Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Tom Skerritt
8.5
Alien (1979)
Alien ဆိုတာ ၈၀ပြည့်နှစ်ကျော် ၉၀ဖွားတွေအတွက်တော့ စွဲလန်းခဲ့ရတဲ့ ဂြိုလ်သားကားတွေပါပဲ.....အဲဒီခေတ်အခါတုန်းကတော့ တော်တော်လေးကို လူကြိုက်များခဲ့ပြီး အခုထိလည်းအောင်မြင်နေတုန်းပါ အားလုံးပေါင်း ၆ကားထွက်ရှိထားပြီး ၇ကားမြောက်ကတော့ အခုထိကြည်လင်ပြတ်သားတဲ့ Version မထွက်သေးတာကြောင့် အရင်ထွက်ပြီးသး ၆ကားကို ကြည်လင်ပြတ်သားပြီး စာတန်းထိုးမှန်မှန်နဲ့ ပြန်လည်ပြင်ဆင် တင်ဆက်ပေးလိုက်ပါတယ်.....ထွက်ရှိပြီးသားကားတွေကတော့......(1) Alien (1979) (2) Aliens (1986) (3) Alien³ (1992) (4) Alien: Resurrection (1997) (5) Prometheus (2012) (6) Alien: Covenant (2017) (7) Alien: Romulus (2024) - အကြည်မထွက်ရှိသေး..... Timeline အရကြည့်မယ်ဆိုရင်တော့.....(1) Prometheus (2012) - 2093 (2) Alien: Covenant (2017) - 2104 (3) Alien (1979) - 2122 (4) Alien: Romulus (2024) - 2142 [အကြည်မထွက်သေး] (5) ...
movie
Alien (1979)
1979
5.5
Texas Rangers (2001)
ဒီဇာတ်ကားက အမေရိကန်နိုင်ငံရဲ့ ၁၈၀၀ ပြည့်နှစ်အလွန်ကာလတွေမှာ ဇာတ်အိမ်တည်ထားတာဖြစ်ပါတယ်။ပြည်တွင်းစစ်မတိုင်ခင်က ကပ္ပတိန်မက်နယ်လီကတက္ကဆက်ရိန်းဂျားအဖွဲရဲ့ ခေါင်းဆောင်ပါ။ပြည်တွင်းစစ်ကြီးပြီးတဲ့နောက်မှာ အမေရိကန်တက္ကဆက်ပြည်နယ်မှာ သူခိုးဓားပြ တွေက ကြီးစိုးနေတဲ့အတွက် ပြည်နယ်အစိုးရက ကပ္ပတိန်မက်နယ်လီကိုတက္ကဆက်ရိန်းဂျားအဖွဲကို ပြန်လည်ဖွဲစည်းစေတဲ့အခါသူခိုးဓားပြတွေကို နှိမ်နင်းဖို ဖြစ်လာပါတော့တယ်။ကပ္ပတိန်မက်နယ်လီနဲ့ အတွေ့အကြုံမရှိသေးတဲ့လူငယ်လေးတစ်ဖွဲက သူခိုးဓားပြတွေကို ဘယ်လိုတိုက်ခိုက်ကြမလဲဆိုတာ ကြည့်ရှုကြရမှာပါ။ ဒီရုပ်ရှင်မှာ၁၈၀၀ ပြည့်နှစ်အလွန် အမေရိကန်လူနေမှုဘ၀ နဲ့ယဉ်ကျေးမှုအကြောင်းကိုတွေ့မြင်ရမှာပါ။ အမေရိကန်ကောင်းဘွိင်တွေရဲ့ အပစ်အခတ် အသတ်အပုတ်တွေကိုအက်ရှင်ဆန်ဆန်ရှုစားရမှာဖြစ်ပြီး ကောင်းဘွိင်ရုပ်ရှင်နှစ်သက်သူတွေအနေနဲ့ ပေါ့ပေါ့ပါးပါး ကြည့်လိုကောင်းမဲ့အက်ရှင်ရုပ်ရှင်တစ်ကားပဲ ဖြစ်ပါတယ်။ File size… 1.54GB / 781MB Quality… Blu- Ray 1080p / 720p Format…mp4 Duration….1h 30m Genre ….. Action , Adventure , Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Wil
movie
Texas Rangers (2001)
7.5
Contact (1997)
Contact (1997)IMDb Rating (7.5) / Rotten Tomatoes (68%)Forrest Gump တို့ Cast Away တို့ Back to the Future တို့လို နာမည်ကျော်ရုပ်ရှင်ကားတွေကို ရိုက်ကူးခဲ့တဲ့ ဒါရိုက်တာ Robert Zemeckis ရဲ့ Sci-Fi /Drama ရုပ်ရှင်ကားကြီးဖြစ်ပါတယ်။ မင်းသမီး Jodie Foster, မင်းသားကြီး Matthew McConaughey တို့လို ဝါရင့်သရုပ်ဆောင်တွေပါဝင်ထားပြီး ရုံတင်ဝင်ငွေ $171.1 million ထိ ရရှိခဲ့တဲ့ တခေတ်တခါက အောင်မြင်ကျော်ကြားခဲ့တဲ့ရုပ်ရှင်ကားကြီးဖြစ်ပါတယ်။လူသားတွေက ကိုယ့်ရဲ့ဖြစ်တည်မှုတစ်ခုတည်းနဲ့တောင် ပြဿနာတွေ ဒီလောက်ရှုပ်ထွေးနေတာ အဆုံးအစမဲ့ ကျယ်ပြောလှတဲ့ စကြဝဠာကြီးထဲကိုတောင် ခြေဆန့်လို့ ငါလိုလူမျိုးရှိသေးလား ရှာဖွေတတ်ကြသူတွေပါ။လူကြီးမင်းအနေနဲ့ အပေါစား ဂြိုဟ်သားဇာတ်ကားထဲကလို ကွိကွိကွကွတွေပြော၊ အစိမ်းရောင်ကိုယ်ခန္ဓာနဲ့ အခြားကမ္ဘာသားတွေကို စိတ်ဝင်စားတတ်သူတစ်ယောက်လား။ ဒါဆိုရင်တော့ ဒီဇာတ်ကားက လူကြီးမင်းအတွက် ...
movie
Contact (1997)
Steel Magnolias (1989)
ဒီရုပ်ရှင်က Robert Harling ရဲ့ ပြဇာတ်ကို ဒါရိုက်တာ Herbert Ross က ပြန်လည် ရိုက်ကူးထားတာ ဖြစ်ပြီး မင်းသမီးတွေအနေနဲ့ Sally Fields, Julia Robert, Dolly Parton,Shirley MacLaine, Olympia Dukakis တို့လို နာမည်ကြီးတွေ ပါဝင်ပြီး Julia Robert ဟာလည်း 1990 မှာ ဒီရုပ်ရှင်နဲ့ ရွှေကမ္ဘာလုံးဆုကို ဆွတ်ခူးခဲ့ပါတယ်။Robert Harling ရဲ့ အစ်မဖြစ်သူ Susan Harling အကြောင်းကို ပြန်လည် ပုံဖော်ရိုက်ကူးထားတာ ဖြစ်ပြီး ရုပ်ရှင်ထဲမှာ အမေနဲ့ သမီး ချစ်မေတ္တာတွေ၊ အမျိုးသမီး အချင်းချင်း ရိုင်းပင်းကူညီမှုတွေကို နွေးနွေးထွေးထွေး ကြည့်ရမယ့် ရုပ်ရှင်တစ်ကား ဖြစ်ပါတယ်။ဒီ ရုပ်ရှင်ထဲမှာ Julia Robert ရဲ့ Character Shelbyကလည်း ပီပြင်သလို ...
movie
Steel Magnolias (1989)
Whiteout (2009)
တောင်ဝင်ရိုစွန်းက လူသတ်သမားက ဘယ်သူလဲ❓Thriller, Crime အမျိုးအစားဖြစ်တဲ့ ဒီဇာတ်ကားဟာဆိုရင် အန္တာတိကအခြေစိုက်စခန်းတစ်ခုမှာ setting ယူထားတဲ့ ဇာတ်ကားတစ်ကားပဲဖြစ်ပါတယ်။ အဓိကဇာတ်ဆောင်ကယ်ရီဆက်ကိုဟာ အခြေစိုက်စခန်းရဲ့ မာရှယ်တစ်ယောက်ဖြစ်တယ်။ ဆောင်းတွင်းဆိုရင် ၆ လလောက် နေမမြင်ရတဲ့ဒေသမို့ အခြေစိုက်ခန်းတွင်းက ဝန်ထမ်းတွေအကုန်လုံးနီးပါးဟာ ဆောင်းတွင်းမတိုင်ခင်မှာ နေရာပြောင်းရွှေ့ကြရတယ်။ နောက် ၃ ရက်နေမှ ကျရောက်လာမယ်လို့ တွက်ချက်ထားခဲ့တဲ့ မုန်တိုင်းဟာ ခန့်မှန်းထားချိန်ထက် ၁ ရက်နီးပါးထိ စောပြီးဝင်လာတဲ့အခါမှာတော့ အခြေစိုက်စခန်းတစ်ခုလုံး ဒရောသောပါးနဲ့ နယ်မြေရွှေ့ပြောင်းဖို့ ဖြစ်လာခဲ့တယ်။ အဲအချိန်မှာပဲ Haworth Mesa မှာ တောင့်ခဲနေတဲ့ လူသေအလောင်းတစ်လောင်းကို တွေ့ရှိခဲ့ရတယ်။ အလောင်းရဲ့ ဒဏ်ရာဟာ အသတ်ခံရတာဖြစ်ကြောင်း တွေ့လိုက်ရချိန်၊ ရေခဲပြင်အောက်က ရုရှားလေယာဉ်ပျက်၊ ကျည်ဖူးတွေပျောက်ဆုံးမှုနဲ့ ဆက်စပ်ပြီး ရောက်လာခဲ့တဲ့ UN က အလွတ်အေးဂျင့်။ဒီအလောင်းရဲ့နောက်ကွယ်မှာ အကြောင်းအရာတွေက ထင်သလောက် ရိုးရှင်းမနေခဲ့တဲ့အကြောင်းကို သိလိုက်ရချိန်မှာ ဆက်ကိုဟာ လူသတ်သမားကို ...
movie
Whiteout (2009)
6.5
At Middleton (2013)
လူငယ်တို့ရဲ့ချစ်ခြင်းမဟုတ်တဲ့ အိမ်ထောင်ရှိလူကြီးနှစ်ယောက်ရဲ့တနေ့တာကာလအတွင်းကြုံတွေ့ခဲ့ရတဲ့ အချစ်တွေကို ရိုက်ပြထားတဲ့အချစ်ဟာသဇာတ်မြူးကားလေးကိုတင်ဆက်ပေးလိုက်ပါတယ်။Conjuring Universe မှာ Lorraine Warren အဖြစ်သရုပ်ဆောင်ခဲ့တဲ့မင်းသမီး Vera Farmiga နဲ့ မင်းသားကြီး Andy Garcia တို့ကအဓိကပါဝင်သရုပ်ဆောင်ထားပါတယ်။ဇာတ်လမ်းအကျဉ်းကတော့ အီဒစ် မာတင် (Vera Farmiga) ဟာကလေးအသုံးအဆောင်ပရိဘောဂတွေရောင်းတဲ့အမျိုးသမီးတယောက်ဖြစ်ပြီးသူ့ရဲ့သမီး အော်ဒရေ မာတင် ကောလိပ်တက်ဖို့အတွက် မစ်ဒဲတန်ကောလိပ်ကိုသူ့သမီးနဲ့အတူ လာရောက်လေ့လာသူပါ။ဂျော့ ဟာ့မန်း (Andy Garcia) ကတော့ နှလုံးခွဲစိတ်ပါရဂူတယောက်ဖြစ်ပြီးမစ်ဒဲတန်မှာ ကောလိပ်တက်ဖို့စိတ်မပါတဲ့ သူ့သားဖြစ်သူ ကွန်ရတ် ဟာ့မန်းနဲ့အတူကျောင်းကိုလာလေ့လာသူပါ။ဒီလိုနဲ့ သူတို့နှစ်ဖွဲ့လုံး မစ်ဒဲတန်ကောလိပ်လေ့လာရေးခရီးစဉ်မှာဆုံမိကြပြီးခေါင်းမာတတ်တဲ့မိဘတွေရဲ့သဘာဝအရ သူတို့သားသမီးတွေကိုအရှက်ခွဲမိသလိုဖြစ်သွားခဲ့ပါတယ်။ဒါကြောင့် အီဒစ်နဲ့ ဂျော့တို့ နှစ်ယောက်သား အဖွဲ့ထဲကနေလစ်ထွက်လာခဲ့ပြီးဘာကိုမှတာဝန်ယူစရာမလိုတဲ့ လူငယ်တွေအဖြစ်ကျောင်းဝန်းထဲမှာ လျောက်သွားကြပြီး ပေါက်ကရတွေလုပ်ကြရင်းနေ့တဝက်ထဲမှာတင် ချစ်မိသွားကြပုံကိုရယ်ရယ်မောမောနဲ့ ကြည့်ရှုလိုက်ကြပါဦးဗျ။ File size… 2.5 GB / 780 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 42m Genre ...
movie
At Middleton (2013)
The Dead Zone (1983)
The Dead Zone 1983 Imdb 7.2/10 rotten tomatoes 88% 1979 ခုနှစ်က ထွက်ရှိခဲ့တဲ့ Stephen King ရဲ့ လက်ရာတစ်ခုဖြစ်တဲ့ The Dead Zoneကိုအခြေပြုပြီးရိုက်ထားတဲ့ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ဇာတ်လမ်းအသွားကတော့ ဂျွန်နီစမစ်ဆိုတဲ့ ကျောင်းဆရာတစ်ယောက်ဟာ ယာဥ်မတော်တဆမှုကြောင့် ၅နှစ်ကြာ ကိုမာဝင်သွားခဲ့တာဖြစ်ပါတယ်။ သူဟာ ကိုမာကနေ ပြန်လည်သတိရလာတဲ့အခါမှာ သူ့မှ ာ လူတွေကို ထိလိုက်တာနဲ့ အဲ့လူရဲ့အနာဂတ်ကိုမြင်နိုင်တယ်ဆိုတာကိုသိခဲ့ရတယ် သူဟာသူ့ကိုယ်သူစစချင်းမယုံကြည်နိုင်ခဲ့ပေမယ့် နောက်ပိုင်းမှာတော့လူတွေကိုကူညီဖို့ပြုလုပ်လာခဲ့တယ် သူဟာ ဂရက်ဂ်စတေးလ်ဆန်လို့ခေါ်တဲ့ မဲရွေးဝင်ခံနေတဲ့ အမတ်တစ်ယောက်နဲ့ လက်ဆွဲနှုတ်ဆက်ပြီးတဲ့နောက်ပိုင်းမှာပဲ ဂျွန်နီတစ်ယောက်ဘယ်လိုဆုံးဖြတ်ချက်တွေချခဲ့လဲဆိုတာကို စိတ်ဝင်စားဖွယ် ကြည့်ရှုရမယ့်ဇာတ်ကားလေးပဲဖြစ်ပါတယ်။ ဒီဇာတ်ကားထဲမှာတော့ Johnny Smithအဖြစ် အော်စကာဆုရှင် Christopher Walkenက သရုပ်ဆောင်ထားပြီးတော့ Johnny Smithရဲ့ ရည်းစားအဖြစ်အဖြစ်Brooke Adamsမှပါဝင်သရုပ်ဆောင်ထားသလို အမတ် Greg Stillsonအဖြစ် Martin Sheenမှပါဝင်သရုပ်ဆောင်ထားပါတယ်တယ်File size…(2 GB)/(1.3 GB)/(600 Mb) Quality….Webrip ...
movie
The Dead Zone (1983)
6.9
Top Gun (1986)
Top Gun (1986) IMDb - 6.9/10_____Rotten 54% Won 1 Oscar. Another 10 wins & 5 nominations ဒီကားက ၁၉၈၆ ခုနှစ်ကထွက်ခဲ့တာဖြစ်ပြီး နှစ် ၃၀ ကျော်ကြာမှာတော့ သူ့ရဲ့အဆက် နံပါတ် ၂ ဇာတ်ကား Top Gun: Maverick (2022) ရုပ်ရှင်ကားလဲ ထွက်ရှိလို့ လာခဲ့ပါပြီ။ Top Gun 1986 ဇာတ်ကားကတော့ ခပ်မိုက်မိုက် အမေရိကန်လေသူရဲတစ်ယောက်နဲ့ ခပ်မိမိဆရာမလေးတို့ရဲ့အချစ်အကြောင်းကို အမေရိကန်တိုက်လေယာဉ်သင်တန်းကျောင်းတစ်ခုမှာ အခြေခံရိုက်ကူးထားတဲ့ ဇာတ်ကားပါ။မင်းသားကြီး တွမ်ခရုစ်ရဲ့ နာမည်ကြီးဇာတ်ကားဖြစ်ပြီး ၂၀၂၂ ခုနှစ် အသက် ၆၀ ထိ နုပျိုနေတဲ့ တွမ်ခရုစ်အကြောင်းတွေက မမြင်ချင်မှ အဆုံးပါပဲ။ဒီထဲက မင်းသမီး Kelly McGillis ကိုတော့ အိုစာလွယ်တယ် ပုံပျက်လွယ်တယ်ဆိုပြီး တွမ်ခရုစ်ပုံနဲ့ ယှဉ်ပြီးပြပြတတ်ကြပါတယ်။တကယ်တော့ မင်းသမီး ကယ်လီမက်ဂေးဟာ ဒီဇာတ်ကားမရိုက်ခင် ...
movie
Top Gun (1986)
1986
4K HEVC
5.4
Poison Ivy (1992)
ဒီကားထဲက Drew Barrymore ရဲ့ စတိုင်နဲ့ ရဲတင်းတဲ့အလှအပတွေဟာ လူပြောများခဲ့ပါတယ်...နွယ်ပင်ဆိုတာ ရစ်ပတ်နွယ်တတ်တဲ့အမျိုးပဲ...ဒါပေမယ့်အဆိပ်နွယ်ပင်ဆိုရင်တော့ တင်းကြပ်စွာရစ်ပတ်နှောင်ဖွဲ့မှုတွေကြားမှာ ရုန်းထွက်မရဘဲအဆိပ်သင့်သွားနိုင်ပါတယ်...ဒီလိုအဆိပ်နွယ်ပင်အကြောင်းဆိုရင်တော့ Poison Ivy (1992) ဇာတ်ကားလေးက သံဝေဂရစရာပါ...ဇာတ်လမ်းလေးကတော့...Ivy ဆိုတဲ့မိဘမဲ့မိန်းကလေးတစ်ယောက်က ချမ်းသာတဲ့သူငယ်ချင်းရဲ့အဖေကိုချဉ်းကပ်တဲ့ဇာတ်လမ်းမျိုးဖြစ်ပါတယ်။ချဉ်းကပ်တဲ့နေရာမှာ နာမည်နဲ့လိုက်အောင် အဆိပ်ပြင်းတဲ့ "Ivy" နွယ်ပင်ဆိုတဲ့အတိုင်း သေသေချာချာအကွက်ချစီစဉ်ပြီးသူငယ်ချင်းမိသားစုကို ပြိုကွဲအောင်ကြံစည်တာမျိုးပါ။Ivy ရဲ့ ညှို့ဓာတ်အပြည့်နဲ့ ဘယ်လိုရစ်ပတ် အဆိပ်သင့်သွားသလဲဆိုတာ......။Unrated Version နဲ့တင်ဆက်ထားပြီး အဖော်အချွတ်ခန်းတချို့ကြောင့် မိသားစုနဲ့ကြည့်ဖို့အဆင်မပြေပါ။ File size…(1.6 GB)/ (999 MB) Quality…BluRay Unrated 1080p /720p Format…mp4 Duration….01:33:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya AungTranslated by Nay Lin Thar
movie
Poison Ivy (1992)
7.2
A River Runs Through It (1992)
[Unicode]A River Runs Through It (1992) ================= IMDb Rating - 7.2နော်မန်မက်ကလင်းဆိုတဲ့ လူတစ်ယောက်ဟာ ငါးမျှားတံကိုင်ပြီး ရပ်နေခဲ့တယ်။ စက္ခုရဲ့တုရှုမှာမြစ်တစ်စင်း။ ရေစီးထဲကိုကြိုးကိုပစ်ထည့်ရင်း ရစ်သမ်တစ်ခုအတိုင်းလက်လှုပ်ရှားနေပေမယ့် သူ့စိတ်တွေက ဒီငါးမျှားတံမှာမရှိတော့ဘူး။ သူရပ်နေတဲ့မြစ်ကမ်းပါးကို ပတ်လည်ဝိုင်းထားတဲ့ တောင်တွေကြားက အလင်းရောင်ဟာ တဖြည်းဖြည်း မှိန်ပြလာတယ်။ ဖြူဖွေးပါးလျနေတဲ့ ဆံပင်တွေဟာ သူဖြတ်သန်းခဲ့ရတဲ့ သက္ကရာဇ်တွေရဲ့ သက်သေပါပဲ။ သူချစ်တဲ့လူတွေကို သူနှစ်ခါပြန် ချိုးလို့မရတဲ့ မြစ်တစ်စင်းက ခေါ်ဆောင်သွားခဲ့ပြီ။ ရေတွေရဲ့ အသံကို သူ နားစိုက်ထောင်ကြည့်တယ်။ သူ့အဖေ သင်းအုပ်ဆရာ ရီဗားရန့်မက်ကလင်းကတော့ တစ်ခါပြောဖူးတယ်။"ဟိုးတုန်းက ရွှံတွေပေါ်ကို မိုးစက်တွေကျပြီး ကျောက်တုံးတွေဖြစ်လာခဲ့တယ်။ အတိကျအဆို လွန်ခဲ့တဲ့ နှစ်သန်းငါးရာအကြာတုန်းကပေါ့။ ကျောက်တုံးတွေမဖြစ်လာခင်မှာ ဒီကန်ကြီးရဲ့အောက်ခြေမှာ တကယ်တမ်းရှိခဲ့တာက ဘုရားသခင်ရဲ့စကားလုံးတွေပဲတဲ့" သူတကယ်တမ်းကြားနေရတာကတော့ ဘုရားသခင်ရဲ့ စကားလုံးတွေမဟုတ်ဘဲ သူချစ်ခဲ့တဲ့လူတွေရဲ့ စကားလုံးတွေပါပဲ။ သူ့အဖေပြောနေကြ တရားစာတွေ၊ သူ့ညီလေးပေါလ်ရဲ့စကားလုံးအရိုင်းတွေ၊ သူ့ဘဝရဲ့အချစ်ဂျက်ဆီရဲ့ စကားလုံးချိုချိုတွေ မြစ်အောက်ဘက်ကကျောက်တုံးတွေအောက်မှာ ခိုဝင်နေတဲ့စကားလုံးတွေကို သူကြားနေရတယ်။ ဟိုးအတိတ်နေ့တစ်ရံတစ်ခါဆီတုန်းက ဒီမြို့ကလေးရဲ့နေ့ရက်တွေကို သူပြန်ကြားနေရတယ်။ မြို့လယ်ခေါင်က အုတ်ခုံကလေးပေါ်မှာ ထိုင်ခဲ့ကြတဲ့ သူတို့ရဲ့ကလေးဘဝတွေ လူငယ်ဘဝတွေကို သူပြန်ကြားနေရတယ်။ လူဟာ ...
movie
A River Runs Through It (1992)
6.6
Tears of the Sun(2003)
Tears of the Sun(2003)Tears of the Sun ဆိုတဲ့ စစ်ကားဟာ ကျွန်တော်တို့ ကလေး ဘ၀ကထဲက ထွက်ရှိပြီး ဘာသာစကားနားမလည် စာတန်းမထိုးဘဲနဲ့ ကြည့်ခဲ့ရတာပါ..... သို့ပေမယ့် Bruce Willis ခေါင်းဆောင်တဲ့ Navy SEAL အဖွဲ့ဟာ အန္တရယ်များလွန်းလှတဲ့ ပြည်တွင်းစစ်ကြားမှာ ကယ်ဆယ်ရေး သွားလုပ်ရတဲ့ အထူးစစ်ဆင်ရေးတစ်ခုဆိုတာကို ကျွန်တော်တို့ သိခဲ့ကြတယ်.... ဒီ Navy SEAL အဖွဲ့နဲ့ စစ်ဆင်ရေးအတူရောက်သွားသလို ခံစားရသလို ဗီဒီယိုရုံတစ်ခုလုံးလည်း အပ်ကျသံမကြားရလောက် တိတ်ဆိတ်စွာ ရင်ထိတ်စိတ်လှုပ်ရှားနေကြအောင် ဒီဇာတ်ကား ဆွဲဆောင်မှုရှိခဲ့တယ်.. နိုင်ဂျီရီးယားရဲ့ ပြည်တွင်းစစ်က တကယ့်ကိုသွေးပျက်ဖွယ်ရာပဲ.. လက်နက်ကိုင်မျိုးစုံ ထကြွသောင်းကျန်းကြသလို လူမျိုးစု ၂၅၀ ရှိလေတော့ ထိန်းကွပ်မယ့် အစိုးရကြီးမရှိမှုကို အခွင့်ကောင်းယူပြီးသတ်ချင်သတ် လုပ်ချင်သလိုလုပ်နေကြတယ်... Bruce Willis တို့ရဲ့ အဓိကတာဝန်က အမေရိကန်လူမျိုး ကယ်ဆယ်ရေးဆရာဝန်လုပ်နေတဲ့ ဒေါက်တာကန်ဒရစ်ကို ကယ်ထုတ်ဖို့ပါပဲ... သူတို့သွားကယ်မယ့် နေရာမှာ ရန်သူ ၅၀၀၀ခန့် ခြေရာချင်းထပ်အောင် လှုပ်ရှားနေကြသလို ပြည်သူ့စစ်ဆိုတဲ့သူတွေကလည်း ဒုက္ခသည်ပါမချန် အကုန်သတ်နေတာဆိုတော့ ဒါ့ထက်တော့ အန္တရယ်များတာမရှိတော့ပေ... သူတို့အောင်မြင်မလားဆိုတာကိုတော့ ခံစားကြည့်လိုက်ပါဦး... ဒီကားက ကြည့်ပြီးသားဆိုပေမယ့် လည်းပြန်ကြည့်ရင် တကယ်ကိုအရသာတစ်မျိုးခံစားရပါတယ်..ဒီဘက်ခေတ်စစ်ကားတွေကို ကောင်းကောင်းယှဉ်နိုင်သလို ရသအပြည့်အ၀ခံစားလို့ရအောင် Blu-Ray1080p5.1CHပါတင်ဆက်ပေးထားပါတယ်...File Size :(2.12GB), (950 MB) ...
movie
Tears of the Sun(2003)
2003