Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Tony Ray Rossi
6.7
Babes (2024)
သားသမီးဆိုတာ ရတနာပေမယ့် သားသမီးယူရတာကမိဘတွေအတွက်တော့ အရမ်းပင်ပန်းတဲ့အလုပ်တစ်ခုပါပဲ။အမေရိကန်ဟာသရုပ်ရှပ် Babes မှာတော့ ကလေးယူဖို့ဆုံးဖြတ်တဲ့အချိန်၊ ကိုယ်ဝန်ဆောင်ထားရတဲ့အချိန်၊ လောကထဲရောက်လာတော့မယ့် ကလေးတစ်ယောက်အတွက် ပြင်ဆင်ရတဲ့အချိန်၊ ကလေးမွေးတဲ့အချိန်၊ ကလေးမွေးလာပြီးတဲ့အချိန်တွေမှာမိဘတွေရုန်းကန်ရတာတွေကို ဟာသနှောပြီးတင်ဆက်ပြသထားပါတယ်။လိင်ပညာပေးတင်မကဘဲ ကလေးမွေးပြီးတဲ့နောက် မိခင်မှာခံစားရတဲ့စိတ်အလိုမကျမှုတွေ၊ ပြောင်းလဲမှုတွေ၊ ဘယ်သူမှနားလည်မပေးနိုင်ဘဲ ငရဲရောက်နေသလိုခံစားရတဲ့ အခက်အခဲတွေကိုပါ မြင်တွေ့ရမှာပါ။ ကိုယ်တိုင်ကလေးမမွေးရပေမယ့်စိတ်ရောကိုယ်ပါပင်ပန်းနေတဲ့ကလေးအမေကို နားလည်မှုအပြည့်ပေးထားရတဲ့အပြင် ကလေးတွေကိုလည်း ကြိုးစားကြည့်ရှု့စောက်ရှောက်ပေးရတဲ့ ဖခင်တွေရဲ့အခက်အခဲတွေကိုပါပေါ့ပေါ့ပါးပါးလေးထည့်သွင်းရိုက်ကူးပြသွားတာမြင်တွေ့ရပါတယ်။အခက်အခဲတွေကြားကပဲ မိသားစုရဲ့နွေးထွေးမှု၊ ပျော်ရွှင်မှုဆိုတာတွေကို အချစ်ဆုံးသူငယ်ချင်းနှစ်ယောက်ဖြစ်တဲ့ဒွန်းနဲ့အီဒင်က ဟာသနှောသရုပ်ဖော်ပေးထားပါတယ်။ကလေးယူဖို့ဆုံးဖြတ်ထားတဲ့စုံတွဲတွေအတွက်တော့မဖြစ်မနေကြည့်သင့်တဲ့ရုပ်ရှင်တစ်ခုလို့ အကြံပေးချင်ပါတယ်။ File size…1.70GB / 735MB Quality…WEB-DL 1080p 5.1CH / 720p Format…mp4 Duration….1h 44m Genre …..Comedy Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by JULY
movie
Babes (2024)
Return to Sleepaway Camp (2008)
ဒီတစ်ခါမှာတော့ ရုပ်ရှင်ချစ်ပရိတ်သတ်ကြီးကို Return to SleepawayCamp(2008)ဆိုတဲ့ ဇာတ်ကားကောင်းလးနဲ့ မိတ်ဆက်ပေးပါရစေဒီဇာတ်ကားဟာ နွေရာသီလေ့ကျင့်ရေးစခန်းက ဖြစ်ပျက်ခဲ့တဲ့ လူသတ်မှုအကြောင်းကို အဓိကဇာတ်အိမ်တည်ရိုက်ကူးထားပြီး ဒီဇာတ်ကားရဲ့ဒါရိုက်တာလည်းဖြစ် ဇာတ်ညွှန်းရေးဆရာလည်းဖြစ်တဲ့ Robert Hiltzikကရိုက်ကူးပုံဖော်ထားပါတယ်ဒီဇာတ်ကားမှာ အဓိကဇာတ်ဆောင်ကောင်လေး အာလန်အဖြစ်Michael Gibney,နွေရာသီလေ့ကျင့်ရေးစခန်းရဲ့ ပိုင်ရှင်ဖြစ်သူဖရန့်ခ်အဖြစ် Vincent Pastore,အကြံပေးခေါင်းဆောင်ရွန်နီအဖြစ်မင်းသားကြီးPaul DeAngeloနဲ့ ကာရန်အဖြစ်မင်းသမီး ErinBroderick ကပါဝင်အားဖြည့်သရုပ်ဆောင်ထားပါတယ်ဇာတ်လမ်းဟာ နွေရာသီလေ့ကျင့်ရေးစခန်းတစ်ခုလုံးရဲ့ ချဉ်ဖတ်ဖြစ်သူအမြဲတမ်းအနိုင်ကျင့်ခံရတဲ့ အာလန်ဆိုတဲ့ ကောင်လေးတစ်ယောက်တစ်ရွာလုံးနဲ့ ငါ့ကြီးတော်ဖြစ်နေပုံနဲ့စတင်ထားပါတယ် အဲ့နောက်ထူးဆန်းစွာပဲအာလန်ကိုအနိုင်ထက်စီးနင်းပြုကျင့်တဲ့ သူတွေဟာ တစ်ယောက်ပြီးတစ်ယောက်စပြီး အသတ်ခံရပါတယ် ပထမမီးဖိုချောင်အကူကောင်လေးမစ်ကီ နောက်ပြီးတစ်ယောက်ပြီးတစ်ယောက်တိုးပွားလာပေမယ့်သတ်တဲ့သူကိုအဖြေမထုတ်နိုင်ဖြစ်နေပါတယ် စခန်းရဲ့အကြံပေးခေါင်းဆောင်ဖြစ်တဲ့ရွန်နီကတော့ အရင်ကစခန်းမှာ လူတွေကိုလိုက်သတ်ခဲ့တဲ့ အန်ဂျယ်လ်လာဆိုတဲ့သူပြန်ရောက်နေပြီလို့ထထစ်ချပြောပေမယ့် ပိုင်ရှင်ဖရန်ခ့်ကတော့ မသိသလိုဟန်ဆောင်နေပါတယ် ဒီလိုနဲ့တစ်ယောက်ပြီးတစ်ယောက် အသတ်ခံလာရတဲ့အ ချိန်မှာတော့ လူသတ်သမားကိုစုံစမ်းကြပါတော့တယ် စခန်းကလူတွေအားလုံးကတော့ လူသတ်သမားဟာ သူတို့ကိုအမြဲတမ်းကြုံးဝါးနေတဲ့အာလန်ဆိုတဲ့ကောင်လေးပဲလို့ ယုံကြည့်နေကြပါတယ် ကြည့်ရှုသူပရိတ်သတ်ကြီးလည်း လူသတ်သမားကဘယ်သူဖြစ်မလဲ အနိုင်ကျင့်ခံရပြီးတိုင်းမင်းတို့အားလုံးကို ငါသတ်ပစ်မယ်လို့ အမြဲကြုံးဝါးနေတဲ့ အာလန်ဆိုတဲ့ကောင်လေးလား အာလန်အနိုင်ကျင့်ခံရတဲ့ အချိန်တန်တိုင်းမှာပေါ်လာပြီးအာလန်ဖက်မှာ အမြဲတမ်းရပ်တည်ပေးနေတဲ့ ပီတီဆိုတဲ့ကောင်မလေးလားဒါမှမဟုတ် ...
movie
Return to Sleepaway Camp (2008)
Donnie Brasco (1997)
IMDb Rating(7.7) / Rotten Tomatoes (88%)ကပ္ပတိန်ဂျက်စပဲရိုးဇာတ်ရုပ်နဲ့အထူးတလည်မိတ်ဆက်ပေးစရာမလိုအောင် နာမည်ကြီးလှတဲ့ Johnny Depp နဲ့ အော်စကာလျာထားစာရင်းကိုးကြိမ်ဝင်ခဲ့ပြီး တစ်ကြိမ်ရရှိ၊ ရွှေကမ္ဘာလုံးဆု ၁၈ ကြိမ်လျာထားခံခဲ့ရပြီး (လေးဆုရရှိ)ခဲ့၊ BAFTA , Emmy Eward စတဲ့ဆုပေါင်းမြောက်များစွာပိုင်ရှင် မင်းသားကြီး Al Pacino (Godfather Trilogy) တို့က အဓိကဇာတ်ဆောင်နှစ်ဦးအဖြစ်ပါဝင်ထားပါတယ်။ဖြစ်ရပ်မှန်ဇာတ်လမ်းဖြစ်ပြီးတော့ အကောင်းဆုံး Gangster ရုပ်ရှင်တွေ၊ Organized Crime Thrillers တွေအကြောင်းပြောမယ်ဆိုရင်ချန်လှပ်ထားလို့မရတဲ့ အထင်ကရဇာတ်ကားတစ်ကားလဲဖြစ်ပါတယ်။Donnie Brasco ဟာ ၁၉၇၀ ဝန်းကျင်၊ နယူးယောက်ခ်က Bonanno ဒုစရိုက်မိသားစုထဲစိမ့်ဝင်ထောက်လှမ်းခဲ့တဲ့ အက်ဖ်ဘီအိုင် သူလျှိုအေးဂျင့် Pistone (Johnny Depp) ရဲ့ဖြစ်ရပ်မှန်ဇာတ်လမ်းကိုအလွတ်သဘောအခြေခံထားတာဖြစ်ပါတယ်။ဘရက်စကိုဟာ အရွယ်ရနေပြီဖြစ်တဲ့ မာဖီးယားလက်မရွံ့တစ်ယောက်ဖြစ်တဲ့ Lefty Ruggiero (Al Pacino) ကြီးကိုချဉ်းကပ်ပြီး သူ့ရဲ့ယုံကြည်မှုအားပေးထောက်ခံမှုတွေကိုရအောင်ကြိုးစားရင်းနဲ့ မာဖီးယားဂိုဏ်းထဲကို အတွင်းကျကျနေရာယူနိုင်ခဲ့ပါတယ်။ တစ်ဖြည်းဖြည်းနဲ့ ဒုစရိုက်သမားဖြစ်ပေမယ့် သူ့အပေါ်တကယ်နှစ်နှစ်ကာကာသံယောဇဉ်ကြီးရှာတဲ့ Lefty နဲ့ညီရင်းအစ်ကိုလို ဆက်ဆံရေးခိုင်မာနက်ရှိုင်းလာခဲ့တဲ့ အလုပ်တာဝန်နဲ့ ကျင့်ဝတ်တွေစောင့်ထိန်းရမယ့် စည်းတွေကြားဗျာများလာတဲ့အခါ...။Action,Crime ...
movie
Donnie Brasco (1997)