Channel Myanmar

Tobias Santelmann

The Arctic Convoy (2023) 6.7
The Arctic Convoy (2023)  ဒီကားကတော့ ဒုတိယကမ္ဘာစစ်အတွင်းမှာ ပင်လယ်ထဲက ဖြစ်ရပ်မှန်လေးကို ရိုက်ပြထားတာပါ ဒုတိယကမ္ဘာစစ်မှာ ဂျာမန်တွေက ဆိုဗီယက်ယူနီယမ်ကို ရုရှားနယ်ထဲထိ လိုက်တိုက်ခိုက်နေစဉ် ဆိုဗီယက်တွေ အတွက်လိုအပ်တဲ့ စစ်လက်နက်တွေထောက်ပံ့ပေးဖို့ နော်ဝေအရပ်သား သင်္ဘောတွေနဲ့ လိုက်ပို့ပေးရပါတယ်။ဒါပေမဲ့ လိုက်ပို့ပေးတဲ့ စစ်အစောင့်အရှောက် သင်္ဘောတွေ ကအကြောင်းတစ်ခုခုကြောင့် ခွဲထွက်သွားပြီး သင်္ဘောတွေလူစုခွဲ လိုက်ရတဲ့အချိန်မှာ ‌သင်္ဘောပေါ်မှာ ဘယ်လိုဖြစ်ကြလဲ ဆိုတာကို ဖြစ်ရပ်မှန်ပေါ် အခြေခံပြီး ရိုက်ပြထားတဲ့ ရုပ်ရှင်ကားလေးပါ။ File size…(1.35 GB)/(700 Mb) Quality….Webrip 1080p / 720p Format… mp4 Duration…. 01:48:00 Genre... Action, Drama, Histroy Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Nikobaby
movie

The Arctic Convoy (2023)

Just Super (2022)
Just Super (2022) ဟက်ဒ်ဝစ်ဟာ ထရိုးမြို့ကလေးမှာ နေထိုင်ပြီး ဂိမ်းဆော့ရတာကို ကြိုက်တဲ့ သာမန်ကောင်မလေးတစ်ယောက်ပါ။ သူတို့မြို့ကလေးမှာ ခေတ်အစဉ်အဆက် မြို့ကလေးကို လုံခြုံအောင် ကာကွယ်ပေးလာတဲ့ စူပါလိုင်းယွန်းဆိုတဲ့ သူရဲကောင်းရှိပါတယ်။ သူဘယ်သူလဲဆိုတာတော့ တစ်မြို့လုံးက မသိရပေမယ့် သူရှိနေရင် မြို့ကလေးက လုံခြုံနေပါတယ်။တကယ်တော့ ဒီသူရဲကောင်းက ဟက်ဒ်ဝစ်ရဲ့ အဖေဖြစ်ပါတယ်။ ဒါပေမဲ့ သူ့အဖေဟာ ဟက်ဒ်ဝစ်ရဲ့ အမေဖြစ်သူကို ဆုံးရှုံးလိုက်ရတဲ့အချိန်မှာ ဟက်ဒ်ဝစ်အပေါ် မနွေးထွေးနိုင်တော့သလို သူတို့ကို မျိုးရိုးစဉ်ဆက် စွမ်းအင်ပေးလာတဲ့ စူပါဝတ်စုံကို လက်ဆင့်ကမ်းဖို့လည်း အတွေးထဲမရှိတော့ပါဘူး။အဲဒီတော့ ဟက်ဒ်ဝစ်အစား အရည်အချင်းရှိတဲ့ သူ့တဝမ်းကွဲအစ်ကို အေဒရီယန်ကို ဝတ်စုံကို လွဲပေးဖို့ လုပ်ပါတော့တယ်။ ဒီတော့ ဟက်ဒဝစ်လေးခမျာ သူ့အဖေကို သူလုပ်နိုင်ကြောင်း သူ့မှာလည်း အရည်အချင်းရှိကြောင်း သက်သေပြဖို့အတွက် ကြိုးစားပါတော့တယ်။ ဒီတော့ သူ့အနေနဲ့ သူ့အဖေကို သက်သေပြနိုင်အောင် ကြိုးစားနိုင်ပါ့မလား၊ ဒီဝတ်စုံကိုရော သူရမှာလား၊ သူ့တဝမ်းကွဲအစ်ကိုကရော ဒီဝတ်စုံနဲ့ တကယ်ထိုက်တန်ရဲ့လားဆိုတာကို ...
movie

Just Super (2022)

In Order of Disappearance (2014) 7.1
In Order of Disappearance (2014)  ဒီဇာတ်ကားဟာ ၂၀၁၄ခုနှစ်ကထွက်ရှိခဲ့တဲ့ ​​နော်​ဝေထုတ်ဇာတ်ကားဖြစ်ပြီး IMDb 7.1နဲ့ RT -86%ရထားတဲ့ ဇာတ်လမ်းပါ။ ဇာတ်လမ်းရဲ့အကျဉ်းကအမြဲတ​စေနှင်း​တွေကျ​နေတဲ့ ​တောင်​ပေါ်မြို့​လေးမှာနှင်းရှင်းစက်​မောင်းတဲ့ အလုပ်နဲ့ ပြည်သူ့သား​ကောင်းဆု ရထားတဲ့ ​နေးလ်ဒစ်မန်းတို့ လင်မယားဟာ တစ်​နေ့မှာ သားဖြစ်သူ အသတ်ခံလိုက်ရတဲ့အတွက် သူတို့သားကို သတ်သွားတဲ့ လက်သည်​တွေကိုစုံစမ်းရင်း နယ်ခံမူးယစ်ဂိုဏ်းရဲ့လက်ချက်ဖြစ်​ကြောင်း သိသွားတဲ့အခါ အဲဒီဂိုဏ်းသား​တွေကို တစ်​ယောက်ချင်း ပြန်လိုက်သတ်ရင်းသားရဲ့​​သွေး​​ကြွေးကို ပြန်ဆပ်ဖို့ကြိုးစားပုံ​တွေကို ကြည့်ရှုရမှာပါ။ File size…1.58GB / 594MB Quality…Blu-Ray 1080p 5.1 CH/ 720p Format…mp4 Duration….1h 56m Genre ….. Action , Comedy , Crime Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by JimX
movie

In Order of Disappearance (2014)

Kon-Tiki(2012) 7.2
Kon-Tiki(2012)  Genre - Adventure, Biography IMDB - 7.2/10 ခင်ဗျားတို့သာ ရေမကူးတတ်ဘူးဆို ပစိဖိတ်သမုဒ္ဒရာထဲ မိုင် ၅ ထောင်ကျော်ကို ဖောင်လေးတစ်စင်းနဲ့ ဖြတ်ကူးရဲလား။ ဒါပေမဲ့ ဒီ သောရ်ဆိုတဲ့ဘဲကြီးကတော့ တကယ်လုပ်ခဲ့တယ်ဗျ။ အဲဒီလိုပြောလို့ စိတ်ကူးယဉ်ဇာတ်လမ်း မထင်နဲ့နော် တကယ်အပြင်မှာ ဖြစ်ပျက်ခဲ့တဲ့ ၁၉၄၇ ခုနှစ်က ဖြစ်ရပ်မှန်ဇာတ်လမ်း။ စူးစမ်းရှာဖွေရေးသမား သောရ်ဟာ ပိုလီနီရှားကကျွန်းတွေကို ၁၀ နှစ်ကြာအောင် ဇနီးဖြစ်သူနဲ့ သုတေသနတွေပြုလုပ်ပြီး စာတမ်းပြုစု နေထိုင်ခဲ့တဲ့လူပေါ့။ သူ အဲဒီမှာ နေထိုင်ရင်း ဒီ ပိုလီနီးရှားဒေသကို ဒေသခံတွေဟာ အာရှဖက်ကနေ ရောက်လာကြတာမဟုတ်ပဲ တောင်အမေရိကဖက်က ရောက်လာကြတယ်ဆိုတာကို ထူးဆန်းစွာနဲ့ သိရှိခဲ့ရတယ်။ ဒီတော့ ဆရာသမားက သူတွေ့ရှိခဲ့တဲ့ သီအိုရီကို လိုက်ပြီး ဖြန့်ဝေနိုင်အောင် ဆက်သွယ်တော့တာပဲ ဒါပေမဲ့ ကံဆိုးချင်တော့ ဘယ်သူမှမယုံကြည်ပဲ သူ့ကို ပရော်ဖက်ဆာတစ်ယောက်က ဒါမျိုး ပြောလိုက်ပါတယ်။ ...
movie

Kon-Tiki(2012)

Point Break (2015) 5.3
Point Break (2015) Point Break (2015)_____IMDb - 5.3/10    လိုင်းဖြတ် သို့တည်းမဟုတ် ကျရှုံးချိန်နေရာတစ်ခု..... မိတ်ဆွေတို့ရဲ့ Point Break ကရော . ဘယ်အချိန်.. ဘယ်နေရာမှာပါလဲ? ဒီဇာတ်လမ်းထဲက ဇာတ်ကောင်တွေရဲ့ Point Break ကတော့..... ဇာတ်လမ်းကတော့ ဘက်စုံကျွမ်း အားကစားသမားဖြစ်တဲ့ ယူတာ့ရှ်တစ်ယောက် FBI ကို ဝင်ဖြစ်ပုံနဲ့ စတင်ထားပါတယ်။ သူရောက်ပြီးနောက်ပိုင်းမှာတော့ စိတ္တဇဆန်ဆန် လုယက်မှုတွေ ပေါ်ပေါက်လာပါတော့တယ်။ ယူတာ့ရှ်ဟာ အမှုသွား အမှုလာတွေကို လေ့လာပြီးတော့ သံသယရှိသူတွေဟာ ဘက်စုံကျွမ်း အားကစားသမားများ ဖြစ်နိုင်ကြောင်း တင်ပြခဲ့ပါတယ်။ အကြောင်းကတော့ အိုဇာကီ ၈ ချက် ဆိုတဲ့ သဘာဝတရားနဲ့ လိုက်လျောညီထွေ နေပေးရင် ထွက်ရပ်ပေါက်မယ်ဆိုတဲ့ အယူဝါဒကြောင့်ပါ။ ဒီလိုကိစ္စတွေကို လုပ်မယ့်သူတွေဟာ ဘက်စုံကျွမ်းအားကစားသမားများပင် ဖြစ်နိုင်ကြောင်း တင်ပြခဲ့ပါတယ်။ ဒါပေမယ့် FBI အထက်တန်းက အဲ့ဒီအယူအဆကို လက်မခံခဲ့ပါဘူး။ တစ်ခုရှိတာကတော့ ယူတာ့ရှ်ရဲ့ ဘော့စ် ဟောလ်က လက်ခံပေးလိုက်တာပါပဲ။ အဲ့ဒီမှာတင် အသွင်ယူစစ်ဆင်ရေးစတာပါပဲခင်ဗျ။ အိုဇာကီ ၈ ချက်ထဲကအတိုင်း ကမ္ဘာ့နေရာ အနှံ့အပြားမှာ စတန့်ပြကွက်တွေ၊ ဒုစရိုက်လုပ်ငန်းတွေကို လုပ်ဆောင်သွားတာတွေကို ရင်သက်ရှုမောဖွယ် ကြည့်ရှုခံစားကြရမှာပါ။ စတန့်ပြကွက်တွေ ဖောဖောသီသီ သုံးထားတဲ့ ...
movie

Point Break (2015)

2015
Hercules (2014) 6.0
Hercules (2014) Hercules (2014)IMDb - 6.0/10_____Rotten - 57%   #ရုပ်ရှင်မိတ်ဆက်ဒီကားကတော့ The Rock ရဲ့ ဇာတ်ကားကောင်းတစ်ကားဖြစ်သလို၊ Hercules ရဲ့ ဇာတ်လမ်းကို မထင်မှတ်ထားတဲ့ ရှုထောင့်ကနေတင်ဆက် ပေးထားတာဖြစ်ပါတယ်။ရှေးပုံပြင်တွေမှာ Hercules က Demi-God ဖြစ်ပြီး Zeus ရဲ့ သားဖြစ်တယ်လို့အာလုံး က လက်ခံထားကြသလို၊ Hercules ကာတွန်းကားကလည်း ဒီအတိုင်းပဲ သရုပ်ဖော်ထားခဲ့ပါတယ်။ ဒီကားကတော့ Hercules ရဲ့ ဂုဏ်သတင်း နဲ့ အားလုံးသိထားတဲ့ ပုံပြင်တွေ၊ စွန့်စားခန်းတွေ က တကယ်တော့ လူတွေ လုပ်ကြံပြောဆိုတာပါဆိုပြီး ရိုက်ကူးခဲ့ပါတယ်။ဇာတ်လမ်းမှာ Hercules ရဲ့ တူဖြစ်သူက ခရီးလှည့်လည်သွားလာရင်းနဲ့ ရောက်လေရာမှာ သူ့ဦးလေးရဲ့ အကြောင်းကို လူတွေ အထင်ကြီး လေးစားလာအောင် ရန်သူတွေ ကြောက်ရွံ့ အောင် ပြောဆိုလေ့ရှိပါတယ်။ Hercules က ခေါင်းသုံးနဲ့ နဂါးကြီးကို ဘယ်လို ရင်ဆိုင်ခဲ့တာ၊ တောဝက်ကြီးကို ဘယ်လို နှိမ်နင်းခဲ့တာ၊ ခြေင်္သေ့ကြီးကို ဘယ်လို ရင်ဆိုင်ခဲ့တာ စသဖြင့် ပုံပြင်တွေ ...
movie

Hercules (2014)

2014