Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Tracy Pfau
Adam the First (2024)
ငယ်ငယ်လေးကတည်းက မွေးစားမိဘတွေနဲ့အတူနေထိုင်လာခဲ့တဲ့ အာဒံဟာ သိချင်စိတ်, စူးစမ်းချင်စိတ်ပြင်းတဲ့ ဆယ်ကျော်သက်အရွယ်ကိုရောက်လာတဲ့အခါမှာတော့ သူ့ရဲ့မိဘအရင်းတွေကို သိချင်လာပါတော့တယ်။ ငယ်စဉ်ကတည်းက မွေးစားမိဘတွေနဲ့အတူတူ တောထဲမှာပဲ နေခဲ့ပြီးတော့ အတန်းပညာမတတ်ပေမယ့် မွေးစားအဖေဟာ အသက်ရှင်နေထိုင်နိုင်မယ့် နည်းလမ်းများကိုတော့ စုံလင်အောင် သင်ကြားပေးခဲ့ပါတယ်။တရက်မှာတော့ မွေးစားမိဘတွေရဲ့ နေရာကို ရဲတွေရောက်လာရင်း ရုန်းရင်းဆန်ခတ်ဖြစ်ခါ မိဘနှစ်ပါးလုံး သေနတ်နဲ့အပစ်ခံရတာကို မြင်လိုက်ရတဲ့ အာဒံဟာ ထွက်ပြေးခဲ့ပါတော့တယ်။ ဒီလိုနဲ့ ဘယ်ကိုသွားရမှန်းမသိတဲ့ အာဒံဟာ သူ့ရဲ့ မိဘအရင်းတွေကို လိုက်ရှာဖို့ ခရီးထွက်လာပါတော့တယ်။ မိဘအရင်းတွေရဲ့အကြောင်းဆိုလို့ သူ့အဖေအရင်းနာမည်ဟာ ဂျေကော့ဘ်ဝါတာဆန်ဆိုတာကလွဲရင် ဘာမှမသိရပါဘူး။အဖေရင်းရှာပုံတော်ဖွင့်ရင်းကနေ အာဒံတစ်ယောက် ဘာတွေ ကြုံတွေ့ရမလဲ ...... နောက်ဆုံးမှာရော အဖေအရင်းနဲ့ တွေ့ခွင့်ရခဲ့မလား ....... ဆိုတာတွေကို ကြည့်ရှုရမယ့် ဇာတ်ကားကောင်းလေးဖြစ်ပါတယ်။(ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ကတော့ Sakura ပဲ ဖြစ်ပါတယ်) File size…(1.4 GB)/(710 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:45:00 Genre... Drama Subtitle….Myanmar ...
movie
Adam the First (2024)
4.3
Nix (2022)
Nix (2022) =========Nix ဆိုတာ ဂျာမန်ဒဏ္ဍာရီလာအရဆိုရင်တော့ ပုံစံအမျိုးမျိုးပြောင်းနိုင်တဲ့ ရေနေဝိညာဉ်တစ်မျိုးပါ။ စကားအရတော့ nothing ဆိုတဲ့အဓိပ္ပါယ်မျိုး ဖြစ်ပါတယ်။ အဲဒီ Nix နဲ့ ဒီဇာတ်လမ်းက ဘယ်လိုများပတ်သက်နေမလဲ...ကွိုင်ရ်မိသားစုဟာ ပျော်စရာကောင်းတဲ့မိသားစုလေးဖြစ်ပြီး ဂျက်ခ်၊ လူးကပ်စ်နဲ့ တက်ဆာဆိုတဲ့မောင်နှမ ၃ ယောက်ရှိပါတယ်။ တစ်နေ့မှာ ရေကန်ကြီးတစ်ခုနားကို ပျော်ပွဲစားထွက်ကြတဲ့အခါ မထင်မှတ်တဲ့ကံကြမ္မာဆိုးက သူတို့မိသားစုကို ရိုက်ခတ်သွားပါတော့တယ်။အဲဒီကံကြမ္မာဆိုးဟာ မိသားစု၀င်တချို့ကို ခေါ်ဆောင်သွားခဲ့ရုံမက ကျန်ရစ်ခဲ့တဲ့ သူတွေကိုပါ အလွတ်မပေးဘဲ အမြဲခြောက်ခြားနေစေခဲ့ပါတယ်။ နှစ်ပေါင်းများစွာ ပျော်စရာပျောက်ဆုံးသွားတဲ့ မိသားစုကြီးကို ဦးဆောင်နေရသူကတော့ သားအကြီးဆုံး ဂျက်ခ်ပါ။ မိသားစုကိုရော ညီဖြစ်သူရဲ့သမီးငယ်ဇိုဝီကိုပါ စောင့်ရှောက်ခဲ့ရပါတယ်။ တစ်နေ့တော့ သူတို့မိသားစုရဲ့အရိပ်ဆိုးကြီးဟာ ဇိုဝီ့နောက်ကိုပါ လိုက်လာခဲ့ပါတယ်။ အဲဒီအခါ ဂျက်ခ်တစ်ယောက် တူမဖြစ်သူကိုကယ်တင်ဖို့ကြိုးစားရင်း မိသားစုကို ဒုက္ခပေးနေတဲ့အရာကြီးနဲ့ ရင်ဆိုင်တိုးရတဲ့အခါ....ဒီတစ်ကြိမ်မှာရော မိသားစုကို ကယ်တင်နိုင်ပါ့မလား၊ ဘယ်လိုအရာမျိုးတွေနဲ့ရင်ဆိုင် ရမလဲ၊ ဒီကားထဲမှာ Nix ဟာ ဘာကို ဆိုလိုသလဲဆိုတာကို စိတ်၀င်စားစရာကြည့်ကြ ရမှာပါ။ တကယ့်မကောင်းဆိုးဝါးနဲ့ လူ့စိတ်အတွင်းက မကောင်းဆိုးဝါးကိုပါ နှိုင်းယှဉ် ပြထားတဲ့ Horror ဇာတ်လမ်းတစ်ပုဒ်မို့ မလွတ်တမ်းကြည့်လိုက်ကြပါဦးနော်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ C'mon ဖြစ်ပါတယ်) File ...
movie
Nix (2022)
2022
5.3
Paradise Highway (2022)
Paradise Highway (2022)ဆယ်လီဆိုတဲ့ အမျိုးသမီးဟာ ကုန်ကားကြီးတွေ မောင်းရင်း ဘ၀ဖူလုံရေးအတွက် ငွေရှာတယ်။ သူ့မှာ ဒန်းနစ်ဆိုတဲ့ ထောင်ကျနေတဲ့ မောင်တစ်ယောက်ရှိတယ်။မဝေးတော့တဲ့ တစ်ရက်နှစ်ရက်မှာ လွတ်တော့မယ့် သူ့ရဲ့မောင်က ထောင်တွင်း မူးယစ်ဆေး ရောင်း၀ယ်ဖို့ သူ့ကို အကူအညီတောင်းတဲ့အခါ ပစ္စည်းရဖို့အရေး ဆယ်လီတစ်ယောက် အပြင်မှာ ထပ်လှုပ်ရှားရတယ်။ဒီလိုနဲ့ ထောင်ထဲက မောင် ဒုက္ခမရောက်ဖို့အရေး လေလာဆိုတဲ့ ၁၀ နှစ်၀န်းကျင်ကလေးမလေးကို လူကုန်ကူးပေးဖို့ အကြောင်းဖန်လာတယ်။ ဒါပေမဲ့ နယ်စပ်ရောက်တဲ့အချိန်မှာ ကလေးမလေးက တစ်ဖက်လူကို ဆယ်လီ့ကားထဲက သေနတ်နဲ့ ပစ်လိုက်လို့ လူသေမှုတစ်ခု ပြဿနာကပါ ဆယ်လီ့ဘ၀ထဲကို ထပ်တိုး၀င်လာပါတော့တယ်။ဒီဇာတ်လမ်းမှာ အမှုစုံစမ်းတဲ့ စုံထောက် duo အဖြစ် မင်းသားကြီး Morgan Freeman နဲ့ Cameron တို့ရဲ့ အတွဲညီမှုက တစ်ဖက်၊ ဆယ်လီအဖြစ် သရုပ်ဆောင်တဲ့ မင်းသမီးကြီး Juliette Binoche နဲ့ လေလာအဖြစ် သရုပ်ဆောင်သူ ကလေးသရုပ်ဆောင် Hala Finley တို့ရဲ့ ...
movie
Paradise Highway (2022)
2022
6.0
Bedazzled (2000)
Bedazzled (2000)IMDb - 6.0/10_____Rotten - 50% အဲလိယော့ဟာ သူ့ရဲ့ကြောင်တောင်တောင် အမူအကျင့်ကြောင့် အပေါင်းအသင်းလဲဝင်မဆန့်လုပ်ဖော်ကိုင်ဖက်တွေကပါ ရှောင်ဖယ်ကြတဲ့ လူတစ်ယောက်ပါ။ သူကတော့ အဲ့ဒါတွေကို အမှုမထားပဲ ခပ်တည်တည်နဲ့ဝင်ရောလေ့ရှိပါတယ်။ တစ်နေ့ သူ့ကိုရှောင်ချင်လို့ တမင်မမြင်ချင်ယောင်ဆောင်နေတဲ့ အလုပ်ကလူတွေဝိုင်းကို ဝင်နှောင့်ယှက်ရင်းကနေ သူ ကြိတ်ကြွေနေတဲ့ မိန်းမလှလေးဖြစ်တဲ့ အလီဆင်ကို တွေ့မိချိန်မှာတော့ ပါးစပ်ကနေ 'သူ့ကိုသာ ရမယ်ဆိုရင် ဘာပဲပေးရပေးရ' လို့ လွှတ်ကနဲ ရေရွတ်မိသွားတယ်။ အဲ့ဒီအချိန်မှာ သူ့ရှေ့ကို ဘိလိယက်ဘောလုံးလေးတစ်ခု လွင့်လာပါတယ်။ ဘောလုံးကလေးရဲ့ ပိုင်ရှင်ကလဲ မိန်းမလှတစ်ယောက်ပါပဲ။ အနီရောင်ဝတ်စုံဝတ် ညို့အားပြင်းပြင်း ရဲတင်းသွက်လက်မယ့်ပုံစံနဲ့ မိန်းမလှတစ်ယောက်။ အဲ့ဒီမိန်းမလှက သူ့ကိုယ်သူ မိတ်ဆက်လာတယ်။ သူဟာ နတ်ဆိုးတစ်ကောင်ဖြစ်ပြီး အဲလိယော့ရဲ့ဝိဉာဉ်ကို ရောင်းမယ်ဆိုရင် ဆုတောင်းခုနှစ်ခုဖြည့်ပေးမယ့်အကြောင်း။ အလီဆင့်ကိုရရင် ဘာပဲလုပ်ရလုပ်ရဆိုတဲ့ အဲလိယော့ သူ့ဝိဉာဉ်ကိုရောင်းဖို့ဆုံးဖြတ်ချက်ချလိုက်ပါတော့တယ်။ အဲ့ဒီမှာကြုံရတဲ့ အလွဲအချော်တွေနဲ့ ကြောင်တောင်တောင် အဲလိယော့ ဒုက္ခရောက်ရပုံတွေနဲ့ တစ်ကားလုံးခွီနေရပါတယ်။ ပြီးတော့ နတ်ဆိုးအဖြစ် သရုပ်ဆောင်တဲ့ တစ်ချိန်က မမလှလှ အဲလိဇဘတ်ဟာလေးရဲ့ ...
movie
Bedazzled (2000)
2000