Channel Myanmar

Torben Svendsen

Nightwatch: Demons Are Forever (2023)
Nightwatch: Demons Are Forever (2023)  Game of Thronesစီးရီးထဲမှာ ဂျေမီလန်နက်စတာနေရာကပါခဲ့တဲ့ မင်းသားကြီး Nikolaj Coster-Waldauနဲ့ ဒိန်းမတ်မင်းသမီးချောလေး Fanny Bornedalတို့ ပါဝင်ထားတဲ့ ထိတ်လန့်သည်းဖိုအမျိုးအစား ဒိန်းမတ်ရုပ်ရှင်လေးကို တင်ဆက်ပေးပါရစေ။အရှင်လတ်လတ် ဦးခေါင်းခွံတွေလှန်ပြီး သိမ်းထားလေ့ရှိတဲ့ စိတ္တဇလူသတ်သမားကြီးမရှိတော့တဲ့အချိန်မှာ ပုံတူကူးတဲ့ အမှုတစ်ခုဖြစ်သွားခဲ့တယ်။ အဲဒီစိတ်တ္တဇလူသတ်သမားလက်က လွတ်ခဲ့ရပေမဲ့ စိတ်ဒဏ်ရာတွေနဲ့ကျန်ခဲ့တဲ့ မာတင်နဲ့ အမ်မာဆိုတဲ့ သားဖနှစ်ယောက်။ မိခင်ဖြစ်သူကလည်း ဒီအဖြစ်အပျက်ကြောင့် ကိုယ့်ကိုယ်ကိုယ်အဆုံးစီရင်သွားခဲ့။စိတ်ဒဏ်ရာတွေနဲ့ပဲမနေချင်တဲ့ အမ်မာက သူ့အဖေတားနေတဲ့ကြားကပဲ အဖေဖြစ်သူတစ်ချိန်ကလုပ်ခဲ့တဲ့ မှုခင်းဆေးပညာဌာနက အလောင်းတိုက်မှာ ညစောင့်သွားလုပ်ခဲ့ပါတယ်။ ဒီမှာပဲ သူ့တို့မိသားစုကို စိတ်ဒဏ်ရာတွေပေးခဲ့တဲ့လူသတ်သမား မသေသေးဘူးဆိုတာသိလိုက်ရတဲ့အခါ...။ ထင်မှတ်မထားတဲ့လှည့်ကွက်တွေနဲ့ ရိုက်ကူးတင်ဆက်ထားတာမို့ အားပေးကြည့်ရှုကြပါဦး။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Pyae Phyoပဲဖြစ်ပါတယ်) File size…(1.6 GB)/(821 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:54:00 Genre... Horror, Thriller, Mystery  Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Pyae Phyo 
movie

Nightwatch: Demons Are Forever (2023)