Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Tiriel Mora
Queen of the Damned (2002)
Vampire ကြိုက်သူတွေအတွက်British Vampire ဇာတ်ကားလေးပါတစ်ချိန်ကအင်အားကြီးခဲ့တဲ့ Vampire လက်စတတ်ဟာ နှစ်ပေါင်းများစွာအိပ်ပျော်နေရာကနေ ဂီတသံတွေကြောင့်နိုးထလာခဲ့တယ် သူဟာ သွေးစုပ်ဖုတ်ကောင်တို့သဘာဝ အမှောင်ရိပ်ထဲမှာပဲမရှင်သန်ချင်သူ လူတွေနဲ့ယှဥ်တွဲပြီး ဝါသနာကြီးခဲ့တဲ့ဂီတကို ထုတ်ဖော်ပြချင်သူ မျိုးနွယ်စုရဲ့စည်းမျဥ်းတွေကိုချိုးဖောက်ပြီး လူရှေ့ရုပ်လုံးထွက်ပြ သူ့ဝေဒနာတွေကို ဂီတနဲ့ဖောက်ခွဲပစ်တဲ့အခါ.....တစ်ချိန်ကကမ္ဘာမှာအင်အားအကြီးဆုံးအရက်စက်ဆုံး Vampireတွေရဲ့ထိပ်ခေါင်ဘုရင်မကြီး အကာရှာရုပ်ထုကိုအသက်ဝင်လာအောင် သူ့ဂီတက နှိုးလိုက်တဲ့နောက်မှာတော့ ဘာတွေဆက်ဖြစ်သွားမလဲဆိုတာ ကိုယ်တိုင်ပဲခံစားကြည့်ရှုလိုက်ကြပါနော်..... File size…(1.3 GB)/(705 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:18:00 Genre...Fantasy, Horror, Romance Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Shwe Eain Si
movie
Queen of the Damned (2002)
7.8
The Appleton Ladies’ Potato Race (2023)
ဒီကားလေးကတော့အဓိကအားဖြင့် အခုခေတ်မှာအမြဲမြင်တွေ့နေရတဲ့Gender Equality ဆိုတဲ့ကျားမမခွဲခြားပဲတန်းတူဆက်ဆံခြင်းအကြောင်းကို အဓိကထားရိုက်ကူးထားတာပဲဖြစ်ပါတယ်။ ဒါကိုသဘောမကျတဲ့သူတွေလဲ ဒီဇတ်ကားလေးကိုကြည့်ပြီးတွေးစရာအတွေးလေးတွေကျန်ခဲ့မယ်လို့ထင်ပါတယ်။ ဇာတ်လမ်းအကျဉ်းချုပ်လေးကတော့ပန်နီဆိုတဲ့ဆရာဝန်မလေးတစ်ယောက်ကသူလက်ရှိနေထိုင်နေတဲ့ဆစ်ဒနီမြို့ကြီးကိုထားခဲ့ပြီးတော့ သူ့မိသားစုရှိရာနယ်မြို့လေးဖြစ်တဲ့ အက်ပဲလ်တန်ကိုပြန်လာခဲ့ပါတော့တယ်။သူပြန်လာပြီးသိပ်မကြာခင်မှာပဲသူတို့ရဲ့အက်ပဲလ်တန်မြို့မှာ နှစ်စဉ်ကျင်းပနေကျဖြစ်တဲ့အာလူးထမ်းအပြေးပြိုင်ပွဲလဲကျင်းပတော့မှာပဲဖြစ်ပါတယ်။ဒါပေမယ့်တစ်ခုပြဿနာရှိတာကအဲ့ဒီအပြေးပြိုင်ပွဲမှာယောက်ျားတွေပြိုင်ပွဲမှာရတဲ့ဆုကြေးကဒေါ်လာနှစ်ထောင်ဖြစ်ပြီးအမျိုးသမီးတွေရတဲ့ဆုကြေးကတော့ ဒေါ်လာနှစ်ရာပဲဖြစ်နေတာဖြစ်ပါတယ်။အဲ့ဒီကိစ္စကိုပန်နီရဲ့ညီမဖြစ်သူ ဆယ်နှစ်ဆက်တိုက်အာလူးထမ်းအပြေးပြိုင်ပွဲချန်ပီယံဖြစ်ထားတဲ့နစ်ကီအပြင်မြို့ကတခြားလူတွေကလဲဘာမှမပြောကြပေမဲ့မြို့ကြီးပြကြီးမှာနေလာတဲ့ပန်နီတစ်ယောက်အတွက်ဒါကစိတ်ခုစရာဖြစ်နေပါတော့တယ်။ဒီလိုနဲ့အမျိုးသားဆုကြေးနဲ့အမျိုးသမီးဆုကြေးတန်းတူရဖို့အတွက်ပန်နီတစ်ယောက်တည်းအများနဲ့တစ်ယောက်တိုက်ခိုက်ရင်းကြိုးစားခဲ့ပြီးနောက်မှာဘယ်လိုဇာတ်သိမ်းမျိုးနဲ့ကြုံတွေ့ရမလဲဆိုတာကို စိတ်ဝင်စားစွာနဲ့ကြည့်ရှုရမဲ့ဇာတ်ကားလေးပဲဖြစ်ပါတယ်။ File size…1.92GB / 817MB Quality…Blu-Ray 1080p / 720p Format…mp4 Duration….1h 36m Genre ….. Drama , Comedy Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Saw Lay
movie
The Appleton Ladies’ Potato Race (2023)
7.2
King Kong (2005)
King Kong (2005)~ IMDb - 7.2/10, Rotten Tomatoes - 84% ~Directed By "Peter Jackson"" It was Beauty killed the Beast. "ခြင်္သေ့နဲ့ ဘယ်လိုတိုက်တိုက် ဘီလူးနဲ့ ဘယ်လိုကိုက်ကိုက် ချစ်မိသူလောက်တော့ ဘယ်သူမှ လူမိုက်မမည်တဲ့။ အဲဒီခေတ်က နယူးယောက်ရဲ့ အမြင့်ဆုံးအဆောက်အဦးဖြစ်ခဲ့တဲ့ အင်ပါယာစတိတ်ပေါ် တက်ကြဲခဲ့တဲ့ အသိဉာဏ်အရှိဆုံး တိရိစ္ဆာန်ဘဝကနေ အမိုက်မဲဆုံးကောင်ဖြစ်သွားတဲ့ ကင်းကောင်ကြီးကို မသိတဲ့သူလည်းမရှိလောက်ဘူး။ အသိဉာဏ်ရှိနေလို့ပဲ အရူးမိုက်ဆုံးဖြစ်ခဲ့သလား မသိနိုင်ပေမဲ့ ထင်သာမြင်သာအရှိဆုံး အဆောက်အဦးပေါ်တက် ကျည်ချက်ပေါင်းများစွာခံရင်း ၁၀၂ထပ်အမြင့်ကနေ ထိုးဆင်းသွားခဲ့တယ်။နယူးယောက်ရဲ့ကြမ်းပြင်မှာ အသက်မဲ့နေတဲ့ ကင်းကောင်ကြီးကို ကြည့်ပြီး "ဘာလို့ ဒီကောင် ဟိုးထိပ်ထိတက်ပြီး ချောင်ပိတ်မိခံလိုက်တာလဲ သူ့အန္တရာယ်သူမသိဘဲတော့မနေလောက်ဘူး" လို့ လူတစ်ယောက်က ပြောတယ်။ ဘေးကလူရဲ့အဖြေကတော့ "ဦးနှောက်မရှိတဲ့တိရိစ္ဆာန်ကြီးပဲကိုကွာ ဘာသိမှာလဲ" တဲ့။ ...
movie
King Kong (2005)
2005
4K HEVC
7.7
Harmony (2019)
စကြာဝဠာကြီးထဲမှာ စိတ်ခံစားချက်နှစ်ခုပဲရှိတယ်အဲ့ဒါကတော့ ချစ်စိတ်နဲ့ ကြောက်စိတ်တဲ့ အဲ့ဒီခံစားချက်၂ခုဟာ သိပ်ကို ပြင်းထန်လွန်းတဲ့အတွက် အရာရာတိုင်းကို ချည်နှောင်ထားတယ်တဲ့ဟာမိုနီလို့ခေါ်တဲ့ ကောင်မလေးဟာ မွေးကတည်းက သူ့ပတ်ဝန်းကျင်မှာ ရှိတဲ့ အပျက်တရားဖြစ်တဲ့ ကြောက်ရွံခြင်းစိတ်ကို ခံစားသိရှိသူတစ်ဦးပါ။ဒါ့အပြင် သူထိလိုက်တဲ့လူရဲ့ ကြောက်ရွံခြင်းစိတ်ကို စုပ်ယူနိုင်စွမ်းလဲရှိပါတယ်။သူဟာ ဒုက္ခရောက်နေသူတွေဆီက ကြောက်ရွံခြင်းစိတ်ကို စုပ်ယူပြီး ကူညီပေးနေသူတစ်ဦးဖြစ်ပါတယ်။တစ်နေ့ ဟာမိုနီ ဟာ ကိုယ့်ကိုယ်ကို သတ်သေတော့မယ်အမျိုးသမီးကို ကူညီပေးရင်း အဲ့ဒီအမျိုးသမီးက ဟာမိုနီကို အရမ်းခင်မင်သွားပါတော့တယ်။အဲ့ဒါကပဲ ဟာမိုနီ ဆိုတဲ့ ကောင်မလေးနဲ့ မေဆင် ဆိုတဲ့ကောင်လေးတို့ တွေ့ဖို့ အကြောင်းဖြစ်လာတော့တာပဲ။မေဆင်ဆိုတဲ့ကောင်လေးကတော့ တစ်ခန်းလွတ်နေတယ်လို့ ပြောရလောက်တဲ့ ခပ်ကြောင်ကြောင်ကောင်လေးပါ။သူ့မှာ အထူးအဆန်းမေးခွန်းတွေ အများကြီးရှိတယ် အချစ်ဆိုတာ ဘာလဲတို့ အချစ်ဆိုတာ ထင်ယောင်ထင်မှားအရာလား ဆိုတဲ့ ဂေါက်တောက်တောက် မေးခွန်းတွေပေါ့။ပါတီပွဲတစ်ခုမှာ ဟာမိုနီ ...
movie
Harmony (2019)
2019
6.4
Happy Feet (2006)
Happy Feet (2006) Won 1 Oscar. Another 19 wins & 26 nominations IMDb - 6.4/10_____Rotten - 76% Happy Feet ကို 90Kids တွေ မှတ်မိအုံးမှာပါ သီချင်းမဆိုတက်ပေမယ့် အက ကျွမ်းကျင်တဲ့ ပင်ဂွင်း ငှက်ကလေး ရဲ့ စွန့်စားခန်း ခရီးစဉ်တစ်ခုကိုပေါ့ ဒီ Animation ရုပ်ရှင်ဟာ လူတော်တော်များများကို သဘာ၀ ပတ်ဝန်းကျင် ထိန်းသိမ်းရေး နဲ့ ပတ်သက်ပြီး အသိပညာတွေ ပေးပါတယ် ကျနော် ကိုယ်တိုင် ဒီဇတ်ကားရဲ့ နောက်ဆုံးတစ်နေရာမှာ ရင်ထဲ ဆို့နင့်ပြီး မျက်ရည်ကျလောက်အောင် ဝမ်းသာမိဖူးတယ် (ငယ်ငယ်တုန်းကပါ) :D ဇတ်လမ်းလေး အစ မှာတော့ ပင်ဂွင်းတွေ ဟာ ဖူးစာဖက် ရရှိဖို့ သီချင်းအဆိုကောင်းရပါတယ် ပင်ဂွင်းမ ကို ပိုးပန်းဖို့ ပင်ဂွင်းအထီးတွေက သီချင်းဆိုပြရတယ် မကြိုက်ရင် ပင်ဂွင်းမ ချေတာ ခံရမှာ ဖြစ်ပြီး အသံ ပါဝါ ကောင်းကောင်း နဲ့ ခံစားချက် ကောင်းကောင်းနဲ့ ညို့ငင်စွာ သီချင်းဆိုတက်တဲ့ ဘဲကြီး (ပင်ဂွင်းအထီး) တွေကတော့ စော်ကြည်ဘဲ တွေပါပဲ.... ဒီလိုနဲ့ နာမည်ကျော် အဆိုကောင်း အသံကောင်းတဲ့ ပင်ဂွင်း အထီး နဲ့ ...
movie
Happy Feet (2006)
2006
6.4
OtherLife (2017)
2017 မှာထွက်ရှိလာတဲ့ Otherlife ဆိုတဲ့ကားလေးကို သိပ္ပံအက်ရှင်ကားတွေနှစ်သက်တဲ့ပရိသတ်ကြီးအဖို့တင်ဆက်ပေးလိုက်ပါတယ်။ဒီဇာတ်လမ်းလေး အကျဉ်းကတော့ Ran Amari ဆိုတဲ့ သိပ္ပံပညာရှင်မလေးက otherlife ဆိုတဲ့ အရာတစ်ခုကို တီထွင်လိုက်နိုင်ပါတယ်။အဲ့ဒီအရာက တကယ်ဖြစ်တည်နေတဲ့မှတ်ဉာဏ်တွေကို အချိန်နဲ့တစ်ကွဖန်တီးပေးနိုင်တဲ့အရာတစ်မျိုးပါပဲ။အဲ့ဒီအရာကို အများပြည်သူကိုထုတ်ပြဖို့စမ်းသပ်စစ်ဆေးနေတုန်းမှာပဲ အစိုးရက အဲ့တာကိုအကျဉ်းထောင်တွေမှာအသုံးချဖို့ ကြိုးစားနေကြောင်းသိလာရတဲ့အခါ သူမဘယ်လိုရွေးချယ်မလဲ။ကိုးမားဖြစ်နေတဲ့သူမရဲ့ အကိုအတွက်ရောသူဘာရွေးချယ်မလဲဆိုတာစိတ်ဝင်စားစရာပါ။သိပ္ပံဇာတ်လမ်းအလန်းတွေကို ကြိုက်တဲ့ပရိသတ်တွေကြည့်ရှု့သင့်တဲ့ ရိုက်ချက်အလန်းတွေနဲ့ကားတစ်ကားပါ။Imdb ကလဲ6.4/10 ရရှိထားပါတယ်Qty - 720p Web dlDuration - 1hr 36minGern - Sci-Fi/ Mystery / CrimeSubtitle - Myanmar HardsubTranslator - Mie MieEncoder - Kyaw Ye Aung
movie
OtherLife (2017)
2017
4.4
My Pet Dinosaur (2017)
2017 ထွက် မိသားစုနဲ့ အတူတူကြည့်ဖို့ ဇာတ်လမ်းကောင်းလေးတစ်ပုဒ် CM က တင်ဆက်ပေးလိုက်ပါတယ်။အိမ်မွေးတိရိစ္ဆာန်လေးတွေ မွေးဖူးကြလား။လူတော်တော်များများကတော့ တိရိစ္ဆာန်လေးတွေကို ချစ်တတ်ကြပါတယ်။တစ်ချို့ ကြောင်လေးတွေ မွေးကြတယ်။တစ်ချို့က ခွေးလေးတွေပေါ့။ တစ်ချို့ ပိုက်ဆံချမ်းသာတဲ့ ဒူဘိုင်းမှာဆို ကျားတွေခြသေ့င်္တွေတောင် အိမ်မွေးတိရိစ္ဆာန်အဖြစ် မွေးကြတယ်လို့ ကြားဖူးပါတယ်။ဘာပဲပြောပြော အိမ်မွေးတိရိစ္ဆာန်တွေ အရမ်းကိုချစ်စရာကောင်းပြီး သူတို့ရှိနေတာ အပျင်းပြေပြီး စိတ်ကြည်နူးစရာကောင်းသလို သူတိုရဲ့ ဆော့တဲ့ဒဏ် ဖွတဲ့ဒဏ် ကုတ်ခြစ်တဲ့ဒဏ် အစရှိသဖြင့် မရိုးနိုင်အောင် မွေးဖူးသူတိုင်း ခံစားကြရပါတယ်။အခု ဒီကားထဲမှာ ဒိုင်နိုဆောလေးကို အိမ်မွေးတိရိစ္ဆာန်လို မွေးထားတယ်။ ဘယ်လိုများ ရပါလိမ့်နော်။ မြို့ငယ်လေးတစ်မြို့မှာ စစ်တပ်က ဇီဝမျိုးစိတ်ကွဲတွေကို တောထဲမှာ လျှို့ဝှက်သုတေသနလုပ်နေကြတယ်။ ဒါပေမယ့် သူတို့ဒါကို အောင်မြင်အောင်မလုပ်နိုင်ကြသေးဘူး။သူတို့မှာ သုသေတနအတွက် ဒရုန်းယာဉ်ငယ်လေးတွေပြီး မြို့ပေါ်ကိုဖြတ်သန်းမောင်းနှင် တတ်ကြတယ်။မြို့ထဲကလူတွေကတော့ ဒီဒရုန်းကို UFO အာကာသယာဉ်လိုပြောနေကြပြီး ...
movie
My Pet Dinosaur (2017)
2017