Channel Myanmar

Tony Shalhoub

Against the Ropes (2004)
Against the Ropes (2004)  *"Against the Ropes"* ဇာတ်ကားသည် 2004 ခုနှစ်မှာထွက်ရှိခဲ့တဲ့ အားကစားဒရမ်မာ ဇာတ်လမ်းကောင်းတစ်ပုဒ်ဖြစ်ပါတယ် ဂျက်ကီကယ်လန်ဆိုတဲ့ အားကစားမှာ စိတ်အားထက်သန်လှတဲ့ အမျိုးသမီးတစ်ဦးရဲ့ လက်ဝှေ့လောကထဲကိုတိုးဝင်ပုံကို ရိုက်ကူးထားခြင်းဖြစ်ပါတယ်။အမျိုးသမီးများကို အလေးထားမှုမရှိတဲ့လက်ဝှေ့လောကမှာ အမျိုးသားများနဲ့ရင်ဘောင်တန်ပြီး တန်းတူယှဉ်ပြိုင်ရင်း အလုပ်ကိုကြိုးစားရုန်းကန်သွားပုံကို စိတ်ဝင်စားဖွယ်ဖော်ပြထားတာပါ။ လက်ဝှေ့လောကမှာ နာမည်မရှိသေးတဲ့ လက်ဝှေ့သမားတစ်ယောက်ကို နာမည်ကျော်တစ်ဦးဖြစ်တဲ့အထိ လေ့ကျင့်သင်ကြားပေးပြီး စိန်ခေါ်မှုများ အခက်အခဲများနှင့်အောင်မြင်မှုကို ထင်ဟပ်ပုံဖော်ထားတဲ့ ဇာတ်ကားကောင်းတကား ဖြစ်ပါတယ်။ File size…(2.2 GB)/(1.8 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:22:00 Genre... Romance, Drama  Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Khin Sanda 
movie

Against the Ropes (2004)

Quick Change (1990) 6.8
Quick Change (1990) Quick Change (1990)~ IMDb - 6.8/10, Rotten Tomatoes - 84% ~တိုတိုပြောရရင်တော့ Bill Murray ရဲ့ ဘဏ်ဓားပြတိုက်တဲ့ကားပဲ။ လူအများစုကတော့ Oceans Eleven တို့၊ The Italian Job တို့၊ Money Heist တို့လို ဘဏ်ဓားပြတိုက်တဲ့ ရုပ်ရှင်တွေ စီးရီးတွေကြည့်ဖူးကြလိမ့်မယ်။ အဲဒီလို ဘဏ်ဓားပြတိုက်တဲ့ကားတွေမှာ အကြမ်းဖျင်း အဆင့် ၃ ဆင့်ရှိတယ်။ အစီအစဉ်အသေးစိတ်ဆွဲမယ်၊ ဓားပြတိုက်မယ်၊ လွတ်အောင်ပြေးမယ်။ အဓိက ဇာတ်လမ်းတည်တဲ့‌အပိုင်းကတော့ ဓားပြတိုက်တဲ့အပိုင်းပဲ။ ဒီရုပ်ရှင်က အဲဒီလို လမ်းကြောင်းနဲ့ ကွဲတယ်။ အစီအစဉ်ဆွဲတာကို ကျော်ပြီး လာလာချင်းကတည်းက ဓားပြတိုက်တာနဲ့စတယ်။ တခြားရုပ်ရှင်တွေထက် ပိုဒဲ့တိုးသွားတာပေါ့။ ဒီရုပ်ရှင်မှာ အဓိက ဇာတ်လမ်းတည်တာက လွတ်အောင်ပြေးတဲ့အပိုင်း။ ပိုထူးခြားတာက တခြားရုပ်ရှင်တွေထဲကလို CCTV တွေ hack ...
movie

Quick Change (1990)

1990
Barton Fink (1991) 7.6
Barton Fink (1991)  တမူထူးခြားတဲ့ ဇာတ်လမ်းကောင်းတစ်ပုဒ်ကို တင်ဆက်ပေးမှာ ဖြစ်ပါတယ် ဒါရိုက်တာက နာမည်ကြီး Coen ညီနောင်ဖြစ်တဲ့အပြင် ကိန်းရုပ်ရှင်ပွဲတော်က Palme d'Or လို ဆုကို ဆွတ်ခူးနိုင်ခဲ့တဲ့ ရုပ်ရှင်ပါ Writers Block ဆိုတဲ့ စာရေးဆရာတွေ အကြံဉာဏ်မထွက်တဲ့ အကြောင်းကို psychological comedy ဆန်ဆန်ပုံဖော်ထားပြီး ဒိုင်ယာလော့ခ်တွေကလည်း စိတ်ဝင်စားစရာကောင်းပါတယ်ဘာတွန်ဖင့်န်က နာမည်ကြီးပြဇာတ်ရေးဆရာဖြစ်ပြီး ဝေဖန်ရေးဆရာတွေ ချီးကျူးခံရတာကို မနှစ်မြို့ပဲ သူ့ရင်ဘတ်ခံစားချက်အတိုင်း လူလတ်တန်းစားတွေရဲ့ စိတ်ခံစားချက်ကို တင်ပြဖို့ကသာ အိပ်မက်ပါ ဒါပေမဲ့ မိတ်ဆွေတစ်ယောက်ညွှန်းမှုနဲ့ ဟောလိဝုဒ်ကိုရောက်သွားပြီး ရုပ်ရှင်ဇာတ်ညွှန်းရေးရဖို့ ဖြစ်လာပါတယ် သူ့အတွေးအခေါ်နဲ့ လုံးဝမကိုက်ညီတဲ့ ပရိုဂျူဆာတွေရဲ့ ဖိအားပေးမှုတွေ ကြုံရတဲ့အခါ.......စာရေးဖို့ အကြံက တစ်နေပြီး သူနေတဲ့ ဟိုတယ်မှာပါ ထူးထူးဆန်းဆန်းတွေ ကြုံလာရတဲ့အခါမှာ ဘာတွေဆက်ဖြစ်သွားမလဲဆိုတာကို စိတ်ဝင်စားဖွယ် ကြည့်ရမှာပါ File size…(2.5 GB)/(1.4 GB) Quality….Blu-Ray 1080p / 720p Format…mp4 Duration….01:56:00 Genre... ...
movie

Barton Fink (1991)

Primary Colors (1998) 6.7
Primary Colors (1998) Primary Colors (1998)~ IMDb - 6.7/10, Rotten Tomatoes - 80% ~70s, 80s ခုနှစ်ပိုင်းက Icon တစ်ယောက်ဖြစ်တဲ့ ဂျွန်ထရာဗိုတာအပြင် Emma Thompson နဲ့ Kathy Bates တို့လို ဝါရင့်သမ္ဘာရင့်မင်းသမီးကြီးတွေလည်း ပါ၀င်ထားပြီး အော်စကာဆုအတွက်ပါ ဆန်ခါတင် ဆုနှစ်ခု၀င်ခဲ့တဲ့ ၁၉၉၈ ခုနှစ်ထွက် Comedy, Drama အမျိုးအစား အဟောင်းအကောင်းဇာတ်ကားတစ်ကားပါ။အမေရိကန်နိုင်ငံရဲ့ သမ္မတရွေးကောက်ပွဲအကြောင်းနဲ့ မဲဆွယ်ပုံတွေအကြောင်းကို အသားပေးပြီး ရိုက်ကူးထားတာပါ။ 1996 မှာထွက်ခဲ့တဲ့ အမည်မသိဆောင်းပါးရှင်ရဲ့ နိုင်ငံရေး၀တ္ထုဖြစ်တဲ့ "Primary Colours: A Novel of Politics" ကို ပြန်ရိုက်ထားတာဖြစ်ပြီး အဲဒီ၀တ္ထုကလည်း အမေရိကန်သမ္မတဟောင်း ဘီလ်ကလင်တန်ရဲ့ ၁၉၉၂ ခုနှစ် ရွေးကောက်ပွဲမဲဆွယ်မှုအကြောင်းရေးသားထားတယ်လို့ဆိုကြပါတယ်။ဇာတ်ကားထဲမှာတော့ ရွေးကောက်ခံအမတ်လောင်းတွေကြားက ညစ်ပတ်တဲ့ကစားကွက်တွေ၊ အချင်းချင်းချောက်ချတာတွေ ပါဝင်ပြီး နိုင်ငံရေးဆိုတာ ...
movie

Primary Colors (1998)

1998
Mr. Monk’s Last Case: A Monk Movie (2023) 7.4
Mr. Monk’s Last Case: A Monk Movie (2023)  Mr. Monk's Last Case: A Monk Movie (2023) ထွက် ဇာတ်ကားလေးက၂၀၀၂ ကနေ ၂၀၀၉ ခုထိ ထွက်ခဲ့တဲ့ လူကြိုက်များနာမည်ကျော် Emmy ဆုတွေအများကြီး ရခဲ့တဲ့ Monk ဆိုတဲ့ ဟာသ ဒရမ်မာ မှုခင်းလိုက် Series လေးရဲ့နောက်ဆက်တွဲ ရုပ်ရှင်ဇာတ်ကားပဲ ဖြစ်ပါတယ်။ အဆက်ဆိုပေမဲ့ ရှေ့ seriesမကြည့်ထားတဲ့သူတွေအတွက်လည်း အခုမှ စကြည့်လို့ ရတဲ့ ရုပ်ရှင်ကားကောင်းလေးတစ်ကားဖြစ်ပြီး ဝါရင့်နာမည်ကျော်သရုပ်ဆောင် Tony Shalhoub က အဓိကပါဝင်သရုပ်ဆောင်ထားပါတယ်။Mr. Monk ဆိုတာ လူသတ်မှုတွေအများကြီးကို ဖော်ထုတ်နိုင်ခဲ့တဲ့ ဝါရင့်စုံထောက်တစ်ယောက်ဖြစ်ခဲ့ပါတယ်။ သူ့ဆီမှာ တခြားသူနဲ့ မတူတာတွေကတော့ photogenicmemory လို့ခေါ်တဲ့ အရာရာကို တစ်ကြိမ်မြင်ရုံနဲ့ မှတ်မိတဲ့ စွမ်းရည်နဲ့ သူ့ရဲ့ OCD လို့ခေါ်တဲ့ပတ်ဝန်းကျင်က အရာတွေကို သူ့စိတ်ထဲကပုံစံအတိုင်း စနစ်တကျ ဖြစ်ရမှ ...
movie

Mr. Monk’s Last Case: A Monk Movie (2023)

How Do You Know(2010) 6.7
How Do You Know(2010) How Do You Know(2010)*********************** 2010 ခုနှစ်က ထွက်ခဲ့တဲ့ Reese Witherspoon, Paul Rudd, Owen Wilson တို့အဓိက ပါဝင်သရုပ်ဆောင်ထားတဲ့ How do you know ဆိုတဲ့ romance/comedy ဇာတ်ကားလေးကိုတင်ဆက်ပေးလိုက်ပါတယ်။ ဆော့ဖ်ဘောအမျိုးသမီး ကစားသမားဖြစ်တဲ့ လီဆာဟာအသက်အရွယ်ကြောင့် အသင်းကနေ ထွက်ရတော့မယ့်အချိန်ဟာ သူ့ဘဝအတွက် တဆစ်ချိုးဖြစ်နေခဲ့ပြီး စိတ်ပိုင်းဆိုင်ရာပြိုလဲနေတဲ့အချိန်လို့ပြောလို့ရပါတယ်။ ဒီအချိန်မှာပဲ အမျိုးသားနှစ်ယောက်နဲ့ တချိန်တည်းမှာ ဆုံတွေ့ခဲ့ပြီး ဘယ်တယောက်ကို ရွေးချယ်ရမလဲဆိုတာ ခက်ခက်ခဲခဲ ဆုံးဖြတ်ရဖို့ဖြစ်လာပါတယ် တယောက်ကတော့ ဘေ့စ်ဘော ကစားသမား အကျော်အမော်ဖြစ်ပြီး ဥစ္စာပေါရုပ်ချော တယောက်ဖြစ်ပါတယ် ကျန်တဲ့တယောက်ကတော့ လိမ်လည်မှုနဲ့ စွပ်စွဲခံရပြီး အစိုးရရဲ့ စုံစမ်းစစ်ဆေးခြင်းကို ခံနေရတဲ့ ကုမ္ပဏီပိုင်ရှင်သားဖြစ်ပါတယ်။ ဘဝရဲ့ အလှည့်အပြောင်းတခုမှာ သူတို့ သုံးယောက် ဆုံတွေ့ခဲ့ပြီး အချစ်စစ်ဆိုတာ ဘယ်လိုမျိုးလဲလို့ လီဆာက ရွေးချယ်ရတော့မှာဖြစ်ပါတယ်။File size… 2.1GB& 1.1GB Quality… Blu-Ray1080p,720p Format…mp4 Duration….2hr 03min Genre ….. Romance , Drama , Comedy Subtitle….Myanmar Subtitle ...
movie

How Do You Know(2010)

Flamin’ Hot (2023) 6.9
Flamin’ Hot (2023) Flamin' Hot (2023)Imdb - 6.9 Rotten Tomatoes - 69 %မက္ကဆီကန် Forrest Gump လို့ ပြောရလောက်တဲ့ Hot Cheeto မုန့်တွေရဲ့ ဖခင်ကြီး ရစ်ချတ်ဒ် မွန်တာညက်ဇ် အကြောင်းကို Disney လက်အောက်ခံ Searchlight Pictures စတူဒီယိုက အတ္ထုပ္ပတ္တိ ရုပ်ရှင်လေး ရိုက်ကူးပေးလိုက်ပါတယ်။ Rating တွေကလည်း အားရစရာပါပဲ။ဇာတ်လမ်းကျောရိုးကတော့ လူမျိုးရေးခွဲခြားမှုတွေ အင်မတန်များတဲ့ အမေရိကန်ပြည်ကြီးအလယ် ရွှေ့ပြောင်းမက္ကဆီကန်တွေရဲ့ ဘဝကို ထင်ဟပ်ဖော်ပြထားတာပါ။ တစ်ကားလုံး Twist အပြည့်နဲ့ဖြစ်ပြီး အပြောမတတ်ရင် spoil မိသွားနိုင်တာမို့ ထွေထွေထူးထူး မ‌ရေးတော့ပါဘူး။Comedy, Drama အမျိုးအစားဖြစ်ပြီး ဖြစ်ရပ်မှန်ကို အခြေခံထားတဲ့အပြင် စိတ်ဓာတ်မြှင့်တင်ရေး ရုပ်ရှင်မျိုးဖြစ်တာကြောင့် ကိုယ့်ဆရာတို့ ဘဝမယ် လမ်းပျောက်နေသလို ခံစားမိရင် ကြည့်သင့်တဲ့ရုပ်ရှင်လေးပါပဲ။အညွှန်း နဲ့ ဘာသာပြန်ကတော့ Hugo ပဲ ဖြစ်ပါတယ်။Genre..... Comedy, Drama Quality…. 1080p | ...
movie

Flamin’ Hot (2023)

2023
Thir13en Ghosts (2001) 5.6
Thir13en Ghosts (2001) Horror ကားတွေမှ ကြိုက်ပါတယ်ဆိုတဲ့ ညိုကီတို့ အတွက်သရဲကားတစ်ကား တင်ဆက်လိုက်ပါတယ်။2001 ခုနှစ်က ဇာတ်ကားဖြစ်ပြီး IMDb 5.6 ရရှိထားပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ ဆိုးသွမ်းရက်စက်တဲ့ ၀ိညာဉ်တွေကိုအကြံတစ်ခုနဲ့ လိုက်ဖမ်းနေတဲ့ လူတစ်ယောက်ရဲ့ အိမ်ကိုအမွေဆက်ခံဖို့ ရောက်ရှိလာတဲ့ မိသားစုတစ်ခုရဲ့ကြောက်စရာအဖြစ်ဆိုးအကြောင်းပါ။ ဒီဇာတ်ကားမှာ ပါဝင်တဲ့သရဲတွေအကြောင်းကို သိနိုင်စေဖို့ ဘာသာပြန်သူ ညီသံလွင်မှ စာထဲမှာကွင်းစကွင်းပိတ်နဲ့ ထည့်ရေးပေးထားတဲအတွက် စာအနည်းငယ်များနေတဲ့နေရာတွေမှာ ရပ်ပြီး ဖတ်ကြည့်မယ်ဆိုရင် ပိုစိတ်ဝင်စားစရာကောင်းပါလိမ့်မယ်။   File size…2.02GB / 866MB Quality…Blu-Ray 1080p 5.1CH/ 720p Format…mp4 Duration….1h 31m Genre ..... Fantasy , Horror Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Nyi Than Lwin
movie

Thir13en Ghosts (2001)

Galaxy Quest (1999)
Galaxy Quest (1999)   IMDb-7.4/10 ~ RT-90% "ဘယ်တော့မှ အရှုံးမပေးနဲ့၊ ဘယ်တော့မှ အညံ့မခံနဲ့" ဆိုတာကတော့ "Galaxy Quest" ဆိုတဲ့ နာမည်ကြီးတီဗီရှိုးမှာ အန်အီးအက်စ်‌အေ ကာကွယ်သူယာဉ်ရဲ့ ကွန်မန်ဒါ ပီတာ ကွင်စီ တက်ဂါ သုံးခဲ့တဲ့လက်သုံးစကားပါ။ "Galaxy Quest" တီဗီရှိုးဟာ နာမည်‌ ကျော်လူကြိုက်များ အောင်မြင်ခဲ့‌ပေမဲ့လည်း ဖျက်သိမ်းခံလိုက်ရပြီး ဒီစီးရီးနဲ့ပတ်သတ်တဲ့ Geek တွေ၊ အရူးအမူးအားပေးတဲ့ ပရိသတ်တွေက ၁၈ နှစ်ကျော်တဲ့အထိ နှစ်စဉ်နှစ်တိုင်းတွေ့ဆုံပွဲတွေလုပ်နေကြတုန်းပါပဲ။ တွေ့ဆုံပွဲတိုင်းမှာလည်း မူလသရုပ်ဆောင်တွေကိုဖိတ်ခေါ်ပြီး လက်မှတ်ထိုးတဲ့အစီအစဉ်တွေကိုပြုလုပ်ကြလေ့ရှိပါတယ်။ဒီလိုအရူးအမူးအားပေးတဲ့ အထဲမှာ သာမီယန်းဂြိုလ်သားတွေပါ ပါဝင်ပြီး ဒီစီးရီးကို တကယ့်ဖြစ်ရပ်မှတ်တမ်းတွေအဖြစ် မှတ်ထားခဲ့ကြတာပါ။ ဒီလိုနဲ့ပဲ ၁၈ နှစ်ပြည့် တွေ့ဆုံပွဲမှာတော့ ကွန်မန်ဒါ တက်ဂါနေရာမှာသရုပ်ဆောင်တဲ့ ဂျေဆင် နက်စမစ်ဆီကို သာမီးယန်းဂြိုလ်သားတွေရောက်ရှိလာပြီး သူတို့ကိုနှိပ်စက်နေတဲ့ ဆဲရစ်ဆိုတဲ့ လူဆိုးကြီးနဲ့ညှိနိုင်းပေးဖို့ အကူအညီတောင်းပါတော့တယ်။ ဂျေဆင်လည်းသူ့ကိုသရုပ်ဆောင်ခိုင်းနေတယ်အထင်နဲ့ သာမီးယန်းယာဉ်ပေါ်လိုက်သွားပြီး ဆဲရစ်ကို‌အမြှောက်စာ နှစ်ချက်ကျွေးလိုက်ပြီး ...
movie

Galaxy Quest (1999)

Linoleum (2022) 6.7
Linoleum (2022) Linoleum (2022)~ IMDb - 6.7/10, RT - 80%, Meta - 80% ~အသက်၅၀ကျော်အရွယ် ကမ်မရွန်ဟာ ကလေးတွေအတွက် အာကာသသိပွံနဲ့ဆိုင်တဲ့ တီဗီ Program တင်ဆက်သူဖြစ်ပါတယ်။ သူဟာ သိပ္ပံပညာကို ရူးသွပ်ပြီး ငယ်စဉ်က အာကာသယာဉ်မှူးဖြစ်ချင်ခဲ့တာပါ။ လက်ရှိမှာတော့ နက္ခတဗေဒပညာရှင်ဘ၀နဲ့ပဲ တီဗီ Program Host လုပ်နေရတာပါ။ Program က ညသန်းခေါင်မှာလွှင့်တာဖြစ်ပြီး သိပ်မအောင်မြင်တဲ့အတွက် လွှင့်ဖို့အချိန်ကောင်းကိုလည်းမရတဲ့အပြင် တခြားလူဆီကိုပါ ပါသွားပါတယ်။ ကမ်မရွန်နေရာမှာ ၀င်လာတဲ့သူကတော့ ထူးချွန်ပြီး ဆုရထားတဲ့ အာကာသယာဉ်မှူး ကန့်ပါ။ ကန့်က ကမ်မရွန်ဖြစ်ချင်တဲ့အရာတွေကို ပိုင်ဆိုင်ထားတဲ့ အောင်မြင်တဲ့သူပါ။ အလုပ်ကအဆင်မပြေတဲ့အပြင် မိသားစုနဲ့ပါ ကတောက်ကဆတွေဖြစ်လာတော့ ကမ်မရွန်ဟာ သူ့ရဲ့လုပ်နိုင်စွမ်းကို သက်သေပြချင်ပြီး သူ့အိပ်မက်ကို အကောင်အထည်ဖော်ချင်နေခဲ့ပါတယ်။တစ်နေ့မှာ ရုရှားက ဒုံးကျည်အစိတ်အပိုင်းတစ်ခု ကမ်မရွန်တို့ခြံနောက်ကို မတော်တဆ ပျက်ကျလာတဲ့အခါ ကမ်မရွန်က ...
movie

Linoleum (2022)

2022
Gattaca (1997) 7.8
Gattaca (1997)  သိပ်မဝေးတော့တဲ့ အနာဂတ်မှာ မျိုးရိုးဗီဇမြှင့်တင်ပြောင်းလဲမှုတွေ လုပ်နိုင်လာပါပြီ။ လူတိုင်းဟာ အားနည်းချက်မရှိ ခြောက်ပစ်ကင်း သလဲစင်ဖြစ်လာကြတဲ့ခေတ်ပေါ့။ ဒါကြောင့် သဘာဝအတိုင်း မိခင်က ကိုယ်ဝန်ဆောင်ပြီး မွေးတာက မရှိသလောက်နည်းလာပါတယ်။ သဘာဝအတိုင်းမွေးလာတဲ့သူတွေကိုတော့ 'စံချိန်မမှီ' သူတွေလို့ခေါ်ပြီး သူတို့ရဲ့ပြီးပြည့်စုံမှုမရှိတဲ့ မျိုးဗီဇတွေကြောင့်နေရာတိုင်းမှာ ခွဲခြားဆက်ဆံခံနေကြရပါတယ်။ဒီကားရဲ့ ဇာတ်လိုက်ကျော် Vincent ဟာ အာကာသယာဥ်မှူးလုပ်ပြီး အာကာသထဲခရီးသွားနိုင်ဖို့ အမြဲစိတ်ကူးယဥ်ခဲ့တဲ့သူ တစ်ယောက်ပေါ့။ ဒါပေမဲ့ သူက 'စံချိန်မမှီ' တစ်ယောက်ဖြစ်တာကြောင့် အာကာသထဲသွားမဲ့ ဘယ်ပရိုဂရမ်ကမှ သူ့ကို အလုပ်မခန့်ကြပါဘူး။အဲဒါနဲ့ Vincent ဟာ ဗီဇမြှင့်တင်ပြီး မွေးလာတဲ့ Jerome Morrow ဆိုသူရဲ့ မျိုးရိုးဗီဇအချက်အလက်တွေကို တရားမဝင် ဝယ်ယူပြီး သူ့ကံကြမ္မာကို ပြောင်းပြန်လှန်ဖို့ ကြိုးစားပါတော့တယ်အဲဒီအာကာသပရိုဂရမ်က အကြီးအကဲ ဒါရိုက်တာတစ်ဦး အသတ်ခံရတဲ့အမှုကြောင့် Vincent ရဲ့ အစီအစဥ်တွေ ရှုပ်ထွေးကုန်တဲ့အခါ...Vincent အဖြစ် Ethan Hawke Jerome အဖြစ် Jude ...
movie

Gattaca (1997)

Men in Black 3 (2012) 6.8
Men in Black 3 (2012) ဒီ MIB 3 မှာလဲ အရင်လို Agent K နဲ့ J ကို ပြန်မြင်ကြရအုံးမှာပါပဲ အရမ်းဆိုးရွားလွန်းလို့ အာကသ ထဲမှာ အဆင့်ဆင့် ပိတ်လှောင်ထားတဲ့ အကျဉ်းထောင်ထဲက ဘိုးရစ် ဆိုတဲ့ ဂြိုလ်သားတစ်ကောင် ရှိပါတယ် သူနဲ့ အေးဂျင့် ကေ မှာ ရန်ညိုး ရန်စ တစ်ခု ရှိနေတယ်...အေးဂျင့် ကေ ကြောင့် ဘိုးရစ် ရဲ့ လက်တစ်ဖက် ပြတ်သွားဖူးပါတယ် နောက်ဆုံးမှာ အေးဂျင့်ကေ က မသတ်ပဲ အရှင်ဖမ်းပြီး အကျဥ်းထောင်မှာ လုံခြုံရေး တင်းကျပ်စွာ ချူပ်နှောင်ထားခဲ့တာ ဖြစ်ပါတယ်...တစ်ရက်မှာတော့ ဘိုးရစ် တစ်ယောက် အပြင်က အကူအညီ နဲ့ အကျဉ်းထောင်က လွတ်မြောက်သွားပြီး အေးဂျင့် ကေ ကို လက်စားချေဖို့ ကြံစည်ပါတော့တယ်...သူလက်စားချေမယ့် အစီအစဉ်ကတော့ အေးဂျင့် ကေ ဘိုးရစ်ကို မဖမ်းခင် အချိန်ကို ပြန်သွားပြီး သတ်ဖို့ပါပဲ... ဘိုးရစ် ရဲ့ အစီအစဉ် အောင်မြင်သွားတယ် ...
movie

Men in Black 3 (2012)

2012
4K HEVC
Men in Black II (2002) 6.1
Men in Black II (2002) ပြီးခဲ့တဲ့ MIB ပထမ ရုပ်ရှင်ကားမှာတုန်းက အေးဂျင့် ကေ ဟာ အေးဂျင့် ဂျေ ကို သူသိသမျှ တက်သမျှ တွေ အကုန်သင်ပေးခဲ့ပြီး Men In Black အဖွဲ့အစည်းကနေ အနားယူခဲ့ပါတယ် ပိုပြီး ထူးခြားတာက သူအနားယူတဲ့အခါ ဘာမှ မမှတ်မိချင်လို့ ဒီအလုပ်လုပ်ခဲ့သမျှ ကာလပတ်လုံး မေ့သွားအောင် အေးဂျင့် ဂျေ ကို မှတ်ဉာဏ်ဖျက်ပေးဖို့ တောင်းဆိုခဲ့ပြီး ထွက်ခွာသွားခဲ့တာပါ...MIB 2 မှာတော့ ကေ မရှိတဲ့တဲ့ အေးဂျင့် ဂျေ တစ်ယောက် အလုပ်မှာ တလွဲတွေ လုပ်တဲ့ ပါတနာ အသစ်နဲ့ အတော်လေး အဆင်မပြေ ကို ဖြစ်နေပါတယ်...အဲ့ဒီလို အချိန်ကိုက်မှာပဲ ကမ္ဘာပေါ်ကို ပထမတစ်ခါလာဖူးပြီး MIB အဖွဲ့ကို ရင်ဆိုင်ရှုံးနိမ့်သွားတဲ့ ဆယ်လီနာ ဆိုတဲ့ ဂြိုလ်သားမ ဟာ နောက်တစ်ခါ ထပ်မံ ရောက်ရှိလာပါတော့တယ် သူလာရှာတာကတော့ ဇာသန် တွေ ရဲ့ အလင်းရောင် စွမ်းအားပါ လွန်ခဲ့တဲ့ နှစ်တွေတုန်းက အေးဂျင့် ကေ ...
movie

Men in Black II (2002)

2002
4K HEVC
Men in Black (1997) 7.3
Men in Black (1997) CM Fan တွေ အတွက် Men In Black ရဲ့ပထမ အစ ကားကို ပြန်တင်ပေးလိုက်ပါတယ်ဒီရုပ်ရှင်ကားမှာဆိုရင် လူသားတွေ နဲ့အတူမသိမသာ နေထိုင်နေတဲ့ ဂြိုလ်သားတွေကိုစည်းကမ်းထိန်းသိမ်းပြီး စောင့်ကြည့်နေတဲ့ MIB အဖွဲ့ အကြောင်း ပါဂျေ ဟာ နယူးရော့ခ် ရဲဌာနက သာမန် အရာရှိတစ်ယောက်ပါတစ်ရက်မှာတော့ ရာဇဝတ်သား တစ်ဦးကို မရမက လိုက်ဖမ်းရင်းရာဇဝတ်သားက သတ်သေသွားပါတယ် ဂျေ လဲ ဒီကိစ္စကို လိုက်လံစုံစမ်းရင်းMIB က အေးဂျင့် ကေ နဲ့ စသိပါတယ်...ပုံမှန်အနေနဲ့ကတော့ ကေ ဟာ အမှုကိစ္စတွေ လက်စသတ်ပြီးရင်လူတွေရဲ့ မှတ်ဉာဏ်ကို ဖျောက်ပြီး ဘာမှမဖြစ်ခဲ့သလို ပုံစံဖန်တီးတက်ပေမဲ့ဂျေ ကိုတော့ MIB ကို လာပြီး အလုပ်လုပ်ဖို့ စည်းရုံးခဲ့ပါတယ်...အဲဒီအချိန်မှာပဲ ကမ္ဘာကို ဖျက်ဆီးချင်တဲ့ ပိုးဟပ်ဂြိုလ်သား တစ်ကောင်ကလဲကမ္ဘာပေါ်ကို ရောက်လာခဲ့သော အခါမှာတော့...အေးဂျင့် ကေ ...
movie

Men in Black (1997)

1997
4K HEVC
Pain and Gain (2013) 6.4
Pain and Gain (2013) [Unicode]ကာယနည်းပြဆရာ Daniel Lugo (Mark Wahlberg)ဟာ သူ၏လက်ရှိဘဝကိုမရောင့်ရဲနိုင်ပဲ သူသည် ဒီထက်ပိုကောင်းမွန်သော ဘဝနှင့်ထိုက်တန်သည်ဟုခံယူထားသူတစ်ဦးဖြစ်ပါတယ် ။ထိုတွင် ခေါင်းထဲပေါ်လာသည့်အကြံက သူလေ့ကျင့်သင်ကြားပေးနေတဲ့ နောက်ကြောင်းမရှင်းသည့် သူဌေးတစ်ယောက်ကို ပြန်ပေးဆွဲမယ့် အကြံပါ...သူနှင့်အတူ လုပ်ဖော်ကိုင်ဖက် body builder , Adrien Doorbal (Anthony Mackie)၊ နှင့် ထောင်မှထွက်လာတာမကြာသေးသည့် ခပ်အူအူ Paul Doyle (Dwayne Johnson) တို့ကိုဤစီမံကိန်းကြီးထဲ ပါဝင်ဖို့ဆွဲသွင်းပြီးနောက်... သူတို့သုံးယောက်၏အတွေ့အကြုံမပြည့်ဝမှု၊ အူတိအူကြောင်နိုင်မှုတို့ကြောင့် စီစဉ်ထားသည့်အတိုင်းဖြစ်မလာခဲ့ရပေမယ့် နောက်ဆုံးမှာတော့ အကောင်အထည်ဖော်နိုင်ခဲ့ပါတယ် ။ဒါပေမယ့် မကောင်းမှုတို့၏ထုံးစံအတိုင်း သူတို့ကိုအလွတ်စုံထောက်တစ်ယောက်က ခြေရာခံမိလာသည့်အခါ...အလုံးအရင်းနှင့်ဖြစ်သော ပိုက်ဆံတို့ကိုထိန်းသိမ်းနိုင်သည့်စွမ်းရည် သူတို့မှာမရှိသည့်အခါ အဆိုးဆုံးသောဒုစရိုက်မှုကို သူတို့ကျုးလွန်မိကြကုန်ပါတော့တယ် ။ဒီဇာတ်ကားဟာ IMDb Rating - 6.4/10 ရရှိထားပြီး ဖလော်ရီဒါပြည်နယ်မှာအမှန်တကယ်ဖြစ်ခဲ့တဲ့ ဖြစ်ရပ်မှန် ဇာတ်ကားတစ်ကားဖြစ်ပါတယ် ။ File size__( 1.1 GB) and ( ...
movie

Pain and Gain (2013)

The Siege (1998) 6.3
The Siege (1998) ကျွန်တော်တို့ဟာ အစ္စလာမ်ဘာသာကို တိုက်ခိုက်နေခြင်း မဟုတ်ပါဘူး ၊ အစ္စလာမ်ဘာသာကို ခုတုံးလုပ်ပြီး အကြမ်းဖက်သောင်းကျန်းနေသူများကို တိုက်ခိုက်နေခြင်းသာ ဖြစ်ပါတယ်လို့ အိုဘားမား သမ္မတဖြစ်ခါစ အရှေ့အလယ်ပိုင်းခရီးစဉ်မှာ ပြောခဲ့ဖူးတယ် ။ ၁၉၈၀ ကျော်မှာ ဆိုဗီယက်က အာဖဂန်နစ္စတန်ကို ကျူးကျော်တုန်းက အမေရီကန် CIA တွေက ဘင်လာဒင်တို့လို့ မျိုးချစ်ပုဂ္ဂိုလ်တစ်ချို့ကို တော်လှန်ရေးသမားအဖြစ် မွေးမြူခဲ့တယ် ။ CIA ရဲ့ ရည်ရွယ်ချက်က အရှေ့အလယ်ပိုင်းဒေသမှာ အမေရီကန်ရဲ့ အကျိူးစီးပွားကို ထိခိုက်နိုင်တဲ့ ဆိုဗီယက်ရဲ့ ဩဇာအာဏာကို ဟန့်တားဖို့ပေါ့ ။ ၁၉၉၀ ကျော် အမေရီကန် သမ္မတ ဂျော့ဘုရှ် လက်ထပ်မှာတော့ အီရတ်က ဆတ်ဒမ်ဟူစိန်ကိုအမေရီကန်က ဖြုတ်ချချင်တယ် ။ အီရတ်ပြည်တွင်းမှာ ဆတ်ဒမ်ကို တော်လှန်ချင်သူတွေကို လက်နက်တွေပေးတယ် ၊ အကြမ်းဖက်နည်းတွေ သင်ပေးတယ် ၊ ဗုံးလုပ်နည်းတွေ သင်ပေးတယ် ။ အမေရီကန် သမ္မတသစ် ကလင်တန် လက်ထပ်မှာ နိုင်ငံခြားရေးမူဝါဒကပြောင်းသွားတယ် ...
movie

The Siege (1998)

1998
Teenage Mutant Ninja Turtles: Out of the Shadows (2016) 6.0
Teenage Mutant Ninja Turtles: Out of the Shadows (2016) Teenage Mutant Ninja Turtles: Out of the Shadows (2016) IMDb - 6.0/10_____Rotten - 37%    Teenage Mutant Ninja Turtles မြန်မာစာတန်းထိုးနဲ့ အကြည်ရပါပြီ။ ဒီ နံပါတ်၂ လိပ်နင်ဂျာကားမှာတော့ နံပါတ်၁ မှာ သူတို့ဖမ်းပေးလိုက်တဲ့ ဗီလိန်ကြီး ရှရက်ဒါ ပြန်လွှတ်လာပြီး အခြားကမ္ဘာတစ်ခုက ဂြိုလ်သားနဲ့ ပူးပေါင်းပြီး ကမ္ဘာကိုသိမ်းပိုက်မယ့် အန္တရာယ်ကို ညီအစ်ကို ၄ ယောက်တွန်းလှန်ကြတာပါပဲ။ ဒီအပိုင်းမှာ ဇာတ်ကောင်အသစ်ကေစီဂျုန်းအဖြစ် အဲရိုးမင်းသား စတက်ဖန် အမ်းမဲလ် သရုပ်ဆောင်ထားပါတယ်။ အက်ရှင်ကားကောင်းတစ်ကားအဖြစ် ပိုင်ပိုင်နိုင်နိုင် ရိုက်ကူးထားသလို လုံးဝစရိုက်မတူညီတဲ့ ညီအစ်ကိုတွေ ဘယ်လိုနားလည်မှုနဲ့ အဖွဲ့တစ်ခုအဖြစ်လှုပ်ရှားနိုင်ခဲ့လည်း ဆိုတာကိုလဲ သရုပ်ဖော်ပြထားပါတယ်။ တခါတလေ ခက်ခဲတဲ့ရွေးချယ်မှုတွေ ကြုံလာတဲ့အခါ တစ်ယောက်တည်းရဲ့ အမြင်နဲ့ဆုံးဖြတ်ချက်ဟာ ဘယ်လောက်စေတနာပါပါ အမြဲမမှန်နိုင်တာမို့ အဖွဲတစ်ခုရဲ့ စဉ်းစားဉာဏ်နဲ့ အင်အားဆိုတာ အမြဲထည့်တွက်ရမယ့်အရာဆိုတာ လိပ်ညီအစ်ကိုတွေကနေ သင်ခန်းစာယူရင်း ဟာသနဲ့အက်ရှင်ကောင်းတွေ ခံစားနိုင်ကြပါစေ။   (ဇာတ်လမ်း အညွန်းနဲ. ဘာသာပြန်သူကတော. Moe Myint ...
movie

Teenage Mutant Ninja Turtles: Out of the Shadows (2016)

2016
Spy Kids (2001) 5.5
Spy Kids (2001) Spy Kids ဇာတ်ကားကတော့2001 ခုနှစ်မှာ Director:Robert Rodriguezရိုက်ကူးထားတဲ့ Action,Adventure,Comedyဇာတ်ကားတစ်ကားဖြစ်ပါတယ်။ဒီဇာတ်ကားလေးအကြောင်းကတော့ လူတိုင်းနီးပါးသိမယ်ထင်ပါတယ်။ကျွန်တော်တို့ငယ်ငယ်တုန်းကကြည်ပြီးကြိုက်ခဲ့ရတဲ့ဇာတ်ကားလေးပါပဲ။အခုထိဆို ၄ကားထွက်ရှိပြီးသွားပါပြီ။ဇာတ်လမ်းကတော့ နိုင်ငံတစ်ခုစီက စပိုင်ကောင်လေးနဲ့စပိုင်ကောင်မလေးနှစ်ယောက်ဟာအကြောင်းအမျိုးကြောင့် ချစ်မိသွားခဲ့ကြပြီး ကလေး၂ယောက် ရခဲ့ပါတယ်။သူတို့ဟာ ကလေးတွေမသိအောင်လျို့ဝှက်အေးဂျင့်လုပ်ကြပါတယ်။ဒါပေမယ့် တစ်နေ့မှာ သူတို့အဖွဲ့ထဲက အေးဂျင့်တစ်ယောက်ပျောက်ဆုံးသွားတဲ့အကြောင်းအရင်းနဲ့ပတ်သတ်ပြီးသူတို့နှစ်ယောက်တာဝန်ယူပြီး ရှာဖွေဖို့အမိန့်ကျလာပါတယ်။အဲ့ချိန်မှာ သူတို့အဖွဲ့ထဲက သစ္စဖောက်ကြောင့်သူတို့နှစ်ယောက်အဖမ်းခံခဲ့ရပါတယ်။အဲ့အချိန်မှာတော့ သူတို့ရဲ့ကလေးနှစ်ယောက်ဖြစ်တဲ့၁၂နှစ်အရွယ်Carmen နဲ့ ၉နှစ်အရွယ်Juni တို့နှစ်ယောက်သူတို့မိဘတွေကို ကယ်ဖို့ ဘယ်လိုတွေကြိုးစားကြမလဲဘယ်လိုတွေ အလွဲလွဲအချော်ချော်ဖြစ်တယ်ဆိုတာကိုတော့ဇာတ်လမ်းထဲမှာဆက်လက်ရှု့စားကြပါတော့...။ File size…(900 MB) and (400 MB) Quality…BR-Rip 1080p Format…mp4 Duration….01:30:50 Subtitle….Myanmar Subtitle (Hardsub) Translated by Eden Zaw Htoo Encoded by Naing Aung Latt
movie

Spy Kids (2001)

2001
Spy Kids 2: The Island of Lost Dreams (2002) 5.1
Spy Kids 2: The Island of Lost Dreams (2002) Spy Kids 2 ဇာတ်ကားကတော့ 2002ကရိုက်ကူးခဲ့တဲ့American spy adventure comedy ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ဒီကားထဲမှာဆိုရင်တော့Alexa vega,Daryl Sabara,Antonio Banderas တို့ကအဓိကပါဝင်သရုပ်ဆောင်ထားကြပါတယ်။ဒီကားထဲမှာဆိုရင်တော့ ပထမကားထဲကCarmen နဲ့ Juniတိို့ကို Agentတွေ အဖြစ်နဲ့တွေ့ရမှာဖြစ်ပါတယ်။သူတို့နှစ်ယောက်ကို အငယ်ဆုံးစပိုင်အဖြစ်အသိအမှတ်ပြုကြပေမယ့်အတော်ဆုံးစပိုင်အဖြစ်တော့ အသိအမှတ်မပြုကြပါ။ဒါကြောင့်ပထမဇာတ်ကားမှာ သူတို့ကိုကယ်ခဲ့တဲ့Gary နဲ့ Gerti Gigglesတို့နဲ့တွေ့ပြီး စမ်းသပ်လေ့ကျင့်ကြပါတယ်။အဲ့အချိန်မှာတော့ juni ဟာ မအောင်မြင်တာကြောင့်Agent အဖြစ်မှအဖြုတ်ခံလိုက်ရပါတယ်။ဒါပေမယ့်နောက်နေ့မနက်မှာတော့ Carmen ဟာDatabase ကို hackပြီး Juni ကို Agentအဖြစ်ပြန်ထားခဲ့ပါတယ်။အဲ့နောက်မှာတော့ သူတို့နှစ်ယောက်ဘယ်လိုဖြစ်သွားမလဲဆိုတာဇာတ်ကားလေးထဲမှာဆက်လက်ရှု့စားကြပါတော့...။ File size…(950 MB) and (400 MB) Quality…BR-Rip 1080p Format…mp4 Duration….01:40:18 Subtitle….Myanmar Subtitle (Hardsub) Translated by Eden Zaw Htoo Encoded by Naing Aung Latt
movie

Spy Kids 2: The Island of Lost Dreams (2002)

2002