Channel Myanmar

Tom Druilhet

Shallow Ground (2004)
Shallow Ground (2004) ဒီတစ်ခါမှာတော့ Shallow Ground ဆိုတဲ့Horror ဇာတ်ကားလေးကိုတင်ဆက်ပေးချင်ပါတယ်ဇာတ်လမ်းအကျဥ်းလေးကတော့...... တောအုပ်ထဲမှာတည်ရှိတဲ့ရဲစခန်းတစ်ခုကိုပိတ်သိမ်းပစ်တော့မှာဖြစ်လို့ အဲ့ဒီစခန်းမှာတာဝန်ထမ်းဆောင်တဲ့ရဲအရာရှိတွေကလည်း အဲ့မြို့လေးကနေထွက်သွားကြတော့မှာပါ ပြောင်းရွှေ့ဖို့အတွက်ပြင်ဆင်နေတဲ့နေ့မှာ စခန်းမှာ ရဲအရာရှိနှစ်ယောက်ဖြစ်တဲ့ စတူးဝါ့ထ်နဲ့လော်ရာတို့နှစ်ယောက်တည်းရှိနေစဥ် လူငယ်ကောင်လေးတစ်ယောက်က အဝတ်အစားမပါဘဲ တစ်ကိုယ်လုံးသွေးတွေပေကျံပြီး စခန်းကိုရောက်လာပါတယ် လက်ထဲမှာလည်းဓားတစ်ချောင်းကိုကိုင်ထားတာကြောင့် စတူးဝါ့ထ်နဲ့လော်ရာတို့လည်း ကောင်လေးကိုဖမ်းထားပြီး ရဲမှူးဂျက်ကိုသွားခေါ်ရပါတယ်အဲ့ဒီကောင်လေးရဲ့သရုပ်မှန်ကဘာဖြစ်မလဲ............ အဲ့ဒီကောင်လေးအကြောင်းကိုစုံစမ်းရင်းနဲ့ အဲ့နယ်မြေတစ်ဝိုက်မှာဖြစ်ပွားခဲ့တဲ့လူပျောက်အမှုတွေနဲ့ ဆက်စပ်နေတာကိုတွေ့လိုက်ရပါတယ် နောက်ပိုင်းမှာ ပိုပြီးပဟေဠိဆန်လာပြီး လူပျောက်မှုတွေကိုနောက်ကွယ်ကကြိုးကိုင်နေတာဘယ်သူလဲဆိုတာကို ရဲမှူးဂျက်တစ်ယောက် အဖြေရှာတွေ့သွားမလား........ File size…(2 GB)/(1 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:37:00 Genre... Horror Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Ruby Jane 
movie

Shallow Ground (2004)

Texas Killing Fields(2011) 5.7
Texas Killing Fields(2011) ၁၉၈၀ နှင့် ၁၉၉၀ ခုနှစ်အစောပိုင်းကာလတွေမှာအမျိုးသမီးငယ် ၄ ယောက်ရဲ့ အလောင်းကို ရှာဖွေ တွေ့ရှိပြီးတဲ့နောက်တက္ကဆက်ပြည်နယ်က ရွံမြေတွေနဲ့ ရေနံချက်စက်ရုံတွေကြားက ဟူစတန်နဲ့ ဂဲဗတ်စတန်ကမ်းခြေမြို့ကို ဆက်သွယ်ထားတဲ့ပြည်နယ်တွင်းလမ်းကြောတစ်လျှောက်မှာ ရှိတဲ့ မြေကွက်ကျယ်တစ်ခုကိုလူသတ်ကွင်းတွေ လို့ အမည်ကင်ပွန်းတပ်ခဲ့ကြပါတယ်.နှစ်တွေကွာခြားပေမယ့် ဒီအမျိုးသမီး ၄ ဦးစလုံးကိုတစ်နေရာတည်းမှာပဲ ရှာတွေ့ခဲ့ကြပါတယ်.သူတို့ရဲ့သေဆုံးမှုတွေက ဆက်စပ်မှုရှိသလား.တိုက်ဆိုင်မှုလားဆိုတာတော့ အဖြေမရှာနိုင်ခဲ့ပါဘူး.ဒီဇာတ်လမ်းကိုတော့ “The Killing Fields” လို့အမည်ရပြီးကာလမှာ အခြေတည်ထားပါတယ်.တက္ကဆက်မြို့ငယ်လေးက စုံထောက်တစ်ဦးဖြစ်တဲ့မိုက်ခ်ဆောက်ဒါ ဟာ နယူးယောက်မြို့က ပြောင်းလာတဲ့ပါတနာ စုံထောက်ဘရိုင်ယန်ဟေ့ဂျ်နဲ့အတူ.လူသတ်မှုတွေကို ဖော်ထုတ်နေသူ ဖြစ်ပါတယ်.အမျိုးသမီးငယ်တွေ ဆက်တိုက်ပျောက်ဆုံး၊ သေဆုံးမှုတွေကြားကနေအမည်ဆိုးနဲ့ကျော်ကြားတဲ့ ”The Killing Fields” နဲ့ ရင်ဆိုင်ကြုံတွေ့ရချိန်မှာတော့.တစ်ကြော့ပြန်လာတဲ့ အတိတ်ကို သူတို့လက်ထက်မှာ ရပ်တန့်နိုင်မလား. ဉာဏ်များပြီးကောက်ကျစ်တဲ့ ကွင်းဆက်လူသတ်သမားကို ဖမ်းဆီးနိုင်မလားဆိုတာကို ဥပဒေဘက်တော်သားနဲ့ ရာဇဝတ်သား အားပြိုင်မှု၊ ဉာဏ်ကစားပုံများ၊ ဇာတ်ကွက်အလှည့်အပြောင်းများကို စိတ်ဝင်စားဖွယ် တင်ဆက်ထားတဲ့ဇာတ်ကားကောင်းလေးတစ်ပုဒ်ကို CM ကနေ ပရိသတ်များ ရှုစားနိုင်ဖို့ တင်ဆက်ပေးလိုက်ပါတယ် File size…  1.69GB / 771MB Quality… Blu-Ray 1080p ...
movie

Texas Killing Fields(2011)

2011