Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Toni Servillo
The Consequences of Love (2004)
IMDb Rating(7.5/10) The Consequences of Love ကိုတော့ ဇာတ်ကောင်တခုအပေါ်မှာအခြေပြုပြီးဇာတ်လမ်းတွေကိုဖန်တီးတဲ့နေရာမှာနာမည်ကြီးတဲ့ ဒါရိုက်တာ Paolo Sorrentino ကရိုက်ကူးထားတာပါ၊ ဆွတ်ဇာလန်နိုင်ငံက ဟိုတယ်တခုမှာဇာတ်အိမ်ကိုအခြေတည်ထားပြီး သတ်လက်ပိုင်းအရွယ် အထီးကျန်ဆန်နေတဲ့ Titta Di Girolamo အကြောင်းကိုရိုက်ကူးထားတာပါ၊Titta ဟာ မာဖီးယားေတွနဲ့ ငွေရေးကြေးရေးပြဿနာတွေကြောင့် ဟိုတယ်မှာအကျယ်ချုပ်သဘောမျိုးအနေနဲ့နေနေရတာပါ၊မိန်းမနဲ့ကွဲနေတာကြာပြီး သာသမီးတွေရှိပေမယ့် အထီးကျန်နေရတဲ့လူတယောက်ဖြစ်ပါတယ်၊ဒီလိုနဲ့ဟိုတယ်ဘားကောင်တာက Sofia တယောက်နဲ့ရင်းနှီးစပြုလာပါတော့တယ်၊ဒီရင်းနှီးမှုက Titta တယောက်ရဲ့အထီးကျန်ဆန်မှုတွေကိုကုစားသွားနိုင်မလား သူတို့နှစ်ယောက်ကကောဘာတွေဆက်ဖြစ်ကြမလဲဆိုတာကိုစောင့်ကြည့်သွားရမှာပါ၊ဇာတ်ကားကခပ်အေးအေးလေးနဲ့ တွေးတောနေတာတွေများတာမို့ ပျင်းစရာကောင်းတယ်လို့ထင်ရပေမယ့် ဒရမ်မာ၊အချစ်၊သည်းထိပ်ရင်ဖို ရသသုံးမျိုးလုံးကိုဖော်ကျုးထားတာကြောင့် ကြည့်ရူသင့်တယ့်ဇာတ်ကားလေးတကားပါ File size…(1.6 GB)/(866 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:40:00 Genre... Drama, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Myat Kyaw
movie
The Consequences of Love (2004)
6.7
Adagio (2023)
ဇာတ်ကားကတော့ အီတလီ action crime thrillerအမျိုးအစားလေးဖြစ်ပြီး အမှုမှန်သိအောင်ဇာတ်အိမ်အတိုင်းစီမျောကြည့်ရတဲ့ ကားလေးတစ်ကားပါပဲ။ဇာတ်လမ်းလေးကိုပြောပြရင် ပါတီပွဲတစ်ခုမှာ မာနွယ်ဟာပွဲထဲမှာဖြစ်ပျက်နေတဲ့ကိစ္စတွေအကုန် ဖုန်းနဲ့မှတ်တမ်းတင်ရိုက်ယူပြီး ရဲတပ်ဖွဲ့ကိုပြန်ပို့ပေးနေတာပါ...။သို့ပေမဲ့ ရဲတွေဟာ ဒီပွဲထဲမှာ အခြားလျှို့ဝှက်ကင်မရာတွေတပ်ဆင်ထားပြီး မာနွယ့်ကို နှစ်ကွက်တစ်ကွက်ရိုက်ပြီးချောက်ချဖို့ကျန်တယ်ပေါ့။ဒါကို မာနွယ်က သိသွားတော့ ရဲတွေလက်အောက်ကလွတ်အောင်ပြေးရင်း အဖေဖြစ်သူရဲ့ မိတ်ဆွေတွေဆီရောက်သွားပါတယ်...။ဇာတ်လမ်းကရှည်ချင်တော့ ဒီလူတွေဟာ အီတလီလူဆိုးဂိုဏ်းသားတွေဖြစ်နေပါလေရော....ဒီတော့ မာနွယ်တစ်ယောက် ရဲတွေလက်ကလွတ်အောင်ပြေးနိုင်မလား၊ လူဆိုးဂိုဏ်းသားတွေလက်ထဲပဲရောက်သွားမလား...ဘယ်သူတွေက လူကောင်းလူဆိုးတွေဖြစ်နေမလဲဆိုတာတော့ကိုယ်တိုင်ပဲခံစားကြည့်လိုက်ပါတော့ဗျာ....။ File size…1.54GB / 706MB Quality…WEB-DL 1080p 5.1CH / 720p Format…mp4 Duration….2h 7m Genre ….. Action , Crime , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Themes
movie
Adagio (2023)
7.0
Gomorrah (2008)
ဒီတစ်ခါမှာတော့ IMDb 7 နဲ့ Rotten tomatoes မှာ 91% ထိရရှိထားတဲ့ အီတလီ Crime ဇာတ်ကားလေးတစ်ကားကို တင်ဆက်ပေးသွားမှာပါဒီဇာတ်ကားလေးဟာတော့ ဂိုဏ်းတစ်ခုနဲ့ တစ်ခုအကြား စစ်ပွဲဖြစ်ပြီး တစ်ဖက်နဲ့ တစ်ဖက် အပြိုင်အဆိုင် တိုက်ခိုက်ကြတာကို မတူညီတဲ့ ရှုထောင့်တစ်မျိုးကနေ ရိုက်ကူးထားတာဖြစ်ပါတယ် ဒီဇာတ်ကားမှာတော့ ခေါင်းဆောင်ပိုင်းတွေဟာ ဘယ်လိုတိုက်ခိုက်ကြတယ် သူတို့ရဲ့ ဂိုဏ်းတွေကို ဘယ်လိုထိန်းချုပ်တယ်ဆိုတာမျိုးကို ပြသတာမဟုတ်ဘဲ လက်အောက်ခံ အဖွဲ့ဝင်တွေရဲ့ ဘဝကို သီးသန့်ဖော်ပြသွားပြီး ဒုစရိုက်အဖွဲ့အစည်းကြားက စစ်ပွဲတွေမှာ ဘယ်လိုအသက်ရှင်အောင်ရုန်းကန်ကြလဲဆိုတာကို ပြသထားတာဖြစ်ပါတယ်တရားဥပဒေစိုးမိုးမှု အားနည်းနေတဲ့အချိန်မှာ ဖြစ်ပေါ်နေတဲ့ လမ်းမပေါ်က ဘဝတွေကို ရိုက်ပြထားတာဖြစ်ပြီး ဥရောပရုပ်ရှင် ဆုပေးပွဲမှာ2008 ခုနစ်ရဲ့ အကောင်းဆုံး ရုပ်ရှင်ဆု ရရှိထားတဲ့ ဇာတ်ကားလေးဖြစ်ပါတယ် File size…(2.5GB)/(1.2 GB) Quality….Webrip 1080p / 720p Format…mp4 Duration….02:17:00 Genre...Drama, Crime Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Ban
movie
Gomorrah (2008)
6.7
The First Day of My Life (2023)
"ကိုယ့်ဘ၀ရဲ့ ပထမဆုံးနေ့"ဆိုတဲ့အတိုင်း ရှင်သန်ခြင်းရဲ့အဓိပ္ပာယ်ကို သေချာ မီးမောင်းထိုး ရိုက်ကူးပြထားတဲ့ အီတလီဒရာမာကားကောင်းလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။မိုးတွေသည်းတဲ့ညတစ်ညမှာ ဘယ်ကမှန်းမသိတဲ့ အမည်မသိ အဖိုးကြီးတစ်ယောက်ဟာ ကိုယ့်ကိုယ်ကိုယ်အဆုံးစီရင်ဖို့ကြိုးစားနေတဲ့ လူလေးယောက်ကို အသက်ဘေးကကယ်တင်ပေးခဲ့ပြီး စတေရှင်ဝက်ဂန်ကားလေးနဲ့ ခေါ်လာခဲ့ပါတယ်။ဒီ အဆုံးစီရင်ဖို့ကြိုးစားခဲ့တဲ့ လူလေးယောက်ကတော့ နပိုလီယွန်လို့အမည်ရတဲ့ယောင်္ကျားကြီးရယ်၊ အာရီယာနာဆိုတဲ့ သက်လတ်အရွယ် မိန်းမကြီးရယ်၊ အမ်မီလီယာလို့ခေါ်တဲ့ မိန်းမပျိုလေးရယ်၊ ဒန်နီရယ်ဆိုတဲ့ ကလေးလေးတစ်ယောက်ပါ။ဒီအဖိုးကြီးဟာ သူတို့လေးယောက်ကို ခုနစ်ရက်အချိန်ပေးလိုက်ပြီး သူတို့မရှိတော့တဲ့နောက်ပိုင်း သူတို့ဘ၀တွေဟာ ဘယ်လိုဖြစ်ဆက်သွားမလဲဆိုတာကို ခုနစ်ရက်တာကာလအတွင်း စတေရှင်ဝက်ဂန်လေးနဲ့ လိုက်လံပြသပေးပြီးတော့ သေဆုံးမှုထက် ရှင်သန်မှုကိုပဲရွေးချယ်ဖို့ရာကို တိုက်တွန်းဖို့ကြိုးစားပေးပါတော့တယ်။ရုပ်ရှင်တလျှောက် လူလေးယောက်ရဲ့ မတူညီတဲ့ ဇာတ်လမ်းတွေကို အသေးစိတ်ပုံဖော်ထားပြီး စိတ်ခံစားမှုကို လှုပ်ခတ်စေအောင် နောက်ခံတေးတွေကိုလည်း သေချာအသုံးပြုထားတာကိုတွေ့ရပါမယ်။ဒီလိုနဲ့ ခုနစ်ရက်ပြည့်တဲ့အချိန် သူတို့ဟာအသက်ရှင်နေခဲ့သေးရင် သူတို့ရဲ့အနာဂတ်နေ့ရက်မှာ သူတို့ကိုစောင့်မျှော်နေမယ့်သူတွေ၊ အဆုံးစီရင်ဖို့မကြိုးစားခင်က အထင်အမြင်လွဲမှားနေခဲ့တဲ့အရာတွေကို သိရှိသွားခဲ့ကြပြီးနောက်မှာတော့ သေကြောင်းကြံဖို့ ကြိုးစားနေခဲ့တဲ့ ဒီလူလေးယောက်ထဲမှာ ဘယ်သူတွေကဆက်ရှင်သန်ဖို့ လမ်းကို ရွေးချယ်မလဲ၊ ဘယ်သူတွေက ကယ်တင်မှုကို ...
movie
The First Day of My Life (2023)
6.9
Strangeness (or) La Stranezza (2022)
Strangeness (or) La Stranezza (2022) ========================== IMDb Rating – 6.9/10ဒီ အီတလီကားလေးကတော့ ၁၉၂၀ ဝန်းကျင် ပြဇာတ်ရေးဆရာ အဖြစ်နာမည်ကြီးပြီး စာပေနိုဘယ်ဆုဆွတ်ခူးနိုင်ခဲ့တဲ့ အီတလီက အနုပညာရှင် လူဝီဂျီပီရန်ဒယ်လိုကို ဇာတ်ကောင်အဖြစ် ရိုက်ကူး ထားတဲ့ အီတလီ ပြဇာတ် ဘဝသရုပ်ဖော် ဟာသဒရမ်မာလေးပါ။ ဟာသဆိုပေမဲ့ ဒီတိုင်းရယ်နေတာမျိုး မဟုတ်ပဲ အနီးစပ်ဆုံးပြော ရရင် ကိုတင့်တို့ ရပ်ကွက်ထဲမှာ ကာတွန်းလိုမျိုး လူအမျိုးမျိုး အလွဲလွဲအချော်ချော် ဖြစ်သလိုမျိုးလေးတွေပါ။ဇာတ်လမ်းအကျဉ်းကတော့ ဆစ်စီလီမြို့မှာ သုဘရာဇာလုပ်ရင်း ပြဇာတ်ရေးဆရာလုပ်နေကြတဲ့ သူငယ်ချင်းနှစ်ယောက်ရှိတယ် ဘတ်စတီယာနိုနဲ့ အိုနိုဖရီယို ဆိုတာပေါ့။ သူတို့ရဲ့ ပထမဆုံး ပြဇာတ် ကို ပွဲထုတ်ဖို့ ပြင်နေတာလည်း ဖြစ်တယ်။ လူနှစ်ယောက်ရေးတာ ဆိုပေမဲ့ တစ်ယောက်တစ်မျိုးရယ်ပါ၊ တစ်ယောက်က ဟာသချတယ်၊ တစ်ယောက်က ဒရမ်မာချတယ် ဒါကို မရရအောင် ကကြမယ့်လူတွေ။ တစ်ရက်ကျ သူတို့မြို့ကို အထက်မှာ ရေးခဲ့သလို ဆရာကြီးဖြစ်တဲ့ လူဝီဂျီဆိုသူက သူ့နို့ထိန်း သေဆုံးသွားခဲ့လို့ ဒီနှစ်ယောက်နဲ့ မြေမြုပ် တဲ့အချိန် အုတ်ဂူမရတဲ့ပြဿနာကနေစပြီး သုံးယောက်သား မထင် မှတ်ထားတာတွေ ဖြစ်လာတဲ့အကြောင်းပါ။ကြားထဲမှာ ...
movie
Strangeness (or) La Stranezza (2022)
2022
7.5
The Hand of God (2021)
The Hand of God (2021)====================IMDb Rating - 7.5/1094 ကြိမ်မြောက် အော်စကာအတွက် Best International Feature Film အတွက် submission တင်ထားတဲ့ကားလေး။ 78 ကြိမ်မြောက် Venice International Film Festival မှာ Grand Jury Prize ရထားပြီး အော်စကာ၊ Golden Globe နဲ့ Bafta ဆုတွေ ဆွတ်ခူးထားဖူးတဲ့ ဒါရိုက်တာ Paolo Sorrentino ရိုက်ကူးထားတဲ့အပြင် IMDb 7.5, Rotten Tamatoes 82% ရပ်တည်မှုနဲ့အတူ ၁၉၈၀ ခုနှစ်တွေက ဖာဘီယက်တိုဆိုတဲ့ လူငယ်တစ်ယောက်ရဲ့ ဘ၀အကြောင်းကို မြင်ရဦးမှာပါ။ သူကြုံရတဲ့ အဖြစ်အပျက်တွေကို coming of age ဆန်ဆန်ရိုက်ကူးထားတာမို့ သာမာန် ထဲကခွဲထွက်နေတဲ့ရုပ်ရှင်ကားလေးပေါ့။ဖာဘီယက်တိုမှာ သူငယ်ချင်း များများစားစားမရှိဘူး။ များသောအားဖြင့် သီချင်းတွေ နားထောင်နေတတ်ပြီး အိမ်ကွင်းအတွက် ကစားပေးနေတဲ့ Napoli ...
movie
The Hand of God (2021)
2021