Channel Myanmar

Tj Burnett

The Kingdom (2007) 7.0
The Kingdom (2007) The Kingdom (2007) ================ IMDb Rating -  7.0/10 Rating ကောင်းကောင်း Cast ကောင်းကောင်းတွေပါ၀င်တဲ့ ဇာတ်လမ်းကောင်းလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ် ။Jamie Foxx, Jennifer Garner,Jason Bateman တို့ ဦးဆောင် ပါ၀င်ထားပြီး 1996 က ဆော်ဒီအာရေဗီယဗုံးခွဲမှုကို အခြေခံထားတဲ့ ဖြစ်ရပ်မှန်ဖြစ်ပါတယ်။ ဆော်ဒီဆိုတာ ရေနံလောင်စာနဲ့ ချမ်းသာ လာတဲ့ အရှေ့အလယ်ပိုင်း အာရပ်နိုင်ငံဖြစ်ပြီး အနောက်ကမ္ဘာက အမေရိကန်တို့အတွက် မျက်စိကျစရာနေရာတစ်ခုဖြစ်လာပါတယ်။ပထမဆုံး အာရပ်- အမေရိကန် ရေနံကုမ္ပဏိကို တည်ထောင်ခဲ့ပြီး အမေရိကန်က လုပ်သားမိသားစုတွေလည်း ဆော်ဒီကိုပြောင်းလာကြ ပါတယ်။ သူတို့နေထိုင်ဖို့အတွက်သီးခြားရပ်ကွက်လေးတစ်ခုဖန်တီးခဲ့ပြီး အဲ့ဒီကနေ ပြဿနာတွေစဖြစ်လာပါတယ် ။ ဆော်ဒီဘုရင့်နိုင်ငံရေးမှာ အနောက် ကမ္ဘာရဲ့ကြိုးကိုင်မှုကိုမကြိုက်တဲ့ ဝါဟာဘီမူဆလင်တွေဟာ အစွန်းရောက်စစ်သွေးကြွတွေပေါ်လာခဲ့ပြီး အဲ့ထဲမှာမှ အိုစမာဘင်လာဒင် တို့လည်း အပါအ၀င်ဖြစ်ပါတယ်။ဒီလိုတင်းမာမှုအကြားက အမေရိကန်ရပ်၀န်းကို ဗုံးခွဲတိုက်ခိုက်မှုတစ်ခု ဖြစ်ပြီး အက်ဖီအိုင်အေးဂျင့် ဖလာရီတို့ဦးဆောင်တဲ့အဖွဲ့က ဆော်ဒီကို လာရောက်ဖြေရှင်းတဲ့ ဇာတ်လမ်းကောင်း မှတ်တမ်းရုပ်ရှင်တစ်ခုကို ကြည့်ရှုရမှာပါ။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ Thiha Yan Naing ဖြစ်ပါတယ်) File Size..........(2.33 GB) / (1.0 GB) ...
movie

The Kingdom (2007)

2007