Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Tom Beard
6.8
Salmon Fishing in the Yemen (2011)
cm ပရိသတ်ကြီးကို ဒီတစ်ခါ ရိုမန့်ဟာသဇာတ်ကားလေးတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဇာတ်ကားအမည်ကအတိုင်းယီမင်နိုင်ငံလို အပူပိုင်းဒေသ နိုင်ငံတစ်ခုမှာ ဆယ်လ်မွန်ငါးတွေမွေးမြူဖို့ ကြိုးစားတာပါ။ဆယ်လ်မွန်ငါးတွေရဲ့ တခြားငါးတွေနဲ့ မတူတဲ့ သဘောသဘာဝကအားလုံးသိကြတဲ့ အတိုင်းပဲ သူတို့ဟာ ရေငံမှာ ကြီးထွားရှင်သန်ကျက်စားကြပြီး ဥဥမျိုးပွားချိန်အတွက်ကျမှ ရေကိုဆန်တက်ပြီးသူတို့ရဲ့ ဇာတိမူလ မြစ်ဖျားခံရာ ရေချိုဒေသတွေဆီ ကူးခတ်ပြန်ကြတာပါ။ဆယ်လ်မွန်ငါးတို့ရဲ့ ဇွဲလုံ့လ ဝီရိယဉာဉ်ဟာ လူသားတွေအတွက်အားကျပမာယူစရာ ဖြစ်သလို ငါးဖမ်းသမားတွေအတွက်လည်းဆယ်လ်မွန်ငါးတွေဟာ တန်ဖိုးရှိတဲ့ ငါးမျိုးစိတ်ပါပဲ။ဇာတ်ကားမှာတော့ ယီမင်နိုင်ငံက ခေါင်းဆာင် စော်ဘွားကြီးတစ်ယောက်ဟာ သူသဘောကျလှတဲ့ ဆယ်လ်မွန်ငါးတွေကိုနိုင်ငံထဲမှာ ရှိစေချင်တဲ့ ဆန္ဒအရ ငွေကုန်ကြေးကျ ဘယ်လောက်များနေပါစေ..ရအောင်လုပ်မယ်ဆိုပြီး ပရောဂျက်အတွက်အကြံပေးကုမ္ပဏီက သူ့ကိုယ်စားလှယ်ဖြစ်တဲ့ ဟယ်ရီယက်ဆိုတဲ့အမျိုးသမီးလေးကို တာဝန်ပေးလိုက်ပါတယ်။ဒေါက်တာအဲဖရက်ဒ်ဂျုံးစ်ဆိုတဲ့ ငါးပါရဂူဘွဲ့ရ အစိုးရအရာရှိတစ်ယောက်ကို နိုင်ငံရေးအရ ချစ်ကြည်ရေးအတွက်ရော မီဒီယာအာရုံလွှဲပြောင်းတဲ့ အနေနဲ့ပါ ဒီဖြစ်နိုင်ခြေ နည်းပါးလှတဲ့ ပရောဂျက်ကိုဟယ်ရီယက်နဲ့ အလုပ်အတူ တွဲလုပ်ဖို့ ဖိအားပေး တာဝန်ပေးလိုက်ချိန်မှာတော့....။သူတို့နှစ်ဦးကြားက ကတောက်ကဆဖြစ်မှုလေးတွေနဲ့ ပရောဂျက်တစ်လျှောက် ရင်ဆိုင်ရတဲ့ နိုင်ငံရေး၊ ...
movie
Salmon Fishing in the Yemen (2011)
6.5
Hereafter (2010)
Hereafter (2010)ဒီကားလေးကတော့ Fantasy Romance အမျိုးအစား ဒရာမာကားကောင်းလေးပါ။ Director ကလည်း စွယ်စုံရ အကျော်အမော်တစ်ပါးဖြစ်တဲ့ Clint Eastwood ဖြစ်ပါတယ်။ အဓိက သရုပ်ဆောင်ကလည်း Matt Damon ဖြစ်တဲ့အပြင်ကို အော်စကာမှာလည်း CGI ဆု ဆန်ခါတင်ဝင်ခဲ့သေးတာမို့ အရွေးမမှားစေမယ့်ကားကောင်းတစ်ကားပါပဲ။ဇာတ်လမ်းလေးက တမလွန်အကြောင်းကိုအခြေခံရိုက်ကူးထားတာပါ။ တမလွန်ဆိုတဲ့အရာကို လူတိုင်းပြောဖို့ကြောက်လန့်ကြတယ် ဆန့်ကျင်ကြတယ်တဲ့။ ဒီကားထဲမှာတော့ တမလွန်ကို ဆိတ်ငြိမ်အေးချမ်းတဲ့ ဗလာနယ်လို တင်ဆက်ထားပါတယ်။ဇာတ်လမ်းကိုတော့ တစ်နိုင်ငံစီမှာနေနေကြတဲ့ တမလွန်ကိုဆက်သွယ်နိုင်တဲ့အမေရိကန်တစ်ယောက်ရယ်၊ လတ်တလောမှ သေရွာကနေပြန်လာနိုင်ခဲ့တဲ့ ပြင်သစ်သတင်းကြေညာသူရယ်၊ အမြွာအစ်ကိုကိုဆုံးရှုံးထားခါစ လန်ဒန်ကကောင်လေးတစ်ယောက်ရယ် သူတို့သုံးယောက်ကိုအခြေတည်ထားပြီး မျဥ်းပြိုင်လိုဖြစ်နေတဲ့ သူတို့တွေရဲ့ဘ၀တွေက ဘယ်နေရာမှာဆုံစည်းကြမလဲ... ဘာအကြောင်းကြောင့်လဲ... ဆိုတာ စိတ်၀င်တစားကြည့်ရှုရမှာပါ။(ဒီဇာတ်ကားနဲ့အညွှန်းကို Soe Thiri Swe မှ ပြန်ဆို ရေးသားထားပါတယ်)Size - 2.55GB, 1.2GB Quality - 1080p, 720p IMDb Rating - ...
movie
Hereafter (2010)
2010
5.5
Silent Hours (2021)
Silent Hours (2021)===============IMDb Rating - 5.8/10ဂျွန်ဒူဗယ်ဟာ ရေတပ်အရာရှိဟောင်းဘဝကနေအနားယူပြီး အလွတ်စုံအဖြစ် ကျင်လည်နေတဲ့သူတစ်ယောက်ပါ။သူနေထိုင်တဲ့မြို့မှာ ရုတ်တရက် အမျိုးသမီး ၃ ယောက်ဟာ ကွင်းဆက်လူသတ်သမား Psychopath တစ်ယောက်ရဲ့လက်ချက်နဲ့ လိင်ပိုင်းဆိုင်ရာ စော်ကားခံရတဲ့အပြင် ကိုယ်အင်္ဂါဖြတ်တောက်ပြီး ရက်စက်စွာအသတ်ခံလိုက်ရပါတယ်။ဖြစ်ချင်တော့ ထိုအမျိုးသမီး ၃ ယောက်ဟာ ဂျွန်ဒူဗယ်အလွတ်စုံထောက်အနေနဲ့ စောင့်ကြည့်ဖူးတဲ့သူတွေဖြစ်နေတာကိုရဲတွေသိသွားတဲ့အခါမှာ ဂျွန်ဟာအဓိကသံသယရှိသူတစ်ယောက်ဖြစ်လာပါတော့တယ် ... ဂျွန်တစ်ယောက်ကလည်း သူ့ကိုစောင့်ကြည့်ခံနေရတဲ့ အခြေအနေကနေမှ လှုပ်ရှားရင်း တရားခံကိုဘယ်လိုရှာဖွေဖော်ထုတ်သွားမလဲဆိုတာကို စိတ်ဝင်တစားစောင့်ကြည့်ရမှာပါ။PG 16+ လောက် Rating ရှိတဲ့ British ရုပ်ရှင်တစ်ခုဖြစ်ပြီး သွေးထွက်သံယိုခန်းတွေအပြင် အိပ်ယာပေါ်ကအခန်းတွေလည်းပါတဲ့အတွက် မိသားစုနဲ့ကြည့်ဖို့တော့ မသင့်ပါဘူး။ ဒါပေမယ့် ဇာတ်ကားက ၂ နာရီခွဲကြာချိန်အတွင်းမှာ Client နဲ့ Therapistကြား စကားပြောခန်းသဘောမျိုးနဲ့ တဖြည်းဖြည်းဆွဲခေါ်သွားတဲ့ Crime Thriller ကားကောင်းတစ်ကားဖြစ်ပြီး သင်ကSherlock Holmes ဇာတ်လမ်းတွဲတွေလိုမျိုး British စုံထောက်ဇာတ်လမ်းတွေ ...
movie
Silent Hours (2021)
2021