Channel Myanmar

Tobias Jelinek

The Possession of Michael King (2014) 5.7
The Possession of Michael King (2014)  ဒါရိုက်တာ David Jung ရဲ့ လက်ရာဖြစ်တဲ့The Possession of Michael King ဟာဆိုရင်၂၁၁၄ ခုနှစ်မှာ ထွက်ရှိထားတဲ့ အပလောကအကြောင်းမှတ်တမ်းရုပ်ရှင်တစ်ကားပါတယ်ဒီဇာတ်လမ်းမှာဆိုရင် မိုက်ကယ်ကင်းဟာမိန်းမရယ်၊ သမီးလေးရယ်၊ ခွေးလေးတစ်ကောင်ရယ်နဲ့ပြီးပြည့်စုံတဲ့ မိသားစုဘဝကို ပိုင်ဆိုင်ထားသူတစ်ယောက်ပါ။တစ်ရက်မှာတော့ မိန်းမဖြစ်သူ ဆမန်သာဟာ သူယုံကြည်တဲ့ရှေ့ဖြစ်ဟောဆရာ တစ်ယောက်ရဲ့ အကြံကို နားထောင်ပြီးမိသားစုခရီးစဉ်ကို ဖျတ်လိုက်ကာမှ တိုက်တိုက်ဆိုင်ဆိုင်သေဆုံးသွားတဲ့အခါ နကိုကတည်းက ဘာသာမဲ့တစ်ယောက်ဖြစ်တဲ့ မိုက်ကယ်အနေနဲ့ ဒီသဘာဝလွန်ဖြစ်ရပ်တွေ မရှိကြောင်းကို ကိုယ့်ကိုယ်ကိုစတေးခံပြီးသက်သေပြပါတော့တယ်။နောက်ပိုင်းမှာ မိုက်ကယ် မထင်ထားတဲ့ အခြေအနေတွေဆက်တိုက်တွေ့ကြုံရတဲ့အခါမှာ ဘယ်လိုစိတ်ဝင်စားစရာတွေဖြစ်လာမလဲဆိုတာကို ရင်ဖိုဖိုနဲ့ ကြည့်ရှုရမှာပဲဖြစ်ပါတယ်။ File size…1.54GB / 733MB Quality…Blu-Ray 1080p  / 720p Format…mp4 Duration….1h 23m Genre ….. Horror Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Thi Ri
movie

The Possession of Michael King (2014)

The Resurrection of Charles Manson (2023)
The Resurrection of Charles Manson (2023) The Resurrection of Charles Manson (2023)~ Rotten Tomatoes - 78% ~ဒီကားလေးကို တကယ့်အဖြစ်အပျက်အပေါ်မှာ အခြေခံပြီးရိုက်ထားတယ်လို့ပြောလို့ရပါတယ်။ ဘာလို့‌ဆို ချားလ်မေဆန်ဆိုတဲ့သူက ၁၉၆၀ခုနှစ်၀န်းကျင်က အပြင်မှာတကယ်ရှိခဲ့တဲ့သူဖြစ်ပြီး ဇာတ်ကားထဲကအကြောင်းအရာတချို့ကလည်း တကယ်ဖြစ်ပျက်ခဲ့တာတွေ ပါ၀င်တာကြောင့်မလို့ပါ။ဒီချားလ်မေဆန်ဆိုတဲ့ပုဂ္ဂိုလ်က နှယ်နှယ်ရရတော့မဟုတ်ပါဘူး ဘာသာရေးဂိုဏ်းအဖွဲ့တစ်ခုရဲ့ခေါင်းဆောင်ဖြစ်ပြီး နောက်လိုက်တွေက ဂျီးဆပ်ပြန်၀င်စားတယ်လို့တောင်ယုံကြည်ကြတဲ့သူပါ။ သွေးပျက်စရာကတော့ သူ့နောက်လိုက်တချို့က အဲဒီခေတ်က နာမည်ကြီးမင်းသမီး Sharon Tate နဲ့ မိတ်ဆွေတချို့ကို ရက်ရက်စက်စက်သတ်ဖြတ်ခဲ့တာပါ။ ဓါးနဲ့ဆယ့်ခြောက်ချက်လောက်အထိုးခံခဲ့ရတဲ့အပြင် ကြိုးနဲ့ပါ ကြိုးဆွဲချပြီးအသတ်ခံခဲ့ရတဲ့မင်းသမီးဟာ သေဆုံးချိန်မှာ အသက်(၂၆)နှစ်ပဲ ရှိပါသေးတယ်။ဒီကားထဲမှာတော့ ချားလ်မေဆန်ကို အသက်ပြန်သွင်းဖို့ သူ့‌ရဲ့နောက်လိုက်အပေါင်းအပါတွေ ကြိုးစားတဲ့အကြောင်းကို ရိုက်ကူးထားတာပါ။ အားလုံးသိကြတဲ့ မင်းသားကြီး Frank Grillo ပါဝင်ထားပြီး လတ်တလောမှထွက်ရှိထားတဲ့ ဒီ Thriller ဇာတ်ကားလေးကို ကြည့်ရှုခံစားလိုက်ကြပါဦး။(ဒီဇာတ်ကားနဲ့အညွှန်းကို Soe Thiri Swe မှ ပြန်ဆို ရေးသားထားပါတယ်)Size ...
movie

The Resurrection of Charles Manson (2023)

2023
Hocus Pocus (1993) 6.9
Hocus Pocus (1993) အရင်ဆုံးပြောချင်တာက Disney က တင််ဆက်ထားတဲ့ ဒီကားလေးက ကလေးရော လူကြီးပါ အပန်းပြေကြည့်ဖို့ သင့်တော်သလို စာရေးသူအနေနဲ့လည်း witchcraft တွေကို သဘောကျသူမလို့ အတော်လေး ဘ၀င်တွေ့မိပါတယ်ဇာတ်လမ်းအကျဉ်းဟိုး လွန်ခဲ့တဲ့ အနှစ် ၃၀၀ လောက်က ၀င်နီ၊ မယ်ရီနဲ့ ဆာရာဆိုတဲ့ ဆန်ဒါဆင် စုန်းညီမသုံးယောက်ရဲ့ ပုံပြင်လေးတစ်ပုဒ် ရှိသဗျသူတို့ဟာ ငယ်ရွယ်နုပျိုဖို့အတွက် ကလေးတွေရဲ့ ဝိဉာဉ်ကို စုတ်ယူစားသုံးရတယ်။ တစ်နေ့မှာ အမ်မလီဆိုတဲ့ ကလေးမလေးကို ပြုစားပြီး သူ့ရဲ့ ဝိဉာဏ်ကို စုတ်ယူခဲ့ကြတယ်။ အမ်မလီ့ကို ကယ်ဖို့ လိုက်လာတဲ့ အစ်ကိုဖြစ်သူ ဘင်ဇ်ကိုတော့ ကြောင်နက်တစ်ကောင်အဖြစ်နဲ့ ထာ၀ရ နေသွားစေတဲ့ ကျိန်စာတိုက်ပစ်ခဲ့တယ်။ဒီအဖြစ်အပျက်တွေ ဖြစ်တဲ့ နေ့မှာပဲ မြို့သားတွေက စုန်းမ ၃ ယောက်ကို ကွပ်မျက်ခဲ့ကြတယ်။ သို့ပေမဲ့ စုန်းမတွေက အပျိုစင်တစ်ယောက်ရဲ့ ဆင့်ခေါ်မှုနဲ့ သူတို့ တစ်နေ့ပြန်လာမယ်လို့ ကျိန်စာဆိုသွားခဲ့တယ်။သူ့ကို ဘယ်သူမှ မသိတော့တဲ့ သနားစရာ ကြောင်နက်ကြီးကတော့ သူတို့တွေ ပြန်မလာနိုင်အောင် ဆန်ဒါဆင်အိမ်ကြီးကို အမြဲ စောင့်ကြပ်နေခဲ့တယ်တဲ့ဒါကတော့ ...
movie

Hocus Pocus (1993)