Channel Myanmar

Tom Bateman

Snatched (2017)
Snatched (2017) အန်မလီဟာ ကောင်လေးနဲ့အတူ အီကွေဒေါကိုခရီးသွားဖို့အတွက် ခရီးစဉ်အစအဆုံးကို ငွေချေပြီးသားပါ..သွားခါနီးမှာပဲ ဘဝတက်လမ်းကြောင့်ဆိုပြီးလမ်းခွဲခံလိုက်ရပါတယ်။အန်မလီတစ်ယောက် ရည်းစားနဲ့ပြတ်၊ အလုပ်ကလည်းပြုတ်၊သူငယ်ချင်းလည်းတစ်ယောက်မှမရှိတဲ့အပြင်ဝယ်ထားတဲ့ ခရီးစဉ်ကလည်း ငွေပြန်အမ်းလို့မရတဲ့ခရီးစဉ်ဖြစ်နေတာကြောင့်အမေနဲ့အတူတူ ခရီးစဉ်ကိုသွားဖို့ဖြစ်လာပါတယ်။ခပ်ပေါ့ပေါ့တွေးပြီး နေတတ်တဲ့အန်မလီနဲ့ ဂရုတစိုက် အားလုံးကို အသေးစိတ်တတ်တဲ့အန်မလီ့အမေတို့ခရီးတစ်ခုတည်းအတူသွားတဲ့အခါ ဖြစ်လာတတ်တဲ့အလွဲလေးတွေအပြင်အယုံလွယ်တတ်တဲ့ အန်မလီကြောင့် သားအမိနှစ်ယောက်ပြန်ပေးဆွဲခံခဲ့ရတဲ့အခါမှာ ဘယ်လိုမျိုး ပြန်လွတ်အောင်ကြံဆောင်ကြမလဲ ဘယ်လိုအခက်အခဲတွေနဲ့တွေ့မလဲဆိုတာလေးတွေကိုဟာသလေးတွေနှောပြီး ရိုက်ကူးထားတဲ့အပြင်သားအမိနှစ်ယောက်ကြား ခံစားချက်လေးတွေပါကြည့်ရှုရမယ့်ဟာသအက်ရှင်ကားလေးပဲဖြစ်ပါတယ်။ File size…    1.7 GB /    828 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 39m Genre .....  Action , Comedy Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Jia
movie

Snatched (2017)

2017
Thirteen Lives (2022) 7.9
Thirteen Lives (2022) Thirteen Lives (2022)~ IMDb - 7.9/10, Rotten Tomatoes - 88% ~"Directed by Ron Howard"ထိုင်းမှာ ကလေး ၁၂ယောက်နဲ့ ဘောလုံးနည်းပြတစ်ယောက် ဂူထဲပိတ်မိတဲ့ သတင်းဟာ ဟိုးတုန်းက ဟိုးလေးတကျော်ပေါ့။ အဲဒီထဲ ရှမ်းအမေ မြန်မာနိုင်ငံသူရဲ့ ကလေးတောင်ပါပါတယ်။ ပထမဆယ်ရက်ထိ သူတို့ဆီမှာ ဘာစားစရာ ဘာရေမှ မရှိဘဲ ကယ်ဆယ်ရေးတွေရောက်တဲ့အထိ ရှင်အောင်နေနေခဲ့ကြတဲ့ စိတ်ရောကိုယ်ပါ သန်မာတဲ့ကလေး ၁၂ယောက်နဲ့ နည်းပြတစ်ယောက်ရဲ့အဖြစ်ကို ရှေ့နှစ်မှာ ဒိုကူမန်ထရီတစ်ကားထွက်ခဲ့ပြီး အဲဒီအရင်လည်းတစ်ကားထွက်ဖူးပေမဲ့ ဒီနေ့တစ်ရက်တည်းတင် နောက်၂ကားထွက်လာပါတယ်။ သို့ပေမဲ့ ဒီရုပ်ရှင်ကတော့ မတူပါဘူး။ မတူဆို ဒါရိုက်တာက စပြောရမှာပဲ။ဒါရိုက်တာက ရွန်ဟောင်းဝတ်။ 2001 မှာထွက်ခဲ့တဲ့ A Beautiful Mind ရုပ်ရှင်နဲ့ Best Picture, Best Director အပါအဝင် တခြားဆုတွေ ...
movie

Thirteen Lives (2022)

2022
Death on the Nile (2022) 6.6
Death on the Nile (2022) ဒီရုပ်ရှင်ကိုလည်း မျှော်နေကြသူတွေ များပါတယ်။ Murder on the orient express ရုပ်ရှင်ရဲ့ နောက်ဆက်တွဲအဖြစ်ထွက်လာတာပါပဲ။ စုံထောက်ကြီး ဟာကျူလီ ပွာရိုးနဲ့ ဘုခ် တို့ အမှုလိုက်ကြဦးမှာပါ။ရုပ်ရှင်နာမည်အတိုင်း လူသတ်မှုကတော့ နိုင်းမြစ်ထဲက သင်္ဘောကြီးတစ်ခုပေါ်မှာဖြစ်တာပါ။ သင်္ဘောပေါ်မှာပါနေတဲ့ ခရီးသည်တွေကလွဲပြီး ဘယ်သူမှ မဖြစ်နိုင်တာမို့ ထုံးစံအတိုင်း တစ်ယောက်ပြီးတစ်ယောက်ကို စစ်မေးပြီး သဲလွန်စတွေ ချိတ်ဆက်ပြီး တရားခံကိုဖော်ထုတ်ရမှာပါပဲ။ဇာတ်လမ်းတစ်ခုလုံးကို အစကနေ အဆုံးထိ အတူတူခန့်မှန်းရင်း ခံစားသွားလို့ရပါတယ်။ ဘယ်သူသေမှာလဲ ဘာကြောင့်လဲ ဘယ်သူသတ်တာလဲ ဘယ်လိုသတ်တာလဲ စသည်ဖြင့် တွေးစရာတွေ အများကြီးပေးပြီး နောက်ဆုံးမှပဲ ရှင်းလင်းသွားမှာဖြစ်ပါတယ်။နာမည်ကျော်သရုပ်ဆောင်တွေအများကြီးပါဝင်ထားတာမို့ သရုပ်ဆောင်ချက်တွေရော ဇာတ်လမ်းရောက ပရိသတ်တွေအားလုံး စိတ်ကြိုက်ဖြစ်မှာပါ။ File size…(1.8 GB)/(2 GB)/(900 Mb)/(500 Mb) Quality….BluRay DS4K HEVC/ 1080p / 720p / 480p Format…mkv/mp4 Duration….02:07:00 Genre...Drama, Crime, Mystery Subtitle….Myanmar ...
movie

Death on the Nile (2022)

BluRay DS4K HEVC
Murder on the Orient Express (2017) 6.5
Murder on the Orient Express (2017) Murder on the Orient Express (2017) IMDb - 6.5/10_____Rotten - 61%   စာရေးဆရာမ အဂါသာ ခရစ္စတီးရဲ့ ၁၉၃၄ တုန်းက နာမည်ကျော်ဝတ္ထုကို အခြေခံပြီး ဒါရိုက်တာကဲနက်ဘရာနက် က ရိုက်ကူးထားတာပါ။၁၉၃၄ ဆောင်းရာသီကာလ မြင်ကွင်းနဲ့အတူ နာမည်ကျော် ဘယ်လ်ဂျီယံစုံထောက် ဟာဂျူလီပွိုင်ရော့တ်ဟာ ဂျေရုဆလင်က ခိုးမှုတစ်ခုကို ဖော်ထုတ်ပြီးနောက် ခရီးသွားပြီးအပန်းဖြေဖို့ စီစဉ်ခဲ့ပါတယ်။အဲဒါနဲ့ အစ္စတန်ဘူလ်ကို သွားခဲ့ပြီးOrient Express ရထားကုမ္ပဏီ ဒါရိုက်တာ သူ့မိတ်ဆွေဘော့နဲ့ တွေ့ဆုံခဲ့ပါတယ်။လန်ဒန်ကနေ သံကြိုးစာရတဲ့အတွက် ပွိုင်ရော့တ်တစ် ယောက်ဘော့စီစဉ်ပေးတဲ့ရထား ခရီးစဉ်နဲ့ အရေးပေါ်အိမ်ပြန်ဖို့ ဖြစ်ခဲ့ပါတယ်။ အဲဒီနောက်ပွိုင် ရော့တ်ကို ဆမ်မြူရယ်ရက်ချက် ဆိုတဲ့ အမေရိကန်သူဌေးတစ် ယောက်က သုံးရက်တာ ရထား ခရီးစဉ်အတွင်းမှာ သက်တော် စောင့်လုပ်ဖို့ကမ်းလှမ်းခဲ့ပါတယ်။ အမည်မသိပါတီတစ်ခုရဲ့ အသက်အန္တရာယ်ခြိမ်းခြောက်စာပို့ခံရတဲ့ အတွက် ပွိုင်ရော့တ်ကိုငှားတာ ဖြစ်ပေမယ့် ပွိုင်ရော့တ်ကလက် မခံခဲ့ပါဘူး။နောက်တစ်နေ့ ...
movie

Murder on the Orient Express (2017)

2017
4K HEVC
Experimenter (2015) 6.6
Experimenter (2015) Experimenter (2015)ဒီကားကတော့ နိုင်ငံရေးနဲ့ နှီးနွယ်တဲ့ စိတ်ပညာကို လေ့လာချင်တဲ့လူတွေ စိတ်ဝင်စားမယ့် ဇာတ်ကားကောင်းတစ်ကားပါပဲ။တကယ့်အဖြစ်အပျက်ကို အခြေခံပြီး ရိုက်ကူးထားတဲ့ ရုပ်ရှင်ပဲ ဖြစ်ပါတယ်။လူမှု စိတ်ပညာရှင် စတန်လေ မီလ်ဂရမ် ရဲ့ ၁၉၆၁ မီလ်ဂရမ် စမ်းသပ်ချက်ကို အခြေခံပြီး ရိုက်ကူးထားတဲ့ ရုပ်ရှင်ပဲ ဖြစ်ပါတယ်။ ဒီစမ်းသပ်ချက်ကတော့ လူတွေရဲ့နာခံမှု(Obedience) ကို စမ်းသပ်ချက်ပဲ ဖြစ်ပါတယ်။ လူစိမ်းနှစ်ယောက်ကို ခေါ်ပြီး တစ်ဘက်က သင်ယူသူ တစ်ဘက်က သင်ကြားသူအနေနဲ့ ထားပြီးတော့ မှားရင် လျှပ်စစ်ရှော့တိုက်တဲ့နည်းနဲ့ နာခံမှု ဘယ်လောက်ရှိတယ်ဆိုတာကို စမ်းသပ်တာပဲ ဖြစ်ပါတယ်။ ဒီတော့ ကျွန်တော်တို့ Obedience ကို သိပ္ပံနည်းကျကျ အချက်အလက်တွေနဲ့ လေ့လာကြည့်ရအောင်။ ကောင်းတာတစ်ခုကတော့ ဒါက ဇာတ်လမ်းသဘောဖြစ်နေတဲ့အတွက် လုံးဝ ပျင်းအိုင်သွားခြင်း မရှိတာပါပဲ။မီလ်ဂရမ် ဟာ အခြားစမ်းသပ်ချက်တွေဖြစ်တဲ့ Small World Experiment နဲ့ Lost letter experiment တို့ကိုလည်း လုပ်ခဲ့ပါသေးတယ်။"ကျွန်တော်တို့က ...
movie

Experimenter (2015)

2015
Cold Pursuit (2019) 6.5
Cold Pursuit (2019) ဒီတစ်ခေါက်တော့CMပရိသတ်ကြီးအတွက် လတ်တလောထွက်ရှိလာတဲ့ဇာတ်လမ်းလေးတစ်ပုဒ်ကိုတင်ဆက်ပေးချင်ပါတယ်။ဇာတ်လမ်းလေးနာမည်က Cold Pursuit (2019)ပါ။နာမည်ကျော်မင်းသားကြီး Liam Neeson ကအဓိကခေါင်းဆောင်မင်းသားအနေနဲ့ သရုပ်ဆောင်ထားပါတယ်။Drama Thriller Actionကားလေးတစ်ကားဖြစ်တဲ့ ဒီကားလေးကတော့Imdb Rating 6.4/10 Rotten Tomatoes 69%ရရှိထားတာမလို့စိတ်ဝင်စားစရာအက်ရှင်ကားလေးတွေကိုမျှော်လင့်နေတဲ့ပရိသတ်ကြီးအဖို့ အကြိုက်တွေ့စေမှာပါ။ဇာတ်လမ်းအကျဉ်းလေးကိုလဲပြောပြချင်ပါသေးတယ်။နဲလ် ကော့စ်မန်းဆိုတဲ့ လူကြီးက ချစ်မြတ်နိုးရတဲ့ ဇနီးသည်ရယ်သားတစ်ယောက်ရယ်နဲ့ ဘဝကို လမ်းတွေပေါ်က နှင်းရှင်းပေးတဲ့ အလုပ်ကိုလုပ်ရင်းအေးဆေးစွာနေထိုင်လာခဲ့သူပါ။ကီးဟိုးမြို့ရဲ ့တစ်နှစ်တာ စံပြနိုင်ငံသားဆုပါရရှိခဲ့တဲ့အထိ အေးချမ်းစွာအများအကျိုးဆောင်ရင်းနေလာခဲ့ပေမယ့်တစ်နေ့မှာ ဂြိုဟ်ဆိုးဝင်လာပါတော့တယ်။သူ့သားလေး အသတ်ခံလိုက်ရတာပါပဲ။ဆေးစစ်ချက်အရ ဆေးလွန်ပြီးသေတယ်လို့ပြောကြပေမယ့်သားဖြစ်သူမူးယစ်ဆေးမစွဲတာ သူအသိဆုံးပါ။သူ့သာသေဆုံးမှူနောက်ကွယ်က ဖြစ်ရပ်တွေကိုလိုက်စုံစမ်းရင်းသူဘာတွေသိလာခဲ့ရသလဲ?သားဖြစ်သူကို ဘယ်သူကဘာ့ကြောင့်သတ်လိုက်တာလဲ?သူကရော ဘယ်လိုအကွက်ချကာ လက်စားချေမလဲ?ဆိုတဲ့မေးခွန်းတွေနဲ့ စိတ်လှုပ်ရှားစွာ အဆုံးထိ မပျင်းမရိကြည့်ရှုရမယ့်ဇာတ်ကားလေးပါ။ဇာတ်လမ်းကောင်းလေးတွေကိုမျှော်လင့်နေတဲ့ CMပရိတ်သတ်ကြီးအတွက်ဒီကားလေးက အကြိုက်တွေ့စေမှာအမှှန်ပါပဲ...File Size : (974 MB) & ( 355 MB)Quality : 1080p HC HDRIPRunning Time : 1 hr 59 minFormat ...
movie

Cold Pursuit (2019)

2019