Channel Myanmar

Tom Morton

The Hopewell Haunting (2022)
The Hopewell Haunting (2022)  မနှစ်​က ထွက်ရှိ​ခဲ့တဲ့​ Horror / Thriller ဇာတ်ကား​တစ်​ကား​ဖြစ်​တဲ့ The​ Hopewell Haunting က တကယ့်​ဖြစ်​ရပ်မှန်ကို အခြေ​ခံထားတဲ့ ထိတ်​လန့်သည်းဖိုဇာတ်ကားဖြစ်ပါတယ်။ ဒဇာတ်ကားရဲ့ ဒါရိုက်တာဖြစ်သူ Dane Sear ရဲ့ အဘွား​ဖြစ်သူ​ကြုံတွေ့ခဲ့တဲ့ ၁၉၁၉ ခုနှစ်​က အဖြစ်အပျက်​တစ်ခုကို ပြန်လည်​ရိုက်ကူး​ထားတယ်လို့သိရပါတယ်။ဇာတ်လမ်း​အကျဥ်းကတော့ Kentucky ပြည်နယ် Hopewell မြို့​လေးကို ပြောင်း​ရွှေ့​ရောက်​ရှိလာတဲ့ လင်မယား​နှစ်ယောက်​ အိမ်​တစ်အိမ်မှာနေထိုင်ရင်း ထူးဆန်း​တာတွေကြုံတွေ့လာတဲ့အခါ မြို့​လေးရဲ့ဘုရားကျောင်းက တရား​ဟော​ဆရာ​ဖြစ်သူ​ဂျိမ်း​ကို အကူအညီ​တောင်းပါတယ်။ ဂျိမ်း​လည်း​ အိမ်​ကိုလိုက်စစ်ဆေးရင်း အမျိုး​အမည်​မသိတဲ့ သဘာဝလွန်အရာတစ်ခုနဲ့ ရင်​ဆိုင်​နေရပြီဖြစ်ကြောင်း သိလိုက်ရပါတော့တယ်။ဇာတ်လမ်း​က ဖြည်း​ဖြည်း​ချင်း​သွားတဲ့ Slow​-paced အမျိုး​အစား​ဖြစ်ပြီး Kentucky ပြည်နယ်​ရဲ့လူသိများတဲ့ သဘာဝလွန်ဖြစ်ရပ်ကိုရိုက်ကူးထားတာဖြစ်ပါတယ်။ ဘတ်ဂျက်ဇာတ်ကားဖြစ်တဲ့အတွက် အများကြီးမ​မျှော်လင့်​ဖို့တော့ လိုပါ​တယ်။File size…(1.6 GB)/(822 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:20:00 Genre...Thriller, Drama, Horror, Mystery  Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated ...
movie

The Hopewell Haunting (2022)

Hunting Housewives (2024)
Hunting Housewives (2024)  ဇနီးသည်တွေကို မကျေနပ်နေတဲ့ ခင်ပွန်းသည်ကြီးတွေအတွက် ပညာပေးလည်းဖြစ်ပြီး တမူထူးခြားတဲ့ Survivalအမျိုးအစားရုပ်ရှင်ကားကို တင်ဆက်ပေးလိုက်ပါတယ်။ချမ်းသာပြီး ဩဇာကြီးတဲ့ အသိုင်းအဝိုင်းဆီက ဇနီးသည်လေးယောက် ခရီးတစ်ခုထွက်ရင်း မတော်တဆမှုကြီးတစ်ခုနဲ့ ကြုံရပါတယ်။ လူသူကင်းမဲ့တဲ့ တောကြီးထဲမှာ သားရဲတိရစ္ဆာန်တွေကလည်းရှိနေတဲ့အပြင် ကယ်သူမဲ့နေတဲ့ သူတို့တွေ ရှင်သန်ဖို့ ဘယ်လိုတွေကြိုးစားကြရမှာလဲ။ သူတို့အိမ်ထောင်ရေးအခြေအနေတွေကို တစ်ယောက်နဲ့တစ်ယောက်ရင်ဖွင့်ကြရင်း သူတို့လက်ရှိအခြေအနေကို သဘောပေါက်သွားတဲ့နောက်မှာ။ခင်ပွန်းဖြစ်သူတွေကလည်း သူတို့ဇနီးသည်တွေ မတော်တဆမှုကြုံတာကိုသိသိကြီးနဲ့ တီဗီဖန်သားပြင်ကနေ တိုက်ရိုက်ကြည့်နေခဲ့ပါတယ်။ ဘယ်လိုအကြောင်းတရားတွေကြောင့် ဒီလိုအကြောင်းအရာတွေကိုရင်ဆိုင်နေကြရတာလဲဆိုတာကိုတော့ ခံစားကြည့်ရှုကြပါဦး။(အညွှန်းနဲ့ဘာသာပြန်ကတော့ Pyae Phyoဖြစ်ပါတယ်) File size…(1.6 GB)/(835 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:35:00 Genre...Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Pyae Phyo
movie

Hunting Housewives (2024)

The King’s Daughter(2022)
The King’s Daughter(2022) The King's Daughter(2022) အညွှန်း*******************************ဂျိန်းစဘွန်းမင်းသားကြီ: Pierce Brosnan နဲ့  အချောအလှလေး Bingbing FanKaya Scodelario တို့ပါဝင်ထားတာနဲ့ ဒီကားက ကြည့်ဖို့တန်နေပါပြီ...1997 ခုနှစ်က ထွက်ရှိခဲ့တဲ့ The Moon and The Sun ဝတ္ထုကို မှီငြမ်းပြီး ရိုက်ကူးထားတဲ့ Adventure/Fantasy ဇာတ်ကားဖြစ်ပါတယ်Mermaid ခေါ် ရေသူမ ဆိုတဲ့ဒဏ္ဍာရီလာ ရေနေသတ္တဝါတွေအကြောင်းပုံပြင် ဇာတ်လမ်းတွေ အများကြီးကြည့်ရှူဖူးကြမယ်လို့ထင်ပါတယ်..ဒီကားလေးကလည်း အဲဒီလိုကားတွေထဲက တစ်ခုဖြစ်တာမို့ စိတ်ဝင်စားရင်တကယ် လက်မလွှတ်သင့်ပါဘူး ဝတ္တုကိုက ဆုရထားတာမို့လို့ပါ...အချိန်ကာလအားဖြင့် ၁၈ ရာစုဖြစ်ပြီး ပြင်သစ်နိုင်ငံမှာ လူးဝစ် ၁၄ ဆိုတဲ့ရှင်ဘုရင်တစ်ပါးစိုးစံလျက်ရှိပါတယ် ပြင်သစ်ဟာ မကြာသေးခင်ကမှ စစ်နိုင်ထားကာ ပြန်လည်ထူထောင်စ ဖရိုဖရဲ အခြေအနေပါ ရန်သူတွေကလည်း ပတ်လည်ဝိုင်းနေတာပေါ့...တစ်နေ့မှာတော့ တော်ဝင်သမားတော်က ထာဝရရှင်သန်နိုင်စေမယ့်နည်းလမ်းကိုရှာတွေ့ထားတယ်လို့ လျှောက်တင်လာပါတယ် အဲဒါကတော့ နေကြတ်ချိန်မှာ ဒဏ္ဍာရီလာ ရေသူမရဲ့ နှလုံးကို ရှင်ဘုရင်ထံ လွှဲပြောင်းဖို့ပါပဲ မသေချင်တဲ့ ရှင်ဘုရင်ဟာလည်း ...
movie

The King’s Daughter(2022)

White Fang (2018) 6.9
White Fang (2018) စာရေးဆရာ Jack Landon ရေးသားခဲ့တဲ့ White Fang စာအုပ်ကို Animation အနေနဲ့ပြန်လည် ရိုက်ကူးထားတာပဲ ဖြစ်ပါတယ်IMDB အနေနဲ့ကတော့ 6.9 အထိရရှိထားတဲ့ ဇာတ်ကားဖြစ်ပါတယ်သစ္စာစောင့်သိပြီး ကျေးဇူးတရားကို နားလည်တဲ့ ခွေးဝံပုလွေတစ်ကောင်အကြောင်းကို ဇာတ်လမ်းဇာတ်အိမ်ကောင်းကောင်းနဲ့ တင်ဆက်ထားခြင်းပဲဖြစ်ပါတယ်ဇာတ်လမ်းအညွှန်းအနေနဲ့ကတော့ White Fang ဆိုတဲ့ ခွေးဝံပုလွေလေးဟာ မိခင်ဖြစ်သူနဲ့နေထိုင်ရင်း ဒုက္ခတွေတွေ့ကြုံခဲ့ရာမှ မိခင်ရဲ့သခင်ဟောင်းဖြစ်သူဆီ ပြန်သွားခဲ့ကြပါတယ်အရွယ်ရောက်ပြီးကြီးပြင်းလာတဲ့ White Fang ဟာ သခင်ရဲ့ငွေကြေးအခက်အခဲကြောင့် မသမာသူတွေလက်ထဲ ရောင်းစားခံရပါတယ်White Fang ဟာ မသမာသူတွေရဲ့ ခွေးတိုက်ပွဲမှာ ဝင်ရောက်တိုက်ခိုက်ခိုင်းခံရပြီး ပိုက်ဆံတွေရှာပေးခဲ့ရပါတယ်အဲ့ဒီနောက်မှာတော့ ယူအက်စ်အရာရှိ ဝှင်းမ်ဒွန်စကော့နဲ့ တွေ့ဆုံခဲ့ပြီး ဘဝသစ်တစ်ခုရရှိခဲ့ပါတယ်White Fang ကိုပြန်လည်ရယူဖို့ ကြိုးစားနေတဲ့ မသမာသူတွေဟာလည်း အရာရှိနှင့်ရန်ငြိုးရှိထားသူတွေဖြစ်ပါတယ်အရာရှိကြီးနဲ့ White Fang ဟာ ဒီအခက်အခဲတွေကို ဘယ်လိုကျော်ဖြတ်ကြမလဲသူတို့နှစ်ဦးရဲ့ ကံကြမ္မာတွေဟာလည်း ဘယ်လိုမျိုးတွေကြုံတွေ့ရမလဲဆိုတာကို စိတ်ဝင်တစားနဲ့ဆက်လက် ကြည့်ရှူ့ရမှာပဲ ဖြစ်ပါတယ်(ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ပေးထားသူကတော့  ...
movie

White Fang (2018)

2018