Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Toko Miura
6.0
Mountain Woman (2023)
18 ရာစုနှောင်းပိုင်း Tohokuမှာ ဖြစ်ခဲ့တဲ့ အကြောင်းလေးကို ဇာတ်လမ်းဖန်တီး ရိုက်ကူးထားတဲ့ကားလေးပါအထီးကျန်ဆန်လွန်းတဲ့ မိန်းကလေး Rin က အငတ်ဘေးဒဏ်ခံနေသော ရွာတစ်ရွာမှာ နေထိုင်နေတာပေါ့သူမက လူသားတွေ ကွယ်လွန်ပြီး ဝိညာဉ်များ တက်သွားတဲ့ Hayachin Mt. Hayachin ကတော့ အစွမ်းတွေရနေတဲ့နောက်...File size_(1.6GB)/(600MB) Quality_Blu-Ray 1080p / 720p Format_mp4 Duration_01:30:00 Genre_Fantasy Subtitle_Myanmar Subtitle (Hardsub) Encoder_a hao Translated by Y
movie
Mountain Woman (2023)
7.4
Trapped Balloon (2023)
Trapped Balloon (2023)မိခင်မရှိတော့တဲ့နောက် တစ်ကိုယ်တည်းနေနေတဲ့ ဖခင်ဖြစ်သူနဲ့တွေ့ဖို့ ဟီရိုရှီးမားက တဲရှိမ ဆိုတဲ့ ကျွန်းလေးဆီ ရောက်လာခဲ့တဲ့ ရင်ကိုဆိုတဲ့ ကောင်မလေးတစ်ယောက်... ရင်ကို ဒီလိုပြန်လာတာကလည်း နာမကျန်းဖြစ်နေတဲ့ အဖေ့ကို ပြုစုဖို့၊ ဆုံးသွားတဲ့ အမေ့ကို သတိရလို့ဆိုတာတွေအပြင် အလုပ်လုပ်တိုင်း အဆင်မပြေမှုတွေ ကြုံရပေါင်းများလို့ စိတ်ဓာတ်ကျနေတာလည်း ပါပါတယ်။ဒီလိုမျိုးအကြောင်းပြချက်တွေနဲ့ တဲရှိမကျွန်းဆီ ရောက်လာတဲ့ ရင်ကိုရဲ့ဘဝထဲ ဝင်ရောက်လာသူကတော့ ကန်းဂျိဆိုတဲ့ ထူးဆန်းတဲ့သူတစ်ယောက်ပါပဲ။ ကန်းဂျိဆိုတာက နှုတ်နည်းပြီး တစ်နေ့တစ်နေ့ ငါးထောင်ဖမ်းလိုက်၊ အိမ်ပြန်လာလိုက်၊ လတ်ဆတ်တဲ့ငါးတွေရရင် ရင်ကိုတို့အိမ်ကိုပေးလိုက်၊ ရင်ကိုနဲ့ သူ့အဖေတို့ အကူအညီလိုရင် လာကူညီလိုက်နဲ့ ဘဝကို တည်ငြိမ်အေးဆေးစွာ ကျော်ဖြတ်နေသူပါ။ ရင်ကိုအတွက် ထူးဆန်းနေတာကတော့ ရင်ကိုတို့အိမ်ကို ကန်းဂျိတစ်ယောက် တံခါးမရှိ ဓားမရှိဝင်ထွက်နေတာရယ်၊ ကန်းဂျိအိမ်မှာ အမြဲချည်ထားတဲ့ ပူဖောင်းရယ်ပါပဲ။ရင်ကိုတစ်ယောက် ကန်းဂျိကို ကြောက်နေရာကနေ တစ်နေ့မှာတော့ ပျောက်နေတဲ့ မူလတန်းကျောင်းသူလေးကို သွားကယ်လာတဲ့ ကန်းဂျိဖြစ်သူကြောင့် နှုတ်နည်းလွန်းတဲ့ ကန်းဂျိအကြောင်းကို ပိုလို့တောင် သိချင်သွားပါတော့တယ်။ ကန်းဂျိဆိုတဲ့သူဟာ ဒီလောက်စိတ်သဘောထားကောင်းပါရက်နဲ့ ဘာလို့ အပြုံးအရယ်နည်းနေခဲ့ပါသလဲ?ချည်နှောင်ထားတဲ့ ပူဖောင်းလေးတွေက ...
movie
Trapped Balloon (2023)
2023
5.9
Our Huff and Puff Journey (2016)
Our Huff and Puff Journey (2016) ======================== IMDb Rating - 5.9/10ဒီတစ်ခါတော့ သီချင်းကိုအရမ်းရူးသွပ်တဲ့ အိမ်ပြေးအထက်တန်း ကျောင်းသူလေးယောက်အကြောင်းကို ရိုက်ကူးထားတဲ့ဇာတ်ကား လေးနဲ့ မိတ်ဆက်ပေးပါရစေ။အီချီနို ၊ ချီအဲ ၊ ဆက်ဆွန် နဲ့ ဖူမီကိုဆိုတဲ့သူငယ်ချင်းလေးယောက်မှာ တကယ်တမ်းအိမ်ပြေးလာတာ ဖူမီကိုတစ်ယောက်တည်းပါ။ ဖူမီအို အကြိုက်ဆုံးအိုင်ဒေါဖြစ်တဲ့ ကာအိုစံပါဝင်တဲ့ ခရိဟိုက်တေးဂီတအဖွဲ့က တိုကျိုမှာဖျော်ဖြေပွဲလုပ်မှာမို့ အိမ်နဲ့ရန်ဖြစ်ပြီးထွက်လာတာပါ။ အချစ် ဆုံးသူငယ်ချင်းကို အဖော်လုပ်ပေးဖို့ အီချီနို၊ ချီအဲ နဲ့ဆက်ဆွန်တို့လည်း တိုကျိုကို အတူတူထွက်လာခဲ့ပါတယ်။ဘာထူးခြားလဲဆိုတော့ တိုကျိုအထိ လေးရက်ခရီးလောက်ကို စက်ဘီး ကိုယ်စီနဲ့တက်လာခဲ့ကြတာပါ။ အထက်တန်းကျောင်းသူတွေမို့လို့ မုန့်ဖိုး လည်းအများကြီးမပါတဲ့အပြင် စက်ဘီးလည်း ဆက်မနင်းနိုင်တဲ့အခါ အံ့အားသင့်ရလောက်အောင်ကို လူကောင်းတွေနဲ့အများကြီးတွေ့ခဲ့ရ ပါတယ်။ တစ်မြို့ပြီးတစ်မြို့ အကူအညီတောင်းရင်းနဲ့ နောက်ဆုံးလက် ထဲမှာ ယန်း ၃၀၀ ပဲကျန်တဲ့အချိန် သူငယ်ချင်းလေးယောက်လည်း တစ် ဖြည်းဖြည်းချင်းသွေးကွဲလာပြီး အမြင်စောင်းလာကြတဲ့အခါ.... သူတို့လေးယောက် ဘယ်လိုမျိုးညှိနှိုင်းကြမလဲ ? သူတို့ကြိုက်တဲ့တေးဂီတ ဖျော်ဖြေပွဲဆီကိုရော ချောချောမောမော ရောက်သွားရဲ့လားဆိုတာတော့ ဆက်ကြည့်လိုက်တော့နော်....(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Jo Jo Va ဖြစ်ပါတယ်)File Size..........(1.7 GB) / (650 ...
movie
Our Huff and Puff Journey (2016)
2016
6.8
What She Likes (2021)
What she likes (2021)Web novel ကို ပြန်လည်ရိုက်ကူးထားတဲ့ တွေးစရာတွေတစ်ပုံကြီးပါတဲ့ ဆယ်ကျော်သက်ဇာတ်ကားလေးကို တင်ဆက်ပေးလိုက်ပါတယ်။ဂျွန် အန်ဒိုဆိုတဲ့ကောင်လေးက ဂေးတစ်ယောက်ဖြစ်ပေမဲ့ come out လုပ်မထားရသေးတဲ့ အထက်တန်းကျောင်းသားတစ်ယောက်ပါ။ သူက သူ့ရဲ့ဖြစ်တည်မှုကို အမြဲတမ်းမေးခွန်းထုတ်နေခဲ့တဲ့ကောင်လေးတစ်ယောက်ဖြစ်ပြီး သူ့မှာ အသက်ကြီးတဲ့ရည်းစားလည်းရှိပါတယ်။ သူ့ရည်းစားကအိမ်ထောင်သည် ကလေးအဖေဖြစ်ပြီးတော့ အားတဲ့အချိန်မှာ သူနဲ့တွေ့လေ့ရှိပါတယ်။တစ်ဖက်မှာလည်း သူ့ကို ငယ်ငယ်တည်းကခင်တဲ့ ကောင်မလေး မိအူရက ဖွင့်ပြောလာပါတယ်။မိအူရက BLဇာတ်လမ်းတွေကို ငယ်ငယ်တည်းကကြိုက်ခဲ့တဲ့ ဖူဂျိုရှီလေးပါ။ မိသားစုဘဝကိုမက်မောတဲ့ ဂျွန်က သူ့ဖြစ်တည်မှုကိုမသိတဲ့ မိအူရကိုတွဲဖို့ လက်ခံလိုက်ပါတယ်။ ဒါပေမဲ့ ကောင်မလေးကြိုက်တဲ့သူဟာ straightကောင်လေးမဟုတ်ဘဲ ဟိုမိုတစ်ယောက်ဖြစ်နေခဲ့တဲ့အခါမှာတော့... ဂျွန်တစ်ယောက် ကောင်မလေးနဲ့ ရည်းစားကောင်လေးအကြား ခံစားချက်လွန်ဆွဲပွဲတွေ ဘယ်လိုကြုံရမလဲ။သူကိုယ့်ကိုယ်ကိုဖိအားပေးပြီးကြိုးစားယူချင်နေတဲ့ မိသားစုဘဝလေးကရော ဖြစ်မြောက်မှာလား။ ဖူဂျိုရှီလေးရဲ့ စိတ်ကူးယဉ်မှုတွေက လက်တွေ့ဘဝထဲ တကယ်ဖြစ်လာတဲ့အခါ ဘယ်လိုတုံ့ပြန်မှာလဲ ။လက်တွေ့ဘဝက ဂေးကောင်လေးတစ်ယောက်ရဲ့ ကြုံတွေ့ရတဲ့ ဖြစ်ရပ်တွေ ခံစားချက်တွေအကြောင်း ကောင်းကောင်းပုံဖော်ထားတဲ့ ဆယ်ကျော်သက်ဇာတ်ကားကောင်းလေးဖြစ်ပါတယ် ...
movie
What She Likes (2021)
8.0
Drive My Car (2021)
Drive My Car (2021)************************IMDb - 8/10 , Rotten Tomatoes -100%Directed By Ryusuke Hamaguchiကမ္ဘာကျော်စာရေးဆရာတစ်ယောက်ဖြစ်တဲ့ ဂျပန်စာရေးဆရာ Haruki Murakami ရဲ့၀တ္တုတွေကို ရုပ်ရှင်အဖြစ် အသက်သွင်းထားတာ သိပ်များများစားစား မရှိပါဘူး။ အဲဒီထဲကမှ လျှမ်းလျှမ်းတောက် အောင်မြင်ခဲ့တာဆိုလို့ ကိုရီးယားက ဘိုးတော်ကြီး လီချန်းဒုံရဲ့ Burning ပဲရှိခဲ့တယ်ပြောရင် မမှားပါဘူး။ အခု Drive My Car ကတော့ ရုပ်ရှင်ပွဲတော်တွေမှာ ရေပန်းစားနေသလို Critic Rating တွေအရလည်း လောလောဆယ်မှာ Burning ထက်မြင့်နေပါတယ်။ ဒီ၂ကားလုံးဟာ ဟရုခိ မုရခမိရဲ့၀တ္တုရှည်တွေကိုမဟုတ်ဘဲ ၀တ္တုတိုတွေကို ရိုက်ထားတာပါ။ အခုရုပ်ရှင်ကတော့ Men Without Women ဆိုတဲ့ ၀တ္တုတိုစာအုပ်ထဲက နာမည်တူ Drive My Car ဆိုတဲ့ ၀တ္တုတိုကိုပဲ ...
movie
Drive My Car (2021)
6.4
Romance Doll (2020)
Romance Doll 2020 -------------------------------၁၈ယောက်စုကြည့်ရတဲ့ကားပါလို့ ကြိုပြောထားပါမယ်Netflix ကရိုက်ထားတဲ့ကားကောင်းလေးပါသရုပ်ဆောင်အများကြီးမပါပေမယ့်နွေးထွေးတဲ့ဆက်ဆံရေးအများကြီးကိုရှင်းရှင်းလင်းလင်းကိုရိုက်ပြထားပြီး သရုပ်ဆောင်တွေအကုန်လုံးကလည်းchemistery မိလှပါတယ်ဇာတ်လမ်းအကျဉ်းပြောရရင်တော့လူကြီးအရုပ်တွေလုပ်ရတဲ့ကောင်လေးနဲ့အဝတ်ဗလာမော်ဒယ်လ်ထိုင်ပေးတဲ့ကောင်မလေးတစ်ယောက်တို့အကြောင်းပေါ့ပထမတွေ့တဲ့အကြိမ်မှာပဲရင်သားတွေအကိုင်ခံလိုက်ရလို့ချစ်သွားတဲ့ကောင်မလေးနဲ့ရှက်ရှက်နဲ့ကိုင်လိုက်ပြီး တစ်ခါတည်းနဲ့ကိုတန်းချစ်သွားတဲ့ကောင်လေးတို့ဟာအချင်းချင်းအမေးအမြန်းတွေသိပ်လုပ်မနေပဲလက်ထပ်လိုက်ကြပါတယ်ချစ်ခြင်းတွေနဲ့ပဲတည်ဆောက်ထားတဲ့နှစ်ယောက်တည်းကမ္ဘာလေးကလျှို့ဝှက်ချက်တွေမပေါ်လာခင်အထိတော့သာယာနေခဲ့တာပေါ့ယောင်္ကျားတွေက ဘယ်လိုပဲချစ်လို့ယူထားယူထားအခြားက စနှိုက်တွေရောက်လာတဲ့အခါခဏလောက်ဖြစ်ဖြစ် ယိမ်းယိုင်တတ်တဲ့စိတ်ကိုလည်းမြင်လိုက်ရပါသေးတယ်( ရှင်တို့ယောင်္ကျားတွေကောင်းကိုမကောင်းဘူး )ဆိုတော့ သာယာကြည်နူးဖွယ်ကောင်းသော ဝမ်းနည်းဖွယ်ကောင်းသောပျော်ရွှင်ဖွယ်ကောင်းသော အခန်းတိုင်းက ခံစားချက်အမျိုးမျိုးကိုရစေပါတယ်ချစ်ခြင်းတရားဟာ အဘယ်ကဲ့သို့ဆန်းကြယ်ကြောင်းတွေရောကိုအပြင်လောကမှာကြုံတွေ့ရသလို သဘာဝကျကျလေးရိုက်ကူးထားတာမို့လို့စီးမြောခံစားရတာ သက်တောင့်သက်သာရှိလှပါတယ်( ရည်းစားမရှိတဲ့သူတွေကတော့ ရုပ်ရှင်ကိုရုပ်ရှင်လိုပဲကြည့်ပေါ့ )ဇာတ်လမ်လေးကောင်းရုံတင်မကအပိုဆုအနေနဲ့ မင်းသမီးလေးကလည်းအသားအရည်ရဲ့ဝင်းလဲ့နေမှု မျက်နှာလေးရဲ့ လှပနေမှုဆိုသလိုတော်တော်လေးလှပါတယ်ပြီးတော့ ၂၀၀၈တုန်းက အကောင်းဆုံးဇာတ်ပို့ဆုရထားတာမို့ သရုပ်ဆောင်တာကတော့သိပ်ညွှန်းမနေတော့ဘူးနော် )မင်းသားကလည်း ယောင်္ကျားဆန်ဆန်ပုံစံနဲ့ သရုပ်ဆောင်တာလည်းကောင်းတာမို့လို့ကြည့်ဖို့ပေးလိုက်ရတဲ့အချိန်အတွက် နောင်တရစရာမရှိပါဘူး Translated and Reviewed by ThinZar HtetEncoded by YKFile Size : 2.2GB abd 1.3GBQuality :1080p Blu-Ray Remux and 720pDuration : 2h 3minSubtitles : Myanmar (Hardsub)
movie
Romance Doll (2020)
2020
5.6
Fictitious OL Diary (2020)
Fictitious girl's diary 2020 မြန်မာစာတန်းထိုး==================================စိတ်ကူးယဥ်မိန်းကလေးတစ်ယောက်ရဲ့ ဒိုင်ယာရီရုပ်ရှင် ဂျပန်နိုင်ငံရဲ့ နာမည်ကြီး ဟာသသရုပ်ဆောင် Bakarhythm ရေးတဲ့နာမည်တူ စာအုပ် 2017မှာ စီးရီးရိုက်ကူးခဲ့ပါတယ်။အမျိုးသမီးတော်တော်များများက သူတို့ရဲ့စိတ်ကိုနားလည်တယ်ဆိုပြီး သဘောကျခဲ့ကြပါတယ်။2020 မှာ ရုပ်ရှင်ပြန်လည်ရိုက်ကူးခဲ့ပါတယ် ဖြတ်သွားဖြတ်လာရင်း တစ်ခါတလေ တခြားလူတွေရဲ့ဘဝတွေကို အားကျမိတာမျိုး ရှိကောင်းရှိမှာပါ။ ငါသာ သူဆိုရင်ဆိုပြီးတွေးမိတာမျိုးလည်းရှိမယ်။ ဒီရုပ်ရှင်ထဲမှာတော့ ဇာတ်ကောင်ဟာ ဘဏ်ကိုသွားလာရင်း ဘဏ်ဝန်ထမ်းမိန်းကလေးတွေကို မြင်ပြီး သူတို့တွေရဲ့ ရုံးသွားရုံးတတ်အချိန်တွေကို ကိုယ့်ကိုကိုယ် မိန်းကလေးတစ်ယောက်လို စိတ်ကူးယဥ်မိတယ် ထင်ပါတယ်။မနက်ပိုင်း မထချင်ထချင် အိပ်ယာစောစောထမယ်။ ရုံးသွားဖို့ အလှပြင်။ ရုံးရောက်ဖို့ ရထားလေးတိုးစီး "တနလ်ာနေ့နံနက်တွေက တကယ်ကိုချမ်းပြီး မထချင်စရာပဲလို့ "ပြောကြရင်းပေါ့။ယော်ျားရင့်မာကြီးတစ်ယောက်က ဒီရုပ်ရှင်ထဲမှာ စကတ်တိုဝတ်ထားပေမယ့် ထူးဆန်းတာက သူသရုပ်ဆောင်တဲ့ဇာတ်ကောင်အတိုင်း မိန်းကလေးတစ်ယောက်လို ဖြစ်နေတာပါပဲ ။သရုပ်ဆောင်အရမ်းကောင်းကြတာ သတိထားမိပါတယ်။ရုပ်ရှင်ကြည့်နေရသလိုမဟုတ်ပဲ ဘဏ်ဝန်ထမ်းတွေကိုပဲ မျက်စိထဲမြင်နေမိပါတယ်။အဓိက သရုပ်ဆောင် Bakarhythm က ဟာသသရုပ်ဆောင်ဖြစ်သလို စာရေးဆရာ၊ သရုပ်ဆောင် ၊သီချင်းရေးဆရာ ၊ပြဇာတ်ရေးဆရာလည်း ...
movie
Fictitious OL Diary (2020)
2020