Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Timothée Chalamet
7.8
Lady Bird (2017)
Imdb - 7.8 Rotten Tomatoes - 99% ---------------------------------------------- သားသမီးတွေနဲ့ မိဘတွေ ကတောက်ကဆအဖြစ်ဆုံးအရွယ်က အထက်တန်းကျောင်းသူကျောင်းသားအရွယ်ဆိုတာ အားလုံးလက်ခံကြမှာပါ။ လူပျိုပေါက်၊ အပျိုပေါက်ဖြစ်လာတဲ့အရွယ်မှာ လွတ်လပ်ခွင့်တွေ အရင်ထက်ပိုလိုချင်လာကြတယ်၊ ကိုယ် ဘာလုပ်လုပ်အမှန်ပဲထင်တတ်ကြတယ်။ မိဘကလဲ ဒီအရွယ်ဆို သေးသေးလေးကအစ အပြစ်လိုက်ပြောတတ်၊ သားသမီးမပျက်စီးအောင်ဆိုပြီး ထိန်းချုပ်မှုတွေလုပ်တတ်တဲ့အခါ သားသမီးနဲ့မိဘတွေကြား နားလည်မှုလေးတွေလွဲတတ်ကြပါတယ်။ ခရစ္စတင်းဆိုတဲ့ ကောင်မလေးဟာ သူ့ကိုယ်သူ "ငှက်မဒီ" လို့နာမည်ပေးထားပါတယ်။ ငှက်မဒီတို့ မိသားစုက သူဌေးရပ်ကွက်တစ်ခုမှာ နေထိုင်ပြီး ငှက်မဒီကတော့ ကတ်သလစ်အထက်တန်းကျောင်း တက်ပါတယ်။ ငှက်မဒီရဲ့ မိဘတွေဟာ ငွေရေးကြေးရေး မချောင်လည်ပေမယ့် ဆက်ကျော်သက်အရွယ် ဟော့ဟော့ရမ်းရမ်းနေချင်၊ ပျော်ပါးချင်တဲ့ ငှက်မဒီ လိုအပ်သမျှကိုတော့ တတ်နိုင်သလောက်ဖြည့်ဆည်းပေးပါတယ်။ မြန်မာပြည်မှာ ၁၀ တန်းအောင်ပြီးရင် တက္ကသိုလ်ရွေးကြသလိုမျိုး ငှက်မဒီတစ်ယောက် အထက်တန်းကျောင်းအောင်သွားတဲ့အခါ ကိုယ်တက်ချင်တဲ့ကောလိပ်ရွေးရပါတော့တယ်။ အစကတည်းက အချစ်ကြီးပြီး အစိုးရိမ်လွန်တတ်တဲ့ အမေဖြစ်သူဟာ ငှက်မဒီလေးကို အိမ်နားအနီးတစ်ဝိုက်က ကျောင်းမှာပဲ တက်စေချင်ခဲ့ပေမယ့် ငှက်မဒီကတော့ ...
movie
Lady Bird (2017)
2017
1
2
Previous