Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Tracey Ullman
5.8
Kronk’s New Groove (2005)
ဒီကားကတော့ 2000 ခုနှစ်ကထွက်ခဲ့တဲ့ နာမည်ကြီးThe Emperor's New Groove ရဲ့ sequel လေးပါဒီကားမှာတော့ အဓိကဇာတ်ဆောင်က ဧကရာဇ်ခုဇ်ကို မဟုတ်တော့ဘဲနှလုံးသားနုနုနဲ့ လူကြမ်းကြီး ထမင်းချက် ခရွန့်ခ်ရဲ့အကြောင်းကို တင်ဆက်ပြထားပါတယ် (function(f,b,n,j,x,e){})();2005 ခုနှစ်မှာ ထွက်ရှိလာတာဖြစ်ပြီးတော့ IMDB rating 5.8 ရရှိထားတဲ့ကြည့်ပျော်ရှုပျော် Animation ကားကောင်းလေးပါပဲMusical genre မို့ ost မြူးမြူးလေးတွေလည်း ပါပါသေးတယ်ဇာတ်လမ်းအကျဉ်းကတော့ ကောက်ကျစ်တဲ့မိန်းမရဲ့ လူယုံတော်အဖြစ်ကနေလွတ်မြောက်လာတဲ့ ခရွန့်ခ်တယောက် မဒ်ကာရွာလေးမှာစားသောက်ဆိုင်တဆိုင် ဖွင့်ပြီး မိတ်ဆွေအပေါင်းအသင်းများစွာနဲ့ဘဝကို အေးချမ်းစွာဖြတ်သန်းနေပါတယ် တနေ့မှာတော့ ခရွန့်ခ်ရဲ့အဖေဖြစ်သူဆီကနေသားတော်မောင်ကို မျက်နှာလာကြည့်မဲ့အကြောင်းကြေးနန်းရောက်လာပါတော့တယ် ခက်တာက သူ့အဖေကသူ့ရဲ့ ထမင်းချက်အလုပ်ကို အသိအမှတ်မပြုပါဘူးဒီတော့ ခရွန့်ခ်တယောက် သူ့ပါပီဆီကနေ အထင်ကြီးတာခံရဖို့ကြံမိကြံရာတွေ ကြံရင်း ဘယ်လိုကမောက်ကမအလွဲတွေနဲ့ ကြုံရမလဲဆိုတာ ကြည့်ရှုခံစားလိုက်ကြပါဦး File size… 1.4 GB / 671 MB Quality… BluRay 1080p ...
movie
Kronk’s New Groove (2005)
2005
6.1
The Tale of Despereaux (2008)
The Tale of Despereaux (2008)ဟိုးရှေးတုန်းက Dor တိုင်းပြည်တစ်ခုရှိတယ် အဲ့ဒီမှာ Soup Day ဆိုတဲ့ တစ်နှစ်တစ်ခါ စွပ်ပြုတ်သောက်တဲ့ပွဲတော်ရက်ရှိတယ်။ နှစ်တိုင်း Dor တိုင်းပြည်က ဘုရင့်မိသားစုရော ပြည်သားတိုင်းက အဲ့နေ့မှာ နန်းတော်က တော်ဝင်စားဖိုမှူးကြီး အန်ဒရေးရဲ့စွပ်ပြုတ်အသစ်ကို မျှော်ကြတယ် စာဖိုမှူးကြီးကလည်း တစ်နှစ်တစ်မျိုးမရိုးရအောင် စွပ်ပြုတ်ကို အမျိုးမျိုးချက်တယ်။သူ့စွပ်ပြုတ်ကို လူတွေအပြင် တိရိစ္ဆာန်တွေကပါ မျှော်ကြရော။ အဲ့ထဲမှာ ရော့စကူတိုဆိုတဲ့မြေကြွက်တစ်ကောင်ပါ ပါတယ်။ တစ်ရက်တော့ ရော့စကူတိုက စားဖိုမှူးရဲ့ စွပ်ပြုတ်ကို သိပ်စားချင်ပြီး မတော်တဆဖြစ်တာကနေ ပြဿနာတွေဖြစ်တယ်။အဲ့ဒီကနေ တိုင်းပြည်တစ်ခုလုံး အမှောင်ကျ နေရောင်ပျောက်သွားရာက ဘယ်လိုသူရဲကောင်းတွေပေါ်လာမလဲ? ဘယ်သူတွေက ဘယ်လိုတုံ့ပြန်ကြမလဲ? ဆိုတာ ...(ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ကတော့ Tin Myo Lwin ပါ။)File Size : 1.3GB, 564MB, ...
movie
The Tale of Despereaux (2008)
2008
6.7
Robin Hood: Men in Tights (1993)
Robin Hood: Men in Tights (1993)~ IMDb - 6.7/10, Rotten Tomatoes - 41% ~Mel Brooks ဆိုတဲ့ဘဲ ကိုယ်တိုင်ရေး ကိုယ်တိုင်ရိုက် ကိုယ်တိုင်ထုတ်ရုံနဲ့အားမရလို့ ကိုယ်တိုင်ပါ ဝင်သရုပ်ဆောင်ထားတဲ့ ဂန္တဝင်မြောက် လက်ရာ တစ်ခု ဖြစ်တဲ့ Robin Hood Parody လေး ကြည့်ရှုနိုင်စေဖို့ တင်ဆက်ပေးလိုက်ပါတယ်။ Mel Brooks ဟာ ဟာသလိုင်းမှာတော့ တော်တော်ပေါက်တဲ့လူဖြစ်ပြီး ဒီရော်ဘင်ဟုဒ်ကားကိုလည်း စောက်တလွဲတွေအပြည့်နဲ့ စခွီထချင်စရာကောင်းအောင် တင်ဆက်ထားပါတယ်။ဒီကားက ရော်ဘင်ဟုဒ်ကားကိုမှ သောက်တလွဲစတိုင်ရိုက်ပြထားတဲ့ကားဆိုတော့ ကိုယ်တွေ အကြိုက် တောထဲမှာနေ လူဆိုးတွေဆီက ဓားပြတိုက်ပြီး လူကောင်းတွေကို ပြန်မျှတဲ့ ရော်ဘင်ဟုဒ်ထက် အိမ်ပါရှိနေပြီး အဲဒီအိမ်ကိုပါ အကြွေးနဲ့အသိမ်းခံရတဲ့အထိ သောက်တလွဲလုပ်ပြသလို၊ သူ့တိုင်းပြည်က မင်းသမီးကလည်း ဟိုနေရာကို မင်းကြီး သော့ခတ်ထားတာခံရပြီး သော့ပျောက်လို့ ...
movie
Robin Hood: Men in Tights (1993)
1993
7.3
Corpse Bride (2005)
Corpse Bride (2005)IMDb - 7.3/10_____Rotten - 84% ဒီနေ့အတွက်မိတ်ဆက်ပေးချင်တဲ့ ဇာတ်ကားလေးကတော့ IMDb Rating -7.3 ရရှိထားပြီး.... မြူးကြွတဲ့တေးသီချင်းလေးများ...Romanceဆန်တဲ့ပြကွက်လေးများနဲ့ ....အချစ်တို့ရဲ့ ပြယုဒ်ကိုထင်ပေါ်အောင်ပြသပေးနိုင်ခဲ့တဲ့ Best Romance Horror Animation Movies ကောင်းတွေထဲကတစ်ကားဖြစ်ခဲ့တဲ့ CORPSE BRIDE ဇာတ်ကားလေးနဲ့မိတ်ဆက်ပေးချင်ပါတယ်ခင်ဗျ… ဇာတ်လမ်းအကျဉ်းကိုပြောပြရမယ်ဆိုရင်ဖြင့်..... လွန်ခဲ့တဲ့နှစ်ပေါင်း ၁၈၀၀ခန့်လောက်က Victorian villageလို့ခေါ်တဲ့ရွာလေးတစ်ရွာမှာ ဆွေစဉ်မျိူးဆက်ချမ်းသာလာပြီး အထည်ကြီးပျက်ဘဝကိုရောက်ရှိတော့မဲ့လူကုန်ထန်မိသားစုတစ်စု.....ပိုက်ဆံရှိပေမဲ့ လူကုန်ထံအသိုင်းအဝိုင်းကမဟုတ်တဲ့ငါးရောင်းစားရင်း ကြီးပွားချမ်းသာလာတဲ့ ငါးကုန်သည်မိသားစုတစ်စုမှတစ်ဦးတည်းသောသားလေး Victa... မိသားစုနှစ်ခုရဲ့လိုအပ်နေတဲ့ ကွက်လပ်ကိုယ်စီကိုဖြည့်ဖို့ရန် တစ်ယောက်ကိုတစ်ယောက်တစ်ခါမှမမြင်ဖူးကြတဲ့ VIctoria နဲ့ Victaတို့နှစ်ယောက်ကို လက်ထပ်ပေးဖို့ အစမ်းလေ့ကျင့်တဲ့အခမ်းနားလေးနဲ့ဇာတ်လမ်းလေးကိုစတင်ခဲ့ပါတယ်...... ဒါမဲ့ မိဘတွေအတင်းပေးစားလို့ယူရမှာဖြစ်ပြီး....တစ်ခါမှမမြင်ဖူးတဲ့သူကိုလက်ထပ်ချင်စိတ်မရှိတဲ့ သူတို့နှစ်ဦး တစ်ဦးကိုတစ်ဦးတွေ့ရှိသွားကြတဲ့အခါ....Victa တစ်ယောက် လက်ထပ်ပွဲRehersalမှာအယောင်ယောင်အမှားမှားဖြစ်စေခဲ့ပြီး လက်ထပ်ပွဲအစမ်းလေ့ကျင့်မှုကိုသေချာလုပ်ဆောင်နိုင်မှ မဂ်လာပွဲကျင်းပရတော့မဲ့အဖြစ်ရောက်သွားခဲ့ပါတယ်….အစမ်းလေ့ကျင့်မှုကိုသေချာလေ့ကျင့်ဖို့ တောထဲကိုပြေးထွက်သွားကာတစ်ယောက်တည်းလေ့ကျင့်နေချိန် သူလေ့ကျင့်နေတဲ့ လက်ထပ်ခွင့်စကားကြောင့်ချစ်သူပြန်အလာကိုမျှော်နေရင်းသေဆုံးသွားတဲ့ Amali မိန်းကလေး သေရာမှနိုးထလာတဲ့ အခါ..Victaတစ်ယောက် Amaliနဲ့လက်ထပ်လိုက်ရပြီး သရဲတွေနေတဲ့နေရာသို့ဘုမသိဘမသိပါသွားရရှာပေါတော့တယ်... တစ်ဖက်မှာလည်းချစ်သူပြန်အလာကိုမျှော်နေရှာတဲ့Victoriaတစ်ယောက်.... Victaပြန်မလာတာနဲ့ အရန်သင့်သူ့နေရာကိုအစားထိုးပြီး...Victoriaမိသားစုရဲံ စည်းစိမ်တွေကိုလိုချင်နေတဲ့ ...
movie
Corpse Bride (2005)
2005
6.3
Death to 2021 (2021)
Death to 2021 (2021) ===============IMDb Rating - 6.3/10Netflix ကထွက်ရှိထားတဲ့ ဒီTV Special ဇာတ်ကားဟာဆိုရင် IMDb 6.3 ထိရရှိထားတာဖြစ်ပါတယ်။ ဇာတ်ကားဆိုတာထက် TV Program တစ်ခုကို ကြည့်နေရသလိုဆိုရင် ပိုမှန်ပါလိမ့်မယ်။ 2020 , 2021 မှာဆိုရင် ကမ္ဘာတစ်လွှားမှာ ကပ်ရောဂါဘေးတွေရင်ဆိုင်ရသလို နိုင်ငံရေး စီးပွားရေး သဘာဝပတ်ဝန်းကျင်ကပ်ဘေး အစသဖြင့် ကိစ္စတော်တော်များများကြုံတွေ့ခဲ့ရပါတယ်။ ဒီကားမှာဆိုရင် သရုပ်ဆောင်တွေက ကျွန်တော်တို့ 2021 ခုနှစ်အတွင်း ဖြစ်ခဲ့သမျှ အကြောင်းကို အကုန်ပြန်သုံးသပ်ပြီးပြောကြတာဖြစ်ပါတယ်။ နိုင်ငံရေး ကျန်းမာရေး ပတ်ဝန်းကျင်ထိန်းသိမ်းရေး အစရှိတဲ့ နယ်ပယ်မျိုးစုံကအကြောင်းအရာတွေနဲ့ပတ်သတ်ပြီးဆွေးနွေးထားတာကြပြီးတော့ အသိ ပညာဗဟုသုတ တိုးစေမဲ့ဇာတ်ကားလေးဖြစ်တာကြောင့်ဆက်လက်ကြည့်ရှုပေးကြပါဦးနော်။ (ဇာတ်လမ်းအညွှန်းကို Shwe Pyae မှရေးသားပေးထားပြီး ဘာသာပြန်များကတော့ Shwe Pyae, Jo Jo Va တို့ပဲဖြစ်ပါတယ်။)File Size -(1.12 GB) / (580 MB) / (276 MB) Quality – WebDL ...
movie
Death to 2021 (2021)
2021
6.6
The Prom(2020)
The Prom(2020)အညွှန်း**********************ကျောင်းကပွဲဆိုတာ ကျောင်းပြီးဆုံးခါနီးကျောင်းသားတွေအတွက်တော့ ကိုယ့်ချစ်သူတွေ သဘောကျတဲ့သူတွေနဲ့အတူ ပျော်ရွှင်စွာဖြတ်သန်းရင်း ဘဝမှာမေ့ပျောက်လို့မရတဲ့ညတစ်ညအဖြစ်နဲ့ အမှတ်တရတွေ အများကြီး ချန်ထားခဲ့ရမယ့်ပွဲတစ်ပွဲပဲဖြစ်ပါတယ်။ အင်ဒီယားနားပြည်နယ် အက်ချ်ဝါးတားမြို့က အထက်တန်းကျောင်းသူလေးအမ်မာကတော့ လိင်တူချစ်သူတစ်ယောက်ဖြစ်နေတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ကျောင်းကပွဲတက်ရောက်ခွင့် မရရှိပါဘူး.... မြို့နေလူထုဟာတစ်ဖက်သန်တစ်ယူသန်တွေများပြီး ကျောင်းသားမိဘတွေဟာလည်း လိင်တူစုံမက်ချစ်ခင်မှုကို မလိုလားတဲ့သူတွေဖြစ်ပါတယ်... လိင်တူချစ်ခင်သူတစ်ယောက်ဖြစ်တဲ့အကြောင်းပြချက်နဲ့တင် Parent Teacher Association (PTA)ကဆုံးဖြတ်ချက်နဲ့ ကျောင်းကပွဲတက်ရောက်ခွင့်မပြုပဲ လူ့အခွင့်အရေးကို ချိုးဖောက်ခံခဲ့ရပါတယ်... တစ်ဖက်မှာလဲ အရင်တုန်းကနာမည်ကြီးခဲ့ကြတဲ့ ပြဇာတ်သရုပ်ဆောင်တွေဟာ ပွဲတစ်ပွဲကရာမှ ဝေဖန်ပြစ်တင်မှုများစွာခံရပြီး နာမည်ကိုပြန်အဖတ်ဆယ်ရဖို့ ဖြစ်လာခဲ့ပါတယ်။ ကောင်းတဲ့အရာတစ်ခုခုကိုလုပ်ပေးလိုက်ရင် လူတွေအမြင်ပြောင်းသွားမှာပဲဆိုတဲ့ ဆယ်လီဘရစ်တီတွေလုပ်နေကြ လှည့်ကွက်တွေနဲ့အတူ လူတွေအာရုံပြောင်းဖို့ အမ်မာရဲ့ဖက်ကနေ ကူညီပေးဖို့ကြိုးစားကြပါတော့တယ်.... အဆုံးသတ်မှာအမ်မာတစ်ယောက် သူချစ်ရတဲ့သူနဲ့အတူ ကျောင်းကပွဲကိုတက်ရောက်နိုင်ပါ့မလား... လူတွေရဲ့လိင်တူချစ်သူတွေကို မြင်တဲ့အမြင်ကရောဘယ်လိုရှိသလဲဆိုတာ ကြည့်ရှုလိုက်ကြပါဦး။ Musicalကားတစ်ကားဖြစ်တာနဲ့အညီ သီချင်းဒိုင်ယာလော့တွေ ဝေဝေဆာဆာပါဝင်ပါတယ်။ဆုကြီး (၂)ဆုရရှိထားတဲ့အပြင် မင်းသမီးကြီး Meryl Streep လည်းပါဝင်ထားလေတော့အလန်းဖြစ်ကြောင်း သတင်းကောင်းပါးပါရစေ... ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူက MarTizasပါ File Size :(2.3GB) and (1.02GB) Quality : WEB-DL1080P, 720p Format…mp4 Duration…02:10:00 Genre : Comedy, Drama, Musical Subtitle : Myanmar Subtitle (Hard Sub) Translated by MarTizas Encoded by Phyo ...
movie
The Prom(2020)
7.6
Onward (2020)
ကာတွန်းရုပ်ရှင်ကား ကောင်းကောင်းလေး တစ်ကားလောက် ကြည့်ရအောင်။ ရုံတင်ကတည်းက လူကြိုက်များခဲ့တဲ့ ရုပ်ရှင်လေးပါပဲ။ ဇာတ်လမ်းအကျဉ်း…. ဟိုးရှေးရှေးတုန်းက ကမ္ဘာပေါ်မှာ မှော်ပညာ တည်ရှိခဲ့ပေမယ့် အချိန်ကြာလာတာနဲ့အမျှ လူတွေ၊နတ်သူငယ်တွေ၊ မှော်ဝင်သတ္တဝါတွေဟာ ခေတ်မီလာကြပြီး မှော်ပညာကို မေ့ပျောက်သွားပါတော့တယ်။ အီယန် နဲ့ ဘာလေ ဆိုတဲ့ နတ်သူငယ် ညီအစ်ကိုနှစ်ယောက်ဟာလည်း ငယ်ငယ်ကတည်းက အဖေဆုံးသွားလို့ မိခင်နဲ့ပဲ အတူနေကြတဲ့ သူတွေပါ။ ညီဖြစ်သူ အီယန်၁၆ နှစ်ပြည့်မွေးနေ့မှာတော့ သူတို့အဖေထားခဲ့တဲ့ မှော်တောင်ဝှေးနဲ့ ဂါထာတစ်ခုကို တွေ့ရှိသွားပါတယ်။ ဂါထာရဲ့ အစွမ်းကတော့ သေဆုံးသွားတဲ့ အဖေဖြစ်သူကို တစ်ရက်တိတိ ပြန်ရှင်သန်လာစေပြီး တွေ့ခွင့်ရမှာပါပဲ။ ဒါပေမယ့် ဒီဂါထာကိုသုံးဖို့ စွမ်းအားကြီးတဲ့ ရတနာတစ်ခုလိုအပ်ပြီး အဲဒီရတနာ မလုံလောက်တာကြောင့် သူတို့အဖေဟာ ခန္ဓာကိုယ် အောက်ပိုင်းပဲ ကွက်ပြီး ရှင်လာခဲ့တယ်။ ဒီလိုနဲ့ပဲ ညီအစ်ကို ၂ ယောက်ဟာ သူ့တို့အဖေရဲ့ ခန္ဓာကိုယ်အောက်ပိုင်းကို သယ်ပြီး တစ်ရက်မပြည့်ခင် အဖေကို နောက်ဆုံးတွေ့နိုင်ဖို့ မှော်ဝင်ရတနာကို အရှာထွက်ရပါတော့တယ်…. ဒစ္စနေးရဲ့ ထုံးစံအတိုင်း ပျော်စရာတွေ ရယ်စရာတွေနဲ့ ဝမ်းနည်းစရာတွေ ခံစားမှုတွေကို ရောယှက်ပေးထားမယ့် ကာတွန်းရုပ်ရှင်အသစ်မို့ ကြည့်တဲ့သူတွေ သဘောကျကြမယ်ထင်ပါတယ်။ ဘာသာပြန်ပေးထားတာကတော့ Little Neo ဖြစ်ပြီး Thit San Khant မှ တင်ဆက်ပေးထားပါတယ် zawgyi ကာတွန်းရုပ်ရှင်ကား ကောင်းကောင်းလေး တစ်ကားလောက် ...
movie
Onward (2020)
6.0
Into the Woods (2014)
ငယ်ငယ်တုန်းကစွဲလမ်းခဲ့ရတဲ့ အိပ်ယာဝင်ပုံပြင်တွေကိုအကုန်ချိတ်ဆက်ပြီးစိတ်ကူးယဉ်မိတဲ့အခိုက်အတန့် အားလုံးရဲ ့ကလေးဘဝမှာ ရှိခဲ့ဖူးကြမှာပါ။ဒီလိုအချိတ်အဆက်မိမိ Fairytalesတွေကို ဇာတ်လမ်းကျောရိုးတစ်ခုထဲမှာ ပေါင်းစုဖို့ဆိုတာလွယ်တော့မလွယ်ပေမယ့် ဒါကပဲ ဒီကားလေးရဲ ့ထူးခြားချက်လို့ပဲပြောပါရစေ။Johny Deep,Anna Kendrick,Emily Bluntစတဲ့နာမည်ကျော်တွေအများအပြား ပါဝင်ထားတဲ့ ဒီကားလေးကတော့ မှော်ဆန်ဆန်ကားလေးတွေကို သဘာဝကျကျကြည့်ချင်သူတွေအဖို့တော့အံကိုက်ပါပဲ။Musical Dramaသဘောမျိုးလေးလဲပါလို့ မပျင်းမရိမြူးမြူးကြွကြွကြည့်ရှုခံစားရမှာပါ။Imdb Rating 6/10 Rotten Tomatoes 71%ရရှိထားတဲ့ကားကောင်းလေးပါ။File Size : (950 MB) and (420 MB) Quality : Blu-Ray 720p Running Time : 2hr 5min Format : Mp4 Genre :Adventure, Comedy, Drama Subtitle : Myanmar Subtitle (Hard Sub) Source : 1080p BluRay x264-DRONES Subtitle by Kyaw Lwin Tun Encoded by Thanhtike Zaw
movie
Into the Woods (2014)
2014