Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Tracy Vilar
5.5
Joe’s Apartment (1996)
ဂျိုးဟာ အိုင်အိုဝါနယ်သားလေးတစ်ယောက်ဖြစ်ပြီး အလုပ်ရှာဖို့ရည်ရွယ်ချက်နဲ့နယူးယောက်ကိုတက်လာခဲ့တာဖြစ်ပါတယ်။ ရောက်ကတည်းက မြို့ကြီးသားတွေပညာပြတာကို အလီလီခံနေရပြီး အိမ်ကိုငွေပြန်ပို့ဖို့နေနေသာ တစ်ချိန်လုံး သူ့အမေဆီကပဲ ချေးနေရပါတယ်။ နေဖို့ထိုင်ဖို့အတွက် ကျောတစ်ခင်းစာနေရာလိုက်ရှာရင်း ဆင်းရဲသားရပ်ကွက်ထဲက တစ်ခုတည်းကျန်နေတဲ့ တိုက်ကြီးတစ်လုံးက အခန်းတစ်ခန်းကိုစျေးချိုချိုနဲ့ရခဲ့ပါတယ်။တကယ်တော့ သူရသွားတဲ့တိုက်ခန်းနေရာကို လွှတ်တော်အမတ် ဒေါ်ဂါတီက ထောင်ကြီးတစ်လုံးတည်ဆောက်ဖို့ရည်ရွယ်နေတာ ဖြစ်ပြီး နေထိုင်သူတွေကိုလူဆိုးတွေနဲ့ခြိမ်းခြောက်မောင်းထုတ်လေ့ရှိပါတယ်။ဂျိုးရောက်အပြီးမကြာခင်မှာပဲ သူ့ကိုခြိမ်းခြောက်ဖို့လာတဲ့ လူဆိုးနှစ်ယောက်ကို တိုက်ခန်းထဲမှာရှိတဲ့ ဂျိုးရဲ့အခန်းဖော်တွေက ပညာပြလွှတ်လိုက်တဲ့အတွက် အလဲလဲအကွဲကွဲထွက်ပြေးသွားကြရပါတယ်။ အဲ့ဒီအခန်းဖော်တွေကတော့ သူ့အရင်အစဉ်အဆက်နေထိုင်ခဲ့ကြတဲ့ ပိုးဟပ်တွေဖြစ်ပြီး အဲ့ဒီပိုးဟပ်တွေအကုန်လုံးက စကားပြောတတ်ပါတယ်။ သူတို့လိုပဲ ညစ်ပတ်ပျင်းရိတဲ့ ဂျိုးကို ချက်ချင်းသဘောကျသွားပြီး ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ဖို့ ကမ်းလှမ်းလာချိန်မှာတော့..။ဂျိုးတစ်ယောက်ပိုးဟပ်တွေနဲ့အတူယှဉ်တွဲနေထိုင်နိုင်သွားမလား? သူတို့တိုက်ခန်းနေရာကိုလိုချင်နေတဲ့ လွှတ်တော်အမတ်နဲ့ တပည့်လူဆိုးတစ်သိုက်ကိုဘယ်လိုရင်ဆိုင်ဖြေရှင်းမလဲ? အစရှိတာတွေကို ဇာတ်ကားထဲမှာဆက်ပြီး အဖြေရှာလိုက်ကြပါ။တစ်ကားလုံးခွီနေရတဲ့ဇာတ်ကားဖြစ်ပါတယ်။( ဘာသာပြန််ပြီး အညွှန်းရေးသားထားသူကတော့ alias ပါ )File size_(2GB)/(1GB) Quality_Blu-Ray 1080p / 720p Format_mp4 Duration_01:20:00 Genre_Comedy, Fantasy, Sci-Fi Subtitle_Myanmar Subtitle (Hardsub) Encoder_a hao Translated by alias
movie
Joe’s Apartment (1996)
Missing (2023)
ဇာတ်လမ်းကို ချုပ်ပြောရရင် အမေပျောက်ရှာပုံတော်ပေါ့ဗျာ။ အဲ့ထက်နည်းနည်းလေးချဲ့ရရင်တော့ ကျွန်တော်တို့ ခေတ်ရဲ့ မြန်နှုန်းမြင့် အင်တာနက်တွေ၊ ဆိုရှယ်မီဒီယာတွေဟာ အသုံးပြုသူတွေအပေါ် ကောင်းကျိုးနဲ့ဆိုးကျိုး ဘယ်လိုအကျိုးသက်ရောက်မှု ရှိနေသလဲဆိုတာကို ချပြထားရင်း ဂျန်ဇီး ဇာတ်လိုက်ဟာ သူသိထားတဲ့ ဆိုရှယ်မီဒီယာတွေကိုသုံးပြီး သူ့မိခင်ကိုဘယ်လိုရှာဖွေမလဲ ကြည့်ရှုရမှာပဲဖြစ်ပါတယ်။ ဒါပေမယ့် အဲလောက်ထိတော့ မရိုးရှင်းနေပါဘူး။ သူသိသမျှမွှေနှောက်ရင်း သူ့အမေရဲ့ အတိတ်၊ သူ့ရဲ့အတိတ်၊ သူ့နားကလူတွေရဲ့အတိတ်မှာ ဘာတွေဖြစ်ခဲ့သလဲဆိုတာကို သိလာတဲ့အချိန် ဘာတွေဆက်ဖြစ်မလဲ။ ဇာတ်လမ်းကလည်း လှည့်ကွက်တွေ ပါသင့်သလောက်ပါတာကြောင့် အဆုံးအထိ မပျင်းပဲ ဆွဲခေါ်သွားနိုင်ပါတယ်။ သူတို့ချပြချင်တဲ့ အကြောင်းအရာတွေကို ၂ နာရီ မပြည့်ဘဲ အကုန်ချပြသွားနိုင်တယ်လို့ ကျွန်တော်ကတော့ ယူဆပါတယ်။File size…(2 GB)/(1 GB)/(500 Mb) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:50:00 Genre...Drama , Mystery , Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Min Thant ...
movie
Missing (2023)