Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Tom McBeath
7.1
The Accused (1988)
The Accused (1988)~ IMDb - 7.1/10, RT - 93%, Meta - 65% ~"လူတစ်ဦးသည် အခြားသူအား ရာဇဝတ်မှုကျူးလွန်စေရန် ခိုင်းစေလျှင် တိုက်တွန်းလျှင် ခယပြောဆိုလျှင် သို့မဟုတ် တစ်နည်းနည်းဖြင့် ရာဇဝတ်မှုကျူးလွန်ရန် အားပေးအားမြောက်ပြုလျှင် ရာဇဝတ်အားပေးမှုမြောက်သည်"ဒါကတော့ ၁၉၈၄ ခုနှစ် အမေရိကန်မှာပြဋ္ဌာန်းခဲ့တဲ့ ရာဇဝတ်မှုထိန်းချုပ်ရေးဥပဒေရဲ့ ပုဒ်မ ၃၇၃ ပါ။ဒီရုပ်ရှင်က ၁၉၈၃ ခုနှစ် ဘတ်ဖို့ မန်ဆာချူးဆက်မှာဖြစ်ပွားခဲ့တဲ့ အုပ်စုဖွဲ့ မုဒိမ်းကျင့်မှုအပေါ် တစ်စိတ်တစ်ပိုင်းအခြေခံထားတယ်။ တစ်နှစ်ကွာဟချက်ရှိနေပေမဲ့ သူတို့အနေနဲ့ ဒီဥပဒေကို ကျင့်သုံးခဲ့ပုံပါပဲ။ဇာတ်လမ်းကတော့ ဆာရာဆိုတဲ့ကောင်မလေးကို ဘားတစ်ခုမှာ လူ ၃ ယောက်က အုပ်စုဖွဲ့မုဒိမ်းကျင့်ခဲ့တယ်။ အဲဒီလူ ၃ ယောက်ကို ညှိနှိုင်းပြီး ရမ်းကားမှုခေါင်းစဉ်နဲ့ နှစ်တိုထောင်ဒဏ်တွေပဲချမှတ်ခဲ့တယ်။ ဒါပေမဲ့ နစ်နာသူဘက်ကကော အစိုးရရှေ့နေဘက်ကပါ အဲဒီပြစ်ဒဏ်ကိုမကျေနပ်ခဲ့ဘူး။ သူတို့အမြင်အရ ဘေးက အားပေးခဲ့တဲ့ ...
movie
The Accused (1988)
1988
7.6
Watchmen (2009)
ဒါရိုက်တာ ဇက်စနိုင်ဒါရဲ့ စူပါဟီးရိုးလက်ရာတွေထဲက တစ်ခုဖြစ်တဲ့ Watchmen ကို ဘာသာပြန်၊ ကွာလတီ အကုန်စိတ်ကြိုက်ပြင်ပြီး ပြန်တင်ပေးထားပါပြီ။ Watchmen ဟာ Version ၃ မျိုးရှိပြီး ခုတင်ဆက်လိုက်တဲ့ Ultimate Cut ကတော့ အရှည်ဆုံး Cut ဖြစ်တဲ့ ၃ နာရီ ၃၅ မိနစ်ကျော်ကြာမြင့်တဲ့ Version ဖြစ်တာမလို့ အပြည့်စုံဆုံး Version ပါပဲ။Watchmen ရုပ်ရှင်ဟာ နောက်ပိုင်း မာဗယ်နဲ့ဒီစီနှစ်ခုလုံးမှာထွက်နေတဲ့ပေါ့ပေါ့ပါးပါးနဲ့ ဘဝအမောပြေစေတဲ့ကားမျိုးမဟုတ်လို့ စူပါဟီးရိုးရုပ်ရှင် မှောင်မှောင်လေးကြိုက်သူတွေကြည့်သင့်ပါတယ်။ Watchmen ဆိုတဲ့နာမည်ဟာ ရောမစာရေးဆရာ ဂျဗီနယ် ၁ ရာစုလောက်မှာ ရေးသားခဲ့တဲ့ နာမည်ကြီး လက်တင်ကဗျာထဲကနေ ဆင်းသက်လာတာပါ။noui consilia et ueteres quaecumque monetis amici, "pone seram, cohibe". sed quis custodiet ipsos custodesငါ့မိတ်ဆွေတွေ အမြဲပြောနေတဲ့ စည်းကမ်းထိန်းသိမ်းရေး၊ မိန်းမတွေကို စည်းကမ်းတင်းကြပ်ထားဆိုတာ၊ ဒီကင်းသမားတွေကို ဘယ်သူကင်းပြန်စောင့်မလဲ ဆိုတဲ့ ကဗျာပါ။ ရောမခေတ်ရဲ့ အမျိုးသမီးဖိနှိပ်မှုတွေကိုထောက်ပြထားတာဖြစ်ပြီး အာဏာပိုင်တွေကို ဘယ်သူက ထိန်းကျောင်းမလဲဆိုပြီး ...
movie
Watchmen (2009)
2009
4K HEVC
6.4
Along Came a Spider (2001)
မင်းသားကြီး မော်ဂန် ဖရီးမန်း ပါဝင်သရုပ်ဆောင်ထားပြီး2001 တုန်းကထွက်ရှိခဲ့တဲ့ မှုခင်းအက်ရှင်ကားကောင်းတစ်ကားကိုတင်ဆက်ပေးလိုက်ပါတယ်။ဇာတ်လမ်းအကျဉ်းကတော့ စိတ်ပညာရှင်/စုံထောက်ဒေါက်တာ အဲလက်စ် ခရော့စ် (မော်ဂန် ဖရီးမန်း) ဟာစစ်ဆင်ရေးတစ်ခုမှာ သူ့ရဲ့တွဲဖက်ကို ဆုံးရှုံးလိုက်ရပြီးကတည်းကသူ့ကိုယ်သူခွင့်မလွှတ်နိုင်ပဲ၊ ဘဝကြီးကိုလည်းရည်ရွယ်ချက်မရှိဖြတ်သန်းနေသူပါ။ဒီဖြစ်ရပ်ဆိုးကြီး ဖြစ်အပြီး ရှစ်လအကြာမှာတော့ပြည်နယ်လွှတ်တော်အမတ် ဟန့်ခ် ရို့စ်ရဲ့ကိုယ်ပိုင်ကျောင်းတစ်ခုမှာကျောင်းတက်နေတဲ့သမီးလေး ရို့စ်ဟာ Secret Service ရဲ့စောင့်ရှောက်မှုအောက်မှာရှိနေရင်းနဲ့ ပြန်ပေးဆွဲခံလိုက်ရပါတယ်။ဒီလိုနဲ့ အဲလက်စ်ဆီကို ပြန်ပေးသမားကဖုန်းဆက်ပြီးသူရဲ့ကစားပွဲထဲကို ဝင်ပါခိုင်းရင်း အဲလက်စ်တစ်ယောက် ပြန်ပေးသမားရဲ့ကစားပွဲကိုနိုင်အောင်ကစားနိုင်မှာလား၊ ရို့စ်ကိုရော အောင်အောင်မြင်မြင်နဲ့ကယ်ထုတ်နိုင်မှာလား၊ဘယ်လိုအန္တရာယ်တွေကိုရင်ဆိုင်ရမလဲ၊ဘယ်လိုအလှည့်အပြောင်းတွေရှိလာမလဲဆိုတာကိုတော့ဆက်လက်ကြည့်ရှုပေးကြပါဦးဗျ။ File size… 2.77 GB / 742 MB Quality… Blu-Ray 1080p / 720p Format… mp4 Duration…. 1h 39m Genre ..... Drama , Thriller Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Min Wai Translated by TMMT
movie
Along Came a Spider (2001)
2001
5.9
Timecop(1994)
ဒီဇာတ်ကားလေးကတော့ လူတိုင်းသိကြတဲ့ ရုပ်ရှင်မင်းသားကြီး ဗန်ဒိမ်း ငယ်ရွယ်စဉ်က ရိုက်ကူးထားတဲ့ သည်းထိတ်ရင်ဖို အက်ရှင် ဇာတ်ကြမ်းကားလေးပဲဖြစ်ပါတယ် အက်ရှင်ကားတွေကို ကြိုက်နှစ်သက်သူတွေ သိပ္ပံကားတွေ ကြိုက်နှစ်သက်သူတွေ လက်မလွှတ်သင့်တဲ့ဇာတ်ကားလေးပဲဖြစ်ပါတယ် ဇာတ်လမ်းလေးကတော့ လူသားမျိုးနွယ်တွေ အချိန်ခရီးသွားခြင်းကို တီထွင်နိုင်တော့ အစိုးရက မသမာမှုတွေကို ကာကွယ်ဖို့ အေဂျင်စီ တစ်ခုကို ဖွဲ့စည်းခဲ့ပါတယ် အေဂျင်စီဖွဲ့တော့ ဗန်ဒိမ်း ပါဝင်ခဲ့ရပြီး မသမာမှုတွေကို တိုက်ခိုက်ရင်း ရှာဖွေတွေ့ရှိလာတဲ့ အမှန်တရားတွေကနေ သူချစ်ရတဲ့သူတွေကို ကာကွယ်ဖို့ ကြိုးစားတဲ့အကြောင်းကို သည်းထိတ်ရင်ဖို ရင် တလှပ်လှပ်နဲ့ ကြည့်ရမှာပဲဖြစ်ပါတယ် File size…1.68GB / 609.9MB Quality…Blu-Ray 1080p5.1CH / 720p Format…mp4 Duration….1h 39m Genre ..... Action , Crime , Sci-Fi Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Phone Myint Maw
movie
Timecop(1994)
5.7
They Nest (2000)
They Nest (2000)==============ရုပ်ရှင်ပရိသတ်တို့ကို ၂၀၀၀ ခုနှစ်က ထွက်ရှိခဲ့တဲ့ Horror သိပ္ပံဇာတ်ကားနဲ့မိတ်ဆက်ပေးချင်ပါတယ်။ဇာတ်လမ်းအကျဉ်းချုပ်ကို ပြောရမယ်ဆိုရင် ဒေါက်တာဘန်ကေဟေးကခွဲစိတ်ဆရာဝန်တစ်ယောက်ပါ။ ဒါပေမဲ့ အရက်ဖြတ်ထားတဲ့အရှိန်ကြောင့်လူနာကို ခွဲစိတ်မယ်အလုပ်မှာ မခွဲစိတ်နိုင် ဖြစ်သွားရတယ်။ အဲဒီလိုနဲ့ သူကဆေးရုံကနေ ယာယီအနားယူဖို့ ဖိအားပေးခံခဲ့ရပါတယ်။ဆေးရုံကနေ နားတဲ့အချိန်မှာ သူ့ဇနီးနဲ့ ဝယ်ခဲ့တဲ့ အိမ်ရှိရာ ကျွန်းကိုထွက်လာခဲ့တယ်။ ကျွန်းကိုလာတဲ့လမ်းမှာ အိမ်ပိုင်ရှင်မိသားစုဝင်တစ်ယောက်နဲ့ တိုက်တိုက်ဆိုင်ဆိုင် ဆုံဖြစ်သွားတယ်။ အဲဒီလူကသူ့အိမ်ကို ဝယ်လို့ ကေဟေးကို မကျေနပ်ခဲ့ဘူး။ ကေဟေးကျွန်းပေါ်ရောက်လာချိန်မှာလည်း ကန့်လန့်တွေတိုက်တော့တာပါပဲ။တကယ်တော့ အဲဒီကျွန်းပေါ်မှာ မကြာခဏ ထူးဆန်းတဲ့သေဆုံးမှုတွေဖြစ်နေခဲ့ပေမဲ့ အကြောင်းအရင်းကို မသိရဘူး။ မြို့နဲ့ဝေးတဲ့ နေရာမလို့အလောင်းခွဲစိတ်ပြီး စစ်ဆေးတာမျိုးလည်း မတတ်နိုင်ကြဘူး။တစ်နေ့မှာ ကေဟေးနဲ့ မတည့်တဲ့ အဲဒီအိမ်ပိုင်ရှင်ဟောင်းကသေသွားခဲ့ပါတယ်။ တစ်ကျွန်းလုံးက ကေဟေးသတ်တာလို့ပဲထင်ကြတော့တာပေါ့။ ဒါပေမဲ့ အဲဒီလူကို တကယ်သေစေခဲ့တဲ့အကြောင်းအရင်းက ဘာများဖြစ်နိုင်မလဲ။ အရှေ့က သေဆုံးမှုတွေနဲ့ဆက်စပ်နေမလား။ ကေဟေးကရော သူစွပ်စွဲခံရတာတွေကိုချေပဖို့ ဘယ်လိုဖော်ထုတ်မလဲဆိုတာကို They Nest ဆိုတဲ့ဇာတ်ကားထဲမှာ ...
movie
They Nest (2000)
4.6
Aliens vs Predator: Requiem (2007)
ဒီဇာတ်ကားလေးမှာ ဂြိုလ်သားတွေနဲ့ သူတို့ကိုလိုက်လံသုတ်သင်နေတဲ့ ဂြိုလ်သားရဲ့ကြားမှာ ဓားစာခံဖြစ်သွားတဲ့ ဂန်နီဆန်မြို့လေးအကြောင်းကို ရင်ဖိုစိတ်လှုပ်ရှားစွာနဲ့ကြည့်ရမယ့် ဇာတ်ကားကောင်းလေးတစ်ခုဖြစ်ပါတယ်။ထူးဆန်းတဲ့ အာကာသယာဉ်တစ်ခု ဂန်နီဆန်မြို့လေးရဲ့ တောအုပ်ထဲကို ပျက်ကျပြီးတဲ့နောက်မှာ မြို့သားတွေရဲ့ ကံကြမ္မာဟာ စိတ်မကောင်းစွာပဲ အဆိုးဆံုးပြောင်းလဲသွားပါတော့တယ်။ ဂြိုလ်သားတွေရဲ့ သိမ်းပိုက်မှုနဲ့တိုက်ပွဲကြားမှာ အသက်ရှင်ဖို့ မြို့သားတွေက ဘယ်လိုသက်စွန့်ဆံဖျား ရုန်းကန်ကာကွယ်သလဲဆိုတာကို သည်းထိတ်ရင်ဖိုစွာနဲ့စောင့်ကြည့်ရမှာပါ။ဒါ့အပြင် နိုင်ငံရေးအလှည့်အကွက်တွေကိုလဲ ပီပြင်စွာဖော်ပြထားတာကြောင့် ဒီဇာတ်ကားကောင်းလေးကို ခံစားကြည့်ရှုလိုက်ပါ။(ရုပ်ရှင်အညွှန်းနဲ့ဘာသာပြန်ကို Su Myat မှ တင်ဆက်ထားပါတယ်။)Predator ဇာတ်ကားအကုန်လုံးကို ဒီမှာ https://channelmyanmar.to/category/special-package/predator/ ကြည့်ပါ။File size…(1.6 GB)/(830 MB) Quality…BluRay Unrated 1080p HEVC/720p Format…mkv/mp4 Duration….01:41:05 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated by Su Myat
movie
Aliens vs Predator: Requiem (2007)
1080p HEVC
7.2
Rescued by Ruby (2022)
K9 ဆိုတဲ့ အနံ့ခံခွေးတပ်ဖွဲ့ကို အရမ်းကိုဝင်ချင်နေတဲ့ ဒန်နီရယ် ဘယ်အိမ်ကမှာမမွေးစားနိုင်အောင်ဆိုးလို့ ဂေဟာမှာ သောင်တင်နေတဲ့ ရူဘီဆိုတဲ့ ခွေးမလေးအကြောင်းဖြစ်ရပ်မှန်ရိုက်ထားတဲ့ကားလေးပါပဲ ဟော့ဒေါဆိုရင် မနေနိုင်မထိုင်နိုင် အရမ်းကြိုက်တဲ့ ခွေးမလေးရူဘီဟာ သူ့ရဲ့သခင်အမှန်ကိုမတွေ့ရသေးခင်အထိ မွေးစားတဲ့အိမ်တွေမှာ စကားနားမထောင်ဘဲ လုပ်ချင်တာတွေလုပ်လို့ ဂေဟာမှာသောင်တင်နေတာပါ ဒန်နီရယ်ကလည်း K9ကိုဝင်ချင်လွန်းလို့ စာမေးပွဲ ၈ကြိမ်ဖြေပြီးတဲ့အထိ မအောင်သေးတဲ့ ရဲတပ်ဖွဲ့ဝင်တစ်ယောက်ပါ တစ်နေ့တော့ ဘယ်သူမှ မမွေးစားတဲ့ ရူဘီကို ဂေဟာက လက်စသတ်ဖို့လုပ်နေတုန်း အကြောင်းအရာတိုက်ဆိုင်ပြီး ဒန်နီရယ်တဲ့တွေ့သွားကြတဲ့အခါ ဘာတွေဖြစ်လာမလဲ ရူဘီ့ကို ဒန်နီရယ်က သူများတွေနဲ့မတူဘဲ လေ့ကျင့်ပေးနိုင်မလား ရူဘီကရောဘယ်လောက်ထိလုပ်ပြနိုင်မလဲဆိုတာ ကြည်နူးမှုလေးနဲ့ ကြည့်လို့ကောင်းမယ့်ကားကောင်းလေးတစ်ကားပါ တချို့ကားတွေလို့ ခွေးလိမ္မာလေးက အစစအရာရာလိမ္မာတာမဟုတ်ဘဲ ခက်ခက်ခဲခဲသင်ကြားပေးရတဲ့ကားဆိုတော့ ကြည့်ရတာတန်မှန်လို့ မျှော်လင့်ပါတယ် File size…(1.88 GB)/(904.61 MB )/(519.19 MB ) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:30:00 Genre...Drama, Biography, Family Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Garfield
movie
Rescued by Ruby (2022)