Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Tomoko Tabata
6.7
Chime (2024)
Chime ( 2024 ) Kiyoshi Kurosawaရဲ့ အသစ်ပေါ့။ သူ့အကြောင်း ထပ်မိတ်ဆက်ရရင် ခိရိုရှိက တိုကျိုအနုပညာတက္ကသိုလ်က ပရော်ဖက်ဆာ, Drive MY Carနဲ့ အော်စကာရခဲ့တဲ့ ရူဆုခဲဟမဂုချိက အဲဒီကကျောင်းဆင်းခဲ့တဲ့ သူ့တပည့်အရင်းကြီးပဲ။ ခိရိုရှိက ဂျပန်ရဲ့ psychological horrorတွေနဲ့ပတ်သက်ရင် နတ်ဘုရားလို့ ပြောရမယ်။ Cure တို့ Pulse တို့ Charisma တို့လို ဂန္တဝင်ဟော်ရာကားတွေကို ရိုက်ခဲ့ဖူးတယ်။ ပြောရရင် ဂျပန်ဟော်ရာတွေ thrillerတွေနဲ့ပတ်သက်ရင် ခိရိုရှိက ကဝေတစ်ပါးပဲ။၂၀၂၀တုန်းက Wife of a Spy ဆိုတဲ့ Thrillerတစ်ကားထွက်ခဲ့ပြီး ခု၂၀၂၄ကျ runtimeတော်တော်လေးတိုတဲ့ Horrorကားထွက်လာတယ်။ ဒီ၂ကားမှာ ထူးလာတာက တော်တော်လေး စည်းကပါးလာတာပါပဲ။ ဟော်ရာကား Thrillerကား ရိုက်ထားတယ်လို့ မထင်ရအောင်ကို အရင်ထက် တော်တော်လေးသိမ်မွေ့လာတယ်။ ခု Chimeမှာတော့ ဇာတ်အိမ်တောင်မပါသလောက်ဖြစ်သွားတယ်။ ...
movie
Chime (2024)
7.0
Insomniacs After School (2023)
Insomniacs After Schoolဂျပန်ကျောင်းသားအချစ်ဒရမ်မာဇာတ်ကားကောင်းလေးဖြစ်လို မျက်ရည်ခိုင်တဲ့သူမှဆက်ကြည့်ဖိုအကြံပြုချင်ပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့... ဂန်တာ နာကာမီဆိုတဲ့ကောင်လေးဟာ အိပ်ပျော်နေတုန်း အမေအိမ်ကထွက်သွားပြီးကတည်းက ညအိပ်မပျော်တဲ့ရောဂါဖြစ်သွားတယ်။ တစ်ဖက်မှာလည်း နှလုံးရောဂါသည်မလေး မာဂရီကလည်း အိပ်ပျော်နေရင် သူ့နှလုံးခုန်သံကိုမကြားရလို ညညဆိုမအိပ်ဘဲနေရင်းကနေ အိပ်မပျော်ရောဂါဖြစ်သွားတယ်။ ဒီလိုနဲ့တစ်ရက်ကျောင်းသန့်ရှင်းလုပ်ဖို နာကာမီတစ်ယောက် ဂိုဒေါင်ထဲမှာ လှေကားသွားယူရင်း ခိုးအိပ်နေတဲ့ မာဂရီနဲ့ ပထမဆုံး ဆုံတွေ့ခဲ့တယ်။ ရောဂါတူ အကျင့်တူနေတဲ့သူတိုနှစ်ယောက်လည်း သူငယ်ချင်းတွေဖြစ်သွားကြပြီး နတ္ခတ်တာရာအသင်းတစ်ခုကို ဖွဲစည်းဖိုလုပ်ခဲ့ကြတယ်။ ဆရာမရဲ့အကူအညီတွေယူ သူငယ်ချင်းတွေရဲ့အကူအညီတွေနဲ့ ပြပွဲလေးဖြစ်မြောက်ဖိုရှိသေးတယ် နွေခေါင်ခေါင်ကြီးမိုရွာလို ပြပွဲက ပျက်စီးသွားတယ်။ နှလုံးရောဂါသည်မလေးနဲ့ အူကြောင်ကြောင်နာကာမီတိုရဲ့အချစ်ဇာတ်လမ်းက happy ending ဖြစ်သွားမလား... sad ending ပဲဖြစ်သွားမလား.... သိချင်ရင်တော့ ဇာတ်ကားလေးပဲဆက်လက်ကြည့်ရှူပေးကြပါ။( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ Nga Tay Gyi ပါ )File size_(1.7GB)/(880MB) Quality_Blu-Ray 1080p / 720p Format_mp4 Duration_01:50:00 Genre_Drama, Romance Subtitle_Myanmar Subtitle (Hardsub) Encoder_a hao Translated by Nga Tay Gyi
movie
Insomniacs After School (2023)
6.1
Museum (2016)
Museumလူသတ်သမားကို လိုက်ရှာဖမ်းတဲ့ စုံထောက်ရုပ်ရှင်တွေထဲမှာမှ စိတ္တဇ ကွင်းဆက်လူသတ်သမားရုပ်ရှင်တွေက ပိုထူးခြားပြီး စိတ်ဝင်စားဖို့ကောင်းတာကို သိကြမှာပါ။ ဒီကားကလည်း အခုလို genre ကြိုက်တဲ့သူတွေအတွက် အချိန်ကုန်ရတန်စေမဲ့ ဂျပန် စုံထောက်ရုပ်ရှင်တစ်ကားပါ။စုံထောက် ဆဝမူရက အလုပ်ကြိုးစားတဲ့သူတစ်ယောက်ဖြစ်ပြီး ၂၄/၇ အလုပ်ပဲလုပ်နေတာကြောင့် အိမ်သူဇနီးနဲ့ သားလေးကို ပစ်ထားမိသလိုဖြစ်နေပါတယ်။ သူ့မိန်းမကလည်း တရားစီရင်ရေးဂျူရီတစ်ယောက်ဖြစ်ပြီး လွန်ခဲ့တဲ့ ၄နှစ်တုန်းက လူသတ်မှုတစ်ခုကို သေဒဏ်စီရင်ချက် ချပေးဖူးပါတယ်။ သေဒဏ်ကျခံရတဲ့အပြစ်သားက စီရင်မခံဘဲ ကိုယ့်ကိုယ်ကို သတ်သေသွားပါတယ်။အခုချိန်မှာတော့ အဲဒီအမှုကိုစီရင်ခဲ့တဲ့ ဂျူရီ၉ယောက်ဟာ တစ်ယောက်ပြီးတစ်ယောက် အသတ်ခံနေရပါပြီ။ ဂျူရီတစ်ယောက်ချင်းစီကို မတူညီတဲ့သတ်နည်းတွေနဲ့ ပြစ်ဒဏ်ပေးတယ်ဆိုပြီးလိုက်သတ်တာကို ခံလာရတာကြောင့် ဒီအမှုနဲ့ပတ်သက်ပြီး ပြန်စုံစမ်းဖို့ဖြစ်လာပါတယ်။ မိသားစုကိုပစ်ထားတဲ့ ဆဝမူရတစ်ယောက် မိန်းမကိုဘယ်လိုကယ်ဖို့ကြိုးစားမလဲဆိုတာနဲ့ လူသတ်သမားရဲ့ရောဂါနဲ့ဆိုင်တဲ့စိတ်ချို့ယွင်းမှုတွေကို ဖော်ထုတ်သွားမဲ့ ဇာတ်ကားပါ။( ဘာသာပြန်ပြီး အညွှန်းရေးသာထားသူကတော့ Ingyin San ပါ )File Size__(1.9GB) / ...
movie
Museum (2016)
8.0
The Tale of the Princess Kaguya (2013)
The Tale of Princess Kagura (2013) ***************************************** Imdb rating- 8.0/10 Rotten Tomatoes- 100% ပုံပြင်တွေ ၊ ဒဏ္ဍာရီတွေဆိုတာ ကျွန်မတို့ ကလေးဘဝရဲ့ အသည်းစွဲအမှတ်တရတွေပါ။ ငယ်ငယ်တုန်းက လူကြီးတွေပြောပြခဲ့တဲ့ အိပ်ရာဝင်ပုံပြင်တွေ၊ ကြားဖူးနားဝရှိနေခဲ့တဲ့ ဒဏ္ဍာရီဇာတ်လမ်းတွေ… ငယ်ဘဝဆိုတာ ဒါတွေနဲ့ ဖြတ်သန်းကြီးပြင်းလာကြရတာမဟုတ်လား? ကျွန်မအတွက်တော့ KAGUYAမင်းသမီးဟာ ငယ်စဥ်ကာလရဲ့ အစိတ်အပိုင်းတစ်ခုပါပဲ။ ဝါးပင်ကနေ မွေးဖွားလာတဲ့ မင်းသမီးလေးဆိုတာ ၂၀၁၄ရုပ်ရှင်မထွက်ခင်ကတည်းက ဂျပန်ရိုးရာပုံပြင်အဖြစ် စာအုပ်တွေထဲမှာ ဖတ်ဖူးပြီးသားပါ။ ရုပ်ရှင်ထွက်လာတော့လည်း သူငယ်ချင်းတွေက Cinderella, Sleeping Beauty စတဲ့ ဒစ်စနေးကာတွန်းတွေကို သဘောကျကြချိန်မှာ ကျွန်မကတော့ MNTVမှာ ခဏခဏပြတဲ့ THE TALE OF PRINCESS KAGUYAကို စွဲလမ်းခဲ့ဖူးပါတယ်။ Studio Ghilibiဆိုတာ ဂျပန်နိုင်ငံရဲ့ ထိပ်တန်း animeတွေ မွေးဖွားရာနေရာတစ်ခုပါ။ Studio Ghilibiလို့ပြောလိုက်ရင် အများစုက တည်ထောင်သူ မီယာဇကီကိုပဲ ပြေးမြင်တတ်ကြပါတယ်။ ဒါပေမဲ့ ...
movie
The Tale of the Princess Kaguya (2013)
2013