Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Tim J. Smith
Half Baked: Totally High (2024)
စတုန်နာ ဟာသရုပ်ရှင်ပါ။ ဇာတ်လမ်းအကျဉ်းကတော့ ဂျေအာ၊ ဘရုစ်၊ ကော်ရီနဲ့ မိုင်းလ်စ်ဆိုတဲ့ အလယ်တန်းကတည်းကပေါင်းလာကြတဲ့ စတုန်နာသူငယ်ချင်းလေးယောက်ရှိကြတယ်ပေါ့။ တစ်နေ့မှာ ဘရုစ်က Holy Trinity လို့ခေါ်တဲ့ ဆေးခြောက်ပင်သုံးမျိုးကိုပေါင်းထားတဲ့အတိုင်ကိုသောက်မိပြီး နတ်ပြည်ရောက်သွားတာ နတ်ပြည်ကနေပြန်မဆင်းလာတော့ဘူးပေါ့။အဲဒီလိုနဲ့ ကျော်မကောင်းကြားမကောင်း ဝိပြဲရင်းရှောသွားတဲ့သူငယ်ချင်းဘရုစ်ရဲ့ နောက်ဆုံးဆန္ဒဖြစ်တဲ့ သူ့ရဲ့မွေးရပ်မြေမှာ သင်္ဂ်ြုဟ်ပေးဖို့ကိစ္စကို အကောင်အထည်ဖော်ဖို့အတွက် သူငယ်ချင်းသုံးယောက်ကဆုံးဖြတ်လိုက်တော့တယ်။ ဘရုစ်ရဲ့အလောင်းကိုရွေးပြီး နယူးဂျာစီ၊ ပါဆေးအထိသယ်ဖို့ဆိုရင် ဒေါ်လာလေးသောင်းတောင်ကျမှာဖြစ်တာကြောင့် စတုန်နာသူငယ်ချင်းတသိုက်ဟာ သတ်မှတ်ရက်အတွင်းမှာ လိုအပ်နေတဲ့ငွေကိုရှာဖို့ကြိုးစားကြရင်း မူးယစ်ရာဇာတွေနဲ့ပါဇာတ်ရှုပ်ကုန်ပါတော့တယ်။ဒီလိုနဲ့ နောက်ဆုံးမှာ သူငယ်ချင်းဖြစ်သူရဲ့ဆန္ဒကိုဖြည့်ဆည်းပေးနိုင်မလားဆိုတာကိုတော့ လေပေါ်မှာလွင့်ရင်းဆက်ကြည့်လိုက်ပါဦး။ ဟာသကားမို့အများကြီးတော့မမျှော်လင့်ထားစေချင်ပါဘူး။File size…(1.7 GB)/(991 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:37:00 Genre... Comedy Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Steven Khant
movie
Half Baked: Totally High (2024)
The Killing Room (2009)
ဒီ ရုပ်ရှင်က Horror/Mystery အမျိုးအစားဖြစ်ပြီး IMDb 5.6/10 နဲ့ Rotten Tomatoes 71% ရထားပါတယ်။MK Program ဆိုတဲ့ လူသားစမ်းသပ်မှုတစ်ခုကို အခြေခံပြီး ရိုက်ကူးထားတာပါ။ Main Castတွေ အနေနဲ့ Clea Duvall, Chole Sevigny,Timothy Hutton,Nick Canon, Peter Stormare တို့ ပါဝင်ထားပါတယ်။ဇာတ်လမ်းအကျဥ်းကတော့ လူလေးယောက်က စိတ်ပညာလေ့လာမှုတစ်ခု စမ်းသပ်ဖို့အတွက် ပိုက်ဆံယူပြီး စမ်းသပ်ခံကြပါတယ်။ သူတို့လည်း ဘာမှ ရေရေရာရာ မသိဘဲ ပိုက်ဆံလွယ်လွယ်ကူကူများများစားစားရတဲ့အတွက် ပါဝင်ခဲ့ကြပါတယ်။ သူတို့ထဲမှာ Crawfordဆိုတဲ့သူက ဒီလိုစမ်းသပ်မှုမျိုးတွေကို အခကြေးငွေယူပြီးအများကြီး လုပ်ဖူးခဲ့ပါတယ်။ဒါပေမယ့်သူတို့ ထင်ထားသလို သာမန်မေးခွန်းတွေ မေးတဲ့ စမ်းသပ်မှုမဟုတ်ဘဲ သူတို့ထဲကအမျိုးသမီး candidate တစ်ယောက်ကို မျက်စိရှေ့မှာ သတ်ခံလိုက်ရတဲ့အခါ ကျန်တဲ့သူတွေဟာ သူတို့အပေါ်ကျရောက်လာမယ့် စိတ်ပိုင်းဆိုင်ရာ ကိုယ်ပိုင်းဆိုင်ရာ နှိပ်စက်မှုတွေနဲ့ ကြုံတွေ့ရပါတော့တယ်။ File ...
movie
The Killing Room (2009)
6.3
The Baytown Outlaws (2012)
IMDb rating -6.3/10 ဒီဇာတ်လမ်းကတော့ ဇာတ်အိမ်ခိုင်ခိုင် ဇာတ်လမ်းဇာတ်ကွက်မိမိရိုက်ကူးထားတင်ဆက်ထားပြီး Action Comedy ဇာတ်လမ်းအမျိုးအစားလေးဖြစ်ပါတယ်။ ဒီရုပ်ရှင်မှာ Action အခန်းတွေကို ထိထိမိမိရိုက်ကူးထားတဲ့အပြင် သရုပ်ဆောင်တွေရဲ့ ပိုင်နိုင်တဲ့သရုပ်ဆောင်မှုတွေကြောင့် Comedy scene တွေမှာဆိုရင် ဗိုက်နာအောင်ရယ်ရမယ့် ဇာတ်လမ်းဇာတ်ကွက်တွေပါကြည့်ရှူခံစားရမှာပါ။ ဇာတ်လမ်းရဲ့အကျဉ်းချုပ်ကတော့.. ဒီရုပ်ရှင်ကိုတော့ Oodie boys သုံးယောက်ကိုအဓိကထားပြီးရိုက်ကူးထားပါတယ်အကြီးဆုံးက Brick အလတ်က Lincoln နဲ့ နောက်တစ်ယောက်ကတော့ McQueenပါ သူတို့ ၃ ယောက်က ဒေသခံရဲအရာရှိ ရှယ်ရစ်ဖ်ကနေ မြို့ထဲကတခြားရာဇဝတ်ကောင်တွေကို သတ်ဖို့ငှားထားတဲ့ အမည်မသိကြေးစားလူသတ်သမားတွေပေါ့ သူတို့ကြောင့်ပဲ Alabama မြိုလေးကပြစ်မှုအနည်းဆုံးမြို့တစ်ခုဖြစ်နေတော့ ရှယ်ရစ်ဖ်တစ်ယောက် သူတို့လုပ်သမျှကိုမျက်ကွယ်ပြုပေးနေခဲ့ပါတော့တယ် တစ်နေ့မှာတော့ Celeste ဆိုတဲ့အမျိုးသမီးတစ်ယောက်က အကြမ်းဖက်တတ်တဲ့ မွေးစားအဖေလက်ထဲကနေ သူ့မွေးစားသားလေးကိုကယ်တင်ပေးဖို့ ငွေအများကြီးကမ်းလှမ်းပြီးတောင်းဆိုလာခဲ့ပါတယ်။ ငွေရဲ့ဆွဲဆောင်မှုမှာမြောသွားတဲ့ သူတို့ညီအစ်ကို ၃ ယောက် ကလေးကိုပြန်ပေးဆွဲခဲ့တဲ့အခါမှာတော့.. ဘယ်လိုအရာတွေနဲ့တွေ့ကြုံရမလဲဆိုတာကို ဒီဇာတ်လမ်းလေးထဲမှာကြည့်ရှူခံစားရမှာပါ။ File size…(1.8 GB)/(1 ...
movie
The Baytown Outlaws (2012)
5.8
Straw Dogs (2011)
1971 က နာမည်တူဇာတ်ကားကိုပဲ ပြန်လည်ဖန်တီးထားတဲ့သည်းထိပ်ရင်ဖို ဒရာမာဇာတ်ကားလေးတခုနဲ့မိတ်ဆက်ပေးချင်ပါတယ်။The Legend of Tarzan The Northman စတဲ့ဇာတ်ကားတို့နဲ့နာမည်ကြီးလာခဲ့တဲ့Skarsgård မိသားစု၀င်တယောက်ဖြစ်တဲ့Alexander Skarsgårdနဲ့ Hairspray, Sonic thehedgehog, Enchantedစသဖြင့် ကျရာဇာတ်ကောင်အတော်များများမှာသရုပ်ဆောင်နိုင်တဲ့James Marsdenတို့ကပါ၀င်သရုပ်ဆောင်ထားပါတယ်။ ဘလက်ဝါးတား မစ္စစပီဆိုတာက အမေရိကန်နိုင်ငံရဲ့တောင်ဘက်ကမြို့လေးတမြို့။ Redneck လို့ခေါ်ကြတဲ့ရှေးရိုးစွဲလူဖြူတွေအများစုနေထိုင်ကြတယ်။ဒီနေရာကိုပြောင်းလာတာက ဒေးဗစ် ဆန်မနာဆိုတဲ့ရုပ်ရှင်စာရေးဆရာနဲ့မင်းသမီးငယ်ငယ်ချောချောလေး အေမီ ကိတ်စ်တို့လင်မယားနှစ်ယောက်ပါ။အေမီကိတ်စ်ရဲ့ဇာတိဖြစ်တဲ့ဘလက်၀ါးတားမြို့လေးကလူတွေကအပြင်လူကိုသိပ်ပြီး မကြိုဆိုတတ်သလိုမြောက်ပိုင်းကလာတဲ့သူဌေးလိုလိုပညာတတ်ဆရာကြီးတွေကိုကြည့်မရဘူး။ ဒီလိုအချက်တွေနဲ့သွားညီနေတဲ့ဒေးဗစ်တယောက်က မြို့ရဲ့အချောလေး အေမီကိုမှပိုင်ဆိုင်သွားခဲ့တော့မျက်စိစပါးမွှေးစူးစရာဖြစ်နေခဲ့တယ်။အထူးသဖြင့်ကတော့ ချာလီဆိုတဲ့အေမီရဲ့ရည်းစားဟောင်းနဲ့သူ့ရဲ့သူငယ်ချင်းလက်သမားအဖွဲ့နဲ့ တွန် ဟက်ဒွန်ဆိုတဲ့ဘုကလန့်အရက်သမားနည်းပြဟောင်းတို့ရဲ့မျက်စိထဲမှာပါပဲ။ဒီခပ်ထန်ထန် ဘီယာလက်ကမချ သေနတ်တကားကားနဲ့သူ့ကိုကြည့်မရတဲ့မြို့ခံတွေအကြား မြို့သားကြီးဒေးဗစ်တယောက်ဘယ်လိုရှင်သန်ရမလဲ။ သူတို့ကိုမကြိုဆိုတဲ့ဒီမြို့မှာသူတို့ဆက်ရောနေသင့်ရဲ့လား။ချာလီရဲ့ အေမီအပေါ်မပြတ်နိုင်သေးတဲ့ မျက်၀န်းတွေအောက်နဲ့ဒေးဗစ်နဲ့အေမီတို့ရဲ့ခပ်တင်းတင်းအိမ်ထောင်ရေးတို့အကြားဘယ်လိုဆက်ဖြစ်ဦးမှာလဲ။သူတို့သုံးယောက်ရဲ့အရှုပ်တော်ပုံတွေက နောက်ဆုံးမှာတော့ဘယ်လိုပြီးဆုံးသွားမလဲဆိုတာကိုStraw dogs ဆိုတဲ့ဒီဇာတ်ကားလေးမှာရှူစားပေးပါဦး............. File size…2.06GB / 828MB Quality…Blu-Ray 1080p 5.1CH / 720p Format…mp4 Duration….1h 50m Genre ..... Action , Drama , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min ...
movie
Straw Dogs (2011)
5.9
Root Letter (2022)
Root Letter (2022) ============== IMDb Rating - 5.9/10ကာလို့စ်ဆိုတဲ့ကောင်လေးနဲ့ ဆာရာဆိုတဲ့ကောင်မလေးတို့ဟာ တစ်ယောက်နဲ့တစ်ယောက် အပြင်မှာ မြင်လဲမြင်၊ တွေ့လဲမတွေ့ဖူးဘဲနဲ့ စာလေးတွေကနေတဆင့် ခင်မင်ရင်းနှီးသိကျွမ်းဝင်နေကြတဲ့ စာရေးဖော် သူငယ်ချင်းနှစ်ယောက်ပါ။ တစ်နေ့မှာတော့ ဆာရာတစ်ယောက် ကာလို့စ် ပို့တဲ့စာတွေကိုလဲပြန်မဖြေတော့သလို သူကိုယ်တိုင်လဲစာအသစ်တွေမပို့ တော့တဲ့အတွက် ကာလို့စ်တစ်ယောက် ဆာရာနဲ့အဆက်အသွယ်ပြတ်ခဲ့ ရပါတယ်။အဲ့လိုနဲ့ အချိန်တစ်နှစ်လောက်အကြာမှာ ကာလို့စ်ဆီကို ဆာရာ့ဆီကနေ စာတစ်စောင်ပြန်ရောက်လာခဲ့ပါတယ်။ စာထဲမှာ ဆာရာက သူလူတစ်ယောက် ကိုသတ်လိုက်မိတဲ့အကြောင်းရေးထားတာကိုတွေ့လိုက်ရတဲ့အခါမှာ ဆာရာ ဘယ်သူ့ကိုသတ်လိုက်မိတာလဲ၊ ဘာကြောင့်သတ်ခဲ့မိတာလဲ၊ တစ်နှစ်လုံးလုံး ဆာရာတစ်ယောက်အစအနပျောက်နေခဲ့ပြီးတော့ အခုကျတော့မှ ကာလို့စ်ဆီ ကိုစာပြန်ပို့ရတာလဲ၊ ကာလို့စ် ဒီမေးခွန်းတွေကို ဘယ်ကနေဘယ်လိုအဖြေရှာ မလဲဆိုတာကိုတော့ ဒီဇာတ်ကားလေးကိုကြည့်ရင်းနဲ့ပဲ ဆက်လက်ရှာဖွေလိုက် ကြပါဦးလို့၊(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ဘာသာပြန်ရေးသားပေးသူကတော့ Jo Jo Va ဖြစ်ပါတယ်)File Size..........(1.1 GB) / (400 MB) Quality............WEB-RIP 1080p / 720p Subtitle...........Myanmar Hardsub Format............MP4 Genre..............Drama, Mystery, Thriller Translator.......Finoa Gillen Encoder..........SWM
movie
Root Letter (2022)
2022
Bitch Ass(2022)
ဆီဆယ်က ခပ်တုံးတုံးလူဝကြီး ဖြစ်လို့ "ငကြောက်ကောင်" ရယ်လို့ ငယ်ငယ်ကကျောင်းမှာ စနောက်ခံခဲ့ရပြီး အနိုင်ကျင့်ခံခဲ့ရသူပါ။ အဲဒီထဲမှာ အခုအချိန်မှာ ဆဌမလမ်းလူမိုက်ဂိုဏ်းရဲ့ ခေါင်းဆောင် ဖြစ်နေတဲ့ စပိတ်က ထိပ်ဆုံးကဖြစ်ပါတယ်။စပိတ်က ခွမ်တင်အပါအဝင် ဂိုဏ်းကိုစဝင်ခါစ လူငယ်သုံးယောက်ကို ဆီဆယ့်အဘွားဆုံးသွားလို့ အခု ဆီဆယ် တစ်ယောက်တည်း နေနေတဲ့အိမ်ကို ဓားပြဝင်တိုက်ဖို့ တာဝန်ပေးလိုက်ပါတယ်။ လွယ်လွယ်ပြီးပြတ်မဲ့ကိစ္စလို့တွက်ပြီး လူသစ်တွေကို လွှတ်လိုက်ပေမဲ့ သူတို့မသိတာက အဲဒီ့အိမ်ကနေ စောင့်ကြိုနေတဲ့ အန္တရာယ်တွေပါပဲ။ပစ္စည်းတွေယူဖို့နေနေသာသာ လူသစ်တွေက မျက်နှာဖုံးစွပ်ထားတဲ့လူသတ်သမားတစ်ဦးနဲ့ ထိပ်တိုက်တိုးပြီး ရှုံးနိမ့်တာနဲ့ အသတ်ခံရမဲ့ ဂိမ်းတွေကို အသက်နဲ့ရင်းလို့ကစားနေရပါတယ်။ အဲဒီ့အချိန်မှာပဲ ခွမ်တင့်ကို စိတ်ပူလို့ စပိတ်နဲ့အတူ ဆီဆယ့်အိမ်ကို ရောက်လာခဲ့တဲ့ ခွမ်တင့်အမေတို့အဖွဲ့ရော ကံကောင်းနိုင်မလား၊ ခွမ်တင်အပါအဝင် လူသစ်တွေအဖွဲ့ အသက်ရှင်နိုင်မလား၊ အပြင်လူတွေသာမက အဘွားရဲ့ အနှိပ်စက်ခံ သနားစရာလူဝကြီး ဆီဆယ်ရော ဘာတွေဖြစ်သွားလဲ၊ မျက်နှာဖုံးစွပ်နဲ့လူသတ်သမားက ဘယ်သူလဲ ဆိုတာတွေကို ဟာသအနည်းငယ်၊ သွေးသံရဲရဲဇာတ်ဝင်ခန်းများနဲ့ အချိတ်အဆက်မိမိ ဇာတ်အလှည့်အပြောင်း အချိုးအကွေ့တွေကို ကြည့်ရှုခံစားရမှာပါ။ File size…716MB / 322MB Quality…1080p WEB DL / 720p Format…mp4 Duration….1h 25m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated ...
movie
Bitch Ass(2022)
2022
5.1
Black as Night (2021)
Black as Night (2021)================ရှော်နာဟာ နယူးအော်လန်မှာ နေထိုင်ပြီး ရှက်တတ်ကြောက်တတ်တဲ့မိန်းကလေးတစ်ယောက်ပါ၊ နောက်ပြီး အမေဖြစ်သူဟာ ဆေးစွဲနေပြီးသူတို့မိသားစုနဲ့ခွဲနေရတော့ အမေရှိတဲ့ အွန်ဘရို့စ်ဆိုတဲ့နေရာကို ရှော်နာ မကြာခဏလာလည်လေ့ရှိပါတယ်။ အွန်ဘရို့စ်က ဆေးသမားနဲ့အပေအတေတွေ နေတဲ့နေရာတစ်ခုပါ။ တစ်ညမှာ ရှော်နာဟာ သူ့သူငယ်ချင်း ပက်ဒရိုရဲ့ တိုက်တွန်းမှုကြောင့် ပါတီပွဲတစ်ခုကို နှစ်ယောက်သားအတူတူသွားခဲ့ပေမဲ့ ရှက်တတ်ကြောက်တတ်တဲ့ သူ့အတွက်တော့ စိတ်ညစ်ပြီး ပါတီပွဲကနေ တစ်ယောက်တည်း ထွက်လာခဲ့တယ်။အဲ့ဒီအိမ်အပြန်လမ်းမှာ ရှော်နာတစ်ယောက် သူ့တစ်ဘ၀လုံးစာ အပြောင်းအလဲကြီးကို ကြုံတွေ့ရမယ်ဆိုတာတော့ မသိခဲ့ပါဘူး။ မထင်မှတ်ဘဲရှော်နာဟာ သွေးစုပ်ဖုတ်ကောင်တစ်ကောင် ကိုက်တာခံလိုက်ရပါတော့တယ်။ နောက်တစ်နေ့ ရှော်နာတစ်ယောက် အဖြေရှာရင်း အဲ့ဒီသွေးစုပ်ဖုတ်ကောင်တွေဟာ အိမ်ခြေယာမဲ့တွေနဲ့ ဆေးသမားတွေကို ပစ်မှတ်ထားနေတယ်ဆိုတာ သိလာရပြီးနောက်ပိုင်း ပြဿနာတွေဟာရှက်တတ်ကြောက်တတ်တဲ့ ရှော်နာဆီ မဖိတ်ခေါ်ဘဲ ရောက်ရှိလာပါတော့တယ်။ ဒီကားဟာ လူမည်းတွေအပေါ် ဖိနှိပ်ချုပ်ချယ်မှု လူမည်းတွေရဲ့ ဘ၀နေထိုင်မှုပုံစံတွေကိုပါ တွဲစပ်ဖော်ပြပေးထားတဲ့ကိုလည်း တွေ့မြင်ရမယ့်ဇာတ်လမ်းတစ်ပုဒ်ဖြစ်ပါတယ်။(ဒီဇာတ်လမ်းရဲ့ အညွှန်းကို Chuck Chuck ...
movie
Black as Night (2021)
2021
6.8
Super(2010)
Super(2010) IMDb.....6.8 2010 မှာထွက်ရှိခဲ့တဲ့ အလန်းစား Superhero ဇာတ်လမ်းပဲဖြစ်ပါတယ် Superhero Comedy ဇာတ်ကားဖြစ်ပြီး ဘာဖြစ်လို့ IMDB 6.8 အထိတောင်ရခဲ့တာလဲ..ဒီဇာတ်ကားကိုရိုက်ကူးခဲ့တဲ့ ဒါရိုက်တာကတော့ Guardian of the Galaxy ကိုပုံဖော်ပေးခဲ့တဲ့ ဒါရိုက်တာ James Gunn ပဲဖြစ်ပါတယ်...ဒီဇာတ်လမ်းထဲမှာတော့ ဟာသမင်းသားကြီး Rainn Wilson က ခေါင်းဆောင်မင်းသားအဖြစ်ပါဝင်ထားပြီးနာမည်ကြီးမင်းသမီးတွေဖြစ်တဲ့ Ellen Page နဲ့ Liv Tyler တို့လည်းပါဝင်သရုပ်ဆောင်ထားပါတယ် ငယ်စဉ်ကလေးဘဝတည်းကလူတွေရဲ့အနှိမ်ခံဘဝနဲ့နေထိုင်လာရတဲ့ ဖရန့်ခ်ဒါဘို (Rainn Wilson)ရဲ့ မသိစိတ်ထဲမှာတော့ psycho အသေးစားလေးတစ်ခုစွဲကပ်ခဲ့ပါတယ်...အရွယ်ရောက်လာတဲ့အခါမှာလည်း မိန်းမဖြစ်သူ'ဆာရာ'(Liv Tyler)ဟာ သူ့ကိုစွန့်ပစ်ပြီး 'ဂျော့ခ်'ဆိုတဲ့လူနောက်ကိုလိုက်သွားခဲ့ပါတယ် 'ဂျော့ခ်'ဆိုတဲ့သူဟာလည်း ဒုစရိုက်မှုတွေလုပ်နေတဲ့သူတစ်ယောက်ပဲဖြစ်ပါတယ် ဒီတော့ဖရန့်ခ်ရဲ့စိတ်မှာ စွဲကပ်နေတဲ့ psycho တွေဟာကြီးမားလာပြီးသူဟာ ဘုရားသခင်ရဲ့ရွေးချယ်ခြင်းကိုခံရတဲ့လူတစ်ယောက်လို့ ထင်ယောင်ထင်မှားဖြစ်ကာ ရာဇဝတ်မှုတွေကိုနှိမ်နင်းပါတော့တယ် သူ့လုပ်ရပ်တွေကိုသဘောကျနေတဲ့ 'လစ်ဘီ'(Ellen Page)ဆိုတဲ့ ချာတိတ်မတစ်ယောက်နဲ့တွေ့ဆုံခဲ့ပြီးနှစ်ယောက်အတူပူးပေါင်းမိခဲ့ပါတယ် အဲ့နောက်မှာတော့ ဖရန့်ခ်နဲ့လစ်ဘီဟာ 'ဆာရာ့'ကိုကယ်ဖို့ကြိုးစားရင်း ...
movie
Super(2010)
2010
5.4
Drive Angry (2011)
Drive Angry (2011)_______IMDb - 5.4/10 Nicolas Cage ပါဝင်ထားတဲ့ Action, Crime, Fantasy အမျိုးအစားဇာတ်ကားပါ... အမှန်တော့ မင်းသမီးချော Amber Heard ပါလို့ ပြန်တင်လိုက်တာပါ။ ငရဲပြည်ကနေလာပြီးသောင်းကျန်းမယ့် ဇာတ်ကွက်နဲ့ဖန်တီးတင်ဆက်ထားပါတယ်။ File size…(906 MB) Quality…Blu-Ray Rip 720p Format…mp4 Duration….01:44:31 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung
movie
Drive Angry (2011)
2011