Channel Myanmar

Tina Lifford

Hostage (2005) 6.5
Hostage (2005) ဒီကားကတော့ မင်းသားကြီး Bruce Willis ကို နာမည်ကြီး လာစေတဲ့ ကားတွေထဲက တစ်ကားပါပဲဒီကားထဲမှာလည်း သူရဲ့ သရုပ်ဆောင်နေကျ ဇာတ်ကောင်အတိုင်း အမှု့စစ်ရဲအရာရှိဟောင်း တစ်ယောက် အဖြစ်ပါ၀င်ထားပါတယ်ဇာတ်လမ်းကတော့ မိသားစုတစ်စု ဓားစာခံအဖြစ် ဖမ်းဆီးခံရပြီး သူကိုယ်တိုင်က ရဲမှုးဟောင်းဆိုတော့ အရှုပ်အရှင်းကြားထဲ ၀င်ပါမိတာပေါ ့အဲ့ကနေ ဇာတ်လမ်းစတာပါပဲ... သူ့မိသားစုကိုပါ လူဆိုးတွေက ပြန်ပေးဆွဲသွားတဲ့နောက် ....သူ့အနေနဲ့ မိသားစုကို ကယ်မလား မသိတဲ့သူစိမ်းတွေကို ကယ်မလား...ခပ်မိုက်မိုက်လေးကြည့်ရှု့ရမှာဖြစ်လို့ တင်ဆက်ပေးလိုက်ပါတယ်( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ mark ပါ )File size_(2GB)/(1GB) Quality_Blu-Ray 1080p / 720p Format_mp4 Duration_01:54:00 Genre_Action, Drama Subtitle_Myanmar Subtitle (Hardsub) Encoder_a hao Translated by Mark
movie

Hostage (2005)

Blood Work (2002) 6.4
Blood Work (2002)  ဟောင်းပေမဲ့ရှယ်ကောင်းတဲ့ 2002 ခုနှစ်တုန်းကထွက်ရှိခဲ့တဲ့မှုခင်းစုံထောက် ဇာတ်ကားကောင်းတစ်ကားကို ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်။ဇာတ်ကားနာမည်ကတော့Blood Work ဖြစ်ပြီး IMDb Rating 6.4 အထိရရှိထားခဲ့ပါတယ်။အရင်ခေတ်အနေအထားနဲ့ အရမ်းကောင်းမွန်တဲ့ ဇာတ်လမ်းဇာတ်ကွက်တွေ Plot Twist တွေကိုဟင်ခနဲဟာခနဲခဏခဏဖြစ်သွားရအောင် ရှယ်ထည့်ထားတဲ့ပုံစံတွေကလည်းဆရာကျလွန်းလှပါတယ်။ဒါကြောင့် မှုခင်းစုံထောက်ဇာတ်ကားကောင်းတွေကြိုက်နှစ်သက်တဲ့ ဒီကားကိုမကြည့်ဖူးသေးတဲ့သူတွေဆိုရင်တော့ကြည့်ဖြစ်အောင်ကြည့်ဖို့Recommend ပေးချင်ပါတယ်။ဇာတ်လမ်းအစမှာ စကားဝှက်လူသတ်သမားလို့ခေါ်တဲ့လူသတ်သမားက မြို့တခွင်ပြဲပြဲစင်အောင် လူတွေရှယ်လိုက်သတ်ပြီး နာမည်ကြီးနေရာကနေစပါတယ်။ဘာလို့သူ့ကို စကားဝှက် လူသတ်သမားလို့ခေါ်ရလဲ ဆိုရင်တော့သူက လူသတ်ပြီးတိုင်း နံပါတ်တွေ ဂဏန်းတွေနဲ့စကားဝှက်တွေ ချန်ချန်ထားခဲ့လို့ပါပဲ။အဲ့လိုချန်ခဲ့တာကလည်း လူတိုင်းအတွက်ရည်ရွယ်ပြီး ချန်ထားခဲ့တာမဟုတ်ပါဘူး။ မက်ကေးလက်ဆိုတဲ့ နာမည်ကြီးစုံထောက်ဆရာကြီးအတွက်ပဲ ရည်ရွယ်ပြီးချန်ထားခဲ့တဲ့စာတွေဖြစ်ပါတယ်။ဒီလိုနဲ့ တစ်နေ့မှာ သူတို့နှစ်ယောက်ထိပ်တိုက်တွေ့ကြပြီး ပစ်ခတ်မှုတွေဖြစ်လိုက်ကြတာ စုံထောက်ကြီးမက်ကေးလက် နှလုံးထိပြီး သေမတတ်ဖြစ်သွားပါတော့တယ်။ ဒါပေမယ့် ကံကောင်းစွာနဲ့ပဲ ၂ နှစ်ကြာပြီးနောက်မှာနှလုံးအစားထိုးဖို့ အလှူရှင်ပေါ်လာတဲ့အတွက် စုံထောက်ကြီးမက်ကေးလက် အသက်ဆက်ခွင့်ရခဲ့ပါတော့တယ်။စကားဝှက် လူသတ်သမားကလည်း သူ့ကျည်ဆန်လက်ချက်နဲ့ကြွသွားလားတော့မသိပေမဲ့ အဲ့ဒီ ၂ နှစ်အတောအတွင်းမှာတော့စကားဝှက် လူသတ်သမားအကြောင်းတွေက လုံး၀တိတ်ဆိတ်သွားခဲ့ပါတယ်။မက်ကေးလက်လည်း အဲ့ဒီအဖြစ်အပျက်ကြောင့်အငြိမ်းစားယူခဲ့ပြီး ရေထဲကသူ့ရဲ့ လှေအိမ်လေးထဲပြန်နေနေတဲ့အချိန်မှာ သူ့ဆီကို ...
movie

Blood Work (2002)

Urban Legends: Bloody Mary (2005) 5.0
Urban Legends: Bloody Mary (2005) Urban Legends: Bloody Mary (2005) ===========================Urban Legends: Bloody Mary ဟာ Urban Legends ဇာတ်ကား တွဲတွေရဲ့တတိယနဲ့နောက်ဆုံးကားဖြစ်ပြီး ပထမနှစ်ကားနဲ့လည်း ဘာ အဆက်အစပ်မှမရှိတော့တာကိုတွေ့ရပါလိမ့်မယ်။ ထူးခြားတာက ဒီ ဇာတ်ကားမှာ သဘာ၀လွန်အယူအဆတွေကိုထည့်သုံးထားပြီး လူသတ် မှုတွေကိုလိုက်ပါစုံစမ်းပြီး နောက်ကွယ်က လက်သည်ကိုဖော်ရာမှာ အစောပိုင်း supernatural ဇာတ်လမ်းတွဲတွေရဲ့အငွေ့အသက်ကိုရနေ တာပါပဲ။၁၉၆၉ မှာ ဝါသင်တန်အထက်တန်းကျောင်းရဲ့ကပွဲမှာ ကျောင်းဘောလုံး အဖွဲ့ဝင်အုပ်စုဟာ သူတိုရဲ့ပွဲတက်ဖော်တွေကို ဆေးခတ်ဖမ်းခေါ်သွားဖို့ ကြိုးစားခဲ့ကြပါတယ်။ အဲ့ဒီဖြစ်ရပ်မှာ တစ်ခြားမိန်းကလေးတွေပြန်လွတ် မြောက်လာခဲ့ပေမယ့် သူတို့ထဲ မေရီဆိုတဲ့တစ်ယောက်ကိုတော့ လုံး၀ရှာ မတွေ့တော့တာ အခုချိန်ထိဖြစ်ပါတယ်။နောက်ထပ် ၃၅ နှစ်အကြာမှာ အဲ့ဒီလိုအဖြစ်မျိုးထပ်တူပြန်ဖြစ်ခဲ့ပြီး ဒီတစ် ကြိမ်မှာတော့ အားလုံးပြန်လွတ်လာခဲ့ပါတယ်။ ဒါပေမယ့် သူတို့ပြန်လွတ် လာပြီးနောက်မှ သူတို့သူငယ်ချင်းအုပ်စုထဲကလူတွေထူးဆန်းတဲ့နည်းနဲ့ တစ်ယောက်ပြီးတစ်ယောက်သေဆုံးလာခဲ့ချိန်မှာတော့ ၊bloody mary ဒဏ္ဍာရီဟာ ဒီဖြစ်ရပ်တွေနဲ့ဆက်စပ်နေမလား? လွန်ခဲ့တဲ့ ၃၅ နှစ်က မေရီ တစ်ယောက် ဘယ်လိုအဖြစ်မျိုးကြုံခဲ့ရလဲ အဲ့ဒီအဖြစ်အပျက်တွေရဲ့လက် သည်အမှန်ဟာ ဘယ်သူဖြစ်မလဲ အစရှိတာတွေကို ဆက်လက်ရှုစားရမှာ ဖြစ်ပါတယ်။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Alias ဖြစ်ပါတယ်)File Size..........(2.3 GB) / (1.1 GB) Quality............WEB-DL ...
movie

Urban Legends: Bloody Mary (2005)

2005
Heaven Down Here (2023) 7.0
Heaven Down Here (2023) Heaven Down Here (2023) ==================== IMDb Rating - 7.0/10Heaven Down Here 2023 ကို ဒါရိုက်တာ Anne Wheeler က စီစဥ်ရိုက်ကူးခဲ့ပြီး IMDb rating 7.၀ ရရှိထားပါတယ်။ ခရစ်စမတ် ဒရာမာကားလေးပါနော်။ မိသားစုတွေ ပြန်ပြီး ဆုံစည်းကြတာ ၊ ပျော် ရွှင်ကြတာ တွေကို တင်ဆက်ထားတာပါ။အခုလိုခက်ခဲနေတဲ့ကာလကြီးမှာ မိသားစုတွေ ဆုံစည်းနိုင်အောင်ကြိုး စားကြခြင်းဟာ အဓိပ္ပါယ်ရှိပါတယ်။ မိသားစုဝင်တွေဟာ အကြောင်း အမျိုးမျိုးကြောင့် ပြန်မတွေ့နိုင်တာ ၊ သဘောထားတွေ မတိုက်ဆိုင်ကြ တာ ဒါတွေကြောင့် ကွဲကွာနေကြတာရှိပါတယ်။ အားလုံး ကြိုးစားပြီး တော့ နားလည်မှုတွေ ပြန်ပြီးရယူကြဖို့ခရစ်စမတ်ကာလရှိနေရတာလို့ သုံးသပ်တင်ပြထားပါတယ်။ အားလုံးမယ်ရီခရစ်စမတ်ပါ။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Thy Santa ဖြစ်ပါတယ်)File Size..........(1.72 GB) / (615 MB) Quality............WEB-DL 1080p / 720p Duration.........1Hr 30Min Subtitle...........Myanmar Hardsub Format............MP4 Genre..............Romance Translator.......Thy Santa Encoder..........SWM
movie

Heaven Down Here (2023)

2023
The Fabulous Baker Boys (1989)
The Fabulous Baker Boys (1989) IMDb : 6.9 ~ Meta : 85 ~ Rt : 97% ဖရန့်ခ်နဲ့ ဂျက်ခ် ဘိတ်ကာ ဆိုတဲ့ညီအစ်ကိုနှစ်ယောက်ဟာ အပန်းဖြေတည်းခိုခန်းတွေနဲ့စားသောက်ဆိုင် စင်မြင့်ထက်မှာ 15 နှစ်ကျော်လှည့်လည်ဖျော်ဖြေလာခဲ့ကြတဲ့ ပရော်ဖက်ရှင်နယ်စန္ဒရားပညာရှင်နှစ်ယောက်ပါ။ ဒီလိုနဲ့ပဲ အချိန်တွေက တဖြည်းဖြည်းပြောင်းလဲလာခဲ့ပြီး သူတို့ဖျော်ဖြေနေကျပွဲတွေကို လူတွေလာကြည့်တာနည်းလာတဲ့‌နောက်မှတော့ သူတို့ရဲ့ရပ်တည်မှုကို လုပ်နေကြ ဖျော်ဖြေမှုတွေနဲ့ဆက်လုပ်လို့မရတော့ဘူးဆိုတာကို သိရှိလာခဲ့ကြပါတယ်။ ပရိသတ်တွေရဲ့ စိတ်အာရုံကို ဖမ်းစားနိုင်ဖို့အတွက် အမျိုးသမီးအဆိုတော်တစ်ယောက်ကို ခေါ်ဆိုမယ်လို့ ဆုံးဖြတ်ခဲ့ကြပြီး ‌လူရွေးပွဲတစ်ခုလုပ်ပြီး ဆူစီ ဒိုင်းမွန်းလို့ခေါ်တဲ့ အဆိုတော်တစ်ယောက်ကို ရရှိသွားခဲ့ပါတယ်။ ဒီလိုနဲ့ သူတို့သုံးယောက်လှည့်လည်ဖျော်ဖြေကြရင်း လူတစ်ယောက်နဲ့တစ်ယောက်ကြားမှာ ဖြစ်တတ်တဲ့ အခဲမကျေမှုတွေဖြစ်လာတဲ့အခါမှာ ဘယ်လိုမျိူးအခြေအနေအထိ ဆက်ဖြစ်သွားမလဲဆိုတာကို ဆက်လက်ကြည့်ရှုလိုက်ကြပါဦး။ 1989 ခုနှစ်ကရိုက်ထားခဲ့တဲ့ musical drama ရုပ်ရှင်ဖြစ်ပြီး အော်စကာ စကာတင်ဆု လေးဆုလည်းဝင်တဲ့အပြင် BEFTA မှာ Best Sound ...
movie

The Fabulous Baker Boys (1989)