Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Toby Huss
6.1
Buster’s Mal Heart (2016)
"Buster's Mal Heart" ရုပ်ရှင်ကတော့ ဒါရိုက်တာSarah Adina Smith က ကိုယ်တိုင်ရေးသားပြီးဒါရိုက်တာအဖြစ် ကိုယ်တိုင်ရိုက်ကူးထားတဲ့ surrealistလျှို့ဝှက်ဆန်းကြယ်ဇာတ်ကားကောင်းဖြစ်ပါယတ်။Fredie Mercury ရဲ့ ဘဝအတ္ထုပတ္တိရုပ်ရှင်မှာ FredieMercury အဖြစ် သရုပ်ဆောင်ခဲ့တဲ့ Rami Malek ကဒီကားမှာ အဓိကပါဝင်သရုပ်ဆောင်ထားပါတယ်။ဒီဇာတ်ကားဟာ ဝေးလံခေါင်သီတဲ့အသိုက်အဝန်းကလူမနေတဲ့ အပန်းဖြေအိမ်တွေကို ဖောက်ထွင်းဝင်ရောက်ပြီးဆောင်းရာသီမှာ အသက်ရှင်ကျန်ရစ်ခဲ့တဲ့ Jonah လို့အမည်ရတဲ့ တောင်ပေါ်လူသားတဦးအကြောင်းကို ရိုက်ကူးတင်ဆက်ထားပါတယ်။ ပင်လယ်ထဲမှာ ပျောက်ဆုံးသွားတဲ့ခြောက်လှန့်မှုတွေနဲ့ သူ့ရဲ့အတိတ်င မိသားစုဘဝဟောင်းမှအမှတ်ရစရာတွေနဲ့အတူ Jonah ဟာ ရုန်းကန်နေရတာဖြစ်ပြီး"Buster" လို့ခေါ်တဲ့ နာမည်ပြောင်နဲ့ ရေဒီယိုအစီအစဉ်နဲ့ဟောပြောပွဲတွေကို ပုံမှန်ဖုန်းခေါ်ဆိုလေ့ရှိသူပါ။ဒီရုပ်ရှင်သည် အတိတ်နှင့် ပစ္စုပ္ပန်ကာလကို ပေါင်းစပ်ဖန်တီးထားပြီး နှင်းတွေထူထပ်တဲ့ တောင်ပေါ်မှာ တဦးတည်းနေထိုင်တဲ့ဒါမှမဟုတ် သမုဒ္ဒရာအလယ်က လှေငယ်တစင်းထဲမှာ တကိုယ်တည်းကျန်ရစ်ခဲ့တဲ့ အဖြစ်အပျက်တွေကို သရုပ်ဖော်ထားတာဖြစ်ပါတယ်။ File size…1.39GB / 647MB Quality…Blu-Ray 1080p / 720p Format…mp4 Duration….1h 36m Genre ….. Crime ...
movie
Buster’s Mal Heart (2016)
6.8
MaXXXine (2024)
MaXXXine (2024) Pearl (2022) X (2022)နာမည်ကျော် ဟော်ရာ ရုပ်ရှင် နှစ်ခုဖြစ်တဲ့ Pearl နဲ့ X ရဲ့ အဆက်ဖြစ်တဲ့ MaXXXine လာပါပြီ။ လက်ရှိ ဟော်ရာအသစ်တွေထဲမှာ လက်စောင်းအထက်ဆုံးဖြစ်နေတာကတော့ ဒီသုံးကားနဲ့ Fear Street တွေပါပဲ။ ဟော်ရာကားကောင်းဆိုရင် ဒါတွေကို ကြည့်ဖြစ်အောင် ကြည့်သင့်ပါတယ်။ Pearl နဲ့ X မှာပါခဲ့တဲ့ လူသတ်သမား စုံတွဲကတော့ အမေရိကန် သမိုင်းမှာ အသက်အကြီးဆုံး သေဒဏ်ကျတဲ့ ကွင်းဆက်လူသတ်သမား လင်မယား Ray and Faye Copeland အကြောင်းကို အခြေခံထားတာပါ။ အခု မက်ဆင်းကတော့ X မှာတုန်းက ပွဲကြမ်းခဲ့တဲ့ မက်ဆင်းတစ်ယောက် ဘာတွေ ဆက်ကြမ်းမလဲ ပြတာပါပဲ။ ဒါရိုက်တာကလည်း အရင် နှစ်ကားကို ရိုက်ခဲ့တဲ့ Ti West ပါပဲ။ မင်းသမီးကလည်း Mia Goth ပဲ ပြန်ပါထားပါတယ်။ Breaking Bad ထဲက ဆရာကြီး ...
movie
MaXXXine (2024)
4K HEVC
6.8
Ghostbusters (2016)
Ghostbusters (2016) Extended Cut VersionIMDb (6.8) / Rotten Tomatoes (74%)2016 ထွက်မယ့် ရုပ်ရှင်တွေထဲမှာ ကြည့်ချင်နေပေမယ့် သိပ်တော့မျှော်လင့်မထားတဲ့ ရုပ်ရှင်တစ်ခုရှိပါတယ်။ အဲဒါကတော့ Ghostbusters ပါပဲ။ တစ္ဆေဖမ်းသူများပေါ့။ မနေ့က ထွက်လာတော့ ကြည့်လိုက်မိတဲ့အချိန်မှာ နည်းနည်းတော့ အံ့အားသင့်သွားမိတယ်။ ဇာတ်လမ်း အဖွင့် အလည် အဆုံးက ကျေနပ်စရာလေး ဖြစ်နေလို့ပါပဲ။ အဖွင့်မှာ နိဒါန်းပျိုးသွားပုံလှတယ် သူတို့ အဖွဲ့ကို အလည်မှာ တည်ဆောက်သွားတာ အသက်ဝင်တယ် အဆုံးမှာ ကျေနပ်စရာ တိုက်ခိုက်မှုတွေနဲ့ ဇာတ်သိမ်းရလိုက်တယ်လို့ ပြောရမယ်ထင်ပါတယ်။ ဒါ့အပြင် Thor သရုပ်ဆောင်ကြီး Chris Hemsworth ကလဲ ဒီကားမှာ သူ့ကိုတွေ့တိုင်းရယ်နေရအောင် ကောင်းကောင်းအစွမ်းပြသွားတယ်။ငယ်ငယ်က တစ္ဆေသရဲနဲ့ ပတ်သတ်တာတွေကို ယုံကြည်ပြီး စာအုပ်တစ်အုပ်တောင် အတူရေးခဲ့တဲ့ အချစ်ဆုံး သူငယ်ချင်း ၂ ယောက် ...
movie
Ghostbusters (2016)
2016
4K HEVC
6.0
Equals (2015)
ဒီဇာတ်ကားလေးကတော့ မင်းသား Nicholas Houltနဲ့မင်းသမီး Kristen Stewartတို့ အဓိကသရုပ်ဆောင်ထားတဲ့ဇာတ်လမ်းလေးပါ။ဇာတ်လမ်းအမျိုးအစားက sci-fi၊romanceအမျိုးအစားဖြစ်ပြီးဇာတ်အိမ်နဲ့ သရုပ်ဆောင်တွေ ကွက်တိကျလိုက်ဖက်နေတာကိုလည်းခံစားရမှာပါ။ဇာတ်လမ်းအကြောင်းကိုပြောပြရင် ကမ္ဘာ့ပျက်ကပ်ကြီးအပြီးခေတ်လွန်ကာလတစ်ခုမှာ လူတွေဟာ စိတ်ခံစားချက်ကိုဦးစားမပေးတော့ဘဲ အရာရာကို စနစ်တကျ စက်ရုပ်လိုသာနေထိုင်ကြပါတော့တယ်...။တစ်ယောက်နဲ့တစ်ယောက် ခံစားချက်၊ အထိအတွေ့ဆိုတာမရှိသလိုစိတ်ခံစားချက်ကို ရောဂါတစ်ခုလိုလက်ခံကျင့်သုံးနေကြတာပါ...။ခံစားချက်ပေါ်လာရင်၊ စွဲလမ်းသွားရင် ဒီစိတ်ကို ကုသဆေးတွေနဲ့ချုပ်တည်းပြီးနေရပါတယ်...။ဒီလိုအခြေအနေမျိုးမှာ အချစ်ဆိုတဲ့ ခံစားချက်ကို ဖိနှိပ်ချုပ်တည်းဖို့ကဖြစ်နိုင်ပါ့မလားဆိုတာကို....ဒီဇာတ်လမ်းလေးကြည့်ရင်း sci-fi ရိုမီယို၊ဂျူးလိယက်ပုံပြင်လေးတစ်ပုဒ်အဖြစ် ရှုစားလိုက်ပါတော့ဗျာ...။ File size…1.18GB / 497MB Quality…Blu-Ray 1080p / 720p Format…mp4 Duration….1h 41m Genre ….. Drama , Romance , Sci-Fi Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Themes
movie
Equals (2015)
5.3
Balls of Fury (2007)
Balls of Fury (2007) Genre – Comedy, Crime, Sport IMDB – 5.3/10 ပင်ပေါင်အားကစားကို အခြေခံထားတဲ့ အရင်တုန်းကကားဟောင်းလေးနဲ့ တင်ဆက်ပေးချင်ပါတယ်။အားကစားဆိုလို့ အတည်မထင်လိုက်ပါနဲ့သောက်ခွက်ပြောင်ထားတဲ့ ဟာသကားလေးပါ။သရုပ်ဆောင်တွေဆိုရင်လည်း ရုပ်ရှင်ကြည့်နေကြလူတွေနဲ့မစိမ်းတဲ့လူတွေကို မြင်ရမှာပါ။ အဓိကမင်းသားဆိုရင် Fantastic Beasts ဇာတ်ကားတွေထဲကလူချစ်များတဲ့ Mr. Jacob လုပ်တဲ့ ဝတုတ်ကြီးပါနောက်ပြီး ဆရာကြီး Christopher Walken တို့လည်းပါပြီးငယ်ချစ်ဖြစ်တဲ့ မမ Maggie Q တောင် ပါဝင်ထားပါသေးတယ်ဗျာ။Terry Crews တောင် မျက်ခွက်ဝင်ပြောင်ထားပါသေးတယ်။ဇာတ်လမ်းကလည်း ပြောရမယ်ဆိုအလေကြီး ၁၉၈၈ ခုနှစ်အမေရိကန်မှာ ပါရမီရှင် ၁၂ နှစ်အရွယ်ပင်ပေါင်ကစားသမားလေး ရန်ဒီဆိုတာ ရှိတယ်။ တစ်နိုင်ငံလုံးက အသေအားပေးကြတာပေါ့ ဒီလိုနဲ့ ဆိုးလ်အိုလံပစ်ပွဲမှာပြိုင်ရတဲ့အချိန်ကျ ဖအေဖြစ်သူနဲ့ ပြဿနာတစ်ခုတက်ပြီးပရမ်းပတာဖြစ် ရှုံးခဲ့ရတဲ့အပြင် အရှက်တွေပါ ကွဲအဖေဖြစ်သူလည်း သေဆုံးရတဲ့ထိ ဖြစ်ခဲ့ပါတယ်။ နှစ်ပေါင်းများစွာ ကြာလာတော့ ရန်ဒီတစ်ယောက်သူ ကျွမ်းကျင်တဲ့ ပင်ပေါင်အားကစားကို ပြပွဲလေးတစ်ခုမှာပြစားပြီး အသက်မွေးဝမ်းကြောင်းနေရတာပေါ့။ တစ်ရက်ကျ ...
movie
Balls of Fury (2007)
Fast Charlie (2023)
ဒီကားက ၂၀၂၃ အသစ်စက်စက်ထွက်ထားတဲ့ အက်ရှင်ကားပါ။IMBb 6.1, rotten tomato 81% ရထားတာဆိုတော့ ကြည့်ပျော်ပါတယ် ဇာတ်လမ်းမှာ ချာလီဆွစ်ဆိုတဲ့ဘဲကြီးက လက်မြန်တယ်၊ တိကျပြီး ဉာဏ်ပြေးတဲ့ကြေးစားလူသတ်သမား။ သူ့ကို သူ့သူဌေးစတန်က ရိုလိုဆိုတဲ့လူကို ဘလိတ်ဆိုတဲ့ချာတိတ်ကောင်လေးနဲ့ ပေါင်းသတ်ခိုင်းတယ်။ အဲ့မှာ ဘလိတ်ကကြိုမပြောဘဲပေါက်ကရလုပ်လိုက်တာ ရိုလိုကသေပေမဲ့ခေါင်းပျောက်သွားတော့ သေတဲ့လူကရိုလိုဖြစ်ကြောင်း သူဌေးကိုတင်ပြနိုင်ဖို့ သက်သေခံပေးမယ့်လူတစ်ယောက်လိုသွားပါတယ်။ဆိုတော့ သက်သေခံပေးမယ့် ရိုလို့ရဲ့ ဇနီးဟောင်း မာစီနဲ့တွေ့ပြီး အလုပ်လက်စသတ်ကြပါတယ်။ ဖြစ်ချင်တော့ ရိုလို့ကိုသတ်လိုက်တာကကိစ္စရှင်းသွားတာမဟုတ်ဘဲ ပိုရှုပ်သွားအောင်လုပ်တဲ့အရာဖြစ်နေတော့ စတန်ဂိုဏ်းနဲ့ ဘက်ဂါ ဂိုဏ်းနှစ်ခုကြား သစ္စာဖောက်တာတွေလက်စားချေတာတွေ ၊ ပရိရာယ်၊ စတာတွေကို ကြမ်းသင့်ချိန်ကြမ်း၊ နုသင့်ချိန်နုနဲ့ မြို့ပတ်ရထားစီးရသလိုဇာတ်သိမ်းခေါ်သွားမယ့်ဇာတ်ကားလေးပါFile size…(1.4 GB)/(760 MB)Quality….Webrip 1080p / 720p Format…mp4 Duration….01:32:00 Genre...Action, Crime, Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Mia
movie
Fast Charlie (2023)
6.1
The Front Runner (2018)
Genre – Drama, History, Biography IMDB – 6.1/10 ၁၉၈၈ ခုနှစ်တုန်းက အမေရိကန်နိုင်ငံ သမ္မတနေရာအတွက်ယှဉ်ပြိုင်ခဲ့ကြတဲ့ လွှတ်တော်အမတ်လောင်းတစ်ယောက်ရဲ့ဖြစ်ရပ်မှန် ရုပ်ရှင်ဇာတ်ကား ဖြစ်ပါတယ်။ အမတ်လောင်းနေရာကိုတော့ ကျွန်တော်တို့ မင်းသားကြီးHugh Jackman က သရုပ်ဆောင်ထားပြီး Conjuring အပနှင်ကျွမ်းကျင်သူ Vera Famiga နဲ့ ဇာတ်ပို့မင်းသားကြီးဖြစ်တဲ့JK Simmon တို့လည်း ပါဝင်ထားတဲ့ သမိုင်းနောက်ကြောင်းခံနိုင်ငံရေးကားပါ။ ၁၉၈၄ ခုနှစ်မှာ ကော်လိုရာဒိုက လွှတ်တော်အမတ်ဂယ်ရီဟာ့တ်ဟာ တခြားတစ်ယောက်ဖြစ်သူကို ရှုံးနိမ့်ခဲ့ပြီးနောက်၁၉၈၈ ခုနှစ်မှာ အမေရိကန်သမ္မတဖြစ်ဖို့အတွက် ဝင်ရွေးကောက်ပွဲပြိုင်ပါတော့တယ်။ ကမ်ပိန်းတလျှောက်လုံး အဆင်ပြေပြီးတစ်ပြေးနေတဲ့အချိန်ကျမှ သတင်းထောက်တစ်ယောက်ကိုဂယ်ရီ စိန်ခေါ်လိုက်ရာကနေ ပြဿနာတွေ ဖြစ်ပါတော့တယ်။ သူကအဲဒီသတင်းထောက်ကို ပိတ်ရက်တွေ ကမ်ပိန်းလုပ်မနေတဲ့အချိန်ဇရှိရင် နောက်ကလိုက်ကြည့်ပေါ့ မင်းပျင်းတောင်ပျင်းသွားမယ်ဆိုပြီးစိန်ခေါ်လိုက်တာပဲ ဖြစ်ပါတယ်။ အဲဒီမှာ တစ်ဖက်မှာလည်း ဒီအမတ်လောင်းနဲ့ ဖောက်ပြားနေတာရှိပါတယ်ဆိုပြီး သတင်းပေးတဲ့လူတွေကလည်းပေးဆိုတော့ Miami Herald သတင်းစာတိုက်ကနေနောက်ကွယ်ကချောင်းမြောင်းလိုက်ရာကနေ ဇနီးသည်မဟုတ်တဲ့အမျိုးသမီးတစ်ယောက်နဲ့ အိမ်မှာ ညအချိန်ကုန်ဖြုန်းပါတယ်ဆိုပြီးသတင်းမပြည့်စုံရာကနေ ...
movie
The Front Runner (2018)
7.0
Enough Said (2013)
Genre – Comedy, Romance, Drama IMDB – 7.0/10အချစ်ကားလေးဆိုလို့ နုနုငယ်ငယ်လေးတွေ ဖလန်းဖလန်းထကြတဲ့ကားမျိုးတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ အဲဒါကိုကဇာတ်ကားနဲ့ ဒိုင်ယာလော့ခ်တွေကို ပိုပြီး စစ်မှန်စေတယ်လို့ကျွန်တော်ကတော့ ခံစားရတယ်။ စိတ်ကူးယဉ်မဟုတ်ပဲလက်တွေ့လောကကို ပိုပြီး မြင်ရသလိုမျိုးပေါ့။ ဇာတ်လမ်းကတော့ အိမ်ထောင်ကွဲထားပြီး သမီးကိုယ်စီမွေးထားတဲ့သက်လတ်ပိုင်းအရွယ်တွေရဲ့ ဘဝနေထိုင်မှုကို အသားပေးထားတာမျိုးပါ။ အီဗာဆိုတဲ့အမျိုးသမီးကတော့ ကွာရှင်းထားတာ ၁၀ နှစ်ရှိနေပြီသမီးလေးကလည်း ကောလိပ်သွားတက်ရတော့မယ်သူကိုယ်တိုင်ကလည်း သူများကိုနှိပ်နယ်ပေးရတဲ့ ပရော်ဖက်ရှင်နယ် အနှိပ်သည်တစ်ယောက်ပေါ့လေ။ တစ်ဖက်ကအဲဘတ်ကကျ ကွာရှင်းထားတာ ၄ နှစ်လောက်ရှိပြီ သမီးကလည်းကောလိပ်သွားတော့မယ် သူကကျ ရိုးရာသမိုင်းစာကြည့်တိုက်မှာ တီဗီအစီအစဉ် ထိန်းသိမ်းတာမျိုး လုပ်တဲ့လူ။အီဗာက နှိပ်ပေးရင်းနဲ့ သူငယ်ချင်းရထားတာရှိတယ်ယောက်ျားမကောင်းကြောင်း အင်မတန်ပြောလေ့ရှိတဲ့ ကဗျာဆရာမ မယ်ရီအန်းပေါ့လေ။ ဒီလိုနဲ့ ပါတီတစ်ခုမှာ အီဗာနဲ့အဲဘတ်တို့ တွေ့ခဲ့ကြပြီး နောက်ပိုင်း တွဲဖြစ်ခဲ့ကြပါတယ်အဲဘတ်က လူဝကြီးဆိုပေမဲ့ အီဗာ့အတွက် အဆင်ပြေခဲ့တယ်။အဲဒီမှာပဲ တစ်ရက်ကျ အီဗာဟာ ကိုယ့်ချစ်သူအဲဘတ်ရဲ့ အရင်မိန်းမဆိုသူက ကိုယ်နှိပ်ပေးနေကြ ...
movie
Enough Said (2013)
7.5
42 (2013)
ဒီတစ်ခါ CM Fan တွေ အတွက် Black Panther ရုပ်ရှင်ကားနှင့်ပိုပြီးလူသိများ ကျော်ကြားခဲ့သော ကွယ်လွန်သွားပြီဖြစ်တဲ့မင်းသားChadwick Boseman ရဲ့ ရုပ်ရှင်ကားကောင်းတစ်ခုကို တင်ဆက်ပေးလိုက်ပါတယ်၁၉၄၅ ခုနှစ်မှာ ဒုတိယကမ္ဘာစစ်ကြီးပြီးဆုံးပြီးတော့အမေရိကန်နိုင်ငံရဲ့ ရှေ့တန်းထွက်နေရတဲ့သူအားလုံးအမိမြေကိုပြန်လာကြပါတယ်။အဲဒီမှာ အာဖရိကန်-အမေရိကန်လူမျိုးတွေလည်းပါပါတယ်။သူတို့ဟာ နာဇီစစ်တပ်ရဲ့လူမျိုးရေးခွဲခြားမှုကို တိုက်ခိုက်အနိုင်ယူခဲ့ကြပေမယ့်အမိမြေပြန်ရောက်တဲ့အချိန်မှာတော့ သူတို့အပေါ်လူမျိုးရေးခွဲခြားမှုကြီးက စောင့်ကြိုနေပါတယ်။သူတို့ဟာ လူဖြူတွေနဲ့ အိမ်သာအတူတူသုံးခွင့်မရှိဘူး၊ရေချိုးခန်းတစ်ခန်းထဲအတူသုံးခွင့်မရှိဘူး၊ ဟိုတယ်ထဲတည်းခွင့်မရှိဘူးစတဲ့ခွဲခြားမှုပေါင်းမျိုးစုံရှိနေတာပါ။ဒီလိုအဖြစ်မျိုးက အမေရိကန်တစ်နိုင်ငံလုံးမှာဖြစ်ပျက်နေတာပါ။ဘေ့စ်ဘောလောကမှာလည်း အတူတူပါပဲ။၁၉၄၆ ခုနှစ်မှာ စာရင်း၀င်ဘေ့စ်ဘောအသင်း ၁၆သင်းရှိခဲ့ပြီးစာရင်း၀င်ကစားသမား အယောက် ၄၀၀ရှိခဲ့ပါတယ်။အဲဒီအယောက် ၄၀၀လုံးကလည်း လူဖြူတွေပါ။ဒါပေမယ့် ၁၉၄၇ ခုနှစ်ရောက်တော့ ဘရွတ်ကလင်ဒေါ့ဂျာစ်အသင်းရဲ့ ပိုင်ရှင်ဖြစ်တဲ့မစ္စတာရစ်ကီဟာ လူမည်းကစားသမား ဂျက်ကီရော်ဘင်ဆင်ကို ခေါ်ယူခဲ့ပါတယ်။ဒီလိုခေတ် ဒီလိုအခါမှာ လူမည်းကစားသမားကိုထခေါ်တော့ကန့်ကွက်သူပေါင်းများစွာကို ရင်ဆိုင်ခဲ့ရပြီး ကျောနံပါတ်၄၂ ဂျက်ကီရော်ဘင်ဆင်ကလည်းကစားပွဲထဲမှာရော ကစားပွဲပြင်ပမှာပါလူမျိုးရေးခွဲခြားမှုတွေ၊ ခြိမ်းခြောက်စာမျိုးစုံကိုပါ ရခဲ့ပါတယ်။ဒါပေမယ့် သူတို့ဟာ ဒီခွဲခြားမှုတွေကို ကြံ့ကြံ့ခံရင်ဆိုင်ခဲ့ပြီးအနိုင်ရဖို့ ကြိုးစားအားထုတ်ခဲ့ကြတာကိုတွေ့ရပြီးဘေ့စ်ဘောလောကကြီးက လူမျိုးရေးခွဲခြားမှုကိုဘယ်လိုမျိုးပြောင်းလဲခဲ့လဲဆိုတာကို ကြည့်ရှုရမယ့်ဇာတ်ကားကောင်းလေးတစ်ကားဖြစ်ပါတယ်။ File size… 1.82 GB / 894 ...
movie
42 (2013)
2013
7.0
The Invitation(2015)
The Invitation(2015)*******************အမျိုးသမီးဒါရိုက်တာ Karyn Kusama ရိုက်ကူးထားပြီး သရုပ်ဆောင် Logan Marshall-Green, Michiel Huisman, Tammy Blanchard နဲ့ Emayatzy Corinealdi တို့အပြင် အခြားသရုပ်ဆောင်များစွာပါဝင်တဲ့ လျှို့ဝှက်သည်းဖိုစရာဇာတ်ကားကောင်းတစ်ကားပဲဖြစ်ပါတယ်။ ဒီဇာတ်ကားထဲမှာတော့ ဝဲယ်လ်(Logam Marshall-Green)နဲ့ သူ့ရဲ့ဇနီးဖြစ်သူကီရာတို့နှစ်ယောက်ဟာ ဝယ်လ်ရဲ့ ဇနီးဟောင်းဖြစ်တဲ့ အီဒန် နဲ့သူ့ရဲ့ခင်ပွန်း ဒေးဗစ် တို့ရဲ့ ညစားစားပွဲကိုသွားကြပါတယ်။ ဒါပေမယ့် ဝယ်လ်က အဲ့ဒီအိမ်မှာရှိခဲ့တဲ့ အတိတ်ကအဖြစ်အပျက်တွေကိုမမေ့နိုင်သေးတဲ့အပြင် အီဒန်နဲ့ ဒေးဗစ်တို့ရဲ့ ထူးဆန်းတဲ့ အပြုအမူတွေကိုလည်း သံသယဝင်လာပါတော့တယ်။ဝယ်လ် သံသယဝင်နေသလိုပဲ သူတို့မှာဘယ်လိုလျှို့ဝှက်ချက်တွေရှိနေမလဲ သူတို့ရဲ့အတိတ်မှာရော ဘယ်လိုအဖြစ်ဆိုးတွေ ကြုံတွေ့ခဲ့ရတာလဲဆိုတာကို လှည့်ကွက်များစွာနဲ့ရင်တဖိုဖိုကြည့်ရှုခံစားရမှာဖြစ်ပါတယ်။လျှို့ဝှက်သည်းဖို့ကြိုက်တတ်တဲ့ပရိတ်သတ်တစ်ယောက်ဆိုရင်တော့ ဒီဇာတ်ကားကိုကြိုက်မယ်လို့ မျှော်လင့်ပါတယ်။ သွေးထွက်သံယိုနဲ့ ညစ်ညမ်းစကားလုံးများ ပါဝင်တာကြောင့်ငယ်လွန်းသူများကြည့်ဖို့ မသင့်လျော်ပါဘူးခင်ဗျာ။ File Size :(1.1GB) and (458MB) Quality : Blu-Ray1080p, 720p Format…mp4 Duration…01:40:00 Genre : Horror,Mystery , Drama Subtitle : Myanmar Subtitle (Hard Sub) Translated by APP Encoded ...
movie
The Invitation(2015)
7.5
Weird: The Al Yankovic Story
Weird The Al Yankovic Story (2022)ဒီ movie genre ကတော့တော်တော်ထူးခြားတယ်ပြောရမယ်။ Biography ကိုမှ ဟာသပြုထားသရော်ထားတဲ့ Biography Parody အမျိုးအစားပါ။ ဒီတော့ဘယ်သူ့ Biography လဲမေးရင် တစ်ခေတ်တစ်ခါက parody songs တွေရဲ့ဘုရင်ကြီး Weird Al ရဲ့Biography ပါပဲ ဒီဟာသပြုအထုပ္ပတ္တိကို Weird Al ကိုယ်တိုင်ပူးတွဲရေးသားထားပြီး သရုပ်ဆောင်တာကလဲထူးထူးခြားခြားဇာတ်လမ်းတွေသရုပ်ဆောင်နေကျ အားလုံးအချစ်တော်ဟယ်ရီပေါ်တာမင်းသားဆိုတော့ တကယ့်ကြည့်ကောင်းတဲ့ဇာတ်လမ်းပါပဲ။ အဆိုကျော်ကြီးတစ်ယောက်ရဲ့ အထုပ္ပတ္တိကိုကြည့်ရမယ့်အပြင် ဟာသပြုထားတော့သာမန်အထုပ္ပတ္တိဇာတ်လမ်းတွေလိုပျင်းစရာလဲမကောင်းတော့ဘူးပေါ့။ ဒါက Weird Al ဘဝဖြစ်ရပ်မှန်နဲ့ဇာတ်လမ်းပြန်ဖန်တီးထားတယ်ဆိုတော့ ဒါကြည့်ပြီးရင်တော့ဘယ်အချက်တွေကများအမှန်လဲဆိုပြီး သိချင်စိတ်နဲ့ အားလုံး ဂူဂဲလ်ရောက်သွားကြမှာသေချာတယ်ဗျာ။ဒီဇာတ်လမ်းမှာ ပေါ့ပ်ကွင်းမက်ဒေါနားနဲ့အချစ်ဇာတ်လမ်းပါပါသေးတာမို့ Weird Al ပြောတာက လက်ရှိသူ့နာမည်နဲ့ပတ်သက်ပြီး ဂူဂဲမှာအရှာဖွေဆုံးက သူနဲ့မက်ဒေါနားတကယ်ပတ်သက်ခဲ့သလားဆိုတာပါပဲဆိုတော့ အမြန်ကြည့်ပြီး ဂူဂဲလ်မှာအမြန်သာပြေးရှာလိုက်ကြပါတော့။အညွှန်း နဲ့ ဘာသာပြန်ကတော့ Rashida ပဲ ဖြစ်ပါတယ်။Genre..... Biography, Comedy, Music Quality…. 1080p | 720p | 480p File size… 1.6GB | 863MB | 465MB Format… mp4 Duration…. 1h ...
movie
Weird: The Al Yankovic Story
2022
6.2
[17+] Blonde (2022)
Blonde (2022)=========== IMDb Rating - 6.2/10ကဲ Biography ဒရာမာရုပ်ရှင်လေးကြည့်ရအောင်။ နာမည်ကျော် ရုပ်ရှင်မင်းသမီး မယ်ရီလင် မွန်ရိုးရဲ့အကြောင်းပါပဲ။ မွန်ရိုးဟာ သမိုင်း တလျှောက် နာမည်အကြီးဆုံး လွှမ်းမိုးမှုအရှိဆုံး ရုပ်ရှင်မင်းသမီးတွေ ထဲကတစ်ယောက်ပါပဲ။ ၁၉၅၀-၆၀ ကာလများရဲ့ လိင်ဆွဲဆောင်မှုအရှိဆုံး အမျိုးသမီးအဖြစ်လည်း သတ်မှတ်ကြပါတယ်။မွန်ရိုးဟာ နာမည်ကျော်ကြားသလောက် ဘဝအစမလှပခဲ့သလို ဘဝ ဇာတ်သိမ်းလည်းမလှပခဲ့ပါဘူး။ မိဘမဲ့ဂေဟာကနေ အနုပညာလောက ထဲကိုဝင်လာပြီး ၁၆ နှစ်နဲ့အိမ်ထောင်ကျခဲ့တယ်။ အိမ်ထောင်သုံးဆက်အထိ ရှိခဲ့ပြီး။ ကြားထဲမှာလည်း အမေရိကန်သမ္မတ ဂျွန် အက်ဖ် ကနေဒီနဲ့ အပါအဝင် မရေတွက်နိုင်တဲ့ ကောလဟာလတွေ အများကြီးရှိခဲ့သူလည်းဖြစ်ပါတယ်။အဲဒီတုန်းက မွန်ရိုးဟာ တစ်နိုင်ငံလုံးရဲ့ အိပ်မက်မင်းသမီးဖြစ်ခဲ့တာပါ။ သူ့ရဲ့ ဂါဝန်လေးလေလွင့်နေတဲ့ပုံဟာလည်း သမိုင်းဝင်လောက်အောင်ကို ကျော်ကြား ခဲ့တာပါ။ မွန်ရိုးဟာ အသက် ၃၆ နှစ်အရွယ်မှာ ဆေးလွန်သေဆုံးခဲ့ပြီး ဒါကို မတော်တဆမှုအဖြစ်ဖော်ပြခဲ့ပေမဲ့ လူပေါင်းများစွာက ကိုယ့်ကိုယ်ကိုယ်သတ် သေတယ်လို့ ယူဆခဲ့သလို လုပ်ကြံခံရတယ်ဆိုတဲ့ ထင်ကြေးတွေလည်းပေါ် ပေါက်ခဲ့ပါတယ်။ ဒါပေမဲ့ သူကို ဟောလိဝုဒ်ရွှေခေတ်ရဲ့ အကျော်ကြားဆုံး မင်းသမီးစာရင်းမှာ နံပါတ်-၆ နေရာမှာ သတ်မှတ်ထားခဲ့တုန်းပါပဲ။ နံပါတ်တစ် ကတော့ ...
movie
[17+] Blonde (2022)
2022
6.6
Copshop(2021)
ကြမ်းပေ့ယမ်းပေ့ဆိုတဲ့ အက်ရှင်ကားကိုမှ အသုံးအနှုန်းခပ်ကြမ်းကြမ်း၊ သွေးထွက်သံယိုများများ R ratedမှကြည့်ချင်ပါတယ်ဆိုတဲ့CMပရိတ်သတ်တွေအတွက် တကယ်ကြမ်းတဲ့Crime Actionကားတစ်ကားကို မိတ်ဆက်ပေးလိုက်ပါပြီအဓိကဇာတ်လိုက်နှစ်ယောက်ကိုက Angle Has Fallen triologyနဲ့ 300လိုတကယ့်ကောင်းပေ့ညွန့်ပေ့ဆိုတဲ့အက်ရှင်ကားတွေမှာ ခေါင်းဆောင်ပါဝင်ထားတဲ့ Gerard Butlerနဲ့ Purge franchiseလိုတကယ့်သွေးထွက်သံယိုကားတွေကိုပဲရိုက်ကူးထားတဲ့ Frank Grilloဆိုတာနဲ့တင် ဒီဇာတ်လမ်းရဲ့အက်ရှင်တွေဘယ်လောက်ကြမ်းမလဲဆိုတာ မှန်းကြည့်လို့ရပါတယ်ဂိမ်းပရိုဂရမ်ရေးသားသူတဖြစ်လဲ ဒိတ်ဒိတ်ကြဲသူဌေးတွေကိုမှညာစားတဲ့ Teddy Murrettoဟာ တစ်ချိန်မှာတော့ညာမိတဲ့သူဌေး အရွေးမှားပြီး Hitmanပေါင်းများစွာရဲ့ အမဲလိုက်ခြင်းကို ခံရပါတော့တယ်ပြေးလို့မလွတ်နိုင်မှန်းသိတဲ့နောက် Gun Creekမြို့လေးကိုအရောက်မှာတော့ မြို့ကရဲမေအရာရှိ Valerie Youngကိုအသားလွတ်ဆွဲထိုးကာ ထောင်နန်းစံပြီး ကြေးစားသမားတွေရန်ကနေ လွတ်အောင်ကြံပါတော့တယ်ဖြစ်ချင်တော့ Hitmanတွေထဲကတစ်ယောက်ဖြစ်တဲ့ Viddickက Teddyကိုခြေရာခံမိသွားတဲ့အတွက်၊သူကပါ အရက်မူးသမားအယောင်ဆောင်၊ ရဲကားကို ကားနဲ့ဝင်တိုက်ပြီး Teddyရှိရာအချုပ်ခန်းဆီကို ထပ်ကြပ်မကွာလိုက်ပါလာခဲ့ပါတယ်ဒါပေမဲ့ Teddyကိုအသေရရ အရှင်ရရအမဲဖျက်ချင်နေတဲ့ Hitmanက တစ်ယောက်နှစ်ယောက်မဟုတ်တဲ့အခါ Gun Creekမြို့လေးကိုတခြားကြေးစားလူသတ်သမားတွေပါ လိုက်လာတဲ့အခါ.....Teddyတစ်ယောက် Hitmanပေါင်းသောင်းခြောက်ထောင်ရန်ကနေ လွတ်နိုင်ပါ့မလား၊သူရဲ့နောက်ကြောင်းဇာတ်လမ်းကရော ဘယ်လိုများဖြစ်မလဲ၊Viddickကရော သူ့ရဲ့တာဝန်ကို အပြီးသတ်နိုင်မှာလား၊ သူနဲ့အိုးစားခွက်လုဖက်တွေကြားထဲကနေTeddyကို ...
movie
Copshop(2021)
2021
6.1
Cowboys & Aliens (2011)
Cowboys & Aliens (2011)==================IMDb Rating - 6.1/10 - Voting - 206,241#Unicodeဒီကားကတော့ ၂၀၁၁ မှာ ထွက်ထားခဲ့တဲ့ Western Theme ဂြိုလ်သားဇာတ်ကားပါ။ James Bond မင်းသားDaniel Craig ၊ ကြာပွတ်မင်းသားလို့ ကျွန်တော်တို့တွေ သဘောကျခဲ့တဲ့ Indiana Jones မင်းသား မင်းသားကြီးHarrison Ford နဲ့ ကျပ်ပြားစေ့မျက်နှာနဲ့ လှတဲ့ မင်းသမီး Olivia Wilde တို့ ပါဝင်သရုပ်ဆောင်ထားကြပါတယ်။ဇာတ်လမ်းကတော့ ထုံးစံအတိုင်း ဂြိုလ်သားတွေက ကမ္ဘာကို သိမ်းပိုက်ဖို့လာတာကို မင်းသားတို့ လူတစ်စုက တားကြတဲ့ဇာတ်လမ်းပေမဲ့ Western ပုံစံလေးကတော့ အမြင်ဆန်းတာပေါ့ဗျာ။ IMDb Rating ကတော့ 6.1/10 ရထားတယ်ဗျ။ဂြိုလ်သားကားကြည့်ချင်ပေမဲ့ အမေရိကန်စစ်တပ်နဲ့ပဲ တိုက်နေလို့ ကြည့်ရတာပျင်းနေတဲ့သူတွေ ကောင်းဘွိုင်တွေနဲ့ဂြိုလ်သားတွေချတာကို ကြည့်လို့ရသွားစေမယ့် ရုပ်ရှင်ကားကောင်းလေးမို့ ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်။(ဒီဇာတ်လမ်းရဲ့ ...
movie
Cowboys & Aliens (2011)
2011
7.3
The Rental
ဒီတစ်ခေါက်မိတ်ဆက်ပေးချင်တာကတော့ ညဘက်မှာ ကျောခြမ်းစရာ Thriller လေးတွေမှ ကြည့်ချင်တယ်ဆိုတဲ့ လူတွေအတွက် အကြိုက်ဖြစ်ပါလိမ့်မယ် ။ ခရီးတွေသွားတဲ့အခါ ငှားလို့ရတဲ့ လုံးချင်းအိမ်လေးတွေကို သိကြမယ်မလား ။ အခုဇာတ်အိမ်ကလည်း အဲ့လိုအိမ်လေးအပေါ် အခြေခံထားခဲ့တာပါ ။ ချာလီနဲ့ ဂျော့ရှ်က ညီအစ်ကို နှစ်ဦးဖြစ်ပြီး သူတို့ရဲ့ ချစ်သူတွေဖြစ်တဲ့ မီရှယ် ၊ မီနာ တို့နဲ့အတူ ပိတ်ရက်မှာ ကမ်းခြေကို ခရီးထွက်ဖို့အတွက် ပြင်ဆင်ခဲ့ကြပါတယ် ။ ငှားထားတဲ့ အိမ်ကို ရောက်လာတဲ့အခါမှာတော့ အိမ်ပိုင်ရှင်က နည်းနည်း ထူးဆန်းပြီး လူမျိုးရေးခွဲခြားတတ်တဲ့ သူတစ်ယောက်လည်း ဖြစ်နေပြန်တာမလို့ မီနာက သဘောမကျခဲ့ပါဘူး ။ ဒီလိုနဲ့ပဲ ညဘက်ရောက်တဲ့အခါမှ သောက်စားမူးယစ်ရင်း မီနာက သူ့ရည်းစားရဲ့ ညီဖြစ်သူ ချာလီနဲ့ မှားယွင်းမိပြီး နောက်တစ်နေ့မှာတော့ သူတို့ရဲ့ ရေချိုးခန်းတွေထဲမှာ ကင်မရာ ဆင်ခံထားရတာကို သိလိုက်ရပါတော့တယ် ။ ဒါတင်မက တခြားရှုပ်ထွေးတဲ့ကိစ္စကပါ ထပ်ပြီး ထွက်ပေါ်လာတဲ့အချိန်မှာတော့ သူတို့လေးယောက်က ဒါတွေက ဘယ်လိုမျိုး ဖြေရှင်းကြမလဲ ဆိုတာကို ဇာတ်ကွက်အလှည့်အပြောင်းကြမ်းကြမ်း ၊ အသည်းတယားယားနဲ့ ကြည့်ရမှာ ဖြစ်သလို ချစ်သူတွေကြားက ကတောက်ကဆကိုပါ မြင်သာအောင် ရိုက်ကူးပြထားတဲ့ ရုပ်ရှင်ကားကောင်း တစ်ခုလည်း ဖြစ်ပါတယ် ။ File Size - 954 ...
movie
The Rental
2020
7.3
Rescue Dawn(2006)
Rescue Dawn(2006) IMDb 7.3 ,,,,,rotten tomatoes....90% ဒီဇာတ်ကားကတော့ အမေရိကန်ဗီယက်နမ် စစ်ဖြစ်နေဆဲကာလမှာလေယာဉ်ပိုင်းလော့ တစ်ဦးဖြစ်တဲ့ Dieter Dengler အကြောင်းကို ပြန်လည်ရိုက်ကူးထားတာပါ...ကျရာဇာတ်ရုပ်ကို ပီပြင်စွာသရုပ်ဆောင်နိုင်ရုံမက ခန္ဓာကိုယ်တွေပါပြောင်းပစ်ပြီး ပီပြင်အောင်စွမ်းဆောင်နိုင်တဲ့ Batman မင်းသားChristian Bale ကတော့ ပိုင်းလော့ကြီးနေရာမှာ သရုပ်ဆောင်ထားပါတယ်...ဒီပိုင်းလော့ကြီး ဟာ ဗီယက်နမ်စစ်မြေပြင်ကိုသွားဖို့ ကိစ္စတစ်ခုနဲ့သွားရောက်ဖို့စေလွှတ်ခြင်းခံရတယ်...စစ်ဖြစ်နေဆဲကာလမို့ ဗီယက်နမ်ခရီးဟာ သူ့အတွက် အန္တရယ်များလှ သလို ဖြတ်သန်းသွားရမယ့် လာအိုနယ်ကလည်း သူ့အတွက် အသက်အချိန်မရွေးပျောက်နိုင်ပါတယ်..တကယ်လည်း သူလေယာဉ်ဟာလာအိုထဲကိုဖြတ်ပျံသန်းစဉ်မှာ ပျက်ကျခဲ့တယ်...ကံကောင်းထောက်မစွာ သူအသက်ရှင်ခဲ့ပေမယ့် သူဖမ်းဆီးခံလိုက်ရတယ်...ကိုင်းသူလွတ်မြောက်နိုင်မလား.... စစ်သုံပန်းဘဝကိုကြံ့ကြံ့ခံနိုင်မလား..ဘယ်လိုအပေးအယူတွေနဲ့ရော သူကြုံတွေ့မလဲ...ဆိုတာကိုတော့ ဖြစ်ရပ်မှန် ဇာတ်ကားကောင်းဖြစ်တဲ့အပြင် IMDb 7.3 နဲ့ rotten tomatoes.90% တေတာင်ရထားလို့လက်မလွှတ်သင့်တဲ့ ဇာတ်ကားကောင်းတစ်ခုပါ..File Size : (980 MB) and (380 MB) Quality : Blu-Ray 720p Format…mp4 Duration…02:00:00 Genre : Action, Adventure, Biography Subtitle : Myanmar Subtitle ...
movie
Rescue Dawn(2006)
2006
6.0
Bedazzled (2000)
Bedazzled (2000)IMDb - 6.0/10_____Rotten - 50% အဲလိယော့ဟာ သူ့ရဲ့ကြောင်တောင်တောင် အမူအကျင့်ကြောင့် အပေါင်းအသင်းလဲဝင်မဆန့်လုပ်ဖော်ကိုင်ဖက်တွေကပါ ရှောင်ဖယ်ကြတဲ့ လူတစ်ယောက်ပါ။ သူကတော့ အဲ့ဒါတွေကို အမှုမထားပဲ ခပ်တည်တည်နဲ့ဝင်ရောလေ့ရှိပါတယ်။ တစ်နေ့ သူ့ကိုရှောင်ချင်လို့ တမင်မမြင်ချင်ယောင်ဆောင်နေတဲ့ အလုပ်ကလူတွေဝိုင်းကို ဝင်နှောင့်ယှက်ရင်းကနေ သူ ကြိတ်ကြွေနေတဲ့ မိန်းမလှလေးဖြစ်တဲ့ အလီဆင်ကို တွေ့မိချိန်မှာတော့ ပါးစပ်ကနေ 'သူ့ကိုသာ ရမယ်ဆိုရင် ဘာပဲပေးရပေးရ' လို့ လွှတ်ကနဲ ရေရွတ်မိသွားတယ်။ အဲ့ဒီအချိန်မှာ သူ့ရှေ့ကို ဘိလိယက်ဘောလုံးလေးတစ်ခု လွင့်လာပါတယ်။ ဘောလုံးကလေးရဲ့ ပိုင်ရှင်ကလဲ မိန်းမလှတစ်ယောက်ပါပဲ။ အနီရောင်ဝတ်စုံဝတ် ညို့အားပြင်းပြင်း ရဲတင်းသွက်လက်မယ့်ပုံစံနဲ့ မိန်းမလှတစ်ယောက်။ အဲ့ဒီမိန်းမလှက သူ့ကိုယ်သူ မိတ်ဆက်လာတယ်။ သူဟာ နတ်ဆိုးတစ်ကောင်ဖြစ်ပြီး အဲလိယော့ရဲ့ဝိဉာဉ်ကို ရောင်းမယ်ဆိုရင် ဆုတောင်းခုနှစ်ခုဖြည့်ပေးမယ့်အကြောင်း။ အလီဆင့်ကိုရရင် ဘာပဲလုပ်ရလုပ်ရဆိုတဲ့ အဲလိယော့ သူ့ဝိဉာဉ်ကိုရောင်းဖို့ဆုံးဖြတ်ချက်ချလိုက်ပါတော့တယ်။ အဲ့ဒီမှာကြုံရတဲ့ အလွဲအချော်တွေနဲ့ ကြောင်တောင်တောင် အဲလိယော့ ဒုက္ခရောက်ရပုံတွေနဲ့ တစ်ကားလုံးခွီနေရပါတယ်။ ပြီးတော့ နတ်ဆိုးအဖြစ် သရုပ်ဆောင်တဲ့ တစ်ချိန်က မမလှလှ အဲလိဇဘတ်ဟာလေးရဲ့ ...
movie
Bedazzled (2000)
2000
6.6
City of Lies(2018)
City of Lies(2018)Who Shot Biggie???ဒီဇာတ်ကားရဲ့ ကြာမြင့်ချိန် 1 နာရီ 52 မိနစ်ဟာ အဲ့ဒီမေးခွန်းလေးတစ်ကြောင်းနဲ့ ဆက်စပ်ပြီးရိုက်သွားတာပါ... အကြောင်းအရာတစ်ခုတည်းကို 1 နာရီ 52 မိနစ်တောင် ရိုက်ထားလို့ ပျင်းစရာကောင်းမှာပဲလို့ တွေးမိရင် တက်တက်စင်အောင် လွဲပါလိမ့်မယ်...ဒီဇာတ်ကားဟာ ဖြစ်ရပ်မှန်ဇာတ်ကားတစ်ကားဖြစ်ပြီး တကယ့်အပြင်မှာလည်း Who Shot Biggie? ဆိုတဲ့မေးခွန်းကို နာမည်ကျော် FBI အဖွဲ့အပါအဝင် LAPD စုံထောက်တွေပါ ပူးပေါင်းစုံစမ်းခဲ့တာ နှစ် 20 ကျော်ကြာခဲ့ပါတယ်...မြန်မာနိုင်ငံက Rapper တွေ Mainstream နဲ့ Underground အပြန်အလှန်လှော်နေကြသလို Los Angeles မြို့ကြီးမှာလည်း East Coast နဲ့ West Coast ဆိုပြီး နှစ်ဖွဲ့ကွဲ လှော်ကြပါတယ်...1996 ခုနှစ်လောက်ကဖြစ်ခဲ့တဲ့လူသတ်မှုဖြစ်တဲ့အတွက် လူဖြူလူမည်းပဋိပက္ခတွေလည်း ရှိနေတဲ့အချိန်ပါ...ဒီအမှုကို နှစ်ပေါင်းအကြာကြီး စုံစမ်းနေသူကတော့ Poole ဆိုတဲ့ ...
movie
City of Lies(2018)
2018
6.3
Destroyer (2018)
ဒီကားလေးကတော့ တကယ့်ဒိတ်ဒိတ်ကြဲမင်းသမီး ကြီးNicole Kidman အဓိကပါဝင်ထားတဲ့ကားလေးပဲဖြစ်ပါတယ်ငယ်ရွယ်တဲ့စုံထောက်မိန်းကလေး၁ယောက် ဘဏ်ဓါးပြမှုတွေနဲ့ဆိုးသွမ်းတဲ့အဖွဲ့ကိုတိတ်တဆိတ်စုံစမ်းဖို့စေလွှတ်ခံခဲ့ရပါတယ်ဒါပေမယ့်ကံဆိုးစွာပဲသူ့ရဲ့စစ်ဆင်ရေးကျရှုံးသွားခဲ့ပြီးသူချစ်တဲ့လူကောတခြားလူတွေရောအသတ်ခံလိုက်ရတဲ့အခါမှာတသက်လုံးသူ့ကိုယ်သူအပြစ်တင်စိတ်တွေနဲ့ပဲနေထိုင်လာခဲ့ရင်း....သူလက်စားပြန်ချေချင်တဲ့လူပြန်ပေါ်လာတဲ့အချိန်လက်စားချေဖို့ဘယ်လိုတွေကြိုးစားမလဲ...တဖက်မှာလည်း သူ့ရဲ့သမီးနဲ့ပြေလည်အောင်ညှိနှိုင်းပြီးပြဿနာတွေရှင်းရ....သမီးကိုချစ်တဲ့စိတ်,စိုးရိမ်စိတ်တွေနဲ့တဖက်မှာလည်းလက်စားချေလိုစိတ်တွေကိုမင်းသမီးကြီးကဘယ်လိုတွေသရုပ်ဆောင်ပြီးဇာတ်ကိုဆွဲခေါ်သွားမလဲဆိုတာတွေကိုဒီကားလေးမှာမြင်ရမှာဖြစ်ပါတယ် File Size : (1 GB) & ( 410 MB)Quality : Web-DL 720pRunning Time : 1 hr 39 minFormat : Mp4Genre : Action , Crime , DramaSubtitle : Myanmar Subtitle (Hard Sub)Translated by PhueEncoded by May Pyae Sone Oo
movie
Destroyer (2018)
2018
7.2
Halloween (2018)
လူတိုင်းလူတိုင်းဟာ ကံကောင်းပြီးမွေးလာကြတာမဟုတ်ပါဘူး အဲ့ထဲမှာ စိတ်ပိုင်းဆိုင်ရာ ချို့ယွင်းပြီး မွေးလာတဲ့ Michael တစ်ယောက်လဲ အပါဝင်ပေါ့ ကလေးဘဝကတည်းက လူသတ်ရတာခုံမင်တဲ့ Michael Halloween ညတွေမှာ စိတ္တဇမျက်နှာဖုံး စွပ်ပြီးလိုက်လံသတ်ဖြတ်ခဲ့တဲ့သွေးအေး လူသတ်သမား Michael လူသတ်မှုှုနဲ့ စိတ္တဇ ဆေးရုံရောက်နေခဲ့တာ နှစ် ၄၀ ရှိနေခဲ့ပြီသူသတ်ဖို့ကြိုးစားခဲ့ တဲ့ Laurie Strode ဆိုတဲ့ကောင်မလေးလဲ ဟယ်ဒန်ဖီလ်း ဆိုတဲ့မြို့မှာ ရှိနေခဲ့တာ နှစ် ၄၀ ကြာမြင့်ခဲ့ပြီ ဒါပေမယ့် နှစ်တွေဘယ်လောက်ကြာကြာ သူတို့နှစ်ယောက်ကြားက အငြိုးတွေကတော့ ဖြိုဖျက်ဖို့ မဖြစ်နိုင်သေးပါဘူး ဒီလိုနဲ့ Halloween ညမတိုင်ခင်မှာမှ တိုက်တိုက်ဆိုင်ဆိုင်ပြန်လွတ်သွားတဲ့ Michael Myers တစ်ယောက်ဘယ်လို ရက်ရက်စက်စက် သတ်ဖြတ်မှုတွေကျူးလွန်မလဲဆိုတာ စိတ် တုန်လှုပ်ခြောက်ခြားစွာ ကြည့်ရှုရမှာပါ ဒီ Halloween ကိုပြောလို့ပြောတာမဟုတ်ဘူး ကျွန်တော်လဲ ရှေ့ကားတွေမကြည့်ဖူးပါဘူး ဒါပေမယ့် အသေချာပြောနိုင်တာက Friday the 13th ကားထဲက Jason Vorhees နဲ့ အတော်လေးဆင်ပါတယ် မသိဘူး သတ်မယ်ဆိုတဲ့သကောင့်သားတွေပေါ့ ဇာတ်လမ်း ကလဲရိုးရိုးရှင်းရှင်းလေး ကြည့်ရတာဘာမှအာရုံနောက်စရာမရှိဘူး Thriller ဖီးလ်လေးကို ခံစားရတာကလွဲလို့ပေါ့ slasher film လို့ပြောထားတဲ့အတိုင်းပဲ အသတ်အဖြတ်အကြမ်းအရမ်းတွေ ဘုံးဘောလအော ထည့်ပေးထားပါတယ် ကိုယ်တိုင်က Friday the 13th တို့ Black Sails တို့ Spartacusတို့လို အသတ်အဖြတ်ကားတွေအကြည့်များလို့လားတော့မသိဘူး :3 ဒီ ...
movie
Halloween (2018)
2018
1
2
Next