Channel Myanmar

Tracy Claustro

Crazy/Beautiful (2001) 6.4
Crazy/Beautiful (2001)  ၂၀၀၀ခုနှစ်အစောပိုင်းက Romance/Drama ရုပ်ရှင်ကားနဲ့ မိတ်ဆက်ပေးပါရစေ။ မင်းသမီး Kirsten Dunst နဲ့ မင်းသား Jay Hernandez တို့ ဦးဆောင်ပါဝင်ထားတဲ့ ဒီကားက Rotten Tomatoes - 63% ရရှိထားပါတယ်။ဇာတ်လမ်းအကျဥ်းကတော့အမေရိကန်အထက်လွှတ်တော်အမတ်ရဲ့ သမီးဖြစ်တဲ့ Nicoleက ဘဝကို ဖြစ်ချင်သလို ဖြတ်သန်းနေတဲ့သူပါ။ သူပျော်ရာပဲ လုပ်တတ်ပြီး ဘယ်သူ့ကိုမှလည်း ဂရုမစိုက်တတ်ပါဘူး။ မူးပြီး ကားမောင်းမှုနဲ့ Nicoleဟာ ကမ်းခြေမှာ အမှိုက်ကောက် လုပ်အားပေးဖို့ အပြစ်ဒဏ်ချခံရပါတယ်။အဲဒီကမ်းခြေကို သူငယ်ချင်းတွေနဲ့ အတူရောက်လာတဲ့ Carlosက Nicole ကိုမြင်မြင်ချင်း သဘောကျသွားပါတယ်။ သူတို့နှစ်ယောက်က တစ်ကျောင်းထဲ တူတူတက်တာဖြစ်ပြီး ကျောင်းမှာတွေ့ကြရင်း ခင်မင်ရင်းနှီးတာကနေ ချစ်ကျွမ်းဝင်သွားခဲ့ကြပါတယ်။ Carlosက လေယာဥ်မှူးဖြစ်ချင်ပေမယ့် လေယာဥ်တစ်ခါမှမစီးဖူးတဲ့အတွက် Nicoleက Carlos စမ်းသပ်မောင်းနှင်လို့ရအောင် လေယာဥ်စင်းလုံးငှားပေးခဲ့ပါသေးတယ်။ သူတို့နှစ်ယောက်က တစ်ယောက်နဲ့ တစ်ယောက် အတော်လည်း မတူကြပါဘူး။Nicoleက ချမ်းသာပြီး ...
movie

Crazy/Beautiful (2001)