲ့ ကုမ္ပဏီရဲ့အခြေနေကြောင့် အလုပ်ဖြုတ်ခံလိုက်ရပါတော့တယ်။ အလုပ်ပြုတ်လို့ ဘူနေတဲ့အချိန်မှာ ခရစ်ရဲ့မြို့မှာ ကန်ဒီကိန်းလိမ်းလို့ ခေါ်တဲ့ အိမ်အလှပြိုင်ပွဲကို ...
movie
Candy Cane Lane (2023)
6.4
Bird Box (2018)
ကမ္ဘာကြီးမှာ ဒုက္ခတွေ အလိုရမက်လောဘသားတွေ ထူပြောလာတာနဲ့အမျှဆေးကြောသုတ်သင်မယ့်သူတွေပေါ်လာစမြဲပါပဲ Kingmans:The Secret Serviceထဲက ဗယ်လတိုင်းလိုမျိုး ဒါမှမဟုတ်Avengers:Age of Ultron ထဲက Ultronကြီးလိုမျိုးပေါ့ ဒါပေမယ့်အခုဇာတ်ကားမှာတော့ နတ်ဆိုးလိုလိုဘာလိုလိုအမျိုးအမည်မသိတဲ့ ကောင်ကြီးအနေနဲ့မြင်ရမှာပါသူတို့ကို မမြင်ရဘူး မြင်ရ ရင်လဲအဲ့လူကအသက်မရှင်ဘူး ကိုယ့်ကိုကိုယ်သတ်သေမိတော့တာပဲ ဇာတ်လမ်းအကျဉ်းကတော့ အဲ့သဘာဝလွန်ကောင်ကြီးထွက်လာတယ်ပေါ့ လူတွေလဲ အစကမသိတော့ကြည့်မိကြပြီး ရူးကုန်တယ် ကိုယ့်ကိုကိုယ်သတ်သေတယ် စိတ်တွေ လွတ်ထွက်ကုန်တယ်တစ်ရက် မယ်လိုရီဆိုတဲ့ ကျွန်တော်တို့မင်းသမီးချောကြီး Sandra Bullock တစ်ယောက် သူ့ညီမဖြစ်သူနဲ့ ဗိုက်သွားပြတာပေါ့ လမ်းမှာ အဲ့ကမ္ဘာပျက်မယ့်အဖြစ်အပျက်နဲ့ ကြုံတွေ့မိတာပဲ ကံကောင်းချင်တော့ကယ်မယ့်သူပေါ်လာပြီး အိမ်တစ်အိမ်ထဲရောက်ခဲ့တယ် အဲ့အိမ်မှာလဲအခြားသူတွေရှိတာပေါ့ ဒီတော့ဇာတ်လမ်းက survivalဇာတ်လမ်း အဲ့အိမ်ထဲမှာပိတ်မိနေတဲ့သူတို့Medusa လိုမျိုးအကြည့်တစ်ချက်နဲ့ရူးစေတဲ့နတ်ဆိုးကြီးဘေးက ကမ္ဘာပျက်ကပ်ဆိုက်နေတဲ့ဘေးကဘယ်လိုရှင်သန်အောင်လုပ်ကြမလဲ ဇာတ်သိမ်းလေးဘယ်လိုဖြစ်သွားမလဲကတော့ ကိုယ့်ဖာသာပဲကြည့်ရှုခံစားကြည့်ပါဆိုတော့တာ ဒီကားလေးက rating သိပ်မများပေမယ့် အတော်လေးသပ်ရပ်လှပတဲ့ကားလို့မြင်မိပါတယ်နာမည်လေးကလဲBird Box ငှက်အိမ်လေးတဲ့ ဒီနာမည်ပေးထားတာလေးကိုချီးကျူးမိတယ် ဇာတ်လမ်းနဲ့လဲဆက်စပ်နေတာကိုး ဆိုတော့ကာ plotကကျွန်တော်ပြောခဲ့သလိုပဲဘာမှ သိပ်ထူးထူးခြားခြားကြီးမရှိဘူး ဒါပေမယ့်ကြည့်ရတာတော့သိပ်ကိုထူးခြားမှာပါ ...
movie
Bird Box (2018)
2018
5.1
Shangri-La Suite (2016)
Kill the King (0r) Shangri-La Suite (2016) =============================ဂျက်ဘလူးဘလဒ်ဟာ ကံဆိုးတဲ့ဂေါက်ဘဲတစ်ပွေပဲ။ မိခင်ဟာ မီးတွင်း ထဲမှာပဲဆုံးပါးခဲ့တယ်။ အဲဒီအတွက်သူ့ကို ခွင့်မလွှတ်နိုင်တဲ့အဖေနဲ့ ကြီး ပြင်းခဲ့ရတယ်။ ငယ်စဉ်တောင်ကျေးထဲက ဖခင်ရဲ့အငြိုးကြီးစွာနဲ့ရိုက်နှက် မှုကိုခံရင်း အရွယ်ရောက်ခဲ့ပေါ့။ ရော့အင်ရိုးလောကရဲ့ဘုရင်တစ်ပါးလို့ တင်စားကြတဲ့ အဲလ်ဗစ်ပရတ်စလေ(Elvis Presley) ဟာသူ့ဘဝရဲ့ကိုး ကွယ်ရာဖြစ်ခဲ့တယ်။ အထီးကျန်ညတွေကို အဲလ်ဗစ်သီချင်းတွေနားထောင် ရင်းကျော်ဖြတ်ခဲ့ရ။ နောက်ပိုင်းအရွယ်ရောက်လာတော့ ဆေးစွဲပြီး ဆေး ဖြတ်ခန်းကိုပို့ခံခဲ့ရတယ်။ အဲလ်ဗစ်ကိုလည်း ခင်ဗျားတော့ လိုင်းကြောင် နေပြီဘာညာရေရွတ်လို့ပေါ့။ အဆိုပါ ဆေးဖြတ်ခန်းမှာပဲ သူဟာ ကယ်ရင် ဘဒ် ဆိုတဲ့ မိန်းမချော လေးနဲ့တွေ့ဆုံချစ်ကျွမ်းဝင်ခဲ့တယ်။ နောက်တော့ နှစ် ယောက်သား အတူတူထွက်ပြေးပြီး အဲလ်ဗစ်ပရတ်စလေကို လုပ်ကြံသတ် ဖြတ်ဖို့ခရီးနှင်ခဲ့ကြတယ်။ ဇာတ်လမ်းကတော့ဒါပါပဲ။၁၉၇၄ နွေရာသီ၊ ကိုယ်စီကိုယ်စီအိပ်မက်တွေနဲ့ ချစ်သူနှစ်ယောက်၊ ဂေါက် ဘဲရဲ့ဘဝရည်မှန်းချက်ကရှင်းရှင်းလေး အဲလ်ဗစ်ကိုသတ်မယ်။ ဒီဇာတ်လမ်းမှာ ကောင်မလေးအကြောင်းလည်းနည်းနည်းထည့်ပြောရလိမ့်မယ်။ သူနေထိုင်တဲ့ လူ့အဖွဲ့စည်းကို စိတ်ကုန်နေတဲ့အမျိုးသမီးငယ်တစ်ယောက်။ ကောင်းကောင်း မွန်မွန်ကြီးပြင်းခဲ့ပေမယ့် မိသားစုနဲ့အစေးမကပ်သူ။ ကဗျာတွေရေးတယ်။ သူများတွေမတွေးမိတာတွေတွေးပြီး ငေးချင်ငေးမယ်။ ရှင်သန်ခြင်းအပေါ်မှာ တုံဏိဘာဝေဖြစ်နေသူ။ ဂျက်နဲ့တွေ့တော့ ဂျက်ရဲ့စောက်ဂရုမစိုက်တဲ့ အထာတွေ၊ ကမူးရှူးထိုးပုံစံတွေ၊ ထီမထင်တဲ့ပြောပေါက်တွေဟာ သူမကိုကိုင်လှုပ်လိုက်သလို ဖြစ်သွားတယ်။ အဲဒီမှာ ...
movie
Shangri-La Suite (2016)
2016
5.9
Bruiser (2022)
Bruiser (2022) ===========ဒီဇာတ်ကားကိုတော့ အဖေနှစ်ယောက် သားလုတဲ့ကားလို့ပြောရ မလားပဲဗျ။ လူမည်းမိသားစုတစ်စုရဲ့အကြောင်းပေါ့။ ဒဲရီးယပ်စ်ဆိုတဲ့ ၁၄နှစ်အရွယ်ကောင်လေးတစ်ယောက် ကျောင်းပိတ်ရက်မှာ ဘော် ဒါဆောင်ကနေ အိမ်ပြန်လာရာက ဇာတ်လမ်းစပါတယ်။ သူ့အဖေရင်းကတော့ သူမွေးလာတုန်းက တာဝန်ယူဖို့အဆင်သင့်မဖြစ် သေးလို့ဆိုပြီး ပစ်သွားတာပါ။ ငယ်ငယ်ကတည်းကနေ အခုချိန်ထိ ကျွေးမွေးစောင့်ရှောက်လာတဲ့သူက သူ့အမေရဲ့ခင်ပွန်းဖြစ်တဲ့လက်ရှိ အဖေပေါ့။ အဖေရင်းနဲ့လက်ရှိမိဘတွေက ငယ်သူငယ်ချင်းကြီးတွေ ဖြစ်ကြလေရဲ့။ တစ်ရက်ကျ သူ့အဖေရင်းဟာ ပြန်ရောက်ချလာပြီး ဒဲရီးယပ်စ်ရဲ့မိသားစုဘဝထဲကို ဝင်လာပါလေရော။သွေးသားရင်းဖြစ်တဲ့ အဖေရင်းဟာ သူ့အပေါ်နားလည်ပေးတယ်လို့ ဒဲရီးယပ်စ်တစ်ယောက် ခံစားလာရပါတယ်။ အဖေရင်းကလည်း သူ့ သားသူမတွေ့ရမနေနိုင်တော့ပါဘူး။ လက်ရှိအဖေကတော့ စည်းကမ်း တင်းကြပ်တာတွေ၊ ဆူဆူပူပူပြောတာတွေကြောင့် ဆယ်ကျော်သက် ဖြစ်တဲ့ ဒဲရီးယပ်စ်နဲ့ အစေးမကပ်ဘူးပေါ့။ လက်ရှိအဖေဟာ ဒဲရီးယပ်စ် အဖေရင်းရဲ့အကျင့်နဲ့ နေပုံထိုင်ပုံကြောင့် သူ့သားကို အဲ့လူနဲ့နီးနီးမှာ နေ ခွင့်မပေးနိုင်ဘူးဖြစ်ပြန်ပါတယ်။ပေါ့ပေါ့ပါးပါးနဲ့ သူ့ကိုပျော်အောင်လုပ်ပေးနိုင်တဲ့ အဖေရင်းနဲ့ စနစ်တကျ ရှိပြီး အခုချိန်ထိ သူ့ကိုကျွေးမွေးပေးလာတဲ့ လက်ရှိအဖေတို့ကြားမှာ ဒဲရီးယပ်စ်တစ်ယောက် ဝေခွဲရခက်နေပါတယ်။ အဖေနှစ်ယောက်ကလည်း မတည့်ကြတာမို့ သူ့သားငါ့သားဆိုပြီး ငြင်းကြပါတော့တယ်။ ကဲပါ ကြည့်ရှု ခံစားလိုက်ကြပါဦး။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Ngwe Zin ဖြစ်ပါတယ်)File Size..........(1.82 GB) / (757 MB) / ...
movie
Bruiser (2022)
2022
5.9
The Predator (2018)
အတော်ကြာကြာ စောင့်လိုက်ရတဲ့ ရုပ်ရှင်ကားလေး အခုတော့ ထွက်လာပါပြီ။ Predator တွေကိုတော့ ရုပ်ရှင်ချစ်သူအတော်များများ ရင်းနှီးပြီးဖြစ်မှာပါ။ ကိုယ်ပျောက်နိုင်စွမ်းတွေ လက်နက်ဆန်းတွေနဲ့ လူတွေကို အားကစားတစ်ခုလို အမဲလိုက်တတ်ကြတဲ့ ဂြိုလ်သားတွေပါပဲ။ ဒီကားအကျဉ်းကတော့ စစ်တပ်က လက်ဖြောင့်စနိုက်ပါတစ်ဦးဟာ ယာဉ်နဲ့ကျလာတဲ့ ပရက်ဒေတာဂြိုလ်သားဆီကနေ ပစ္စည်းတွေ ရလာခဲ့ပါတယ်။ သူ့အတွက် သက်သေဖြစ်အောင်လို့ ဒါတွေကို သူ့ရဲ့မိသားစုဆီကို ခိုးပြီးပို့လိုက်ခဲ့တယ်ပေါ့။ ဒါပေမယ့် ဒီဂြိုလ်သားနည်းပညာကိုလိုချင်တဲ့အဖွဲ့ နဲ့ သူ့ပစ္စည်းတွေကို ပြန်လိုက်ရှာမယ့် ပရက်ဒေတာ နဲ့ အခြားပြဿနာကြီးတွေ ရင်ဆိုင်လာရပါတော့တယ်။ Predator ဇာတ်ကားအကုန်လုံးကို ဒီမှာ https://channelmyanmar.to/category/special-package/predator/ ကြည့်ပါ။File size…(7 GB)/(1.9 GB)/(900 MB) Quality…BluRay 4K HEVC/1080p HEVC/720p Format…mkv/mp4 Duration….01:48:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung,THZ Translated by Little Neo
movie
The Predator (2018)
2018
4K HEVC
6.5
12 Strong (2018)
စစ်ကားကောင်းကောင်းမှ ကြည့်ချင်တယ်ဆိုတဲ့ စစ်ကားကြိုက်ပရိသတ်တွေအတွက် 12 Strong ဆိုတဲ့ ရုံတင်ကားတစ်ကားကို တင်ဆက်ပေးလိုက်ပါပြီ။ဒီရုပ်ရှင်ဟာ Doug Stanton ရဲ့ဖြစ်ရပ်မှန်ဝတ္ထု Horse Soldiers ကို မှီငြမ်းရိုက်ကူးထားတာဖြစ်ပါတယ်။ဒီရုပ်ရှင်မှာဆိုရင်တော့ 9/11 အဖြစ်အပျက်အပြီး အာဖဂန်နစ္စတန်ကို ပထမဆုံးစေလွှတ်ခံရတဲ့ အမေရိကန်တပ်ဖွဲ့အကြောင်ကို အဓိကထားပြီး ပြသထားတာပါ။ဇာတ်လမ်းအကျဉ်းလေးကတော့ ကပ္ပတိန်မစ်ချ်နယ်လ်ဆန်ဦးဆောင်ပြီး တပ်သား ၁၂ ယောက်သာပါဝင်တဲ့ တပ်ဖွဲ့တစ်ဖွဲ့ဟာ အာဖဂန်စစ်ခေါင်းဆောင်တစ်ယောက်နဲ့ ပူးပေါင်းပြီး တာလီဘန်နဲ့ အယ်လ်ကေဒါးတွေလက်ထဲကျရောက်နေတဲ့ မြို့၊ နယ်မြေတွေကို ပြန်လည်သိမ်းယူနိုင်ဖို့ ကြိုးပမ်းကြရတာဖြစ်ပါတယ်။တာလီဘန်တွေနဲ့ ယှဉ်ရင် လက်နက်အင်အား၊ လူအင်အားလဲ မမျှသလို နယ်မြေလဲမကျွမ်းကျင်ကြတဲ့ နယ်လ်ဆန်တို့အဖွဲ့ သူတို့ရဲ့မစ်ရှင်တွေကို အောင်နိုင်ပါ့မလား၊သူတို့ရဲ့မဟာမိတ် စစ်ခေါင်းဆောင်ဆိုတာလဲ ယုံကြည်ရရဲ့လား ဆိုတဲ့ သို့လော သို့လောတွေ အများကြီးပါဝင်ပါတယ်။ပုံမှန်ဆိုရင် နှစ်စဉ် ပထမဆုံးလမှာ ရုံတင်တဲ့ရုပ်ရှင်ကားတွေက ဂွမ်းလေ့ရှိပေမယ့် ဒီကားကတော့ ရုံတင်တဲ့အခါ တော်တော်လေး ချီးကျူးခံခဲ့ရတဲ့ကားတစ်ကားဖြစ်ပါတယ်။တာလီဘန်တွေ ဘယ်လောက်ရက်စက်သလဲဆိုတာကိုသေချာပြသွားနိုင်ခဲ့သလို အာဖဂန်ပြည်သူတွေရဲ့ သနားစရာကောင်းတဲ့ဘဝအခြေအနေတွေကိုလဲ သေချာရိုက်ကူးပြသွားခဲ့ပါတယ်။ဝေဖန်ရေးဆရာတွေ ...
movie
12 Strong (2018)
2018