Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Tonye Patano
7.1
Loving Leah (2009)
ဒီတစ်ခါ cm ပရိသတ်ကြီးကို မိုးအေးအေးလေးဇိမ်နဲ့ကွေးပြီး ကြည့်ဖို့ ဆွတ်ပျံ့ကြည်နူးဖို့ ကောင်းတဲ့အချစ်ဇာတ်ကားလေး တစ်ကားနဲ့ မိတ်ဆက်ပေးပါရစေ။နှလုံးခွဲစိတ် ဆရာဝန်တစ်ဦး ဖြစ်တဲ့ ဂျိတ်ခ်ဟာ ဂျူးလူမျိုးတစ်ဦးဖြစ်ပြီး ငယ်ငယ်ရွယ်ရွယ်နဲ့ အောင်မြင်နေတဲ့ဆရာဝန်တစ်ယောက်ပါ။ တစ်နေ့မှာ အစ်ကိုဖြစ်သူဂျူးဘာသာရေးဆရာ ရုတ်တရတ်ဆုံးပါးသွားပြီး အိမ်ကိုနာရေးပြန်ဖို့ အကြောင်းဖန်လာခဲ့ပါတယ်။သူမသိလိုက်တာက ကလေးမရှိသေးတဲ့ ဂျူးအိမ်ထောင်မှာအစ်ကိုဖြစ်သူ ဆုံးပါးပြီး ညီဖြစ်သူက လူပျိုလူလွတ်ဆိုရင်အစ်ကိုဖြစ်သူရဲ့ ဇနီးကို လက်ထပ်ယူဖို့ သတ်မှတ်ထားတဲ့လယ်ဗီရိတ် အိမ်ထောင်ပြုခြင်း ရှိနေတယ်ဆိုတာပါပဲ။ဘာသာရေးကို သိပ်ပြီး ယုံကြည်မှုမရှိတဲ့ ဂျိတ်ခ်နဲ့ သူ့ရဲ့ဆန့်ကျင်ဘက် ခယ်မလေး လေယာတို့ နှစ်ဦး ဆုံတွေ့ချိန်မှာတော့ ဘယ်လိုတွေ ဖြစ်လာမလဲ။ရှေးရိုးစွဲ ယုံကြည်မှု ဘာသာရေး ကိုင်းရှိုင်းတဲ့ ဂျူးမိသားစုအတွင်းဖြစ်တတ်တဲ့ သဘောတရားလေးတွေနဲ့ အမြင်မတူညီတဲ့သူနှစ်ဦး ပေါင်းစပ်ဖို့ အကြောင်းဖန်လာတဲ့အခါ....။ရိုမန်တစ် ဇာတ်ကားကောင်းတွေ ရိုက်ကူးလေ့ရှိတဲ့Hallmark Channel က ရိုက်ကူးထားပြီး Nomination ငါးခုအထိ ရထားတဲ့ အချစ်ဇာတ်ကားကောင်းလေး တစ်ကားဖြစ်ပါတယ်။ File size…2.01GB / ...
movie
Loving Leah (2009)
Little Manhattan (2005)
အချစ်ဦး မြေးဦးရတဲ့ထိ မမေ့ဘူးဆိုတဲ့ စကားလေး ဘရားသားတို့ ကြားဖူးမှာပါ။ အများစုကတော့ ကြားဖူးရုံတင်မကဘူး၊ ကြည်နူးမှုတွေ နာကျင်မှုတွေ ရောပြွန်းပြီးတော့ ရင်ဘတ်ကြီးတစ်ခုလုံးနဲ့ သိခဲ့ကြမှာပါ။ အခုချိန်ထိလည်း နှလုံးသားရဲ့ အနက်ရှိုင်းဆုံး တစ်ထောင့်တစ်နေရာမှာ လွမ်းဆွတ်တသနေမယ့် အချစ်မျိုးပေါ့။ ကဲ စကားမရှည်တော့ဘူး။ဇာတ်လမ်းအကျဉ်း ဆယ်နှစ်သားလေး ဂေ့ဘ်ဟာ မိဘတွေ ကွာရှင်းတော့မယ့်အခြေအနေကြောင့် စိတ်ညစ်ရတာကလွဲလို့ ပုံမှန် ဆယ်ကျော်သက်ဘဝကို ပျော်ပျော်ပါးပါး အပူအပင်ကင်းကင်း ဖြတ်သန်းနေတဲ့ ကောင်လေးတစ်ယောက်ပါ။ တစ်နေ့မှာ ဂေ့ဘ်ဟာ မိဘတွေကို ကရာတေးအတန်းကို ပူဆာတဲ့အချိန်မှာ သူ့မိဘတွေက ဂေ့ဘ်စိတ်ချမ်းသာဖို့ အတန်းအပ်ပေးလိုက်ရာကနေ ကရာတေးအတန်းကို သွားတက်တဲ့အခါမှာ သူလေးငါးနှစ်သားအရွယ် ကလေးဘဝက ကစားဖော် ကစားဖက် ကောင်မလေးဖြစ်တဲ့ ရိုစ့်မယ်ရီနဲ့ ပြန်ဆုံတွေ့ရပါတော့တယ်။အစကတော့ သူ့ထက် တစ်နှစ်ကြီးတဲ့ ရိုစ့်မယ်ရီအပေါ်ထားရှိတဲ့ ခံစားချက်က ပုံမှန်အတိုင်းဆိုပေမယ့် သူတို့နှစ်ယောက် ကရာတေးလေ့ကျင့်ဖော် လေ့ကျင့်ဖက်ဖြစ်လာပြီး ခဏခဏ တွေ့ဖြစ်တဲ့အခါမှာ သူတို့နှစ်ယောက်ရဲ့ ခံစားချက်တွေက ...
movie
Little Manhattan (2005)
6.5
Eileen (2023)
Eileen (2023)~ IMDb - 6.6/10, RT - 85%, Meta - 71% ~မမလေး အန်းဟဲသားဝေးရဲ့ ရုပ်ရှင်အသစ်လာပါပြီ။ အချို့အိမ်တွင်းအကြမ်းဖက်မှုတွေရဲ့ ကြောက်စရာကောင်းပုံကို ဒီရုပ်ရှင်မှာ တွေ့ရမှာပါ။ အိမ်တွင်းအကြမ်းဖက်မှု၊ လုပ်ငန်းခွင် အနိုင်ကျင့်မှုတွေမှာ ကျူးလွန်သူတွေ လွတ်နေတာ၊ ဆက်တိုက်ကျူးလွန်နိုင်တာဟာ သိသိသာသာ၊ မသိမသာ အားပေးကူညီသူတွေရှိနေလို့ပါပဲ။ အားပေးကူညီတဲ့သူတွေဟာလည်း အနိုင်ကျင့်တဲ့သူတွေနဲ့ တန်းတူအပြစ်ရှိပါတယ်။ လက်ရှိ ဖြစ်နေတဲ့ ဘုန်းကြီးမုဒိန်းမှုတွေမှာ ဘုန်းကြီးဘက်က ရပ်တည်တဲ့သူတွေ၊ လုပ်ငန်းခွင်အနိုင်ကျင့်မှုတွေမှာ အနိုင်ကျင့်တဲ့သူဘက်က ထောက်ခံတဲ့သူတွေရဲ့ တကိုယ်ကောင်းစိတ်ဓာတ်နဲ့ အငုံ့စိတ်တွေကို ပြထားတဲ့ရုပ်ရှင်လည်းဖြစ်ပါတယ်။Lady Macbeth ရုပ်ရှင်ရဲ့ဒါရိုက်တာ William Oldroyd ရဲ့ လက်ရာဖြစ်ပြီး အဓိကသရုပ်ဆောင်ကတော့ Last Night in Soho ထဲက မင်းသမီး Thomasin McKenzie ပါပဲ။ ရုပ်ရှင်ကတော့ အစပိုင်းမှာ Family ...
movie
Eileen (2023)
2023
4K HEVC
7.0
The Taking of Pelham 1 2 3(2009)
The Taking of Pelham 1 2 3(2009)(အလန်းစားကားမို့ Blu-Ray 1080p 5.1CH ပါပြုလုပ်ပေးထားပါတယ်...)နယူးယောက်မြို့မှာ လူသုံးအများဆုံး သယ်ယူပို့ရေးလမ်းကြောင်းက မြေအောက်ရထားစနစ်ပဲဖြစ်ပါတယ်။အားလုံးသိကြတဲ့အတိုင်း ဒီလိုရထားတွေဟာ အချိန်တိကျတဲ့အပြင် ကားစီးပြီးသွားတာထက်တောင် လိုရာခရီးကို ပိုပြီးမြန်မြန်ဆန်ဆန်ရောက်နိုင်ပါတယ်.... ဒီဇာတ်ကားထဲမှာတော့ ဝေါ်တာ ဂါဘာ ဟာ ဒီလိုမျိုး မြေအောက်ရထားတွေကို အန္တရာယ်ကင်းစွာသွားလာနိုင်ဖို့အတွက်....ထိန်းချုပ်ရေးစင်တာကနေ ညွှန်ကြားချက်တွေပေးရတဲ့သူဖြစ်ပါတယ် တစ်ရက်မှာတော့ Pelham 123 ဆိုတဲ့ ရထားတစ်စီးကို လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့က အနုကြမ်း၀င်စီးပြီး ရထားပေါ်ကခရီးသွားတွေကို ဓားစာခံအနေနဲ့ဖမ်းထားတဲ့အခါ .... ဂါဘာ လည်း ဒီအကြမ်းဖက်အဖွဲ့နဲ့ ညှိနှိုင်းရာကနေ ဒေါ်လာ ၁၀ သန်း နဲ့ ၁ နာရီအတွင်းလဲဖို့ ကမ်းလှမ်းလာပါတော့တယ်.... ဒီဇာတ်ကားမှာ နာမည်ကျော်မင်းသားကြီး ၂ ဦးဖြစ်တဲ့ Denzel Washington နဲ့ John Travolta တို့ ပါ၀င်သရုပ်ဆောင်ထားတဲ့အပြင်... ဒါရိုက်တာ Tony Scott ကိုယ်တိုင် US ...
movie
The Taking of Pelham 1 2 3(2009)
7.6
The Hurricane(1999)
Unicode The Hurricane(1999) IMDb.....7.6<<<<<Rotten Tomatoes 83% သူ့နာမည်က Rubin "Hurricane" Carter ...ငယ်ငယ်လေးထဲက လူဖြူတွေနဲ့ပြသနာတစ်ချို့ရှိခဲ့တယ်...ဒါကြောင့်ပဲအချိန်တော်တော်များများ သူဟာ လူငယ်ပြုပြင်ရေးစခန်း တွေမှာပဲအချိန်ကုန်နေတယ်... လူဖြူတစ်ချို့ကြောင့် ထောင်ထဲမှာလိုအချိန်ကုန်ရတဲ့လူငယ်လေး Hurricane" ရဲ့ ရင်ထဲမှာ လူဖြူတွေအပေါ် အမုန်းတွေဟာ တစ်နေ့တခြားကြီးပွားလာတယ်.. လူမည်းတွေဟာ ထင်ပေါ်ကြော်ကြားဖို့မဖြစ်နိုင်ဘူးဆိုတဲ့အချက်ကိုခြေဖျက်ဖို့ သူ့ရဲ့အမုန်းတွေကို လက်သီးချက်တွေအဖြစ်ကူးပြောင်းလိုက်တယ်...ဒီလိုနဲ့ သူဟာ နာမည်ကျော် လက်ဝှေ့သမား Hurricaneဖြစ်လာတယ်.. တစ်နေ့ လူမဲတွေမလာရဆိုတဲ့ ဘားမှာ ဆိုင်ရှင်လူဖြူ(၃)ယောက်အသတ်ခံလိုက်ရတယ်...ဖုန်းဆက်သတင်းပေးမှုကြောင့် ဖမ်းလိုက်တဲ့အချိန်မှာ Hurricane တို့ကားကိုမိသွားတယ်... မျက်မြင်သက်သေတွေကလည်း Hurricane သတ်တယ်လို့ဆိုကြတယ်.. Hurricaneကိုယ်တိုင်ကတော့ သူမသတ်ဘူးလို့ငြင်းတယ်...ဘာတွေဆက်ဖြစ်မလဲဆိုတာကိုခံစားကြည့်လိုက်ပါဦးဗျို့... ဒီကားက လက်ဝှေ့သမား Rubin "Hurricane" Carter ရဲ့ ဖြစ်ရပ်မှန်ဘဝဇာတ်ကြောင်းပေါ်မှာ အခြေခံပြီးရိုက်ကူးထားတဲ့ ဖြစ်ရပ်မှန်အတ္ထုပတ္တိကားဖြစ်ပါတယ် … မင်းသားကြီးကတော့ကျွန်တော်တို့ရဲ့ ဇာတ်လိုက်ကျော်ကြီး Denzel Washington ပေါ့ဗျာ....ဒီကားက ပညာပေးကားကောင်းတစ်ခုအဖြစ်လည်းစာရင်းဝင်တယ်လို့ဆိုကြတယ်... ဒီကားမှာ သူဟာ အော်စကာ ဆန်ကာတင်မင်းသားစာရင်းလည်းဝင်ခဲ့သေးတယ်...ပေးချင်တဲ့ Messageတွေလည်းတော်တော်ကောင်းတယ်...ကျန်တာတွေက တော့ spoiler ဖြစ်သွားမှာ စိုးလို့မပြောတော့ပါဘူး...ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ ညီမငယ် Thaw Thaw Wai Oo ပဲဖြစ်ပါတယ်...File Size : (1GB) Quality ...
movie
The Hurricane(1999)
1999
5.6
A Vigilante(2018)
A Vigilante(2018) IMDb...6.0,,,,Rotten...90% မိန်းမတစ်ယောက်အတွက် ကိုယ်ရဲ့ အရင်းနှီးဆုံးလူသား ကိုယ့်ကို အချစ်ဆုံးလို့မှတ်ယူထားတဲ့လူ ကိုယ့်ကလေးတွေရဲ့ အဖေ ကိုယ့်ယောကျာ်းရဲ့ လူမဆန်စွာအနို်င်ကျင့်ခံရတာထက် ဆိုးတာ မရှိလောက်ပါဘူး။ ကိုယ် ယုံကြည်ထားတဲ့ လူတစ်ယောက်ရဲ့ ဒီလိုအပြောင်းအလဲဆိုတာလည်း လက်ခံဖို့ ခက်ပါတယ်။ ဒီလိုနဲ့ပဲ ဒီအိမ်တွင်းအနိုင်ကျင့်ခံရမှုတွေက မလွတ်မြောက်နိုင်ကြဘူးပေါ့။ ဒီရုပ်ရှင်က အိမ်တွင်းအနိုင်ကျင့်ခံနေရတဲ့ အမျိုးသမီးတွေရဲ့ အကြောင်းပါပဲ။ Vigilante (စေတနာဝန်ထမ်း) ဆိုတဲ့ ဇာတ်ကားရဲ့ နာမည်အတိုင်းပါပဲ အိမ်တွင်း အနိုင်ကျင့်မှုကို မတရားခံနေရတဲ့ အိမ်ထောင်ရှင်မတွေကို ကယ်နေတဲ့. စေတနာ့ဝန်ထမ်းအမျိုးသမီးတစ်ယောက်ကတော့ ဒီလို မလွတ်မြောက်နိုင်တဲ့ ဣတ္ထိယတွေကို နာမည်ဝှက် ရုပ်ဖျက်ရင်း ကယ်တင်ပေးရင်း အမျိုးသမီးနဲ့ အမျိုးသားတွေကြား အခက်အခဲတွေ ရှင်ဆိုင်ရတဲ့ ဒုက္ခတွေနဲ့ ရင်ဆိုင်ဖြေရှင်းနည်းတွေကို ပညာပေးရိုက်ပြထားတဲ့ဇာတ်ကားပါ.. မင်းသမီးကြီး Olivia Wilde အဓိကသရုပ်ဆောင်ထားပြီ IMDb..6.0နဲ့ Rotten 90%ရရှိထားလေတော့ ခံစားကြည့်လိုက်ပါဦး... File Size : (850 MB) and (309 MB) Quality :WEB-DL 720p, Format…mp4 Duration…01:30:00 Genre : Crime, Drama, Mystery Subtitle : Myanmar Subtitle (Hard Sub) Translated by WiRa Aung Encoded by Phyo Pyae
movie
A Vigilante(2018)
2018