Channel Myanmar

Tom Cullen

100 Streets (2016) 5.8
100 Streets (2016)  မိသားစုတိုင်း ၊ လူတိုင်းမှာ ဖြေရှင်းစရာပြဿနာကိုယ်စီရှိကြပါတယ်။ တစ်ချို့ကျတော့လည်းဒီပြဿနာတွေ အရှုပ်ထုတ်တွေကြားထဲ နှစ်မွန်းရင်းတဝဲလည်လည်နဲ့ပဲ ဘဝကြီးကိုပြီးဆုံးသွားကြရတယ်။တစ်ချို့ကြတော့ ပြဿနာဖြေရှင်းပြီး လမ်းမှန်ပေါ်ကိုပြန်တက်လာနိုင်ကြတယ်။ ဘယ်လိုပဲဖြစ်ဖြစ်သူတို့ကတော့ဘဝမှာကောင်းတာရော ဆိုးတာရောနှစ်ခုလုံးခံစားလိုက်ရတာဆိုတော့ တန်တယ်ပဲဆိုရမှာပေါ့။ဒီဇာတ်လမ်းမှာ မိသားစုသုံးစုရဲ့ အိမ်တွင်းရေးပြဿနာတွေကိုရိုက်ပြထားတာပါ။ အင်္ဂလန် ရပ်ဂ်ဘီဘောလုံးကပ္ပတိန်ဟောင်းဖြစ်တဲ့ မက်စ်မိုးက အရင်က‌‌အရမ်းတော်ခဲ့သလောက်အခုချိန်မှာ မိန်းမ နဲ့လည်းအဆင်မပြေ၊စီးပွားရေးဆိုတာကလည်း လက်ကျန်ဂုဏ်ရှိန်လေးနဲ့လုပ်စားနေရတယ်၊ ဒီကြားထဲ မိန်းမဖြစ်သူနဲ့‌ရောသားသမီးတွေနဲ့ပါ ခဏတာခွဲနေရတယ်။ နောက်မိသားစုတစ်ခုကျောင်းတွင်း ရပ်ဂ်ဘီဘောလုံးအသင်းရဲ့ လေ့ကျင့်ရေးဆရာလည်းဖြစ် အငှားကားမောင်းသူလည်းဖြစ်တဲ့ ဂျော့၊သူတို့မိသားစုကတော့ ကလေးအရမ်းလိုချင်ကြတယ်၊နောက်တစ်‌ယောက်တော့ မူးယစ်ဆေးရောင်းတဲ့ဘဝကြီးကိုစိတ်ကုန်နေတဲ့ ကင်းစ်လေ၊ မူးယစ်ဆေးလောကဆိုတာကဝင်ပြီးရင်ပြန်ထွက်ဖို့ခက်တယ်‌ေလ၊ တစ်ခါထောင်ကျဖူးတဲ့အပြင် မိခင်ဖြစ်သူ လည်းစိတ်မဆင်းရဲစေချင်တဲ့အတွက်ဒီလောကကနေထွက်ဖို့နည်းလမ်းရှာနေတယ်၊ သူတို့တွေအကုန်လုံး ဒီပြဿနာဆီကနေဘယ်လို‌ဖြေရှင်းပြီးရုန်းထွက်နိုင်မလားဆိုကတော့ဆက်လက်ကြည့်ရှုပေးပါဦး။ File size…1.40GB / 686MB Quality…Blu-Ray 1080p  / 720p Format…mp4 Duration….1h 33m Genre ….. Crime , Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Tin Myo Lwin
movie

100 Streets (2016)

The Last Days on Mars (2013) 5.5
The Last Days on Mars (2013) IMDb -5.5ဇာတ်လမ်းအညွှန်းမားစ်ဂြိုလ်ပေါ်မှာ ရေရှိနိုင်တယ်လို့ ရှာဖွေတွေ့ရှိပြီးပြီဆိုတော့သက်ရှိတွေရော ရှိနေလောက်မလားလို့ တွေးမိဖူးကြပါသလား…အာကာသစူးစမ်းလေ့လာရေးဇာတ်လမ်းမျိုး ကြည့်ချင်တဲ့သူတွေအတွက်အကြိုက်တွေ့စေမယ့်ဇာတ်လမ်းလေးကို တင်ဆက်ပေးလိုက်ပါပြီ။ဒီဇာတ်လမ်းလေးကတော့ ဂြိုလ်နီကြီးလို့တင်စားခေါ်ကြတဲ့မားစ်ဂြိုလ်ပေါ်မှာ သိပ္ပံပညာရှင်တွေရဲ့ စူးစမ်းလေ့လာရေး ၆လ မစ်ရှင်ပြီးတော့မယ့်အချိန်ကနေ အစပြုထားပါတယ်။သူတို့တွေက မားဂြိုလ်ပေါ်မှာ နမူနာတွေ ရယူ စူးစမ်းလေ့လာနေကြတာပါ။သူတို့ထဲက မာကိုဆိုတဲ့တစ်ယောက်က သူ့ရဲ့နမူနာစမ်းသပ်ချက်မှာသက်ရှိလို့ထင်ရတဲ့အရာကို တွေ့ရှိပြီးတဲ့နောက်မှာ ဘယ်သူ့ကိုမှ မပြောဘဲနမူနာတွေ ထပ်ယူဖို့ သူ့ဘာသာ တိုးတိုးတိတ်တိတ် လုပ်နေပါတယ်။ဒါကို တစ်ခြားအဖွဲ့သားတွေ သိတဲ့အချိန်မှာ လူ့သမိုင်းမှာအကြီးအကျယ်ဆုံး ရှာဖွေ့တွေ့ရှိမှုကြီး ဖြစ်လာမယ့်အရေးမှာ သူတို့ကိုအသိမပေးတဲ့ မာကိုကို ဒေါသထွက်ကြတာပေါ့။ဒါပေမဲ့လည်း နမူနာထပ်ယူဖို့ တွင်းတူးရင်း မြေတွေပြို တွင်းနက်ထဲပြုတ်ကျပြီးမာကိုကတော့ မတော်တဆမှုဖြစ်သွားပါတယ်။အသက်ရှင်နိုင်သေးဖို့ မဖြစ်နိုင်တော့ပေမယ့် တွင်းထဲပြန်ဆင်းရှာတဲ့အချိန်မှာ သူ့ကို မတွေ့ရတော့ပါဘူး။ဒီအဖြစ်အပျက်ပြီးတော့ သူတို့အဖွဲ့သားတွေ တစ်ယောက်ပြီးတစ်ယောက်အသက်အန္တရာယ်ကြုံတွေ့လာရပါတော့တယ်။အိမ်ပြန်နိုင်မယ့် နောက်ဆုံးနေ့ရက်မှာ သူတို့ ဘာတွေကြုံတွေကြမလဲ၊အသက်ရှင်လျက် အိမ်ပြန်နိုင်မယ့်သူရော ရှိပါ့မလား၊စိတ်လှုပ်ရှားပြီး ကြည့်ရှုရမယ့် ဇာတ်လမ်းလေးဖြစ်ပါတယ်။X-men origins ထဲမှာကြည့်ဖူးပြီးသားဖြစ်မယ့်မင်းသားကြီး Liev Schreiberက ဗင်းစင့်ကမ်ဘဲလ်အဖြစ်ပါဝင်ထားပါတယ်။ဒါ့အပြင်Emma ဇာတ်လမ်းတို့လို atonement ၊ ...
movie

The Last Days on Mars (2013)

2013
My Happy Ending (2023) 5.2
My Happy Ending (2023) My Happy Ending (2023)ဘ၀မှာ ကြောက်စရာရောဂါဆိုးကြီးဖြစ်လာရင် ဘယ်လိုရင်ဆိုင်ကြမှာလဲ... အရှုံးမပေးဘဲ အနိုင်ယူကြမှာလား။ ဂျူလီယာရော့သ်ဆိုတဲ့ အမျိုးသမီးအဖြစ်ကတော့ သူများတွေလိုမဟုတ်ပါဘူး။ ကိုယ့်ဘ၀ရဲ့ ပျော်ရွှင်စရာ အဆုံးသတ်ကို ကိုယ်တိုင်ရွေးချယ်လို့ရတယ်ဆိုတာပြသွားတာပါ။ဂျူလီယာက တစ်ချိန်က ဟောလီးဝုဒ်နာမည်ကြီးသရုပ်ဆောင်ဖြစ်ပြီး ခုချိန်မှာတော့ နာမည်ကျလာပြီး တစ်ချိန်တည်းမှာပဲ အူမကြီးကင်ဆာဖြစ်နေပါတယ်။ ဒါကို သူ့မန်နေဂျာကလွဲရင် သူ့သားသမီးတွေရောဘယ်သူမှမသိပါဘူး။ မကြာခင်မှာ သမီးဖြစ်သူရဲ့လက်ထပ်ပွဲလည်းရှိနေပါတယ်။ သူ့ဆရာ၀န်က ညွှန်းပေးတဲ့ လန်ဒန်အပြင်က ဆေးခန်းလေးမှာ ‌ဓာတုကုထုံးနဲ့ ကီမိုဆေးသွင်းဖို့ရောက်လာပါတယ်။ အဲဒီက သူနေရမယ့်အခန်းမှာ တခြား ကင်ဆာရောဂါသည်အမျိုးသမီး ၃ဉီးလည်းရှိနေပါတယ်။ ရောက်ကာစကတော့ ဂျူလီယာနဲ့ နည်းနည်းအဖုအထစ်လေးဖြစ်ပေမယ့် ပြန်အဆင်ပြေသွားပါတယ်။ ဂျူလီယာရဲ့ကင်ဆာက အဆင့် ၄ ရှိနေပြီး သူတို့ထဲမှာ အဆိုးဆုံးအခြေအနေလို့ပြောလို့ရပါတယ်။ကျန်တဲ့ ၃ယောက်က သူတို့ဆေးတွေသွင်းရလို့ နာကျင်တဲ့အချိန်မှာ နာတဲ့စိတ်ကို ပြေပျောက်အောင်လို့ စိတ်ကူးယဉ်ပြီးကစားတဲ့ အားလပ်ရက်ခရီးဆိုတာမျိုးရှိပါတယ်။ ဂျူလီယာ့ကိုလည်း အဲဒီလိုကစားနည်းကို ပြပေးပြီး သူတို့အတူ ကစားကြပါတယ်။ ဒီလိုနဲ့ ...
movie

My Happy Ending (2023)

2023
Barbarians (2021) 5.4
Barbarians (2021) Game of Thrones ထဲက ဂွေးဖြတ်ကောင် ရမ်ဆေးဘော်တန်တဖြစ်လဲ ဝေးလ်မင်းသား Iwan Rheon ကို မြင်တာနဲ့တန်းမှတ်မိအောင် အမြင်ကပ်နေကြမှာပါ... သူ့ဇာတ်ကားတွေက ရှားပါးပေမယ့် ခုရက်ထဲ ဒီကားအသစ်ထွက်လာလို့ တင်ဆက်လိုက်ပါတယ်။ဒီထဲလဲ အမြင်ကပ်စရာအခွက်နဲ့ပါပဲ။တစ်ရက်ထဲ၊တစ်ညထဲ ဒါမှမဟုတ်အချိန်ပိုင်းလေးတစ်ခုကိုပဲတည်ပြီး တစ်ကားလုံးပြီးအောင်ရိုက်ပြသွားတဲ့ ကားမျိုးတွေကိုကြည့်ဖူးကြမယ်ထင်ပါတယ်။ ဒီတစ်ခါဇာတ်ကားကလည်း အိမ်ကြီးတစ်အိမ်မှာ စုံတွဲနှစ်တွဲရဲ့တစ်ညတာကို တစ်ကားလုံးဖြစ်အောင်ရိုက်ပြသွားတဲ့ Drama/Thriller ကားတစ်ကားပါ။ဇာတ်လမ်းအကျဥ်းကိုပြောရရင် ကျွန်တော်တို့ Documentary တွေမှာမြင်ဖူးနေကျ Stonehenge တွေလိုမျိုး ခေတ်အဆက်ဆက်ပါးစပ်ရာဇဝင်တွေ၊ဒဏ္ဍာရီတွေရှိခဲ့တဲ့ ဂေတာဆိုတဲ့ကျောက်တိုင်ကြီးတစ်ခုရှိပါတယ်။ အဲဒီကျောက်တိုင်ကိုလူးကပ်စ်ဆိုတဲ့လူကသူ့မိတ်ဆွေ ကမ္ဘာကျော်ပန်းပုပညာရှင်နဲ့ပုံစံတူတစ်ခုအပ်ပြီး ကျောက်တိုင်နာမည်နဲ့ပဲ အိမ်ယာစီမံကိန်းတစ်ခုကိုဖော်ဆောင်ဖို့စိတ်ကူးခဲ့ပါတယ်။ အဲဒီစီမံကိန်းကတကယ်လည်းအောင်မြင်ခဲ့ပေမယ့် နောက်ကွယ်မှာတော့ထင်သလောက်မရိုးရှင်းခဲ့ပါဘူး။ဇာတ်ကားရဲ့ Runtime ဟာ တစ်နာရီခွဲသာရှိပြီး အကျယ်ချဲ့ရိုက်ပြလို့ရတဲ့နေရာတွေကိုရိုက်ပြမသွားပဲ ဇာတ်ကောင်တွေရဲ့ဒိုင်ယာလော့ဂ်တွေ အမူအရာတွေကနေပဲ ဒါကဒီလိုပါလားလို့ ကြည့်ရှုသူကိုယ်တိုင်တွေးစရာတွေဆက်တိုက်ပေးသွားတာမျိုးပါ။ Runtime နည်းပေမယ့် အလောတကြီးပြွတ်သိပ်ထည့်ပေးသွားတာမျိုးမဟုတ်ဘူးလို့ဆိုလိုတာဖြစ်ပါတယ်။ ကျွန်တော့်အမြင်အရဒီဇာတ်ကားရဲ့အကောင်းဆုံးအချက်တွေကိုပြောပါဆိုရင် ဘယ်နေရာမှအိုဗာအိုက်တင်ဖြစ်မနေတာ၊ Thriller ဆိုပေမယ့်သဘာဝမဆန်လောက်အောင်ဖြဲခြောက်တာမျိုးတွေပါမနေတာပါပဲ။ ကျစ်လစ်တယ်၊ သဘာဝကျတယ်ပေါ့ဗျာ။ အတိုင်းထက်အလွန်အမွှန်းတင်ရလောက်အောင် ပြောင်မြောက်တဲ့ဇာတ်ကားမျိုးမဟုတ်ပေမယ့်လည်း အချိန်တစ်နာရီခွဲပေးရကျိုးနပ်မယ့်ကားမျိုးဆိုတာတော့အာမခံပါတယ်။ ကြည့်ရှုအားပေးကြပါဦးဗျ။(ရုပ်ရှင်အညွှန်းနဲ့ဘာသာပြန်ကို ...
movie

Barbarians (2021)

Mine (2016) 5.9
Mine (2016) ၂ဝ၁၆ ခုနှစ်က ထွက်ရှိခဲ့တဲ့ ဒီ Mine ဆိုတဲ့ ဇာတ်ကားလေးဟာIMDB 5.9 ရရှိထားတဲ့ ဇာတ်ကားကောင်းဖြစ်ပါတယ်။ဇာတ်လမ်းပုံစံကတော့ မစ်ရှင်တစ်ခု ဆောင်ရွက်ဖို့ စနိုက်ပါ၂ဦးမစ်ရှင်မအောင်မြင်ဘဲ အပြန်ခရီးလမ်းမှာ နှစ်ပေါင်းများစွာကမိုင်းတွေ မြုပ်နှံထားခဲ့ဖူးတဲ့ သဲကန္တာရတစ်ခုကို ကျော်အဖြတ်မှာစနိုက်ပါတစ်ဦးကတော့ မိုင်းကြောင့်သေဆုံးခဲ့ပြီး ကျန်ရှိတဲ့စနိုက်ပါတစ်ဦးဖြစ်သူ ဆာဂျင်မိုက်ကယ်သားစစ်ကတော့ မိုင်းနင်းထားမိပြီး ၎င်းနေရာမှခွာလို့မရနိုင်ဘဲ သဲမုန်တိုင်းများ၊ ရန်သူများကို တစ်ဦးတည်းတိုက်ခိုက်နေရပုံများကိုရင်သပ်ရှုမောဖွယ် ခံစားကြည့်ရှုရမှာပဲဖြစ်ပါတယ်။နောက်ဆုံးမှာ ဆာဂျင်မိုက်ကယ်သားစစ်တစ်ယောက် တပ်ဖွဲ့ရဲ့ကယ်ဆင်ခြင်းကိုခံရမလား၊ သဲကန္တာရထဲ ရေငတ်ပြီး သေဆုံးသွားမလား၊သဲမုန်တိုင်းကြောင့်သေသွားမလား၊ရန်သူလက်ချက်နဲ့သေသွားမလားဆိုတာကို ဒီ Mine ဆိုတဲ့ဇာတ်ကားလေးမှာ ဆက်လက်ရှုစားလိုက်ကြပါ။ QTY - 720p BlurayDuration - 1hr 45minGerne - Thrill/WarSubtitle - Myanmar hard subTranslator - Yae Yint MayEncoder - Kyaw Ye Aung 
movie

Mine (2016)

2016