Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Tom Hudson
6.6
Deerskin (2019)
ဒီတစ်ခါမှာတော့ ကြည့်ရှုသူပရိတ်သတ်ကြီးကို rating 6.6/10အထိရရှိတားပြီး ဒါရိုက်တာ Quentin Dupieux ရိုက်ထူးထားပြီး၂၀၁၉ကထွက်ရှိထားတဲ့ Deerskinဆိုတဲ့ ဇာတ်ကားလေးတစ်ကားနဲ့မိတ်ဆက်ပေးချင်ပါတယ် ဒီဇာတ်ကားက အကောင်းဆုံးရုပ်ရှင်ဇာတ်ကားဆုအကောင်းဆုံးရုပ်သံတည်းဖြတ်ဆု ပရိတ်သတ်က ရွေးချယ်မှုအများဆုံးဆုနဲ့ ဆန်ကာတင်စာရင်း ၁၁ဆုထိချိတ်ထားပါတယ်ဒီဇာတ်ကားမှာ ပြင်သစ်နိုင်ငံက ရုပ်ရှင်သရုပ်ဆောင်အကျော်အမော်တွေဖြစ်ကြတဲ့ မင်းသားJean Dujardin နဲ့ မင်းသမီး Adele Haenelတို့က ပါဝင်အားဖြည့်သရုပ်ဆောင်ထားပါတယ်..ဇာတ်လမ်းကဂျောချ့်ဆိုတဲ့ မိန်းမနဲ့ကွာရှင်းပြီး ခြေဦးတည့်ရာ ထွက်လာတဲ့လူတစ်ယောက် ဆီဆိုင်မှာ ဆီဝင်ဖြည့်ရင်း ဆိုင်တစ်ခုမှာ သားမင်သားရေစစ်စစ်နဲ့ လုပ်ထားပြီး သဘာဝလွန်စွမ်းအင်တွေနဲ့ လွှမ်းမိုးနိုင်စွမ်းရှိတဲ့ဂျက်ကတ်အင်္ကျီတစ်ထည်ကို ဝယ်လိုက်ိမပါတယ် ရောင်းတဲ့သူကလည်းဂျော့ချ်ကို ကျေးဇူးတင်လွန်းလို့ လက်ဆွဲဗီဒီယိုကင်မရာလေးတစ်လုံးပါအပိုအနေနဲ့ လက်ဆောင် ပေးလိုက်မိရာကနေ စပါတယ် နောက်တစ်နေ့ငွေသွားထုတ်တဲ့ အချိန်မှာတော့ ဂျော့ချ်တစ်ယောက် သူ့မိန်းမဖြစ်သူကဘဏ်စာရင်း ပိတ်လိုက်တာကို ခံလိုက်ရပါတယ် ဒီလိုနဲ့ ဂျောချ်တစ်ယောက်စိတ်ညစ်ညစ်နဲ့ ဘားတစ်ခုကိုသွားထိုင်မိရာကနေ ဒန်းနစ်ဆိုတဲ့ တည်းဖြတ်တာကိုဝါသနာပါတဲ့ အမျိုးသမီးတစ်ယောက်နဲ့ဆုံမိပြီး သူ့ကိုယ်သူ ရုပ်ရှင်ရိုက်တဲ့သူတစ်ယောက်ဖြစ်ကြောင်း သူဒီကိုရုပ်ရှင်ရိုက်ဖို့အတွက် လာလေ့လာဖြစ်ကြောင်း လိမ်ညာမိလိုက်ပါတယ် အဲ့ဒီနောက်မှာတော့ ...
movie
Deerskin (2019)
7.0
Driving Madeleine (2022)
ဒီဇာတ်ကားလေးက အဘိုးအဘွားကိုချစ်တတ်တဲ့သူတွေအတွက် ကြည့်ပြီးရင်ရင်ထဲတစ်ခုခုကျန်ခဲ့စေမယ့် ကားမျိုးပဲဖြစ်ပါတယ်။ IMDb-7/10 နဲ့Rotten Tomato-100%အထိ ရရှိထားတဲ့ဇာတ်ကားဖြစ်လို့ ကြည့်ကြည့်ကြဖို့တိုက်တွန်းလိုက်ပါတယ်။ချားလ်ဟော့မန်းဟာ ပြဿနာပေါင်းသောင်းခြောက်ထောင်နဲ့ မိသားစုအတွက်ရုန်းကန်နေရတဲ့ တက္ကစီသမားတစ်ဦးပဲဖြစ်ပါတယ်။ တစ်နေ့မှာတော့မက်ဒလိန်းကယ်လာဆိုတဲ့ အသက်၉၂နှစ်အရွယ် အဖွားအိုတစ်ယောက်ကိုလူအိုရုံကိုပို့ဖို့ သူ့ရဲ့ကားကိုငှားခဲ့ပါတယ်။ ပို့ရမယ့်နေရာက ပဲရစ်မြို့ရဲ့တစ်ဖက်ခြမ်းဖြစ်တော့ မလိုက်ချင်ပေမယ့်လည်း ငွေကြေးအခက်အခဲကြောင့် လိုက်ပို့မိတဲ့အခါမှာဒီအဖွားအိုနဲ့ စကားပြောမိရင်း မက်ဒလိန်းရဲ့အတိတ်ကအဖြစ်အပျက်တွေကိုပြန်လည်တူးဖော်ကြပါတော့တယ်။ ဒီခရီးစဉ်တိုလေးတစ်ခုအတွင်းမှာပဲ ချားလ်နဲ့မက်ဒလိန်းတို့ကြားမှာ ဘယ်လိုသံယောဇဉ်တွေဖြစ်သွားမလဲ။ မက်ဒလိန်းရဲ့အတိတ်မှာရောဘယ်လိုကြမ်းတမ်းမှုတွေနဲ့ကြုံတွေ့ခဲ့ရလဲဆိုတာကို ကရုဏာသက်စွာ ကြည့်ရှုခံစားကြရမှာပဲဖြစ်ပါတယ်။ File size…1.23 GB / 607 MB Quality…Blu-Ray 1080p 5.1 CH/ 720p Format…mp4 Duration….1h 31m Genre ….. Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Aung Paing Phyoe
movie
Driving Madeleine (2022)
7.0
In Her Name (2016)
ပြင်သစ်နိုင်ငံ ဂျာမနီနိုင်ငံတို့မှာ တကယ်ဖြစ်ပျက်ခဲ့တဲ့ အဖြစ်အပျက်တွေပေါ်မူတည်ပြီး ရိုက်ကူးထားတဲ့ ပြင်သစ်ကားလေးပါ။ သားသမီးဖြစ်သူကိုဆုံးရှုံးလိုက်ရတဲ့ ကိစ္စတစ်ခုပေါ်မှာ အဖေတစ်ယောက်အနေနဲ့ အရှုံးမပေးပဲဇွဲနပန်းကြီးစွာ ၂၇ နှစ်လောက်ထိ ကြိုးစားမှုတွေကို တင်ဆက်ပေးထားတဲ့မှုခင်းနောက်ခံ ရုပ်ရှင်လေး ဖြစ်ပါတယ်။ဇနီးသည်ရယ် သားတစ်ယောက် သမီးတစ်ယောက်ရှိပြီး စာရင်းကိုင်လုပ်ငန်းနဲ့အဆင်ပြေနေတဲ့ အန်ဒရေးတစ်ယောက်ဟာ ဇနီးသည်ဖောက်ပြားတာကိုလက်ဝယ်မိပြီး ကွာရှင်းပြီးတဲ့နောက် ၁၉၈၂ ခုနှစ်မှာ သတင်းဆိုးတစ်ခုကြားလိုက်ရပါတယ်။ အဲဒါကတော့ ကျောင်းပိတ်ရက်ဖြစ်လို့ သားသမီးတွေကိုမိခင်ရှိရာ ဂျာမနီကို အလည်အပတ်ဆိုပြီး ပို့လိုက်ရတာကနေ သမီးဖြစ်သူဆုံးပါးသွားတာပဲ ဖြစ်ပါတယ်။ ဒါပေမဲ့ တကယ်တမ်း သေဆုံးရခြင်းအကြောင်းအရင်းကို အတိအကျ မသိရလို့ လိုက်လံ စုံစမ်းရာကနေ နောက်ကွယ်ကရွံရှာဖွယ် အမှန်တရားကို သိလိုက်ရတဲ့အချိန် တရားခံဖြစ်သူကို တစ်ကမ္ဘာလုံးနဲ့တစ်ယောက်ဆန့်ကျင်ပြီး အပြစ်ပေးနိုင်ဖို့ ဘယ်လိုတွေ ကြိုးစားရုန်းကန်ရလဲဆိုတာကို ကြည့်ရမှာပဲဖြစ်ပါတယ်။ အန်ဒရေးနေရာကလည်း ပြင်သစ် ဝါရင့်မင်းသားကြီးDaniel Auteuil သရုပ်ဆောင်ထားတာပါ။ File size…1.38GB / 627MB Quality…Blu-Ray 1080p 5.1 CH ...
movie
In Her Name (2016)
7.0
Asteroid City(2023)
Asteroid City(2023)******************* ဒီကားကတော့ တွမ်ဟန့်နဲ့ စကားလက်ဂျိုဟန်ဆန်တို့ ပါဝင်ထားတဲ့ ရုပ်ရှင်ဆရာကြီးဝက်စ်အန်ဒါဆန်ရဲ့ ရုပ်ရှင်တစ်ကားပဲဖြစ်ပါတယ်။ Wes Anderson ဟာ ရုပ်ရှင်ငါးကားနဲ့တင်အော်စကာ ဆန်ကာတင် ၇ ခု ရခဲ့ဖူးပါတယ်။ အထူးသဖြင့်တော့ သူ့ရဲ့ ထူးခြားတဲ့ အရေးအသားနဲ့ရိုက်ချက်အလှအပတွေကြောင့်ပါ။ Isle of Dogs, The Grand Budapest Hotel, Moonrise Kingdom တို့ကိုတော့အတော်များများသိကြမှာပါ။ ဒီရုပ်ရှင်ကတော့ သူ့ရိုက်သမျှထဲမှာ နာမည်ကျော်သရုပ်ဆောင်အများဆုံးပါပဲ။Jason Schwartzman, Scarlett Johansson, Tom Hanks, Jeffrey Wright,Tilda Swinton, Bryan Cranston, Edward Norton, Adrien Brody,Steve Carell, Hong Chau, Willem Dafoe စတဲ့ ဒိတ်ဒိတ်ကျဲတွေ စုပြီးပါဝင်ထားပါတယ်။စကားလက်အနေနဲ့ အရှေ့ပိုင်းဗလာအခန်းကို ရိုက်ရတာ ပြဿနာမရှိပေမဲ့ ဒါရိုက်တာကြီးကတော့အတော်ရှက်လို့ မျက်နှာပူစရာတွေဖြစ်ခဲ့တယ်လို့ ပြောပါတယ်။ဒီရုပ်ရှင်မှာ ...
movie
Asteroid City(2023)
The French Dispatch (2021)
The French Dispatch (2021)ရုပ်ရှင်တစ်ပုဒ်ဟာ ပြဇာတ်တစ်ပုဒ်လို အိပ်ရာဝင်ပုံပြင်တစ်ပုဒ်လို စိတ်ကူးယဉ်ဆန်ပြီးလှပနေပြီဆိုရင် Director Wes Andersonရဲ့လက်ရာတွေနဲ့ မကင်းနိုင်ပါဘူး၊ သူ့ဇာတ်ကားတွေရဲ့ narrativeပုံစံ ဇာတ်လမ်းတင်ဆက်ပုံနဲ့ Uniqueဖြစ်သလို Colorfulလည်းဖြစ်တဲ့ ရိုက်ကွင်းအပြင်အဆင်တွေကြောင့် ရုပ်ရှင်နဲ့မတူဘဲ ပုံပြင်ကမ္ဘာထဲ လက်တွေ့ရောက်သွားသလို ခံစားချက်မျိုး၊ The Palais Garnier ပြဇာတ်ရုံမှာ ကိုယ်တိုင်ပြဇာတ်ကြည့်နေရသလို ခံစားချက်မျိုး ရစေတာကို- The Grand Budapest Hotel (2014) နဲ့ - Moonrise Kingdom (2012)မှာ ခံစားခဲ့ရပြီးပါပြီ၊ဒီ ဇာတ်လမ်းကလည်း Wes Andersonရဲ့ နောက်ထပ် ရုပ်ရှင်မဟုတ်သောရုပ်ရှင်၊ ပြဇာတ် မဟုတ်သော ပြဇာတ်လို့ ထပ်ရည်ညွှန်းရမယ်ထင်ပါတယ်ဒီဇာတ်လမ်းကတော့ Andersonရဲ့ ဝတ္ထုတိုတွေကို ချစ်မြတ်နိုးမှု၊ စာနယ်ဇင်းလောကကို နှစ်ခြိုက်မှုအပေါ် ရုပ်ရှင်ဇာတ်ကားအဖြစ် အသက်သွင်းလိုက်တဲ့ လက်ရာမွန်တစ်ခုပါပဲ၊ Castတွေကလည်း ပြေးကြည့်စရာမလိုအောင်ကို ဒိတ်ဒိတ်ကြဲဖြစ်တဲ့၊ သူ့လက်စွဲတွေ ဖြစ်တဲ့ - ...
movie
The French Dispatch (2021)
2021
7.0
Rebecca(2020)
Rebecca(2020)အညွှန်း***********************နက်ဖလစ်က ၂၀၂၀ ထဲမှာ တင်ဆက်ထားတဲ့ Rebecca ဆိုတဲ့ဇာတ်ကားလေးဟာ Daphne du Maurier ရဲ့ ၁၉၃၈ခုနှစ်က ဝတ္ထုကို ပြန်အသက်သွင်းထားတဲ့ ဇာတ်လမ်းတခုပဲဖြစ်ပါတယ်... ဒီဇာတ်ကားထဲမှာတော့ အမည်ကို မဖော်ပြထားတဲ့ တကောင်ကြွက် မိန်းကလေးတဦးဟာ လေဒီ တဦးရဲ့ မိန်းမဖော်အဖြစ် ပြင်သစ်တောင်ပိုင်းကို အလည်အပတ် ရောက်သွားတယ်... ကံကောင်းထောက်မစွာ အင်္ဂလန်က လူချမ်းသာတဦးဖြစ်တဲ့ မစ္စတာ ဒီဝင်းတားဆိုတဲ့ မုဆိုးဖိုနဲ့ ဖူးစာဆုံခဲ့ ပြီးတဲ့နောက် မစ္စတာ ဒီဝင်းတားတို့ ဘိုးစဉ်ဘောင်ဆက်ပိုင်ဆိုင်ခဲ့တဲ့ မန်ဒါလေ ဆိုတဲ့ အိမ်ကြီးကို တပါတည်း လိုက်လာခဲ့တယ်....သူမ ဘဝဟာ အစပိုင်းပျော်စရာကောင်းတယ်လို့ထင်ရပေမယ်...မကြာပါဘူးမှုခင်းနဲ့ဆိုင်တဲ့ထူးဆန်းအံအားသင့်စရာ ပြဿနာမျိုးစုံနဲ့ စပြီးကြုံရသလိုဒါတွေကိုဖြေရှင်းပေးဖို့လည်း တာဝန်တွေရှိလာပါတော့တယ်...ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Zuel Khant Thwin ပဲဖြစ်ပါတယ်... File Size :(900 MB) and (380 MB) Quality : WEB-DL 720p Format…mp4 Duration…02:01:00 Genre : Drama, Mystery, Romance Subtitle : Myanmar Subtitle (Hard ...
movie
Rebecca(2020)
6.3
The Family (2013)
The Family (2013)_____IMDb - 6.3/10 နယူးယောက်မှ လူဆိုးဂိုဏ်းဝင် ဂျော်ဗန်နီ မန်ဇိုနီ ဟာ FBIအေးဂျင့် ရောဘတ် စတန်ဖီနဲ့ အပေးအယူလုပ်ပြီး သူ့ရဲ့ မာဖီးယားအဖွဲ့ကို သစ္စာဖောက်ခဲ့ပါတယ်... သူ့ရဲ့ သတင်းပေးမှုကြောင့် မာဖီးယားအဖွဲ့ အတော်လေးဖွဲ့စည်းပုံပျက်သွားတယ်... ဂျော်ဗန်နီဟာ သက်သေကာကွယ်ရေးအစီအစဉ်မှာပါဝင်ခဲ့ပြီး ဖရက် ဘလိတ် အဖြစ် မှတ်ပုံတင်အသစ်ရခဲ့ပါတယ်... ဂျော်ဗန်နီနဲ့ သူ့ဇနီး မက်ဂီ သူတို့ရဲ့ဆယ်ကျော်သက်ကလေးတွေဖြစ်ကြတဲ့ ဘဲလ်လာနဲ့ ဝါရန်တို့ဟာ နော်မန်က Cholong sur Avredကို စတန်ဖီနှင့် အေးဂျင့်၂ယောက်တို့ရဲ့ အကာအကွယ်နဲ့ပြောင်းရွေ့ခဲ့ပါတယ်... မာဖီယားတွေအတွက်တော့ သူတို့မိသားစုဟာ ကမ္ဘာမကျေပါပဲ... ဒီအချိန်မှာ မာဖီယားဂိုဏ်းက လူသတ်သမားကို ဒေါ်လာသန်း၂၀ပေးပြီး သူတို့မိသားစုကို သတ်ခိုင်းပါတယ်... မာဖီးယားဂိုဏ်းဟာ မန်ဇိုနီ မိသားစုကို မထင်မှတ်ဘဲ ရှာတွေ့သွားပြီးတဲ့နောက်မှာတော့..... ဇာတ်လမ်းအညွှန်းကိုတော့ ညီမငယ် Hnin Amy Khineကရေးသားပေးပါတယ်... File Size : (903 MB) Quality : Blu-Ray 720p Format…mp4 Duration…01:51:00 Genre : Comedy, Crime, Thriller Subtitle : Myanmar Subtitle (Hard ...
movie
The Family (2013)
2013