Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Tracy Letts
7.6
Ghostbusters: Afterlife (2021)
Ghostbusters: Afterlife (2021) က ၂၀၁၆ က Ghostbusters ရဲ့ Remake မဟုတ်ပါဘူး။ နောက်ဆက်တွဲ အနေနဲ့ ထွက်တာပါ။ သရဲဖမ်းသမားတွေရဲ့ မြေးတွေ မျိုးဆက်သစ်တွေကို တွေ့ရမှာဖြစ်သလို သရဲဖမ်းသမားဟောင်းကြီးတွေကိုလည်း ဧည့်သည်အဖြစ် တွေ့ရဦးမှာပါ။ သရဲဖမ်းသမားတွေကို လူတိုင်းရင်းနှီးကြမှာပါ။ သိပ္ပံနည်းလမ်းတွေနဲ့ ပရိုတွန် သေနတ်တွေ ထောင်ချောက်တွေနဲ့ သရဲတွေကို နှိမ်နင်းကြတဲ့သူတွေပေါ့။ ဒီဇာတ်လမ်းမှတော့ မူရင်း သရဲဖမ်းသမားတွေလည်း အငြိမ်းစားယူ၊ သရဲတွေလည်း ပေါ်မလာတော့တာ နှစ် ၃၀ လောက်ရှိပါပြီ။ သူတို့မြေးတွေ လက်ထက်ကျမှ သရဲအကြမ်းကြီးတွေ ပေါ်လာလို့ သူတို့အဘိုးတွေရဲ့ လက်နက်တွေနဲ့ ပြန်တိုက်ခိုက်ရတဲ့ ဇာတ်လမ်းပါ။ ဂန္ဓဝင်ကားတွေကို ဆက်ရိုက်ရင် fail တာများနေတဲ့ ခေတ်ထဲမှာ Rating 7.6 အထိရောက်လာတဲ့ ကျေနပ်လောက်စရာ နောက်ဆက်တွဲရုပ်ရှင်လေးပါပဲ။ ခံစားကြည့်လိုက်ပါဦး။ File size…(4 GB)/(1.6 GB )/(999 MB) Quality….BluRay ...
movie
Ghostbusters: Afterlife (2021)
4K HEVC
7.3
Little Women (1994)
အမေရိကန်စာရေးဆရာမကြီး Louisa May Alcott ရဲ့ ဂန္ထဝင်လက်ရာ Little Women Novel ကို ရုပ်ရှင်အဖြစ် အကြိမ်ကြိမ်အသက်သွင်းခဲ့ဖူးပါတယ်။ ပြန်လည်ရိုက်ကူးထားတဲ့ ရုပ်ရှင်တွေထဲကမှ ပရိတ်သတ်ကြီးတို့နဲ့ ရင်းနှီးနေလောက်မှာကတော့ ၂၀၁၉တုန်းကထွက်ခဲ့တဲ့ Timothée Chalamet တို့၊ Emma Watsonတို့ပါတဲ့ကားပေါ့။ အဲ့တုန်းကလည်း CM မှာ တင်ပေးပြီးပါပြီ။ အခုဒါကတော့ အဲ့ရှေ့က ၁၉၉၄ခုနှစ်မှာထွက်ခဲ့တဲ့ Little Women ပါ။Little Women Movie တွေထဲမှာ ဒီတစ်ခုကလည်းတကယ်ထိတ်ထိတ်ကြဲပါ။ IMDb 7.3နဲ့ Rotten Tomatoes 93%ရထားတဲ့အပြင် Cast တွေကိုပြေးကြည့်လိုက်ရင်လည်း ဘတ်မန်းမင်းသား Christian Baleက လော်ရီနေရာက၊ Stranger Things ထဲမှာJoyce Byersအဖြစ်ပါခဲ့တဲ့ မင်းသမီးWinona Ryderက ဂျို၊ စပိုက်ဒါမန်းထဲက MJ အဖြစ်သရုပ်ဆောင်ခဲ့တဲ့ Kirsten Dunstက အေမီနေရာက ...
movie
Little Women (1994)
5.9
Wiener-Dog (2016)
Storytelling Style ထူးခြားတဲ့ ရုပ်ရှင်တစ်ကားနဲ့CM ပရိသတ်ကြီးကို မိတ်ဆက်ပေးချင်ပါတယ်။ဒါရိုက်တာ Todd Solondz ရိုက်ကူးထားပြီး ပိုင်ရှင်တစ်ယောက်ကနေတစ်ယောက် ပြောင်းသွားရတဲ့ Dachshund ခွေးတစ်ကောင်ကပိုင်ရှင်တွေရဲ့ ဘဝကို တိတ်တဆိတ် မြင်နေရတဲ့ ရှုထောင့်ကနေ တင်ဆက်ထားတာပါ။ ခွေးလေးရဲ့ ပထမပိုင်ရှင်ကတော့ Remi ပါ။Cancer survivor ကလေးလေး Remi က Weiner Dog လို့ နာမည်ပေးခဲ့ပြီးခွေးကလေးက Remi အတွက် နှစ်သိမ့်စရာ ရှုထောင့်လေး ဖြစ်ခဲ့ပါတယ်။နောက်တော့ မိဘတွေရဲ့ အမြင်ကွဲပြားမှုကြောင့် ခွေးလေးကိုအိမ်မွေ့ချသတ်ဖို့ ဆုံးဖြတ်လိုက်ရာကနောက်ပိုင်ရှင်တစ်ယောက်ဆီ ရောက်လာရပါတော့တယ်။ အိပ်မွေ့ချသတ်ခံရမဲ့ ခွေးလေးကို တိရစ္ဆာန်ကုဆေးရုံကသူနာပြု Dina က မွေးစားခဲ့ပြီး Doo Dee လို့ နာမည်ပေးခဲ့ပါတယ်။သူငယ်ချင်းဟောင်း Brandon နဲ့ ခရီးသွားရင်း ခွေးလေးကိုပိုကောင်းတဲ့ဘဝရနိုင်ဖို့ Brandon ရဲ့ Down Syndrome ဖြစ်နေတဲ့ညီဖြစ်သူ Tommy နဲ့ ချစ်သူ ...
movie
Wiener-Dog (2016)
2016
7.3
The Post (2017)
The Post(2017) ************** IMDb....7.3,,,,,Rotten ....88 ဒါရိုက်တာက Steven Spielberg ....အဓိက သရုပ်ဆောင်တွေကMeryl Streep, Tom Hanks နဲ့ Sarah Paulson ....Rating တွေ မြင့်တာတွေ အော်စကာဆုတွေမှာ စာရင်းဝင်ခဲ့တာတွေအခြားဆုပေါင်းများစွာ ရတာတွေ အသာထား ...ဒီဒါရိုက်တာ နဲ့ ဒီသရုပ်ဆောင်တွေနဲ့တင် ထွေထွေထူးထူး ညွှန်းဆိုဖွဲ့စရာ မလိုဘူးထင်တယ်....အမေရိကန်ရဲ့ထိပ်တန်းသတင်းစာတိုက်တစ်ခုဖြစ်တဲ့ The Washington Post မှာပထမဆုံးအမျိုးသမီးပုံနှိပ်ထုတ်ဝေသူဟာKatherine Graham (မင်းသမီးကြီး Meryl Steep) ပါ...အယ်ဒီတာကတော့Ben Bradlee (မင်းသားကြီးTom Hanks) ဖြစ်ပါတယ်..သူတို့ဟာ အစိုးရရဲ့နှစ်ပေါင်းသုံးဆယ်တိုင်တိုင် ဖုံးကွယ်ထားတဲ့ လျှို့ဝှက်ချက်တွေပြည်သူတွေကိုညာခဲ့တာတွေကို ပြိုင်ဘက်သတင်းစာတိုက်ဖြစ်တဲ့The Nw York Times နဲ့အပြိုင် ထုတ်ဖော်ကြတယ်...အစိုးရကိုလျှို့ဝှက်ချက်တွေ ထုတ်ဖော်ပြီဆိုမှာတော့ သူတို့တွေ ကြုံရတဲံ အခက်အခဲတွေအန္တရယ်တွေဟာ ဘေးပတ်လည် ဝိုင်းနေပါတယ်...အစိုးရရဲ့ လျှို့ဝှက်ချက်တွေ လိမ်ညာမှုတွေက ဘာလဲ...သူတို့တွေကရော ရင်ဆိုင်နိုင်ပါ့မလား...ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ ညီမငယ် JtheKoala ဖြစ်ပါတယ်...File Size :(2.6GB) &(994MB) Quality ...
movie
The Post (2017)
2017
8.1
Ford v Ferrari (2019)
Ford v Ferrari (2019) IMDb - 8.1/10_______Rotten - 92% won 2 Oscars. Another 21 wins & 73 nominations ပြိုင်ကားထုတ်လုပ်သူတွေအတွက်တော့ ပြင်သစ်နိုင်ငံရဲ့ နာမည်ကျော် လမန်းစ် ကားပြိုင်ပွဲဟာ အရေးအကြီးဆုံး မှတ်ကျောက်တင်ခံရတဲ့ ပွဲပါပဲ။၂၄ နာရီတိတိ ပတ်လမ်းတွေထဲမှ ာ တစ်နာရီကို မိုင် ၂၀၀ နှုန်းလောက်နဲ့ တစ်ပတ်ပြီး တစ်ပတ် ပတ်နေရတဲ့ ပြိုင်ပွဲပါပဲ။ ကားတစ်စီးရဲ့ အမြန်နှုန်း၊ ခံနိုင်ရည်၊ စိတ်ချယုံကြည်ရမှု ကို အကောင်းဆုံး စမ်းသပ်တဲ့နေရာဖြစ်ပြီး အသက်ဘေးလည်း နီးတယ်လို့ ပြောလို့ရပါတယ်။ ဒီလို ပြိုင်ပွဲမျိုးမှာ ဖရာရီကားကုမ္ပဏီက ၆ နှစ်ဆက်တိုက် ဗိုလ်စွဲထားခဲ့တဲ့အတွက် ပြိုင်ကားလောကမှာတော့ အဲဒီခေတ်မှာ ဖရာရီဟာ ပြိုင်ဘက်ကင်းပါပဲ။ ဒီ ဖရာရီအီတလီကားကုမ္ပဏီကို ဖို့ဒ်က ဝယ်ဖို့ကြိုးစားလာတဲ့အခါ ဖရာရီကားကုမ္ပဏီပိုင်ရှင် အန်ဇိုက ဖို့ဒ်ကို စော်ကားမော်ကား ပြောပြီး ငြင်းဆိုခဲ့တဲ့အတွက် ဒုတိယမြောက်ဟင်နရီဖို့ဒ်ဟာ ငွေတွေပုံအောသုံးပြီး အကောင်းဆုံးလူတွေနဲ့ ပြိုင်ကားတည်ဆောက်၊ လမန်းစ်ပြိုင်ပွဲမှာ ...
movie
Ford v Ferrari (2019)
2019
4K HEVC
5.5
Deep Water (2022)
Deep Water (2022) တစ်မျိုးတော့မထင်နဲ့ဦး။ တကယ်ကို ထူးဆန်းပြီး ကြောင်တောင်တောင်နိုင်ပြီး အချစ်စမ်းတာက လန့်စရာကောင်းတဲ့ လင်မယားနှစ်ယောက်ရဲ့ ဇာတ်လမ်းလေးပါ။ဝက်သားဟင်းကို နေ့တိုင်းစားရတော့ တစ်ခါတလေ ချဉ်ပေါင်ဟင်းလေးလည်း စားချင်တာပေါ့ဆိုတဲ့ သဘောမျိုးပါပဲ။ အရမ်းချစ်ကြတဲ့လင်မယားနှစ်ယောက် အချိန်တွေ ကြာလာတော့ တစ်ယောက်ကို တစ်ယောက်ရိုးလာတတ်ကြသလို သူတို့ကိုမောင်းနှင်နေတဲ့ အချစ်မီးတောက်က လောင်စာတွေလျော့လာတော့ တစ်ယောက်ကိုတစ်ယောက် အပြစ်မြင်လာကြတယ်။ မိန်းမက ယောက်ျားကို အရမ်းပျင်းစရာကောင်းတယ်လို့ မြင်တယ်။ မိန်းမက သူ့ကိုအလေးမထားတော့ဘူး မချစ်တော့ဘူးလို့ ယောက်ျားက မြင်လာတယ်။ လွတ်လွတ်လပ်လပ်နေတတ်တဲ့ မိန်းမက ယောက်ျားမရှိတော့သလိုကို လွတ်လွတ်လပ်လပ်နေလာတယ်။ အဲဒီတော့ အပြစ်တွေ မြင်နေပေမဲ့ ချစ်နေသေးတဲ့ ယောက်ျားက သဝန်တိုတယ်။ဒီအထိတော့ ပုံမှန်အိမ်ထောင်ရေး ဇာတ်လမ်းလေးလိုပါပဲ...ဒါပေမဲ့ မိန်းမနဲ့ ရင်းရင်းနှီးနှီးဖြစ်နေတဲ့ သူငယ်ချင်းတစ်ယောက် ပျောက်နေတာကစပြီး ပုံမှန်မဟုတ်တော့တာပါပဲ။ အဲဒီမိတ်ဆွေပျောက်သွားတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး ယောက်ျားဖြစ်သူက သူသတ်လိုက်တာလိုလိုနဲ့ အပေါင်းအသင်းတွေကြား မိန်းမရဲ့ မိတ်ဆွေသစ်တွေကြားမှာ ဂုဏ်ယူစွာနဲ့ ...
movie
Deep Water (2022)
2022
5.8
The Woman in the Window 2021
အေမီ အဒမ် နဲ့ ဂယ်ရီအိုးမန်းတို့ ပါဝင်ထားတဲ့ crime drama mystery လေး ကြည့်လိုက်ရောင်။Best Seller ဝတ္ထုတစ်အုပ်ကို ပြန်ရိုက်ကူးထားတာပါပဲဒီကားက လှည့်ကွက်တွေပါတော့ အများကြီးတော့ ပြောမပြေတော့ပါဘူး။အန်နာဟာ ယောကျာ်းရယ် သမီးရယ်နဲ့ ကွဲပြီးတစ်ယောက်ထဲ နေနေတဲ့ အမျိုးသမီးတစ်ယောက်ပါ။အမြဲအထီးကျန်နေပြီး ပတ်ဝန်းကျင်အိမ်တွေကိုပဲ ပြတင်းပေါက်ကနေ ငေးနေတတ်တဲ့သူမျိုးပေါ့စိတ်ကျရောဂါကြောင့် ဆရာဝန်ပြနေရသလို ဆေးတွေလည်းသောက်နေရပါတယ်။တစ်နေ့မှာတော့ သူ့အိမ်ရဲ့ လမ်းဟိုဘက်က အိမ်မှာ လူသတ်မှုဖြစ်သွားတာကို တွေ့ပြီးရဲတွေကို ဖုန်းဆက်ခေါ်လိုက်ရပါတယ်။ ဒါပေမယ့် ဘာတွေဆက်ဖြစ်လာလဲဆိုတာ.... File size…(၁.၅ GB) and (1GB) Quality….WEB-DL 1080p and 720p Format…mp4 Duration….01:40:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Mr.Anderson Translated by Mr.Anderson
movie
The Woman in the Window 2021
7.8
The Big Short (2015)
The Big Short (2015) Won 1 Oscar... Another 37 wins & 80 nomination IMDb….7.8/10_____Rotten….88% [Unicode]The Big Shortစကားဦးသန်းချင်တာကတော့ ရုပ်ရှင်တစ်ကားကို ချဉ်းကပ်တဲ့အခါ အပျင်းပြေကျော်ကြည့်ချင်ရုံသက်သက်ဆို ဒီရုပ်ရှင်ကို လက်ရှောင်သင့်ပါတယ်။ ဘာတစ်ခုမှနားလည်လိုက်မှာ မဟုတ်ပါဘူး။ The Wolf of Wall Streetတို့ Moneyballတို့လိုကားတွေကြိုက်တယ်ဆိုရင်တော့ ဒီကားက ခင်ဗျားအတွက်ပါပဲ။ဒီရုပ်ရှင်ကို Brad Pittရဲ့ Plan B Productionက ထုတ်ထားပြီး Brad Pittကိုယ်တိုင်ပါတဲ့အပြင် Christiain Bale, Steve Carell,Ryan Glosingတို့ရဲ့ မှော်ဝင်မှုတွေလည်း ခမ်းနားပါတယ်။ Margot Robbieနဲ့ Selena Gomezတို့လည်း ဧည့်သည်သရုပ်ဆောင်အဖြစ်ပါပါတယ်။ Best adapted Screenplay awardနဲ့ အော်စကာရခဲ့ပြီး Baleရဲ့ Best supporting Acotrအပါအဝင် ဆန်ခါတင်လေးဆုဝင်ထားပါတယ်။ 2010မှာထွက်ခဲ့တဲ့ The Big Shortဆိုတဲ့ စာအုပ်ကို ရိုက်ထားတာပါ။2008တုန်းက Financial Crisis ဘဏ္ဍာရေးပျက်ကပ်တစ်ခု ဖြစ်ခဲ့တယ်။ အမေရိကန်သမိုင်းမှာ ဒီ့ထက်ကြီးတာဆိုလို့ ၁၉၃၀က Great Depression စီးပွားပျက်ကပ်ပဲကျန်ပါတယ်။ ကျောက်တုံးကို တူနဲ့ထုခွဲရင် ကျောက်တုံးကွဲတာ နောက်ဆုံးထုချက်ကြောင့်သက်သက်မဟုတ်ပါဘူး။ အရှေ့က အားစိုက်မှုတွေပါပါတယ်။ဒီဖြစ်ရပ်က ၂၀၀၈မှာ ဖြစ်ခဲ့တယ်ဆိုပေမယ့် ဘယ်အဖြစ်အပျက်ကမှ ဝုန်းခနဲကျကွဲသွားမတတ်ပါဘူး။ ၂၀၀၅ကတည်းက ဘွန်းတွေရဲ့ ...
movie
The Big Short (2015)
8.0
Little Women (2019)
unicodeဒီတစ်ခါတော့ စူပါဟီးရိုးတွေ၊ ဆန်းပြားတဲ့အချစ်ဇာတ်လမ်းတွေ၊လှည့်ကွက်တွေဆိုတာတွေကို မေ့ပြီးအရိုးရှင်းဆုံး အလှပဆုံးလေး ခံစားကြည့်ရအောင်။Little women ဆိုတာက ၁၈၆၈ နဲ့ ၁၈၆၉ မှာ အမေရိကန်စာရေးဆရာမကြီး လူဝီဆာ မေ အဲကော့ က ၂ ပိုင်းခွဲပြီးရေးသားခဲ့တဲ့ တကယ့် ဂန္ဓဝင်လက်ရာပါပဲ။မာ့ချ် မိသားစုရဲ့ ညီအစ်မလေးယောက် ( မက်ဂ်၊ ဂျို၊ ဘက်သ် နဲ့ အေမီ) တို့ရဲ့ကလေးဘဝကနေ အရွယ်ရောက်လာတဲ့အထိ ဇာတ်လမ်းကို ရေးဖွဲ့ထားတာပါပဲ။စာရေးသူနဲ့ သူ့ရဲ့ ညီအစ်မ ၃ ယောက်အပေါ်ကို အခြေခံထားတာမို့Semi-autobiography လို့လည်း ပြောလို့ရပါတယ်။ဇတ်လမ်းကတော့ လေရူးသုန်သုန် တို့ စစ်နဲ့ငြိမ်းချမ်းရေးတို့လိုလူဘဝတွေအကြောင်းကိုအေးအေးဆေးဆေး လှလှပပလေး ဖော်ကျူးထားတာပါပဲ။မိသားစုတွေ၊ လူငယ်တွေကြားက အချစ်တွေ၊ရုန်းကန်မှုတွေ၊ ဘဝအပြောင်းအလဲတွေအကြောင်းပါပဲ။တကယ်ကို ပျော်ဝင်သွားပြီး ခံစားချက်အစုံရမယ့် ဇာတ်လမ်းမျိုးလေးပါ။Saoirse Ronan, Emma Watson, Florence Pugh,Eliza Scanlen, Laura Dern, Timothee ...
movie
Little Women (2019)
8.1
Ford v Ferrari (2019)
Ford v Ferrari (2019) IMDb - 8.1/10_______Rotten - 92% won 2 Oscars. Another 21 wins & 73 nominations #Unicode ပြိုင်ကားထုတ်လုပ်သူတွေအတွက်တော့ ပြင်သစ်နိုင်ငံရဲ့ နာမည်ကျော် လမန်းစ် ကားပြိုင်ပွဲဟာ အရေးအကြီးဆုံး မှတ်ကျောက်တင်ခံရတဲ့ ပွဲပါပဲ။၂၄ နာရီတိတိ ပတ်လမ်းတွေထဲမှာ တစ်နာရီကို မိုင် ၂၀၀ နှုန်းလောက်နဲ့ တစ်ပတ်ပြီး တစ်ပတ် ပတ်နေရတဲ့ ပြိုင်ပွဲပါပဲ။ ကားတစ်စီးရဲ့ အမြန်နှုန်း၊ ခံနိုင်ရည်၊ စိတ်ချယုံကြည်ရမှု ကို အကောင်းဆုံး စမ်းသပ်တဲ့နေရာဖြစ်ပြီး အသက်ဘေးလည်း နီးတယ်လို့ ပြောလို့ရပါတယ်။ ဒီလို ပြိုင်ပွဲမျိုးမှာ ဖရာရီကားကုမ္ပဏီက ၆ နှစ်ဆက်တိုက် ဗိုလ်စွဲထားခဲ့တဲ့အတွက် ပြိုင်ကားလောကမှာတော့ အဲဒီခေတ်မှာ ဖရာရီဟာ ပြိုင်ဘက်ကင်းပါပဲ။ ဒီ ဖရာရီအီတလီကားကုမ္ပဏီကို ဖို့ဒ်က ဝယ်ဖို့ကြိုးစားလာတဲ့အခါ ဖရာရီကားကုမ္ပဏီပိုင်ရှင် အန်ဇိုက ဖို့ဒ်ကို စော်ကားမော်ကား ပြောပြီး ...
movie
Ford v Ferrari (2019)
2019
7.8
Lady Bird (2017)
Imdb - 7.8 Rotten Tomatoes - 99% ---------------------------------------------- သားသမီးတွေနဲ့ မိဘတွေ ကတောက်ကဆအဖြစ်ဆုံးအရွယ်က အထက်တန်းကျောင်းသူကျောင်းသားအရွယ်ဆိုတာ အားလုံးလက်ခံကြမှာပါ။ လူပျိုပေါက်၊ အပျိုပေါက်ဖြစ်လာတဲ့အရွယ်မှာ လွတ်လပ်ခွင့်တွေ အရင်ထက်ပိုလိုချင်လာကြတယ်၊ ကိုယ် ဘာလုပ်လုပ်အမှန်ပဲထင်တတ်ကြတယ်။ မိဘကလဲ ဒီအရွယ်ဆို သေးသေးလေးကအစ အပြစ်လိုက်ပြောတတ်၊ သားသမီးမပျက်စီးအောင်ဆိုပြီး ထိန်းချုပ်မှုတွေလုပ်တတ်တဲ့အခါ သားသမီးနဲ့မိဘတွေကြား နားလည်မှုလေးတွေလွဲတတ်ကြပါတယ်။ ခရစ္စတင်းဆိုတဲ့ ကောင်မလေးဟာ သူ့ကိုယ်သူ "ငှက်မဒီ" လို့နာမည်ပေးထားပါတယ်။ ငှက်မဒီတို့ မိသားစုက သူဌေးရပ်ကွက်တစ်ခုမှာ နေထိုင်ပြီး ငှက်မဒီကတော့ ကတ်သလစ်အထက်တန်းကျောင်း တက်ပါတယ်။ ငှက်မဒီရဲ့ မိဘတွေဟာ ငွေရေးကြေးရေး မချောင်လည်ပေမယ့် ဆက်ကျော်သက်အရွယ် ဟော့ဟော့ရမ်းရမ်းနေချင်၊ ပျော်ပါးချင်တဲ့ ငှက်မဒီ လိုအပ်သမျှကိုတော့ တတ်နိုင်သလောက်ဖြည့်ဆည်းပေးပါတယ်။ မြန်မာပြည်မှာ ၁၀ တန်းအောင်ပြီးရင် တက္ကသိုလ်ရွေးကြသလိုမျိုး ငှက်မဒီတစ်ယောက် အထက်တန်းကျောင်းအောင်သွားတဲ့အခါ ကိုယ်တက်ချင်တဲ့ကောလိပ်ရွေးရပါတော့တယ်။ အစကတည်းက အချစ်ကြီးပြီး အစိုးရိမ်လွန်တတ်တဲ့ အမေဖြစ်သူဟာ ငှက်မဒီလေးကို အိမ်နားအနီးတစ်ဝိုက်က ကျောင်းမှာပဲ တက်စေချင်ခဲ့ပေမယ့် ငှက်မဒီကတော့ ...
movie
Lady Bird (2017)
2017
6.5
U.S. Marshals (1998)
အဆိုးဆုံး ဝရမ်းပြေးတွေကို အကြမ်းဖက် လိုက်ဖမ်းပေးရတဲ့ အဖွဲ့အစည်း US Marshals..... ကား မတော်တဆမှုကနေ တဆင့် တရားမဝင် လက်နက်ကိုင်ဆောင်မှုနဲ့ အဖမ်းခံလိုက်ရတဲ့ ရှရင်ဒန် ၊ ရှရင်ဒန်ဟာ လူသတ်မှု နှစ်မှုအတွက် အလိုရှိနေတဲ့ အဆင်မြင့် အဖွဲ့အစည်းက ဝရမ်းပြေးတစ်ယောက်ပေါ့ ။ ရှရင်ဒန် ပတ်သက်နေတာ ဘယ်လိုအမှုမျိုးလဲ ။ တရုတ်လက်အောက်က ထိုင်ဝမ်ဟာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဖို့ ရုန်းကန်နေမှုမှာ အမေရီကန်က ကူညီမှု မှန်သမျှ သတင်းကို တရုတ်ကို ရောင်းစားတဲ့ သူလျှိုအမှုပေါ့ ။ အဲဒိအမှုမှာ ရှရင်ဒန်က အေးဂျင့် နှစ်ယောက်ကို သတ်လိုက်မိတယ် ။ ရှရင်ဒန်ကို ကားမတော်တဆမှု ကနေတဆင့် မိသွားတော့ နယူးယောခ့်ကိုပို့တယ် ။ လမ်းမှာ သူ့ကို နှုတ်ပိတ်အစဖျောက်ချင်တဲ့ အဖွဲ့အစည်းက သတ်ဖို့ ကြိုးစားရင်း လေယာဉ်ပျက်ကျပြီး ရှရင်ဒန် လွတ်မြှောက်သွားတယ် ။ ရှရင်ဒန်ကို ပြန်ဖမ်းမိဖို့အတွက် US Marshals အဖွဲ့ကို တာဝန်ပေးလိုက်တော့တယ် ...
movie
U.S. Marshals (1998)
1998