Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Tomokazu Miura
5.4
Detective Chinatown 3 ( 2021 )
Detective Chinatown ဟာ Rating မြင့်တဲ့ စုံထောက် အက်ရှင် စွန့်စားခန်း ဟာသ အမျိုးအစား တရုတ်ဇာတ်ကားတွေဖြစ်ပြီး ၃ ကားထွက်ရှိထားပါတယ်။ ၃ ကားလုံး အဓိကသရုပ်ဆောင်တွေ တူညီပြီးတော့ အချိတ်အဆက်မိမိနဲ့ရယ်ရပါတယ်... ၃ကားလုံးကို CM မှာ တင်ဆက်ထားပြီး ဒီမှာ https://www.channelmyanmar.to/?s=detective+chinatown ဒေါင်းလို့ရပါတယ်။++++++++++Detective Chinatown 3 ( 2021 ) အညွှန်း**********************************စုံထောက်ဇာတ်ကားကိုမှ ကြည့်ချင်ပါတယ်ဆိုတဲ့လူတွေအတွက်ဟာသနှောစုံထောက်ကားလေး လာပါပြီနော်Detective Chinatown 3ဇာတ်ကားလေးဟာဆိုရင် အရင်က 1 2 ဆိုပြီးတော့နှစ်ကားထွက်ဖူးတာကြောင့် ကြည့်ပြီးသားလူတွေကတော့ဒီကားလေးထဲမှာ တူဝရီးနှစ်ယောက် ဘယ်လိုတွေ ဗရုတ်ကျပြီးပဟေဠိဆန်ဆန် လူသတ်မှုတွေကို စုံစမ်းကြသလဲဆိုတာ သိပြီးသားဖြစ်မှာပါအခု 3 မှာရော နှစ်ယောက်သား ဂျပန်ကိုသွားပြီး ဘယ်လိုအလွဲတွေနဲ့ပဟေဠိဆန်တဲ့လူသတ်မှုကို ဖြေရှင်းကြမလဲ ထိုင်းစုံထောက်ဂျပန်စုံထောက်တွေနဲ့ အားလုံးဆုံမိသွားတဲ့အပြင် မာဖီးယားတွေနဲ့အမှုက ပတ်သတ်နေတဲ့အခါ တူဝရီးနှစ်ယောက် ဟာသတွေ တစ်ပုံကြီးနဲ့အမှုကို ဘယ်လိုဖြေရှင်းသွားမလဲဆိုတာ ကြည့်ရှုကြရမှာပါရှေ့နှစ်ကားမကြည့်ဖူးသေးတဲ့လူတွေအတွက်လည်း ဒီကားလေးက1 ...
movie
Detective Chinatown 3 ( 2021 )
6.1
Take Me Away! (1978)
ကျိုကို ဟာ ဆန်ဖရန်စစ်စကိုကို အလည်သွားတုန်းမှာ တက်ဆု ဆိုတဲ့ကောင်လေးနဲ့ တွေ့ခဲ့ပါတယ်။ ဒီလိုနဲ့ သူတို့နှစ်ယောက်သား ချစ်မိသွားခဲ့ကြပါတယ်။ ကျိုကို ဟာ ဂျပန်ကိုပြန်ရတော့မယ့်အချိန်မှာ တက်ဆုကို ဂျပန်ကိုပြန်လာဖို့ပြောပါတယ်။နောက်ဆုံးမှာတော့ တက်ဆုက တိုကျိုမှာပြန်ဆုံကြမယ်လို့ ဆိုတဲ့အတွက် ကျိုကိုတစ်ယောက် ဂျပန်ကိုစိတ်အေးလက်အေးပြန်သွားပါတော့တယ်။ ဒါပေမယ့် ကျိုကို ဂျပန် ပြန်ရောက်ပြီးနောက်မှ တက်ဆုဘက်က စာမလာအကြောင်းမကြားနဲ့ ချိန်းထားတဲ့နေရာကို ရောက်မလာတဲ့အခါ... File size…(1.7 GB)/(700 Mb) Quality….WEB-DL 1080p / 720p Format…mp4 Duration….01:32:00 Genre... Drama, Romance Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Alvaro
movie
Take Me Away! (1978)
7.9
Perfect Days (2023)
Perfect Days (2023)~ IMDb - 7.9/10, RT - 93%, Meta - 73% ~ကျွန်တော့်အတွက်တော့ ၂၀၂၃ထဲ အမျှော်ခဲ့ရဆုံးကားက "PERFECT DAYS" ပဲ။ ဘာလို့ဆို Wim Wenders ရုပ်ရှင်ဖြစ်နေတာကတစ်ကြောင်း၊ Kōji Yakusho ကြောင့်တစ်ကြောင်းပေါ့။ နောက်ကျ ကိန်းမှာ ခိုဂျိက မင်းသားဆုရသွားသလို ဂျပန်ရဲ့ အော်စကာ Entry ကားဆိုတော့လည်း ပိုမျှော်ချင်စရာကောင်းသွားတယ်။ တစ်ခုရှိတာက ဒီနှစ် ထိတ်ထိတ်ကြဲ ဂျပန်ဒါရိုက်တာနှစ်ယောက်ရဲ့ နှစ်ကားလည်း ထွက်ထားသေးတယ်။ တစ်ကားက Evil Does Not Exist ပါ။ တနှစ်က အော်စကာရခဲ့တဲ့ Drive My Car ဒါရိုက်တာ ရူဆုခဲဟမဂုချိ ရိုက်တာ။ ဒါပေမဲ့ အဲဒီကားက သိသိသာသာကို ကျန်တဲ့၂ကားကို မမီနေဘူးပြောကြတော့ ထားလိုက်လို့ရတယ်။ ...
movie
Perfect Days (2023)
2023
7.7
Always – Sunset on Third Street (2005)
Always: Sunset on Third Street (2005)~ IMDb – 7.7/10, RT - 90%, MyDramaList – 7.9/10 ~~~~~~~~~~~~~~~~~~~~~ ဓားငါ ပျော်ရင်တော့ မင်းကို ခွဲပေးပါ့မယ် အဲဒါ လွယ်တယ် ငါ မပျော်ရင်တော့ မင်းကို ခွဲမပေးတော့ဘူး အဲဒါ ခက်တယ် သံက မီးဖိုထဲမှာ အရည်ပျော်ပြီး ပြန်လာသလိုမျိုး။ ။~ သုခမိန်လှိုင် (ချစ်သော တောပန်းကလေးများ - ၂၀၁၅) ~~~~~~~~~~~~~~~~~~~~Always ဟာ ၁၉၅၈၊ ၁၉၅၉၊ ၁၉၆၄ စတဲ့ နှစ်ကာလသုံးခုရဲ့ တိုကျိုမြို့ တိုကျိုတာဝါနားက ရပ်ကွက်ကလေးအကြောင်းကို ခုနှစ်တစ်ခုကို တစ်ကားနှုန်းနဲ့ Trilogy ထုတ်ထားတဲ့ ရုပ်ရှင်ပါ။ ရုပ်ရှင်ကတော့ ရပ်ကွက်တစ်ခုထဲကလူတွေနဲ့ သူတို့ရဲ့ ဆက်ဆံရေးကိုပြထားတာပါပဲ။ဆိုပေမဲ့ ထူးထူးခြားခြား ဆူဇူကီးမော်တော်ကားကုမ္ပဏီရဲ့ မူလဘူတလို့ ယူဆရတဲ့ ဆူဇူကီးဆိုတဲ့ လူတစ်ယောက်ပါတယ်။ သူကလည်း မော်တော်ကားကုမ္ပဏီနာမည်တပ်ထားတဲ့ ကုမ္ပဏီမဖြစ်သေးတဲ့ ...
movie
Always – Sunset on Third Street (2005)
2005
6.2
The Forest of Wool and Steel (2018)
The Forest of Wool and Steel (2018)~ IMDb – 6.2/10, MyDramaList – 7.6/10 ~ဟော့ကိုင်းဒိုး (Hokkaido) မှာရှိတဲ့ နယ်မြို့လေးတစ်မြို့က အထက်တန်းကျောင်းသားလေးတစ်ယောက်က အထက်တန်းကျောင်းအောင်ပြီးရင် ဒီအတိုင်းလေးပဲ ဘဝကို ဆက်ရှင်သန်မယ်လို့တွေးနေတဲ့အခိုက် သူ့ကျောင်းက တစ်ခုသောစန္ဒရားကို ပြင်(အသံညှိ) ပေးဖို့ လာခဲ့တဲ့ စန္ဒရားအသံညှိဆရာ (Piano Tuner) တစ်ယောက်ကို လိုက်ပြပေးရတယ်။ အဲဒီဆရာအသံညှိပြီး တီးခတ်လိုက်တဲ့ စန္ဒရားသံစဉ်ကို ကြားသွားတဲ့ ကျောင်းသားလေးက ရုတ်တရက် သာယာငြိမ့်ညောင်းတဲ့တောအုပ်ထဲ ရောက်ရှိသွားသလို ခံစားရပြီး စန္ဒရားအသံညှိဆရာဖြစ်ချင်တဲ့ဆန္ဒ တဖွားဖွားဖြစ်လာလို့ ကျောင်းပြီးတာနဲ့ တိုကျိုမှာ စန္ဒရားအသံညှိကျောင်းကို ၂ နှစ်သွားတက်ခဲ့တယ်။ ၂ နှစ်တက်ပြီး သူ့ဇာတိမြို့မှာပဲ သူဆုံခဲ့တဲ့စန္ဒရားအသံညှိဆရာရဲ့ အဲတိုတူရိယာပစ္စည်းဆိုင် (Eto Musical Instrument Shop) မှာပဲ စန္ဒရားအသံညှိဆရာအဖြစ် ဝင်လုပ်ခဲ့တယ်။ ...
movie
The Forest of Wool and Steel (2018)
2018
5.9
Goodbye Cruel World (2022)
Goodbye Cruel World IMDB 5.8 ကားပေါ်မှာ ဒရိုင်ဘာ၊ အဖိုးကြီး၊ ကောင်မလေး၊ လူမိုက်တစ်ယောက် ပေါင်းလေးယောက်ဟာ အချင်းချင်း စကားများရင်း ဟိုတယ်တစ်ခုရှေ့ရောက်လာပြီးနောက်မှာ မျက်နှာဖုံးစွပ် သေနတ်မောင်းတင်ကာ ဟိုတယ်ထဲ ဝင်ရောက်ခဲ့ပါတော့တယ်။ ဂျပန်မှာ ယာကူဇာကို ထိဝံ့သူဟာ အခြားယာကူဇာပဲ ဖြစ်ဖို့များတဲ့ အခြေအနေမှာပဲ ဘယ်အဖွဲ့အစည်းကိုမှ ကိုယ်စားမပြုတဲ့ သည်လူတစ်စုဟာ ယာကူဇာဂိုဏ်းကြီးတစ်ခုရဲ့ ငွေကြေးခဝါချတဲ့ နေရာကို စီးနင်းဝင်ရောက် ဓားပြတိုက်ခဲ့ပါတော့တယ်။ ယန်း သန်း ၁၀၀ကျော်ပါသွားတဲ့နောက် နားရွက်တံတွေးဆွတ်ခံလိုက်ရတဲ့ ယာကူဇာများကလည်း ဓားပြတွေကို အမိဖမ်းနိုင်ရေး ကြိုးပမ်းကြပါတော့တယ်။ ဒီဇာတ်ကားမှာ ယာကူဇာတွေရဲ့ ဩဇာသက်ရောက်နိုင်မှုနဲ့ စွမ်းပကားတွေကို တွေ့မြင်ရမှာဖြစ်ပြီး အကျင့်ပျက်ရဲတစ်ယောက်ဟာ ဘယ်လောက်အတိုင်းအတာထိ ဂိုဏ်းတစ်ခုကို အကျိုးပြုနိုင်သလဲ ပြသထားတာလည်း ဖြစ်ပါတယ်။ ထို့အပြင် တစ်ခါ ယာကူဇာဖြစ်ဖူးလျှင် လူ့အသိုင်းအဝိုင်းထဲ ပြန်တိုးဝင်မရလောက်အောင် ခက်ခဲကြောင်းကိုလည်း ရိုက်ပြထားပါသေးတယ်။ ယာကူဇာကိုမှ သွားထိတဲ့ ဓားပြတွေဟာ ...
movie
Goodbye Cruel World (2022)
7.6
The Taste of Tea (2004)
Taste of Tea (2004)IMDb rating 7.6/10ထိ ရရှိထားတဲ့ ၂၀၀၄ခုနှစ်ထွက် ဂျပန် မိသားစု ဒရာမာဇာတ်ကားလေးကို တင်ဆက်ပေးလိုက်ပါတယ်။တိုကျိုမြောက်ပိုင်း တိုချိဂိစီရင်စုမှာရှိတဲ့ ကျေးလက်ရွာလေးမှာနေထိုင်ကြတဲ့မိသားစုတစ်စုရှိပါတယ်။ အဖေဖြစ်သူ နိုဘုအိုက အိပ်မွေ့ချနည်းနဲ့ကုသပေးတဲ့ဆရာဝန်တစ်ယောက်ပါ။ အမေဖြစ်သူကတော့ အိမ်ရှင်မဖြစ်ရုံတင်မကဘဲ animatorအလုပ်တွေကို အိမ်ကိုယူပြီး လုပ်တဲ့မိခင်တစ်ယောက်ပါ။သူတို့ရဲ့သားဖြစ်သူ "ဟာဂျိမဲ"ကတော့ အဖေ့ထံကနေ ကျားကွက်ထိုးနည်းသင်ခံရပြီး တော်လည်းတော်ပါတယ်။ ဒါပေမဲ့ မိန်းကလေးတွေနဲ့ အချစ်ရေးနဲ့ပတ်သက်လာရင်တော့ ဒုက္ခရောက်နေတဲ့ ကောင်ကလေးပါပဲ။သူတို့ရဲ့သမီးဖြစ်သူ စချိကိုကတော့ သူ့ရဲ့ကိုယ်ပွားအကြီးကြီးက သူ့ကိုအမြဲစောင့်ကြည့်နေတယ်လို့ ထင်ယောင်ထင်မှားဖြစ်နေပါတယ်။ သူ့ဦးလေးပြောပြခဲ့တဲ့ပုံပြင်ကြောင့် ဒီလိုမြင်ရတဲ့အခြေအနေက အစပျိုးခဲ့တာပါ။ ဒီပုံပြင်နဲ့ဆက်စပ်တဲ့အကြောင်းအရာတွေနဲ့ သူတို့ ကျေးလက်မိသားစုလေးရဲ့ နိစ္စဓူဝလှုပ်ရှားသက်ဝင်ပုံတွေကို ရိုက်ကူးထားတဲ့ရုပ်ရှင်ဟောင်း ရုပ်ရှင်ကောင်းတစ်ကားပါပဲ။( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ Ingyin San ပါ )File Size__(3.5GB) / (1.6GB) Quality__BluRay_1080p, 720p IMDb Rating__7.6/10 Format__mp4 Duration__02:24:00 Type__Comedy, Fantasy Subtitle__Myanmar Subtitle (Hardsub) Translated by Ingyin ...
movie
The Taste of Tea (2004)
6.7
Voices in the Wind (2020)
Voices In the Wind (2020)ဇာတ်လမ်းလေးကတော့ ၂၀၁၁ခုနှစ် ဂျပန်နိုင်ငံမှာဖြစ်ပွားခဲ့တဲ့ အကြီးဆုံး ပင်လယ်ရေအောက်ငလျင်နဲ့ ဆူနာမီမုန်တိုင်းကို အခြေတည်ရိုက်ကူးထားတာပါဒီဆူနာမီမုန်တိုင်းကြောင့် လူပေါင်းသောင်းချီ အသက်ဆုံးရှုံးခဲ့ရပြီး အချိန်တစ်ခုထိ စားဝတ်နေရေး၊ စီးပွားရေး၊ လမ်းပန်းဆက်သွယ်ရေး အစရှိသဖြင့် အများကြီးဒုက္ခရောက် အခက်အခဲဖြစ်ခဲ့ရတာ အားလုံးအသိပါဆယ်စုနှစ်တစ်စုခန့်အကြာမှာ ပျက်စီးသွားခဲ့တဲ့ အိမ်တွေ၊ တိုက်တွေ၊ လမ်းတံတားတွေ၊ မြို့တွေကို ပြန်လည်ပြုပြင်တည်ထောင်နိုင်ခဲ့ပေမယ့် ငလျင်ဒဏ်ကို ကိုယ်တွေ့ခံစားခဲ့ရသူတွေရဲ့ မှတ်ဉာဏ်တွေ၊ ပူဆွေးသောကတွေကိုတော့ ကုစားဖို့ရာခက်ခဲလှပါတယ်ဒီဇာတ်လမ်းထဲက ဟာရူလေးဟာလည်း ၉နှစ်သမီးအရွယ်မှာ ဆူနာမီကြောင့် မိသားစုဝင်တွေဖြစ်တဲ့ အဖေ၊ အမေနဲ့ မောင်လေး သုံးယောက်လုံးကိုဆုံးရှုံးလိုက်ရပြီး တစ်ယောက်တည်းအသက်ရှင်ကျန်ရစ်ခဲ့တာပါ"သွားလေသူထက် ကျန်ရစ်သူက ပိုနာကျင်ရတယ်" ဆိုတဲ့အတိုင်း မိသားစုအားလုံးကိုဆုံးရှုံးလိုက်တဲ့ ဟာရူအဖို့ ၉နှစ်ကြာသည့်တိုင် စိတ်ဒဏ်ရာတွေကိုဖြေဖျောက်ဖို့ရာ မတတ်နိုင်ခဲ့ပါဘူးဒီလိုနဲ့၉နှစ်ကြာပြီးတစ်နေ့ ဟာရူတစ်ယောက် မိသားစုဝင်တွေနဲ့တူတူနေထိုင်ခဲ့တဲ့ အိုဆူချီမြို့က အိမ်လေးဆီ တစ်ယောက်တည်းခရီးနှင်လာတဲ့အခါ လမ်းမှာ လူအမျိုးမျိုးနဲ့ဆုံပြီး သူတို့ရဲ့ဘဝဇာတ်လမ်းအဖုံဖုံကို ကြားခဲ့ရပါတော့တယ်အရွယ်နဲ့မမျှအောင် နာကျင်မှုတွေမျိုသိပ်ထားရတဲ့အတွက် စကားနည်းပြီး ...
movie
Voices in the Wind (2020)
2020
6.3
Strawberry Night (2013)
[Unicode]Strawberry night : Sutoroberi naito (2013)Strawberry night Japan seriesကိုထုတ်လွှင့်ပြသခဲ့ပြီးတဲ့နောက် 2013မှာ movieအနေနဲ့ထွက်လာခဲ့တဲ့ဇာတ်ကားတစ်ကားဖြစ်ပါတယ်။စိတ်ဒဏ်ရာရစရာကိစ္စရပ်တွေဆီကနေရုန်းထွက်ခဲ့ပြီးနောက် မိန်းကလေး "ရီကို ဟီမီကဝ"က ရဲမေတစ်ယောက်ဖြစ်လာခဲ့ပါတယ် ၊ တစ်နေ့မှာတော့ သူတာဝန်ကျရာနေရာတဝိုက်မှာ လူသတ်မှုတွေဆက်တိုက်ဖြစ်လာခဲ့ပါတယ်"ရူဇာကီဂိုဏ်း"ရဲ့ဂိုဏ်းတွင်းပြသနာတွေနဲ့ပတ်သက်တယ်လို့ ယူဆခဲ့ကြပေမယ့် ဟီမီကဝကတော့ ဒါကိုမယုံကြည်ခဲ့ပါဘူး... အဲဒီအချိန်မှာဟီမီကဝဆီကို ထူးဆန်းတဲ့ဖုန်းတစ်ခုဝင်လာပြီး လူသတ်သမားဟာ "ကန်တို-ရနိုင်"ဖြစ်ကြောင်း သတင်းပေးတဲ့ဖုန်းဖြစ်နေခဲ့ပါတယ် ၊သို့ပေမယ့် ကန်တို-ရနိုင်နောက်ကိုမလိုက်ဖို့ ဟီမီကဝရဲ့အထက်လူကြီးကအမိန့်ပေးခဲ့ပါတယ်... ဒါပေမယ့်လည်း အမှန်တရားကိုသိချင်တဲ့သူဖြစ်တဲ့အတွက်ကြောင့် မရပ်သွားဘဲ ကန်တို-ရနိုင်နောက်ကိုဆက်လိုက်နေရင်းနဲ့ ရူဇာကီဂိုဏ်းရဲ့အကြံပေး "အိဆအို မာကိတ"နဲ့တွေ့ခဲ့ပါတယ်။မာကိတနဲ့ဆီကအချက်အလက်တွေကိုယူပြီးဒီအမှုကိုဆက်လိုက်ရင်းနဲ့ တစ်ယောက်နဲ့တစ်ယောက်သံယောဇဉ်တွေဖြစ်လာတဲ့အခါမှာ... လုပ်နေရတဲ့အလုပ်ချင်းက ပြဒါးတစ်လမ်း သံတလမ်းဖြစ်နေပေမဲ့ ရီကိုက မာကိတအပေါ်ဘာလို့ သံယောဇဉ်ရှိသွားရတာလဲ ...အမှန်တရားဘက်တော်သားဖြစ်ရမဲ့အကြီးအကဲကိုယ်တိုင်က ရာထူးတည်မြဲရေးနဲ့ ဂုဏ်သိက္ခာအတွက် အမှန်တရားကိုလျစ်လျူရှုထားတဲ့အခါ ...ဖုံးကွယ်ပေးထားတဲ့ကန်တိုကိုရှာရင်း လူသတ်သမားအစစ်သေချာအောင် လိုက်ရှာရတဲ့အခါ.... ဘယ်လိုမျိုးလှည့်စားမှု ယုတ်မာမှုတွေရှိလာမှာလဲ တကယ့်လူသတ်သမားအစစ်ကရောဘယ်သူဖြစ်မလဲဆိုတာတွေကို ဒီဇာတ်လမ်းလေးထဲမှာဆက်ပြီး ကြည့်ရှုအားပေးကြပါဦးနော် ။( အညွှန်း နဲ့ ဘာသာပြန်သူကတော့ Ingyin San ဖြစ်ပါတယ် )[Zawgyi]Strawberry night : ...
movie
Strawberry Night (2013)
7.2
Destiny: The Tale of Kamakura (2017)
ဒီဇာတ်ကားလေးကတော့ Rating 7အထိကိုရရှိထားတဲ့ ရှားရှားပါးပါး ဂျပန်ကားလေးဖြစ်ပြီး Crime, dramaကားအမျိုးအစားလေး ဖြစ်ပါတယ်ဒီကားလေးမှာဆိုရင်တော့အီရှီကီဆိုတဲ့သူနဲ့အာဆာကိုတို့လက်ထပ်ပြီးနောက်အီရှီကီရဲ့မွေးရပ်မြေကိုရောက်လာတယ်ထူးခြားတာကအဲ့မှာလူတွေတင်မကဘူး ဝိညာဉ်တွေပါနေထိုင်တယ်သူတို့လည်းဝိညာဉ်တွေနဲ့ ပြောဆိုဆက်ဆံရတာပေါ့သေခြင်းရှင်ခြင်းကြားမှာထပ်ပြီးနေလို့ရသေးတာတွေတွေ့ရတယ်တမလွန်အကြောင်းတွေကိုလည်းရှင်းပြထားတယ်ကိုယ်ထဲကလိပ်ပြာထွက်တဲ့အကြောင်းတွေလည်းပြထားတယ်ဝိညာဉ်နဲ့ ပတ်သက်တာကြိုက်တဲ့သူတွေအတွက်တော့ကြည့်သင့်တဲ့ကားတစ်ကားပေါ့သူတို့ရဲ့ ဝိညာဉ်တွေနဲ့အတူဘယ်လိုနေကြလဲအီရှီကီကရဲစခန်းမှာအကြံပေးလည်းလုပ်တော့စုံထောက်ဆန်တဲ့ဇာတ်ဝင်ခန်းတွေလည်းပါတယ်တစ်နေ့ အာဆာကိုရဲ့ဝိညာဉ်က ကိုယ်ထဲကထွက်သွားပါလေရောအဲ့တော့ သေမင်းကလာခေါ်ရောအီရှီကီက အဲ့ဒါကိုတားဆီးနိုင်မလားမတားနိုင်ဘဲ တမလွန်ကိုပါသွားရင်ရောဘယ်လိုဖြစ်မလဲဘာတွေရောဆက်ဖြစ်ကြဦးမှာလဲဘယ်လိုတွေရင်ဆိုင်ဖြေရှင်းကြမလဲဆိုတာကို Destiny.The Tale of Kamakura 2017ဆိုတဲ့ ဂျပန်ကားလေးမှာ စောင့်ကြည့်လိုက်ကြပါဦးရှင်(ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်ပေးထားသူကတော့ May Nandar Kyaw ပါ)File Size : (0.99 GB) and (450 MB) Quality : Blu-Ray 720p Running Time : 2hr 09min Format : Mp4 Genre : Crime, Drama Subtitle : Myanmar Subtitle (Hard Sub) Source : 720p BluRay x264 DTS-WiKi Translated by May Nandar Kyaw Encoded by Thanhtike ...
movie
Destiny: The Tale of Kamakura (2017)
2017