Channel Myanmar

Tomori Abe

Hula Girls (2006) 7.0
Hula Girls (2006) The Wandering Moonတို့ Rageတို့လို ဂျပန်ကားကောင်းတွေကို ရိုက်ခဲ့ဖူးတဲ့ကိုရီးယားဂျပန် ဒါရိုက်တာ အီဆန်းဂီရိုက်ထားတဲ့ကား။ဒီဒါရိုက်တာကလည်း အကောင်းကြီးလည်းမဟုတ်ဘူးမကောင်းတာလည်းမဟုတ်ဘူး။ ထားတော့ အဲဒီထက်အခရာကျတာက ဒီရုပ်ရှင်မှာသူမတူတဲ့ဆွဲဆောင်မှုက သက်သက်ပါပြီးသား။ Yu Aoi(ယုအအိုအိ)ပေါ့။ ဂျပန်စီနီမာကြီးတစ်ခုလုံးက မင်းသမီးတွေထဲ ယုအအိုအိက ဘယ်သူနဲ့မှမတူဘူး။ဆွဲဆောင်မှုရှိတယ်။ တစ်ချိန်တည်းမှာပဲ အပြစ်ကင်းတယ်။ကလေးလေးတစ်ယောက်ကို မြင်တဲ့အမြင်နဲ့ရော လိင်စိတ်နိုးကြွစရာအရာတစ်ခုအဖြစ်နဲ့ရောယုအအိုအိကို ခင်ဗျားနှစ်ခုလုံးမြင်ကြည့်လို့ရတယ်။ ရုပ်လှပေမဲ့လည်း အဲဒီလှနေတဲ့ရုပ်က သရုပ်ဆောင်မှုကို ထိခိုက်သွားခဲ့တဲ့သာဓကတွေ ကျွန်တော်တို့အများကြီး ကြုံခဲ့ရတယ်။ ဒါပေမဲ့ ယုအအိုအိကတော့ အဲဒီဘောင်ကို အလိုလိုကျော်လွှားနိုင်ခဲ့တယ်။သူရိုက်ခဲ့တဲ့ ဒါရိုက်တာတွေဆိုတာကလည်း ဒိတ်ဒိတ်ကြဲတွေများတယ်။One Million Yen Girlတို့ All About Lily Chou-Chouတို့ Birds Without Namesတို့Wife of a Spyတို့လို ကားတွေကို တော်တော်များများကြည့်ဖူးကြမှာပါ။ဂျပန်ရုပ်ရှင်တစ်ကားကို ယုအအိုအိထည့်လိုက်တယ်ဆိုတာကညနေခင်းထဲ သက်တန့်ရောင်တိမ်တွေ ပစ်ထည့်ပေးလိုက်သလိုပဲ။ကျွန်တော်တော့ ယုအအိုအိရဲ့ ဘယ်ကားကိုမှ ဝန်လေးနေမှမဟုတ်ဘူး။ ဇာတ်ကတော့ ကျောက်မီးသွေးလုပ်ငန်းနဲ့အသက်မွေးတဲ့ မြို့လေးတစ်မြို့မှာအပြောင်းအလဲတစ်ခုဖြစ်လာတယ်။မိုင်းလုပ်သားတွေ အလုပ်လက်မဲ့ဖြစ်ကြတယ်။သူတို့သမီးတွေက သူတို့တာဝန်ကို ဟူလာအကသမတွေအဖြစ်အကသင်ပြီး အိမ်ထောင်တာဝန်ကို ကူထမ်းဖို့လုပ်ကြပေမဲ့သူတို့ဘဝကို ...
movie

Hula Girls (2006)

Meatball Machine Kodoku (2017) 6.3
Meatball Machine Kodoku (2017) ဒီဇာတ်လမ်းလေးကတော့ ဂျပန် Sci-fic/thriller အမျိုးအစားဖြစ်ပါတယ်။Rating 6.3 ရထားပြီးတော့မှ အခုလူမှုဘဝ အခြေအနေတွေကို သေချာရိုက်ပြထားတာဖြစ်ပါတယ်။ဇာတ်လမ်းကတော့ လောကမှာ မေတ္တာတရားခေါင်းပါးနေပြီး ငွေကြေးကသာအဓိကဖြစ်နေတဲ့ လူတွေကြားမှာ အနိုင်ကျင့်ခံ အထီးကျန်နေတဲ့ လူတစ်ယောက်အကြောင်းရိုက်ပြထားတာပါ။လူတွေဟာ အကြင်နာတရားတကယ်ခေါင်းပါးလာပြီး စက်ရုပ်သဖွယ် ဖြစ်လာတဲ့ အခြေအနေမှာ တကယ့် စက်ရုပ်တွေက လူ့လောက ကိုရောက်လာပြီး လူတွေကို သတ်ဖြတ်လာတဲ့အခါမှာတော့ လူသားတွေအတွက် ပျော်ရွှင်ခြင်း ချစ်ခြင်းကို သိလာတာ နောက်ကျသွားပြီလားလူတွေကရော စက်ရုပ်တွေရဲ့လက်ထဲကတေလွတ်မြောက်နိုင်ပါ့မလားဆိုတာကို သည်းထိတ်ရင်ဖိုကြည့်ရမှာဖြစ်မှာပါတယ် (ဘာသာပြန်သူကတော့ Brilliant Star ပါ) File Size : (750 MB) and (350 MB) Quality : WEB-DL 720p Running Time : 1hr 40min Format : Mp4 Genre : Action, Comedy, Horror Subtitle : Myanmar Subtitle (Hard Sub) Source : 1080p WEB-DL ...
movie


2017