Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Toru Masuoka
6.2
Masked Hearts (2023)
Masked Hearts ( 2023 ) ==================== ဒီဂျပန်ကားက ကြည့်ရတာတော့ အရမ်းသွက်ချင်မှသွက်မှာပေမဲ့ ကြည့်ရင်းနဲ့ ဇာတ်ရည်လာတဲ့အချိန် အရသာတော်တော်လေးပေါ်လာမယ့် ရုပ်ရှင်မျိုးပါပဲ။ ဇာတ်လမ်းကတော့ ဒါရိုက်တာပေါက်စမလေးတစ်ယောက်ရဲ့ ရုပ်ရှင်လောကက အခက်အခဲတွေနဲ့ စထားတယ်။ သူ့ရဲ့ရုပ်ရှင်အပေါ် ရှုမြင်ပုံတွေ ဘာတွေနဲ့ စတယ်။ ဒါက စီးပွားရေးသမားတွေအတွက် အံမကိုက်တာလား သူ့ကိုအသုံးချလိုက်တာလားတော့မသိပေမဲ့ သူစဉ်းစားထားတဲ့ဇာတ်ကို သူရိုက်ခွင့်မရလိုက်ရဘူး။ ဒီလိုနဲ့ သူက အိပ်မက်တွေကို လက်လျှော့ထားတဲ့လူတစ်ယောက်နဲ့တွေ့တယ်။ သူတို့နှစ်ယောက်အတူတူ ဒါရိုက်တာမရဲ့ဇာတ်လမ်းအတိုင်းပဲ ကိုယ်ထူကိုယ်ထရိုက်ဖို့လုပ်ကြတယ်။ ဒီလိုလုပ်ရင်း သူ့ဇာတ်လမ်းကို သူ့ဘာသာတောင် နားမလည်ခဲ့တဲ့အချက်တွေကို ဒါရိုက်တာမလေးက နားလည်လာတယ်။ သူ့အပြစ်တင်ချင်ခဲ့သမျှတွေက သူထင်သလိုမဟုတ်နေတာကိုလည်းး နားလည်လာတယ်။ဇာတ်က အေးအေးလေးပေမဲ့ အဲဒီအေးအေးလေးကိုမှ စိတ်ဝင်စားစရာလည်းကောင်းသလို ကြာလေ ထိလေဖြစ်လာအောင် ရိုက်ပြထားတဲ့ရုပ်ရှင်ပါပဲ။ ဂျပန်ရုပ်ရှင်တွေထုံးစံအတိုင်း သူ့ရဲ့လေးပင်တဲ့တန်ပိုကို စိတ်ရှည်နိုင်တဲ့ သူ့ပရိသတ်တွေနဲ့ပဲ ပိုကီးကိုက်ပါလိမ့်မယ်။( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ W ပါ )File size_(1.9GB)/(900MB) Quality_Blu-Ray 1080p ...
movie
Masked Hearts (2023)
7.1
My Neighbors the Yamadas (1999)
My Neighbors the Yamadas (1999) Genre - Animation,Comedy,Family IMDb - 7.1/10ဒီ Animation လေးကတော့ ဂျပန်နိုင်ငံက လူလတ်တန်းစား အိမ်ထောင်စုတစ်ခုဖြစ်တဲ့ Yamada မိသားစုအကြောင်းကို တင်ဆက်ထားတာဖြစ်ပါတယ်။ မိသားစုတွေမှာ ဖြစ်နေကျ ပြသနာတွေ၊ နေ့စဉ်ဘဝဖြတ်သန်းပုံတွေကို ဟာသလေးတွေနဲ့ ဖော်ပြထားတာဖြစ်တဲ့အတွက် ကြည့်ရှုသင့်တဲ့ ကားကောင်းလေး တစ်ကားဖြစ်ပါတယ်။File size… 1.7 GB / 880 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 44m Genre ..... Animation/Comedy/Family Subtitle…. Myanmar Subtitle (Hard Sub) Encoder…. LegoHeart Translated by Aung Tayza
movie
My Neighbors the Yamadas (1999)
7.7
Always – Sunset on Third Street (2005)
Always: Sunset on Third Street (2005)~ IMDb – 7.7/10, RT - 90%, MyDramaList – 7.9/10 ~~~~~~~~~~~~~~~~~~~~~ ဓားငါ ပျော်ရင်တော့ မင်းကို ခွဲပေးပါ့မယ် အဲဒါ လွယ်တယ် ငါ မပျော်ရင်တော့ မင်းကို ခွဲမပေးတော့ဘူး အဲဒါ ခက်တယ် သံက မီးဖိုထဲမှာ အရည်ပျော်ပြီး ပြန်လာသလိုမျိုး။ ။~ သုခမိန်လှိုင် (ချစ်သော တောပန်းကလေးများ - ၂၀၁၅) ~~~~~~~~~~~~~~~~~~~~Always ဟာ ၁၉၅၈၊ ၁၉၅၉၊ ၁၉၆၄ စတဲ့ နှစ်ကာလသုံးခုရဲ့ တိုကျိုမြို့ တိုကျိုတာဝါနားက ရပ်ကွက်ကလေးအကြောင်းကို ခုနှစ်တစ်ခုကို တစ်ကားနှုန်းနဲ့ Trilogy ထုတ်ထားတဲ့ ရုပ်ရှင်ပါ။ ရုပ်ရှင်ကတော့ ရပ်ကွက်တစ်ခုထဲကလူတွေနဲ့ သူတို့ရဲ့ ဆက်ဆံရေးကိုပြထားတာပါပဲ။ဆိုပေမဲ့ ထူးထူးခြားခြား ဆူဇူကီးမော်တော်ကားကုမ္ပဏီရဲ့ မူလဘူတလို့ ယူဆရတဲ့ ဆူဇူကီးဆိုတဲ့ လူတစ်ယောက်ပါတယ်။ သူကလည်း မော်တော်ကားကုမ္ပဏီနာမည်တပ်ထားတဲ့ ကုမ္ပဏီမဖြစ်သေးတဲ့ ...
movie
Always – Sunset on Third Street (2005)
2005
7.4
Suspect X (2008)
Suspect X (2008)~ IMDb – 7.4/10, MyDramaList – 8/10 ~"ပုစ္ဆာတစ်ပုဒ်ကိုဖန်တီးရတာနဲ့ ဖြေရှင်းရတာမှာ ဘယ်ဟာကပိုခက်မလဲ"ဟာနာအိုကာ ယာဆုကို (Hanaoka Yasuko) ဟာ စားသောက်ဆိုင်တစ်ဆိုင်ကို ဖွင့်ထားတဲ့ တစ်ကိုယ်တော်မိခင်လည်းဖြစ်သလို တစ်ခုလပ်အမျိုးသမီးတစ်ယောက်လည်းဖြစ်ပြီး သူ့သမီး မီဆာတို (Misato) နဲ့ နေထိုင်ပါတယ်။ တစ်ညမှာ သူတို့သားအမိရဲ့တိုက်ခန်းဆီ ယာဆုကိုရဲ့ခင်ပွန်းဟောင်း တိုဂါရှိ (Togashi) ပေါက်ချလာပြီး သူ့ထုံးစံအတိုင်း မိန်းမနဲ့သမီးကို ခြိမ်းခြောက်ငွေညှစ်ရာမှ လက်တွေပါကုန်ရင်း နောက်ဆုံးမှာ ယာဆုကိုတို့သားအမိဟာ တိုဂါရှိကို မတော်တဆသတ်မိသွားတော့တယ်။ ယာဆုကိုတို့ရဲ့ဘေးတိုက်ခန်း အိမ်နီးချင်းဖြစ်တဲ့ အီရှီဂါးမိ တဲ့ဆုယ (Ishigami Tetsuya) ဟာ သူ့ဘေးခန်းကဝရုန်းသုန်းကားဆူညံသံတွေကိုကြားလို့ လာမေးရင်း အကြောင်းရင်းကိုသိသွားကာ ချက်ချင်းဆိုသလို ကူညီပေးပါတော့တယ်။ကြည့်လိုက်ရင် စိတ်ဓာတ်ကျနေသလိုလိုနဲ့ ကုပ်ချောင်းကုပ်ချောင်းနေတတ်တဲ့ အီရှီဂါးမိတဲ့ဆုယဟာ တကယ်တော့ အလွန်ထူးချွန်ထက်မြက်ပြီး ပါရမီရှင်လို့တောင် ခေါ်ထိုက်တဲ့ သင်္ချာဆရာတစ်ယောက်ဖြစ်တယ်။ သူ့တစ်နေ့တာရဲ့အပျော်ရွှင်ဆုံးအချိန်က ...
movie
Suspect X (2008)
2008
6.6
Shin Ultraman (2022)
Shin Ultraman(2022) ================IMDb Rating (6.6) / Rotten Tomatoes (100%)Ultraman နဲ့ Godzilla ယူနီဗာ့စ်ဟာ ဂျပန်က စတင်ခဲ့တာဖြစ်ပြီး အနောက်နိုင်ငံတွေက ယူရိုက်ရတဲ့ အောင်မြင်ပါတယ်... ဒီ ၂၀၂၂ ထွက် Shin Ultraman ရုပ်ရှင်ကာလည်း ဂျပန်လက်ရာ Godzilla ရုပ်ရှင်တစ်ကားအဖြစ်နဲ့ ၂၀၂၂ မှာ ရုံကြီးကားအဖြစ် ထွက်လာပြီး Rating ကောင်းတွေ ပိုင်ဆိုင်ထားပါတယ်...အရင်ကကြားဖူးနေကြ Ultraman , Kamen Rider ရုပ်ရှင်, ဇာတ်လမ်းတွဲတွေရဲ့ အငွေ့အသက်တွေကို CGI ဘက်ဂျက်ကောင်းကောင်းနဲ့ အရသာရှိရှိကြည့်ရမှာပါ ကိုင်ဂျူးလို့ခေါ်တဲ့ သတ္တဝါဆန်းကြီးတွေဟာ ကမ္ဘာပေါ်ကို ထူးဆန်းစွာရောက်ရှိလာပါတယ် ပထမဆုံးပေါ်လာတဲ့ ကိုင်ဂျူးတွေကို လူသားတွေပေါင်းစည်းကာ စစ်တပ်အရပ်ဘက် အတော်လေးနှိမ်နင်းလိုက်ရပေမယ့် ကိုင်ဂျူးတစ်ကောင်နဲ့ မရပ်တန့်သွားပါဘူး...နောက်ထပ် S အဆင့်ဝင် ကိုင်ဂျူးမျိုးစုံဟာ အစွမ်းမျိုးစုံနဲ့ ပေါ်လာပါတော့တယ် လူသားတွေလည်း အခက်တွေ့လာရတဲ့ အခြေအနေကိုရောက်လာပြီး....လူသားတွေကို ကယ်တင်မယ့် အာထရာမန်းပေါ်လာပါတယ်...အာထရာမန်း ကမ္ဘာပေါ်ကို ရောက်ရှိလာမှုနဲ့အတူ ကမ္ဘာ့နိုင်ငံအသီးသီးကလည်း ဂျပန်ကို နိုင်ငံရေးအသာစီးမှုယူသွားမှာ စိုးရိမ်လာပါတယ်....ဒီ အာထရာမန်းက ဘယ်သူလဲ လူသားမျိုးနွယ်အတွက် ...
movie
Shin Ultraman (2022)