Channel Myanmar

TJ

Funny Couple (2024) 6.3
Funny Couple (2024)  Funny Couple (2024) Pasutri Gaje ********************************* သိပ်မကြာသေးခင်ကတင် အသစ်ထွက်ထားတဲ့အင်ဒိုမိသားစုဟာသကားလေးနဲ့မိတ်ဆက်ပေးပါစေ.ဒီကားလေးတော့ နာမည်ကြီး webtoon တစ်ခုဖြစ်တဲ့Pasutri Gaje ကိုဇာတ်ကားအနေနဲ့အသက်သွင်းထားတာလည်းဖြစ်ပါတယ်ဇာတ်လမ်းပုံစံလေးကတော့ အဒီးမတ်စ်နဲ့ အဒီလီယာဆိုတဲ့ကြင်စဦးဇနီမောင်နှံနှစ်ယောက် တစ်ဦးထံတစ်ဦးကိုချစ်ပြီးချစ်ဇာတ်ကြောင်းတွေကို ရယ်ရမြူးရစေတဲ့ ဇာတ်လမ်းလေးပါဒါပေမယ့် လင်မယားနှစ်ဦးကိုပတ်ဝန်းကျင်က ကလေးယူဖို့အတွက် ဖိအားတွေပေးလာတဲ့အချိန်မှာဖြစ်ပေါ်လာတဲ့အခါမှာတော့…………….မိသားစု ဟာသကားလေးတင်မဟုတ်ပဲ အင်ဒိုတွေရဲ့ယဉ်ကျေးမှုပတ်ဝန်းကျင်ကိုလည်းတွေ့မြင်ရမှာဖြစ်ပြီးမြန်မာပရိတ်သတ်တွေအကြိုက်ဆုံးပွဲတော်တစ်ခုကိုလည်းဇာတ်ကားထဲမှာတွေ့မြင်ရမှာပါဒီခေတ်ကြီးထဲ အမောပြေစေတဲ့ အချစ်ရေးနဲ့ပတ်သတ်ရင်healing ဖြစ်စေမဲ့ ဇာတ်ကားလေးတစ်ကားကြည့်ချင်ရင်တော့ဒီကားလေးကိုမလွတ်တမ်းကြည့်ဖို့ ညွန်းလိုက်ရပါတယ်.. File size…1.74GB / 898MB Quality…NF WEB-DL 1080p 5.1CH / 720p Format…mp4 Duration….1h 49m Genre ….. Comedy , Drama , Romance Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Aung Khant Paing
movie

Funny Couple (2024)

Srimulat: Hil Yang Mustahal – Babak Pertama (2022) 6.9
Srimulat: Hil Yang Mustahal – Babak Pertama (2022) Srimulat: Hil Yang Mustahal – Babak Pertama (2022)အခုတင်ဆက်ပေးမယ့်ကားလေးကတော့ ဒုတိယကမ္ဘာစစ်အပြီး နာမည်ကြီးခဲ့တဲ့ အင်ဒိုနီးရှား လူရွှင်တော်အဖွဲ့ ဆရီမူလတ်အဖွဲ့ရဲ့ အစောပိုင်းနေ့ရက်တွေအကြောင်းကို ရိုက်ကူးပြထားတာပဲဖြစ်ပါတယ် ဒီအဖွဲ့ကို တက်ဂ်ရာဟာဂျိုကနေပြီးတော့ သူ့ဇနီး ဆရီမူလတ်ကို အမှတ်တရအဖြစ်နဲ့ ဖွဲ့စည်းထားတာပဲဖြစ်ပါတယ်.... စစ်ပြီးကာလ အင်ဒိုနီးရှားမှာ စားဝတ်နေရေးကျပ်တည်း ရုန်းကန်နေရအချိန်မှာ ဆရီမူလတ်တို့လို ဖျော်ဖြေရေးအဖွဲ့တွေကို နိုင်ငံတော်အစီအစဉ်နဲ့ ရုပ်သံကနေတင်ဆက်ပြီးတော့ ပြည်သူတွေကို ဖျော်ဖြေပေးဖို့ ဂျကာတာကို ဖိတ်လိုက်ပါတယ် ပျော်ပျော်နေတတ်တဲ့ ဆရီမူလတ်အဖွဲ့သားတွေ ဂျကာတာရောက်လာတဲ့အခါမှာ တောသားမြို့တက်လေးတွေ ဘယ်လိုတလွဲတွေလုပ်ကြမှာလဲ အဆင်ပြေပြေနေနိုင်ဖို့ရော ဘယ်လိုလုပ်ကြမလဲ သူတို့လူရွှင်တော်အဖွဲ့ကြီးရော အောင်မြင်မှာလားဆိုတာ ကြည့်ရမှာပါပဲ.... ဟာသ ဒရမ်မာ အချိုးကျကျပေါင်းစပ်ထားတဲ့ အတ္တုပတ္ထိကားလေးမို့ အာရှကားကြိုက်တဲ့ပရိသတ်တွေအတွက်အကြိုက်တွေ့မယ့်ကားလေးပါပဲ နောက်ဆက်တွဲ အပိုင်း ၂ လေးလည်း ရှိသေးတာမို့ စောင့်မျှော်အားပေးကြပါဦးအညွှန်း နဲ့ ဘာသာပြန်ကတော့ Sai Thurein Lynn ပဲ ဖြစ်ပါတယ်။Genre..... Biography, Comedy, Drama Quality…. 1080p | 720p File size… 1.4GB | 773MB Format… mp4 Duration…. 1h 50min Subtitle…. Myanmar ...
movie

Srimulat: Hil Yang Mustahal – Babak Pertama (2022)

2022
Melodate (2024)
Melodate (2024) Melodate (2024)ကျွန်တော်တို့ ငယ်ငယ်တုန်းကတော့ အဆောင်နေဘော်ဒါ တက်တဲ့သူနဲ့ မြို့ထဲကနေ ကျုရှင်တတ်တဲ့သူဆိုပြီး ဆယ်တန်းဘဝမှာ ကျောင်းသားနှစ်မျိုးရှိခဲ့တာပေါ့။ အဆောင်နေတဲ့သူတွေကတော့ မိဘကထိန်းရတာ လက်လန်လို့ ဆရာတို့ပဲထိန်းတော့ဆိုပြီး ဘော်ဒါအပ်ခံရတဲ့သူနဲ့ နယ်ဝေးကနေလာပြီး ကျောင်းတက်ရလို့ အဆောင်နေတဲ့သူ နှစ်မျိူးကွဲတာပေါ့။ ကိုယ်တွေကတော့ ပထမတန်းစားထဲကပေါ့ အိမ်မှာလဲ မိဘကမနိုင် အဆောင်ရောက်တော့လဲ အဆောင်မှူးကို မွေလိုက် ဂိုက်ဆရာမတွေကို စလိုက်နဲ့ ဗရုတ်သုတ်ခကောင်တွေပေါ့။ ဒီလိုအဆောင်နေအဆောင်စား ကျောင်းသားဘဝလေးကလဲ တစ်မျိုးတော့ လွမ်းချင်စရာပါပဲ။ ခုဇာတ်ကားလေးကလဲ အင်ဒိုကနေ ရိုက်ထားတဲ့ Family Drama ဇာတ်ကားလေးဖြစ်ပြီးတော့ ဒီလိုအဆောင်နေကျောင်းသားဘဝအကြောင်းလေးကို ပျော်ရွှင်စရာ လွမ်းမောစရာကောင်းအောင် ရိုက်ကူးထားတဲ့ ဇာတ်မြူးကားလေးပဲဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်းလေးကတော့ မင်းသမီးက အော်ကြောလန် အဖေဖြစ်သူက လန်ဒန်ထိပို့ထားတာတောင် အိမ်ပြန်လာပြီး သောင်းကျန်းတဲ့ကျောင်းသူ နောက်ဆုံးတော့ အဖေဖြစ်သူလဲ မနိုင်တော့တာနဲ့ ဂျာကာတာမြို့က စည်းကမ်းအကြပ်ဆုံး အဆောင်မှာနေဖို့ သမီးဖြစ်သူကိုလွှတ်လိုက်ပါတယ်။ ဒါပေမဲ့ နဂိုကတည်းက ခြေထောက်မှာဗွေပါတဲ့သူက ထိပ်တုံးခေတ်ထားရင်တောင် ထိပ်တုံးမပြီး လျှောက်လည်တဲ့သူဆိုတော့ သမီးဖြစ်သူက အဆောင်မှာပါ ဇာတိပြပါလေရော။ အဆောင်က စည်းကမ်းတွေလိုက်ဖောက်နေရာကနေ အဆောင်မှူးဆရာမကြီးရဲ့ သားဖြစ်သူနဲ့တွေ့ဆုံမိတဲ့အခါမှာတော့ ဆရာမကြီးကိုပဲ သူ့ဘက်ပါအောင် စည်းရုံးနိုင်မလား သူပဲ စည်းကမ်းတွေကို လက်လျော့ပြီး လိုက်နာနိုင်မလာဆိုတာ ဇာတ်လမ်းမြုးမြုးလေးနဲ့ ကြည့်ရှုအားပေးလိုက်ကြပါဦး ...
movie

Melodate (2024)

2024
Why Do You Love Me (2023) 5.8
Why Do You Love Me (2023) Why Do You Love Me (2023) "ဘာလို့ချစ်တာလဲ"IMDb - 5.8/10လူ့အခွင့်အရေးဆိုတာ လူတိုင်းရဖို့ထိုက်တန်တယ်ဆိုရင် မသန်စွမ်းတဲ့သူတွေမှာလည်း အိမ်ထောင်ရေးသုခဆိုတဲ့အရာကိုရဖို့ ထိုက်တန်တယ်မဟုတ်ဘူးလားတဲ့။ ဒီအတွေးကို ပထမဆုံးချပြရင်း အကောင်အထည်‌ဖော်ခဲ့တဲ့သူကတော့ Asta Anthony Philpotဆိုတဲ့ အမေရိကန်နိုင်ငံသားproducerပေါ့။ ကိုယ်တိုင် physical disabilityရှိသူတစ်ယောက်အနေနဲ့ မသန်စွမ်းတွေအတွက်လည်း အခကြေးငွေပေးပြီး ပျော်ပါးတဲ့ဝန်ဆောင်မှုမျိုးရသင့်တယ်လို့ ချပြခဲ့သူပေါ့။ Asta Philpotကို အကြောင်းပြုလို့ Come as you areတို့ Hasta La Vista တို့လို ရုပ်ရှင်တွေရိုက်ဖြစ်သွားပြီး အခုတစ်ခါတင်ဆက်ပေးမှာကတော့ Hasta La Vista ရဲ့ အင်ဒိုremakeလေးပါ။နိစ္စဓူဝ ကိစ္စအဝဝကို မိဘကိုအားကိုးရင်းနေရတဲ့ မသန်စွမ်း ၃ ယောက်ဖြစ်တဲ့ ဒန်တွန် ဘာစ်ကာရာနဲ့ မီကိုတို့အတွက်တော့ ချစ်သူဆိုတဲ့အရာက မူးလို့တောင်ရှူစရာမရှိပါဘူး။ ဒီပုံစံအတိုင်း အမေအဖေတွေနဲ့ ဆက်နေနေရင်တော့ နှစ်တစ်ထောင်အက်ဖ်အေဘဝက ကျွတ်ဖို့လွတ်ဖို့ကလည်းမရှိတဲ့ လူပျိုစစ်စစ် ရေမရောဘဝနဲ့ ...
movie

Why Do You Love Me (2023)

2023
Dilan 1991 (2019) 6.5
Dilan 1991 (2019) Dilan 1991(2019)IMDb~ 6.5/10အင်ဒိုနီးရှားနိုင်ငံရဲ့ ရိုမန့်တစ်အဆန်ဆုံး အချစ်ဇာတ်လမ်းလို့ ပြောလိုက်ရင် စာရေးဆရာ Pidi Baiq ရဲ့ Dilan စီးရီးက မပါမဖြစ်ပါDilan 1990(2018)၊ Dilan 1991(2019) နဲ့ Milae(2020) ဆိုပြီး ဇာတ်ကား သုံးကား ထွက်ရှိထားပါတယ်အခု တင်ဆက်ပေးမှာကတော့ 2019 မှာ ထွက်ခဲ့တဲ့ Dilan 1991 ပဲ ဖြစ်ပါတယ် (ကျန်တဲ့ နှစ်ကားကိုလည်း CM မှာ ဝင်ရောက်ကြည့်ရှူနိုင်ပါတယ်)ဒါကတော့ Dilan 1990 (2018) ပါ https://channelmyanmar.to/dilan-1990-2018/ဒါကတော့ Milae (2020) ပါ https://channelmyanmar.to/milea-2020/Dilan 1990(2018) မှာတုန်းက ဒီလန် နဲ့ မီလယ်ရာတို့ ချစ်သူတွေ ဖြစ်သွားခဲ့ကြပါတယ်ချစ်သူတွေဖြစ်ပြီးတဲ့နောက် ပေပေတေတေနေတတ်တဲ့ ဆိုင်ကယ်ဂန်းစတားလေး ဒီလန် နဲ့ ဆိုင်ကယ်အဖွဲ့နဲ့ မပတ်သက်စေချင်တဲ့ မီလယ်ရာတို့အကြား ပဋိပက္ခတွေ၊ အထင်အမြင်လွဲမှားမှုတွေ ပေါ်ပေါက်လာပါတော့တယ်အဲဒီပဋိပက္ခတွေ ကြားထဲမှာ ဒီလန် နဲ့ မီလယ်ရာတို့ ချစ်ခြင်းမေတ္တာကို ဆက်လက် ပုံဖော်နိုင်ပါ့မလားဆိုတာကတော့....အချစ်ဇာတ်လမ်းကောင်းကောင်းလေးတွေကို ...
movie

Dilan 1991 (2019)

2019
Si Manis Jembatan Ancol 5.8
Si Manis Jembatan Ancol Bloodlust Beauty (2019) အင်ဒိုနီးရှားသရဲကားလေးတစ်ပုဒ်ကို တင်ဆက်ပေးလိုက်ပါတယ် ဒီဇာတ်ကားလေးက သရဲကားဆိုပေမယ့် တစ်ချို့နေရာလေးတွေမှာ ဟာသလေးတွေကိုလည်း ထည့်ရိုက်ပေးထားပါတယ် ဒါပေမယ့် လည်း Horror ဇာတ်လမ်းတစ်ပုဒ်ရဲ့ ရသကတော့ပျောက်မသွားပါဘူး ဇာတ်ကြောင်းလေးကတော့ စီးပွားရေးလုပ်ငန်းရှင်တစ်ဦးဟာ သူ့လုပ်ငန်းမှာရင်းနှီးမြုပ်နှံဖို့အတွက် အကြွေးရှင်တွေဆီက ငွေတွေကိုချေး ခဲ့ပါတယ် ကံမကောင်းစွာနဲ့ပဲ သူ့ရဲ့လုပ်ငန်းဟာ မအောင်မြင်ဘဲဖျက်သိမ်းခံလိုက်ရပါတယ် အကြွေးရှင်တွေကသူတို့ရဲ့ ပိုက်ဆံပြန်ရဖို့ အတွက် သူ့ရဲ့မိန်းမနဲ့တခြားလူတစ်ယောက်ကိုပါ ဓားစာခံအဖြစ်ခေါ်သွားပါတယ် သို့ပေမယ့် နောက်တော့ လူယုတ်မှာတွေရဲ့ထုံးစံအတိုင်း ကောင်မလေးကို အဓမ္မကျင့်ပြီး မြစ်ထဲကိုပစ်ချလိုက်ပါတော့တယ်…….. အဲ့ဒီလိုတွေဖြစ်ပျက်ခဲ့ပြီးနောက် လူတွေက အငြိုးကြီးနေတဲ့ကောင်မလေးရဲ့ဝိညာဉ်ကို မကြာခဏတွေ့လာရတဲ့အခါမှာတော့…… တကယ်ကိုကြည့်ရတာ အဆင်ပြေတဲ့ သရဲကားလေးမို့ ကြည့်ဖြစ်အောင်ကြည့်ကြဖို့ထပ်ပြီးတိုက်တွန်းလိုက်ရပါတယ် ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Thet Hnin Hsu ပါ Translator : Thet Hnin Hsu Encoder : Thit San Khant Quality :720p Size : 846MB
movie

Si Manis Jembatan Ancol

2019