Channel Myanmar

Tom McCafferty

Tiger Cruise (2004) 5.8
Tiger Cruise (2004) Maddie Dolan က ရေတပ်မှာ တာဝန်ထမ်းဆောင်နေတဲ့အဖေနဲ့အတူအချိန်ဖြုန်းဖို့ Tiger Cruise ပေါ်ကို လိုက်ပါရတော့မဲ့ ကလေးမလေးပါ။အဖေက သင်္ဘောပေါ် လိုက်ခဲ့ဖို့ ခေါ်နေခဲ့ပေမဲ့ နှစ်တိုင်းငြင်းနေခဲ့တဲ့Maddie တစ်ယောက် သင်္ဘောပေါ်တက်ဖို့ ရုတ်တရက် သဘောတူလိုက်ပါတယ်။သူ့ရည်ရွယ်ချက်ကတော့ တာဝန်ထမ်းဆောင်နေရတာကြောင့် အိမ်ကိုခဏ ခဏ ပြန်မလာနိုင်တဲ့အဖေကို အိမ်ပြန်လာအောင် ဖျောင်းဖျဖို့ပါ။Tiger Cruise ဆိုတာကတော့ အမေရိကန်ရေတပ်နဲ့ မရိန်းတပ်ဖွဲ့ဝင်တွေရဲ့ကလေးတွေ အိမ်ထောင်ဖက်တွေ မဟုတ်တဲ့ တခြားမိသားစုဝင်တွေကိုအပျော်စီးသင်္ဘောပေါ်မှာ လိုက်ပါရင်း တပ်ဖွဲ့ဝင်တွေရဲ့ တာဝန်တွေနေ့စဉ်ဘဝတွေကို လေ့လာခွင့်ပေးတဲ့ ခရီးတစ်ခုပါ။  ခရီးစဉ် စတင်လာတာနဲ့ စက်တင်ဘာ ၁၁ ရက်နေ့မှာ World Trade Centre တိုက်ခိုက်မှုဖြစ်လာတဲ့အခါ အပျော်ခရီးကနေ အရေးပေါ် စစ်ရေးအခြေအနေ ဖြစ်လာပါတော့တယ်။သင်္ဘောပေါ်က အရပ်သား ၈၀၀ ရဲ့ လုံခြုံရေးကို တာဝန်ယူရင်း သူ့အဖေရဲ့ ဂုဏ်သိက္ခာပေးဆပ်မှုနဲ့ တာဝန်ထမ်းဆောင်မှုတွေကို နားလည်လာတဲ့ Maddie တစ်ယောက်ဘယ်လိုသဘောထားတွေ ပြောင်းလဲသွားမလဲဆိုတာကိုတော့အညွှန်းနဲ့ ...
movie

Tiger Cruise (2004)

The Blind (2023) 6.1
The Blind (2023) The Blind(2023) ============ Drama., Biographyအမေရိကန် တီဗီစတား ဖေးလ်ရောဘတ်ဆန်ရဲ့ ဘဝအကြောင်းကို ရိုက်ထားတဲ့ ဖြစ်ရပ်မှန် ဇာတ်လမ်းဖြစ်ပါတယ် ဖေးလ်ဟာ နာမည်ကြီးတစ်ယောက်မဖြစ်ခင်က အရမ်းဆိုးသွမ်းပြီး မိသားစုမှာ မူးယစ်ရမ်းကားနေတဲ့ အရက်သမားတစ်ယေဦက်ဖြစ်ခဲ့ပါတယ် သူ့ရဲ့ မိုက်ရူးရဲဆန်မှုကြောင့် မိန်းမ၊ ကလေး ၃ ယောက်နဲ့လည်း ကွဲခဲ့ရပြီး တောထဲမှာ တစ်ယောက်ထဲ အမဲလိုက်မူးရူးနေတဲ့ အရူးကြီးတစ်ယောက်အထိဖြစ်ခဲ့ပါတယ်... ဘာသာရေးဆရာတစ်ဦးနဲ့တွေ့ပြီး ယေရှုဆီမှာ အပြစ်ဝန်ခံဆေးကြောသန့်စင်ပြီးမှ လူကောင်းတစ်ယောက်အဖြစ်ပြန်လည်မွေးဖွားလာပြီး ဖခင်ကောင်းတစ်ယောက်ဖြစ်လာကာ အောင်မြင်တဲ့လူတစ်ယောက်နဲ့ စီးပွားရေးလုပ်ငန်းရှင် တီဗီစတားတစ်ယောက် ဖြစ်လာခဲ့တဲ့ အကြောင်းကို ရိုက်ကူးထားတဲ့ ဖြစ်ရပ်မှန်ဇာတ်လမ်းကောင်းတစ်ပုဒ်ဖြစ်ပါတယ်အညွှန်း နဲ့ ဘာသာပြန်ကတော့ Thiha Yan Naing ပဲ ဖြစ်ပါတယ်။Genre..... Drama Quality…. 1080p | 720p File size… 1.3GB | 672MB Format… mp4 Duration…. 1h 48min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Thiha Yan Naing Encoder ..... Aaron
movie

The Blind (2023)

2023