Channel Myanmar

Tom Leick

The Merchant of Venice (2004)
The Merchant of Venice (2004) အလယ်ခေတ် ၁၆ ရာစု ဝန်းကျင်မှာ ဥရောပဒေသတစ်လျှောက် ဖြန့်ကျက်နေထိုင်တဲ့ ဂျူးတွေက ဘာသာရေးအရ ခွဲခြားဖိနှိပ်ခြင်းကို ခံရပါတယ်။ ဖွံ့ဖြိုးလွတ်လပ်လှပါချည်ရဲ့ဆိုတဲ့ ဗင်းနစ်မြို့မှာတောင် ဂျူးဘာသာဝင်တွေက ခရစ်ယာန်ဘာသာဝင်တွေနဲ့ တန်းတူအခွင့်အရေး မရကြပါဘူး။ ဗင်းနစ်ရဲ့ 'ဂက်တို' လို့ခေါ်တဲ့ ရှေးဟောင်းဒေသတစ်ခုမှာပဲ ဂျူးလူမျိုးတွေကို စုစည်းနေထိုင်ခိုင်းပြီး ညနေ နေဝင်တာနဲ့ အဲဒီဒေသရဲ့ ဂိတ်တံခါးကို ခရစ်ယာန်တပ်တွေနဲ့ ပတ်လည်ဝိုင်း ပိတ်ချပါတယ်။နေ့ဘက်ဆိုရင် ဂက်တိုဒေသကနေ ထွက်ခွာတဲ့ ဘယ်ဂျူးမဆို ဂိတ်ရိုးကို ကျော်တာနဲ့ အနီရောင်ဦးထုပ်ကို ဝတ်ဆင်ရပါတယ်။ ခရစ်ယာန်တွေနဲ့ မရောသွားအောင်ပေါ့။ အဲဒီနည်းနဲ့ ဗင်းနစ်ရဲ့ ဥပဒေထဲမှာ ဂျူးတွေကို တရားဝင်ခွဲခြားထားတာပါ။ နောက်ပြီး ဘယ်ဂျူးမဆို စည်းစိမ်ဥစ္စာ ပိုင်ဆိုင်ခွင့် မရှိပါဘူး။ ဒီတော့ ဗင်းနစ်မြို့မှာ နေတဲ့ ဂျူးဘာသာဝင်တွေက ဘာစီးပွားမှ လုပ်မရမဲ့ တူတူဆိုပြီး ရှိတဲ့ငွေကို အတိုးချေးစားကြပါတယ်။ အဲဒီငွေတိုးချေးစားတာကိုလဲ ခရစ်ယာန်ဘာသာမှာ တားမြစ်ပညတ်ထားပြန်တယ်။ဗင်းနစ်မြို့က ...
movie

The Merchant of Venice (2004)