Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Tony Vogel
5.8
Silk (2007)
၁၉ ရာစုက ပြင်သစ်နိုင်ငံရဲ့ ပိုးထည်မှောင်ခိုသမားတဦးဖြစ်တဲ့Hervé Joncour အီဂျစ်နိုင်ငံကို ခရီးထွက်ပြီး နောက်ပိုင်းမှာတော့အရည်အသွေးမြင့်တဲ့ ပိုးဥများရရှိဖို့အတွက် ဂျပန်နိုင်ငံကိုသွားပြီးအရောင်းအဝယ်လုပ်ခဲ့ပါတယ်။သူ့ရဲ့ခရီးတွေက မိုင်ထောင်ပေါင်းများစွာ ဖြတ်ကျော်ပြီး ဂျပန်နိုင်ငံကိုသွားခဲ့ရတာဖြစ်ပါတယ်။သူဟာ ဂျပန်နိုင်ငံထဲရောက်ရှိနေစဉ်မှာ လျှို့ဝှက်ဆန်းကြယ်ပြီးအမည်မဖော်လိုတဲ့ ဘုရင့်ကိုယ်လုပ်တော်တယောက်ကို အစွဲအလမ်းကြီးစွဲလမ်းလာခဲ့ပါတယ်။ တဖက်မှာလည်း ပြင်သစ်နိုင်ငံထဲမှာသူ့အပေါ်နားလည်မှုအပြည့်ရှိတဲ့၊ သူချစ်တဲ့အမျိုးသမီးနဲ့လက်ထပ်ယူထားတာဖြစ်ပါတယ်။ဒီရုပ်ရှင်ထဲမှာ ပိုးထည်ဖန်တီးမှုအနုပညာ၊ ချစ်ခြင်းမေတ္တာစွဲလမ်းမှုသံယောဇဉ်နဲ့ ဇာတိမြေနဲ့ ဝေးကွာတဲ့အရပ်ဆီကဆွဲဆောင်မှုတွေအကြောင်းကို ကဗျာတပုဒ်လို လှပစွာရိုက်ကူးတင်ဆက်ထားတာဖြစ်ပါတယ်။ File size…2.36GB / 1.21GB Quality…WEB-Rip 1080p 5.1CH / 720p Format…mp4 Duration….1h 47m Genre ….. Drama , Romance Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Zaw Myint
movie
Silk (2007)
7.4
Miracle (2004)
ဒီတစ်ခေါက်မှာတော့ IMDB 7.4/10, Rt 81% ရရှိထားတဲ့ ဖြစ်ရပ်မှန် Sport/Drama ကားလေးတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ၁၉၈၀ ဆောင်းရာသီအိုလံပစ်အားကစားပွဲက အမေရိကန် ဟော်ကီအသင်းရဲ့ နည်းပြတစ်ယောက်အကြောင်း အခြေတည်ရိုက်ကူးထားတဲ့ ဒီကားလေးထဲမှာ မင်းသားကြီး Kurt Russell က နည်းပြဟာ့ဘ်အဖြစ်နဲ့ အခြားဟော်ကီကစားသမားပေါင်းများစွာက ပါဝင်အားဖြည့်ထားကြပါတယ်။၁၉၆၀ နောက်ပိုင်းကစလို့ အိုလံပစ်အားကစားပွဲတွေမှာ အမေရိကန်က ဆိုဗီယက်ကို နှစ်တိုင်း ရှုံးနိမ့်ခဲ့ပါတယ်။ နှစ် ၂၀ လုံး ရှုံးနိမ့်ခဲ့ပြီးနောက်မှာတော့ အပြောင်းအလဲတစ်ခုအဖြစ် နည်းပြဟာ့ဘ်ကို အိုလံပစ်ဝင်ဖို့ အသင်းတစ်သင်း ဖွဲ့စည်းစေခဲ့ပါတယ်။ နောက်ခံအသီးသီးက တက္ကသိုလ်အသင်းတွေ၊ ချန်ပီယံရှစ်အသင်းတွေမှာပဲ ပြိုင်ဖူးတဲ့သူတွေနဲ့ အပျော်တမ်းကစားသမားလေးတွေကို နည်းပြ စိတ်ကြိုက်ရွေးချယ်ပြီး အမေရိကန်ကိုယ်စားပြုအသင်းအဖြစ် ဖွဲ့စည်းရာမှာ လူငယ်လေးတွေဖြစ်တာကြောင့် ကျောင်းတော်က ရန်စတွေနဲ့ အချင်းချင်းမတည့်ကြ၊ ရန်ဖြစ်ကြ၊ ထိုးကြ ကြိတ်ကြနဲ့ ပြဿနာမျိုးစုံတက်နေခဲ့ပေမဲ့ နည်းပြ ဟာ့ဘ်ကတော့ အရေးမထားခဲ့ပါဘူး။ သူ့နည်းသူ့ဟန်နဲ့ နည်းပြရင်း ...
movie
Miracle (2004)
6.1
Landscape with Invisible Hand (2023)
လူသားတွေရဲ့ ကမ္ဘာကြီးဟာ လောဘမောဟဒေါသတွေနဲ့ တဖြည်းဖြည်းပျက်စီးလာနေပါပြီ။စီးပွားရေးတွေဆုတ်ယုတ်နေသလို နည်းပညာတွေကလဲမတိုးတက်တော့ပါဘူး။အဲ့ဒီအချိန်မှာ ကမ္ဘာဂြိုလ်ပေါ်ကို ဗက်လို့ခေါ်တဲ့ဂြိုလ်သားတွေရောက်လာခဲ့ပါတယ်။ စစချင်းတုန်းကတော့ လူတွေရဲ့ထုံးစံအတိုင်းငြင်းဆိုခဲ့ကြပေမဲ့ အကွက်မြင်တတ်ကြတဲ့စီးပွားရေးသမားတွေကဗက်တွေရဲ့နည်းပညာ မြင့်မားမှုတွေကိုမြင်ပြီးသူတို့နဲ့ပူးပေါင်းခဲ့ပါတယ်။အဲ့ဒီနောက်မှာတော့ကမ္ဘာကြီးက တကယ်နှစ်ခြမ်းကွဲသွားခဲ့ပါတယ်။ အလယ်ကနေဟက်တက်ကွဲသွားတာမျိုးမဟုတ်ပဲနဲ့အပေါ်နဲ့အောက်နဲ့ကွဲသွားခဲ့တာဖြစ်ပါတယ်။လေပေါ်လွင့်မြောနေတဲ့ကမ္ဘာကြီးရဲ့အပေါ်မှာ နေရတဲ့လူတွေကချမ်းသာတဲ့လူတွေ ဂြိုလ်သားတွေကိုကပ်ဖားရပ်ဖားလုပ်ပြီး ကောင်းကောင်းမွန်မွန်နေထိုင်နေရတဲ့ လူတွေဖြစ်ပြီး မြေကြီးပေါ်မှာနေရတဲ့လူတွေကတော့ဆင်းရဲပြီးကြမ်းတမ်းခက်ခဲတဲ့ ဘဝတွေကိုကြုံတွေ့နေရတာပဲဖြစ်ပါတယ်။အက်ဒမ်ဆိုတဲ့ ကောင်လေးတစ်ယောက်ကနိမ့်ကျတဲ့ မြေကြီးပေါ်ကမ္ဘာမှာနေနေရတဲ့ကောင်လေးတစ်ယောက်ဖြစ်ပါတယ်။ဒါပေမယ့်သူ့မှာ တခြားသူတွေထက်သာတဲ့အရာက သူတို့မိသားစုမှာ နေစရာအိမ်တစ်လုံးရှိနေတာပါပဲ။တစ်နေ့မှာတော့ အက်ဒမ်ကကျောင်းမှာ ကလိုဝီဆိုတဲ့အိမ်ခြေရာမဲ့ ကောင်မလေးနဲ့တွေ့ပြီးစိတ်ကောင်းရှိသူကြီးပီပီ ကောင်မလေးရဲ့တစ်မိသားစုလုံးကိုအိမ်ပေါ်ခေါ်တင်ထားပါတော့တယ်။ဒီလိုနဲ့ နောက်ပိုင်းမှာသူတို့တွေနဲ့ဂြိုလ်သားတွေကြားမှာ ဘယ်လိုစိတ်ဝင်စားစရာတွေ ဘယ်လိုအဆင့်အတန်းခွဲခြားမှုတွေရှိလဲ ဆိုတာကိုကြည့်ရင်းနဲ့ ကိုယ်တွေကမ္ဘာကိုဂြိုလ်သားတွေလာသိမ်းပိုက်လာရင်ဘယ်လိုတွေဖြစ်လောက်မလဲ ဆိုတာကိုရိုက်ကူးထားတဲ့စိတ်ကူးယာဉ်ဇာတ်ကားလေးတစ်ကားပဲဖြစ်ပါတယ်။ File size…2.77GB / 861MB Quality… AMZN.WEB-DL 1080p 5.1 CH / 720p Format…mp4 Duration….1h 45m Genre ….. Comedy , Drama , Sci-Fi Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Saw Lay
movie
Landscape with Invisible Hand (2023)
8.4
Indiana Jones and Raiders of the Lost Ark (1981)
Indiana Jones and Raiders of the Lost Ark (1981)IMDb Rating (8.4) / Rotten Tomatoes (93%)++++++++++++++++++++++++Indiana Jones Franchise (1981-2023)George Lucas လို့ပြောလိုက်တာနဲ့ ရုပ်ရှင်ပရိသတ်တော်တော်များများက Star Wars ကို ပြေးမြင်မိကြလိမ့်မယ်။ ဟုတ်တော့လည်း ဟုတ်ပါတယ်။ လူးကပ်စ်ရဲ့ အပေါက်ဆုံးကားတွေဟာ ကြယ်တာရာစစ်ပွဲတွေ ဖြစ်ခဲ့တာကိုး။ ဒါပေမဲ့ Steven Spielberg လို့ပြောရင်ကျ ပြေးမြင်မိစရာ ဇာတ်ကားအများကြီးရှိပါလိမ့်မယ်။ အဲဒီလို ဇာတ်ကားအများကြီးတွေထဲကမှ Jaws ဟာ စပီးဘာ့ဂ်အတွက် ရိုက်ရတာ ဒုက္ခအရောက်ဆုံးဖြစ်ခဲ့သလို လူးကပ်စ်အတွက်လည်း Star Wars Ep IV: A New Hope ကို လွယ်လွယ်နဲ့ ရိုက်ခွင့်ရခဲ့တာ မဟုတ်ဘူး။ ဒါပေမဲ့ အဲဒီလို ပင်ပင်ပန်းပန်းကာလတွေအလွန်မှာ သူတို့နှစ်ယောက်ဟာ ...
movie
Indiana Jones and Raiders of the Lost Ark (1981)
1981
4K HEVC
7.1
Mission: Impossible (1996)
Mission: Impossible I (1996)====================IMDb Rating 7.1/101996 ခုနှစ်မှာ စတင်ထွက်ရှိခဲ့ပြီး Mission Impossible ဇာတ်ကားတွေရဲ့ ပထမဦးဆုံးကားဖြစ်ပါတယ်.. မင်းသားတွမ်ခရုရဲ့ အောင်မြင်ကျော်ကြားခဲ့တဲ့ film စီးရီးပါပဲ... Brian De Palma ရိုက်ကူးတင်ဆက်ခဲ့ပြီး ဒီဇာတ်ကားဟာ IMDb Rate မှာလည်း 7.1 ရရှိခဲ့ ပါတယ်..မင်းသားတွမ်ခရုကိုလည်း ငယ်ငယ်ရွယ်ရွယ်နဲ့တွေ့မြင်နိုင်တဲ့ကားဖြစ်ပါတယ်။ဇာတ်လမ်းကတော့...IMF အဖွဲ့အစည်းရဲ့အစဖြစ်တဲ့ တကယ်တော်တဲ့အေးဂျင့်တွေနဲ့စုပေါင်းလှုပ်ရှားထားတဲ့ အဖွဲ့ဟာ ပရောဂျက်တခုကိုလုပ်ဆောင်နေရင်းနဲ့ အီသန်ဟန့် ကလွဲရင် ကျန်တဲ့အဖွဲ့ဝင်တွေအားလုံးအသတ်ခံလိုက် ရပါတယ်..တကယ်တော့အဲ့ဒီပရောဂျက်ဟာ ဗဟိုအဖွဲ့အစည်းက သစ္စာဖောက်ကိုဖေါ်ထုတ်မယ့် ပရောဂျက်ပါ..အီသန်တစ်ဦးတည်းသာအသက်ရှင်ကျန်ခဲ့တာမို့ CIA ကနေ ဖမ်းဖို့ကြိုးစားပါတော့တယ် ထိပ်တန်းလျို့ဝှက်ချက်ဖိုင်ကြောင့် သစ္စာဖောက်တယ်ဆိုတာသိပေမယ့် အီသန်ဟန့်ဟာ တကယ့်သစ္စာ ဖောက်ခဲ့တဲ့သူကိုလိုက်ရှာဖို့ကြိုးစားပါတယ်..ဒီတော့ သူကိုယ်တိုင် သူလျိုအဖြစ်နဲ့ အဝယ်တော်ဘက်ကို ပူးပေါင်းကာ သစ္စာဖောက်အစစ်ကိုရှာဖို့အတွက် ထိပ်တန်းလျို့ဝှက်ချက်ကို စီအိုင်အေ ရုံးချုပ်ကနေ မရရအောင်ပြန်ခိုးပါတော့တယ်...အမိုက်စားအက်ရှင်ဇာတ်ကားဖြစ်တဲ့အဖြစ်..မင်းသားတွမ်ခရုရဲ့ သရုပ်ဆောင်ကောင်းမှု ...ဇာတ်လမ်းဇာတ်အိမ်စုဖွဲ့မှုကောင်းမှုတွေကြောင့် 1996 က ထွက်ရှိခဲ့ပေမယ့် ယခုထိတိုင်အသက်ဝင်နာမည်ကျော်ကြားဆဲဇာတ်ကားဖြစ်ပါတယ်။Mission Impossible ဇာတ်ကားအားလုံးကို ဒီမှာ https://channelmyanmar.to/?s=mission+impossible ကြည့်ပါ။ File size…(8.5 GB)/(1.3 GB)/(950 MB) Quality….BluRay 4K ...
movie
Mission: Impossible (1996)
1996
4K HEVC