Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Tom Pelphrey
6.2
Crazy Alien ( 2019 )
တရုတ်မှာတောင်5ပတ်မြောက်ရုံတင်နေဆဲဇာတ်ကားဖြစ်ပြီး ဝင်ငွေအားဖြင့်လည်း ၂ ရက်အတွင်းမှာ 100 Milions ရရှိထားတဲ့ နောက်ဆုံးထွက်ဇာတ်ကားအသစ်ပဲဖြစ်ပါတယ်..ကြားထဲမှာလည်း အပတ်စဉ်တိုင်းမှာ China Box Office ရဲ့ Top 10 ဝင်ငွေအကောင်းဆုံး ကားအဖြစ် 5 ပတ်ပတ်တိတိရပ်တည်နေဆဲဖြစ်ပါတယ်ဇာတ်လမ်းအညွှန်းလေးကိုတင်ဆက်ပေးလိုက်ပါမယ် တရုတ်ပြည်ရဲ့မျောက်လေ့ကျင့်ပေးသူတစ်ယောက်ဆီကို တခြားဂြိုလ်ပေါ်က ဂြိုလ်သားတစ်ကောင်ဟာ သူတို့ရဲ့ DNA Ball ကို လူသားတွေနဲ့ လဲလှယ်ရာကနေ မှားယွင်းမှုဖြစ်ပြီး ကမ္ဘာပေါ်ကိုပြုတ်ကျလာခဲ့တယ်..ဖြစ်ချင်တော့ သူဟာ မျောက်ကလေးနဲ့ပေါင်းစပ်သွားတယ်..ဒါကို မျောက်လေ့ကျင့်ပေးသူက ဂြိုလ်သားကိုမျောက်တစ်ကောင်လိုကျင့်ပေးနေပါတော့တယ်ဒီလိုနဲ့ဂြိုလ်သားလေးဟာ သူ့စွမ်းအားတွေပြန်ရလာတဲ့အချိန်မှာတော့ ဘာတွေဘယ်လိုဆက်ဖြစ်ကြမလဲ Quality : WEB-DL 1080p , 720p Format : mp4 Genres : Comedy , Science Fiction Runtime : 1h 56 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Phyo Zaw Encoded by LK
movie
Crazy Alien ( 2019 )
2019
7.4
She Said (2022)
She Said (2022)~ IMDb - 7.4/10, Rotten Tomatoes - 87% ~2017 လောက်က ဟောလိဝုကိုရော ကမ္ဘာကြီးကိုပါ တုန်လှုပ်စေခဲ့တဲ့ အမှုအခင်းကြီးတစ်ခု ဖြစ်ခဲ့ပါတယ်။ ဟာဗီဝိုင်းစတိန်းဆိုတဲ့ ကမ္ဘာကျော် ရုပ်ရှင်ထုတ်လုပ်သူကြီး၊ Miramax ကုမ္ပဏီကို တည်ထောင်သူကြီးရဲ့ လိင်အကြမ်းဖက်မှုနဲ့ မုဒိန်းမှုတွေအကြောင်းပဲဖြစ်ပါတယ်။ မီရာမက်စ်ကုမ္ပဏီဆိုတာ Pulp Fiction, Kill Bill လိုမျိုး ကမ္ဘာကျော်ရုပ်ရှင်တွေ မရေတွက်နိုင်အောင် ထုတ်လုပ်ခဲ့တဲ့အပြင် ဟောင်ကောင်ဌာနခွဲကနေပဲ Shaolin Soccer လို ရုပ်ရှင်မျိုးတွေထုတ်ခဲ့တာပါ။ ဒါကြောင့် ဧရာမကုမ္ပဏီကြီးတစ်ခုဖြစ်ပြီး ကမ္ဘာကျော် မင်းသား၊မင်းသမီး၊ ဒါရိုက်တာတွေအကုန် ဟာဗီနဲ့ ပတ်သက်နေရတာ များပါတယ်။အဲဒီအမှုမီးပွားကို စတင်ခဲ့သူကတော့ တိုင်းမ်မဂ္ဂဇင်းရဲ့ စုံစမ်းဖော်ထုတ်ရေး သတင်းထောက် ဂျိုဒီကန်တာနဲ့ မီဂန်တူဟီတို့ပဲ ဖြစ်ပါတယ်။ ဒီရုပ်ရှင်ထဲမှာလည်း ဒီနှစ်ယောက်ကို အဓိက ဇာတ်ကောင်အနေနဲ့ ထည့်သွင်းထားပြီး ဟာဗီဝိုင်းစတိန်းရဲ့လုပ်ရပ်တွေကို ...
movie
She Said (2022)
2022
American Murderer (2022)
အမေရိကန်ရဲ့ဖြစ်ရပ်မှန်လိမ်လည်မှုတစ်ခုအကြောင်းရိုက်ထားတဲ့ ဒီဇာတ်လမ်းမှာ ဂျေဆန် ဒဲရစ်ခ်ဘရောင်းကတော့ FBI ရဲ့ Top 10 အလိုရှိသူစာရင်းမှာပါဝင်ခဲ့တဲ့ လူလိမ်ကြီးတစ်ဦးဖြစ်ပါတယ်။ ဆွဲဆောင်မှုရှိပြီး စကားပရိယာယ်ကြွယ်တဲ့ လူလိမ်ဂျေဆန်ဟာ ဘဏ်တွေဆီကနေပိုက်ဆံယူပြီး အလိမ်ပေါ်အလိမ်ဆင့်ထားတဲ့ အထက်တန်းလွှာဘဝမှာနေထိုင်တယ်။ ဒါပေမယ့် ပိုက်ဆံတွေပြန်မဆပ်နိုင်တဲ့ ပါတီဘုရင်ကြီးရဲ့ အလိမ်အညာတွေနဲ့ အတိတ်အကြောင်းတွေတစ်ဖြည်းဖြည်းပေါ်လာတဲ့အခါမှာတော့ ဘေးပတ်ဝန်းကျင်ကလူတွေကို ဘယ်လိုရိုက်စားလုပ်ပြီး FBI လက်ကလွတ်အောင်ပြေးမလဲဆိုတာကို American Murderer မှာ မြင်တွေ့ရမှာဖြစ်ပါတယ်။ File size…(1.4GB) / (785.22MB) / (377.04MB) Quality…. Web 1080P / 720p / 480p Format…mp4 Duration….01:29:00 Genre... Crime / Drama / Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Xiao
movie
American Murderer (2022)
7.4
Mank (2020)
Mank (2020)============IMDb Rating - 7.4/10#Unicodeမနှစ်ကတင် Tarantinoက ဟိုးအရင် ဟောလိဝုဒ်ကို တမ်းတတဲ့ရုပ်ရှင်တစ်ကား ထွက်ထားပါတယ်။ ဒီနှစ်တော့ David Fincher အလှည့်ပါပဲ။ Mankရဲ့ ဒါရိုက်တာ David Fincherကိုတော့ အတော်များများသိကြမှာပါ။FightClub , Gone Girl, Seven, Zodiacတို့လို နာမည်ကျော်ကားတွေနဲ့ နာမည်ကျော်ပါတယ်။ အခု Mankရဲ့ ဇာတ်ညွှန်းကိုရေးထားတာက သူ့အဖေ Jack Fincherပါ။ ဒီရုပ်ရှင်ကို Jackဟာ သူ့အရင်ရွှေခေတ်ကိုတမ်းတသမှုနဲ့ 1990ကတည်းကစ ဇာတ်ညွှန်းရေးခဲ့ပေမယ့် အထမမြောက်ခဲ့ပါဘူး။လွန်ခဲ့တဲ့နှစ်သုံးဆယ်က မြစ်ဖျားခံတဲ့ ဟောလိဝုဒ်ရွှေခေတ်တမ်းတမှုဟာ နောက်ထပ်ခေတ်တစ်ဆက်ခြားပြီးတဲ့ ဟောလိဝုဒ်ရဲ့ခေတ်မဟုတ်တော့တဲ့ခေတ်မှာ ထွက်လာခဲ့ပါပြီ။ဇာတ်အိမ်ရော ဇာတ်လမ်းနာမည်ရောက လူတစ်ယောက်တည်းပေါ်ပဲ အခြေပြုထား တယ်။ အဲ့ဒီလူက ဇာတ်ညွှန်းရေးဆရာ မန့်ခ်ပါ။ သူအကြောင်းဆိုတာက သူလုပ်ခဲ့တဲ့ ရုပ်ရှင် ကုမ္ပဏီအကြောင်း၊ သူအော်စကာရခဲ့တဲ့ ဇာတ်ညွှန်းကိုရေးခဲ့တဲ့အကြောင်းတွေ။ တစ်ချိန်လုံးဘာမှမလုပ်ဘဲ ဥက္ကဌတောင်းကာမှ နှုတ်တန်းဇာတ်ညွှန်းတစ်ခုကို တစ်ယောက် တစ်ကြောင်းကောက်ရေးကြတာတဲ့ အကြောင်းတွေ။ဟောလိဝုဒ်လောကက သူဌေးတွေနဲ့ သူတို့လိုဇာတ်ညွှန်းရေးဆရာတွေရဲ့ ဆက်ဆံရေးတွေပါပဲ။။ဇာတ်ကားက အေးပေမယ့်လည်း ဒီအခန်းတွေက တကယ်အားရစရပါပဲ။အေးစက်တဲ့ရုပ်ရှင်ပေမယ့် ရုပ်ရှင်က အချိန်အစဉ်လိုက်မဖြစ်တော့ သူ့ဘ၀ကို ကျွန်တော့်တို့အတွေးထဲမှာ ပုံပြန်ဖမ်းယူရတဲ့ အလုပ်ကို ဒါရိုက်တာက ပေးထားတယ်။ တစ်ခုရှိတာက ဒီအစဉ်လိုက် ဖြစ်မနေမှုအတွက် ဇာတ်ညွှန်းကို သူတော်တော်နိုင်ပါတယ်။ မန့်ခ်ရဲ့ ခါးသက်တဲ့ နေ့တွေကို ကနဦးမှာကတည်းက ထည့်သွင်းထားပေမယ့် ခါးသက်တယ်မထင်ရအောင် သေချာထည့်ထားတာပါပဲ။ အမှတ်မထင်ထည့်ထားတဲ့ တစ်ချို့ဟာသတွေကလည်း ခိုးခနဲခွက်ခနဲရယ်ရနေတာမဟုတ်ပေမဲ့ ဖြစ်တတ်တဲ့သဘာ၀လေးကိုပဲ သဘောကျမိစေတာမျိုးတွေပါ။ရုပ်ရှင်ဓာတ်ပုံပညာကလည်း ကျွန်တော်ဆို leaked photoတွေ ထွက်လာကတည်းက သဘောကျမိတာတွေတောင်ရှိတော့ အထွေအထူးပြောစရာမလိုပါဘူး။ ဂန္တ၀င်ရုပ်ရှင်ကားတွေများစွာကို ထုတ်ပေးခဲ့တဲ့ ဟောလိဝုဒ်ရဲ့ ရွှေရောင်အတိတ်နေ့တွေကိုရော ဂန္တ၀င်ကားတစ်ကားကို ဇာတ်ညွှန်း ဖန်တီးခဲ့ပုံကိုရော Mankမှာ သေချာပုံဖော်ပေးသွားပါတယ်။ရုပ်ရှင်ထဲက မန့်ခ်ကတော့ လူတစ်ယောက်ရဲ့ ဘ၀တစ်သက်တာကို ၂နာရီဆိုတဲ့အချိန်အတွင်းမှာ အမိအရရိုက်ပြလို့မရဘဲ အဲ့ဒီလူရဲ့ ခံစားမှုသွင်ပြင်တစ်ခု ထင်ကျန်နေအောင်ပဲလုပ်ပြလို့ရမယ်ဆိုတယ်။ ဒါဆိုရင်တော့ Grey Oldmanရော David နဲ့ ...
movie
Mank (2020)
2020
5.2
Sam (2015)
အခုတစ်ခါတော့ ၂၀၁၅ ခုနှစ်ကထွက်ထားတဲ့ ခပ်မြူးမြူး ဟာသကားလေးကိုတင်ဆက်ပေးလိုက်ပါတယ် ဇာတ်ကားလေးက ယောကျာ်း ဘဝ ကနေ မိန်းမ ဘဝကိုပြောင်း သွားတဲ့ သူတစ်ယောက်အကြောင်းကို ရိုက်ကူး ပြထားတာပါ အချစ်ဟာသဇာတ်မြူးလေးတစ်ကားနဲ့မိတ်ဆက်ပေးချင်ပါတယ် ဒါနဲ့စကားမစပ်ယူတို့ယောကျာ်းတွေထဲက ယောကျာ်းဘဝကနေမိန်းမဘဝပြောင်းချင်တဲ့သူဘယ်နှယောက်ရှိလဲလို့မေးလဲမေးချင်တယ်မေးလဲမေးပလိုက်ပြီ...ဒီဇာတ်ကားလေးထဲမှာ ဆမ်က မိန်းမလိုက်စားသူလူရှုပ်လူပွေတစ်ယောက်ပါ တစ်နေ့သူ့ရဲ့အချစ်ဆုံးဘော်ဒါကြီးဒေါ့ ရဲ့စေ့စပ်ထားတဲ့စေ့စပ်ပွဲကပြန် မူးမူးရူးရူးနဲ့ဆိုင်တစ်ဆိုင်ထဲဝင်သွားခဲ့ပါတယ် စျေးဆိုင်ရှင်ကြီးနဲ့ဘာညာသာဒကာလျှောက်ပြောရင်းမိန်းမတွေရဲ့မကောင်းကြောင်းဘယ်လိုဘယ်သင်းရင်ဖွင့်ပါတော့တယ် စျေးဆိုင်ရှင်ကြီးကလည်းသူ့ကိုဖြေသိမ့်ရင်း ထူးဆန်းတဲ့အရာတစ်ခုသောက်ခိုင်းခဲ့ပါတယ် နောက်တစ်နေ့မနက်အိပ်ယာထတဲ့အချိန်မှာတော့ဒေါ့ဟာအရမ်းကိုချောမောလှပတဲ့မိန်းမချောလေးတစ်ယောက်အဖြစ်သို့ပြောင်းလဲသွားခဲ့ပါတယ် ကြံရာမရတဲ့အဆုံးမှာတော့သူ့ရဲ့ယောကျာ်းဘဝကိုဖုံးကွယ်ပြီးမိန်းမတစ်ယောက်အဖြစ်ဟန်ဆောင်နေသွားရပုံကိုဟာသဆန်ဆန်လေးကြည့်ရှုရမှာဖြစ်ပါတယ် ယူတို့လည်းသိပ်ပြီးအားကျရင်ဇာတ်ကားလေးကြည့်ပြီးနည်းနာယူကြပါလို့.... အရေအကြီးဆုံးတစ်ချက်ကတော့မိန်းမချောလေးကိုငမ်းမှာဆိုလည်းတကယ်တော့သူဟာဆမ်ဆိုတဲ့ယောကျာ်းအစစ်ကြီးပါဆိုတဲ့အသိတရားလေးဝင်ကြပါဦးလို့့ :) Qty - 720p BlurayDuration - 1hr 40minGern - Comedy / DramaReview - Pyae Xein SettEncoder - Kyaw Ye Aung
movie
Sam (2015)
2015